ေက်ာင္းသားေက်ာင္းသူႏွင့္ ဆရာဆရာမ ၁၀ ဦးေက်ာ္ ကိုဗစ္ကူးစက္ခံရသျဖင့္ တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္းမ်ား ပိတ္ရျခင္းျဖစ္

ေက်ာင္းသားေက်ာင္းသူႏွင့္ ဆရာဆရာမမ်ား COVID-19 ေရာဂါ ကူးစက္ခံရမႈ ၁၀ ေယာက္ေက်ာ္ ရွိလာေသာေၾကာင့္ တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္မ်ား ပိတ္ရျခင္းျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။

COVID-19 ေရာဂါ ကူးစက္ခံရသူမ်ားသည့္ ေက်ာင္းသူ ေက်ာင္းသားမ်ားသည္ ရခိုင္ျပည္နယ္မွျဖစ္ၿပီး ဆရာဆရာမမ်ားသည္ ရခိုင္ျပည္နယ္မွ ျပန္ေရာက္လာသူမ်ား ျဖစ္ေၾကာင္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားသည္။

“ျပည္ေထာင္စုဝန္ႀကီး ေျပာတာကေတာ့ ၁၀ ေယာက္ေက်ာ္ၿပီလို႔ေတာ့ ေျပာတယ္။ အဲဒီထဲမွာ ေက်ာင္းသူ ေက်ာင္းသား တခ်ိဳ႕နဲ႔ ဆရာဆရာမေတြေတာ့ပါတယ္။ အတိအက်ေတာ့ ကြၽန္ေတာ္မသိဘူး။ ေန႔တိုင္းကူးစက္ေနတဲ့ အေျခအေနေတြျဖစ္တဲ့ အတြက္ေၾကာင့္ ….

အရမ္းေၾကာက္ဖို႔ေကာင္းတဲ့ အေျခအေန ျဖစ္တဲ့အတြက္ေၾကာင့္ ဆရာဆရာမေတြ ေက်ာင္းသူေက်ာင္းသားေတြလည္း ပါလာပါတယ္ (ကူးစက္ခံရမႈထဲ)” ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားသည္။

ကိုဗစ္ဗဟိုေကာ္မတီက ကိုဗစ္ကပ္ေရာ ဂါကူးစက္ခံရမႈမ်ားထဲတြင္ ေက်ာင္းသား ေက်ာင္းသူႏွင့္ ဆရာဆရာမမ်ား ပါဝင္လာသျဖင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရန္ ပညာေရးဝန္ႀကီးဌာနသို႔ ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္တြင္ ကိုဗစ္ကပ္ေရာဂါမ်ား ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားသည္ ဒုတိယလႈိင္းအသြင္ ေဆာင္လာၿပီး ေက်ာင္းသူေက်ာင္းသားမ်ားပါ ကူးစက္ခံလာရသျဖင့္ ၾသဂုတ္ ၂၁ ရက္တြင္ ရခိုင္ျပည္နယ္ အတြင္းရွိ စာသင္ေက်ာင္းမ်ားကို ပိတ္ခဲ့သည္။

“ေက်ာင္းေတြက ႀကိဳၿပီးေတာ့ ပိတ္တယ္လို႔လည္း ေျပာလို႔ရပါတယ္။ ဒီရခိုင္မွာရွိတဲ့ ေက်ာင္းေတြအားလုံးကို ရခိုင္မွာ ျပည္တြင္း ကူးစက္မႈေတြရွိသြားတဲ့ အတြက္ေၾကာင့္ ၿပီးခဲ့တဲ့ ၁၉ ရက္ကတည္းက ရခိုင္ျပည္နယ္ အစိုးရက သူတို႔အစီအစဥ္နဲ႔ သူတို႔ပိတ္ၿပီးသား ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနက ၂၁ ရက္ေန႔မွ ရခိုင္က ေက်ာင္းေတြပိတ္ဖို႔ စာထုတ္တယ္။ ဝန္ႀကီးဌာနက စာထုတ္တဲ့အခ်ိန္မွာ သူတို႔က ပိတ္ၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥက ေက်ာင္းမွာတက္ေနရင္းနဲ႔ ကူးစက္ခံရတဲ့ သေဘာမ်ိဳးေတာ့ ယူဆလို႔ ေတာ့မရပါဘူး။

ေက်ာင္းမွာသာ ကူးစက္ခံေနရရင္ ဒီထက္ပိုၿပီးမ်ားတဲ့ အေရအတြက္ ျဖစ္ျဖစ္လာမွာေပါ့” ဟု ေဒါက္တာတင္ေမာင္ဝင္းက ဆိုသည္။ၾသဂုတ္ ၂၅ ရက္တြင္ ရခိုင္ျပည္နယ္မွ ျပန္လာသည့္ ေမာ္လၿမိဳင္ၿမိဳ႕ ပညာေရးမႉး႐ုံးမွ လက္ေထာက္ ၫႊန္ၾကားေရးမႉး တစ္ဦးကို ဗစ္ကပ္ေရာဂါ ကူးစက္ခံလာရေၾကာင္း သိရသည္။

ၾသဂုတ္ ၂၇ ရက္ကစတင္ၿပီး တစ္ႏိုင္ငံလုံးတြင္ ဖြင့္လွစ္ထားရွိသည့္ အေျခခံပညာ အထက္တန္းေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ေက်ာင္း ပညာေရးေက်ာင္းႏွင့္ ပုဂၢလိကေက်ာင္း စုစုေပါင္း ေက်ာင္းေပါင္း ၆၅၂၆ ေက်ာင္းကို ပိတ္ရန္ ကိုဗစ္ဗဟိုေကာ္မတီက ၫႊန္ၾကားခဲ့သည္။

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာ အထက္တန္းေက်ာင္းမ်ားကို ဇူလိုင္ ၂၁ ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး ဖြင့္ၿပီး တစ္လေက်ာ္ အၾကာတြင္ ျပည္တြင္းကူးစက္မႈမ်ား ရွိလာ၍ ျပန္လည္ပိတ္ရျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္မွတစ္ဆင့္ ျပည္တြင္း ကူးစက္မႈမ်ား စတင္သည့္ ၾသဂုတ္ ၁၆ ရက္ မွစတင္ၿပီး ၁၂ ရက္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၂၄၅ ဦးဝန္းက်င္ ရွိလာခဲ့ေၾကာင္း သိရသည္။Eleven Media Group

unicode

ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမများ COVID-19 ရောဂါ ကူးစက်ခံရမှု ၁၀ ယောက်ကျော် ရှိလာသောကြောင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်များ ပိတ်ရခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

COVID-19 ရောဂါ ကူးစက်ခံရသူများသည့် ကျောင်းသူ ကျောင်းသားများသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး ဆရာဆရာမများသည် ရခိုင်ပြည်နယ်မှ ပြန်ရောက်လာသူများ ဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီး ပြောတာကတော့ ၁၀ ယောက်ကျော်ပြီလို့တော့ ပြောတယ်။ အဲဒီထဲမှာ ကျောင်းသူ ကျောင်းသား တချို့နဲ့ ဆရာဆရာမတွေတော့ပါတယ်။ အတိအကျတော့ ကျွန်တော်မသိဘူး။ နေ့တိုင်းကူးစက်နေတဲ့ အခြေအနေတွေဖြစ်တဲ့ အတွက်ကြောင့် ….

အရမ်းကြောက်ဖို့ကောင်းတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေလည်း ပါလာပါတယ် (ကူးစက်ခံရမှုထဲ)” ဟု ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ကိုဗစ်ဗဟိုကော်မတီက ကိုဗစ်ကပ်ရော ဂါကူးစက်ခံရမှုများထဲတွင် ကျောင်းသား ကျောင်းသူနှင့် ဆရာဆရာမများ ပါဝင်လာသဖြင့် စာသင်ကျောင်းများ ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါများ ကူးစက်ပျံ့နှံ့မှုများသည် ဒုတိယလှိုင်းအသွင် ဆောင်လာပြီး ကျောင်းသူကျောင်းသားများပါ ကူးစက်ခံလာရသဖြင့် သြဂုတ် ၂၁ ရက်တွင် ရခိုင်ပြည်နယ် အတွင်းရှိ စာသင်ကျောင်းများကို ပိတ်ခဲ့သည်။

“ကျောင်းတွေက ကြိုပြီးတော့ ပိတ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီရခိုင်မှာရှိတဲ့ ကျောင်းတွေအားလုံးကို ရခိုင်မှာ ပြည်တွင်း ကူးစက်မှုတွေရှိသွားတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ ၁၉ ရက်ကတည်းက ရခိုင်ပြည်နယ် အစိုးရက သူတို့အစီအစဉ်နဲ့ သူတို့ပိတ်ပြီးသား ဖြစ်ပါတယ်။

ကျွန်တော်တို့ ဝန်ကြီးဌာနက ၂၁ ရက်နေ့မှ ရခိုင်က ကျောင်းတွေပိတ်ဖို့ စာထုတ်တယ်။ ဝန်ကြီးဌာနက စာထုတ်တဲ့အချိန်မှာ သူတို့က ပိတ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စက ကျောင်းမှာတက်နေရင်းနဲ့ ကူးစက်ခံရတဲ့ သဘောမျိုးတော့ ယူဆလို့ တော့မရပါဘူး။

ကျောင်းမှာသာ ကူးစက်ခံနေရရင် ဒီထက်ပိုပြီးများတဲ့ အရေအတွက် ဖြစ်ဖြစ်လာမှာပေါ့” ဟု ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မှ ပြန်လာသည့် မော်လမြိုင်မြို့ ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးကို ဗစ်ကပ်ရောဂါ ကူးစက်ခံလာရကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်ကစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်း စုစုပေါင်း ကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပြီး တစ်လကျော် အကြာတွင် ပြည်တွင်းကူးစက်မှုများ ရှိလာ၍ ပြန်လည်ပိတ်ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှတစ်ဆင့် ပြည်တွင်း ကူးစက်မှုများ စတင်သည့် သြဂုတ် ၁၆ ရက် မှစတင်ပြီး ၁၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၄၅ ဦးဝန်းကျင် ရှိလာခဲ့ကြောင်း သိရသည်။Eleven Media Group