မႏၲေလးရွိ အတည္ျပဳလူနာ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီး သြားလာထိေတြ႕ခဲ့သည့္ ဆိုင္အခ်ိဳ႕ကို ယာယီပိတ္ပင္ကာ Home Quarantine သတ္မွတ္ (ရုပ္ သံ)

မႏၲေလးရွိ COVID-19 အတည္ျပဳလူနာ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီး သြားလာထိေတြ႕ခဲ့သည့္ ဆိုင္အခ်ိဳ႕ကို ယာယီပိတ္ပင္ကာ Home Quarantine သတ္မွတ္

႐ိုက္ကူး၊တင္ဆက္ – ေမာင္မင္းေမာ္၊ ဒီဒါင္းေမ၊ ၾသဂုတ္-၂၉

မႏၲေလးၿမိဳ႕ရွိ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ထြန္တုံးရပ္ကြက္ရွိ COVID-19 အတည္ျပဳလူနာ အသက္(၁၇)႐ြယ္ အမ်ိဳးသမီး သြားလာ၊ ထိေတြ႕ခဲ့သည့္ ေစ်းဆိုင္အခ်ိဳ႕ကို ယာယီပိတ္ပင္ကာ ထိေတြ႕မႈ ရွိႏိုင္သူမ်ားကိုလည္း Home Quarantine ေနထိုင္ရန္ သတ္မွတ္ထားေၾကာင္း ….

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ဒု-ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေဇယ်ာထြန္း က Mandalay In-depth News အား ေျပာသည္။“လတ္တေလာ ဆက္စပ္တဲ့လူကေတာ့ ကြၽန္ေတာ္တို႔ စိစစ္ခ်က္အရေပါ့ေနာ္။ အေသးစိတ္ကေတာ့ က်န္းမာေရးဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္။

လတ္တေလာ စိစစ္ခ်က္အရေတာ့ သူတို႔သြားခဲ့တဲ့ စားေသာက္ဆိုင္ တစ္ဆိုင္ရယ္၊ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ရယ္။ ကုန္စုံဆိုင္ တစ္ဆိုင္ရယ္ ကြၽန္ေတာ္တို႔က လတ္တေလာမွာေတာ့ Home Quarantine ေပါ့။

ဒီဆိုင္ေတြကို လုံးဝမဖြင့္ဖို႔နဲ႔ ၊ ေနရာကေန အျပင္မထြက္ဖို႔ ေဆာင္႐ြက္ထားရွိပါတယ္”ဟု ဦးစိုးေဇယ်ာထြန္းက ေျပာသည္။မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကန္ေတာ္ႀကီး သံဃာ့ေဆး႐ုံ၌ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ထားသည့္ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း….

အဆိုပါ COVID-19 အတည္ျပဳလူနာသည္ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ထြန္တုံးရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး အဆိုပါ အမ်ိဳးသမီးႏွင့္ မိခင္၊ ညီမတို႔သည္ ၾသဂုတ္(၁၇)ရက္တြင္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာသူမ်ား ျဖစ္သျဖင့္ ၾသဂုတ္(၂၇)ရက္၊

ညပိုင္းမွစတင္ကာ မႏၲေလး ဇီဝိတဒါန သံဃာ့ေဆး႐ုံႀကီး Quarantine Centre ၌ ထားရွိကာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ခဲ့ေၾကာင္း၊ ထို႔ေနာက္ Swab (အာေခါင္တို႔ဖတ္ ဓာတ္ခြဲနမူနာ) ရယူ၍ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန(မႏၲေလး)သို႔ ေပးပို႔ စစ္ေဆးခဲ့ရာမွ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိျခင္း ျဖစ္သည္ဟု သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရး တာ၀န္ရွိသူမ်ားက ေျပာသည္။

အဆိုပါ COVID-19 အတည္ျပဳလူနာသည္ မႏၲေလးၿမိဳ႕၌ သုံးရက္အတြင္း ဒုတိယေျမာက္ စစ္ေဆးေတြ႕ရွိသည့္ လူနာျဖစ္လာၿပီး ၾသဂုတ္(၂၇)ရက္ကလည္း ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွ လာေရာက္ၿပီး မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ရဲအရာရွိသင္တန္းေက်ာင္း၌ စခန္းမႉးသင္တန္း တက္ေရာက္ေနသည့္ အသက္(၄၀)အ႐ြယ္ ရဲအုပ္တစ္ဦးတြင္ COVID-19 ေရာဂါပိုး ကူးစက္ေနသည္ကို စစ္ေဆးေတြ႕ရွိခဲ့သည္။

လက္ရွိတြင္ မႏၲေလးၿမိဳ႕၌ စစ္ေဆးေတြ႕ရွိသည့္ အတည္ျပဳလူနာ ႏွစ္ဦးအား ကန္ေတာ္နဒီ ေဆး႐ုံသို႔ ေျပာင္းေ႐ႊကုသေပးထားသည္။

#Mandalay_Indepth_News #MandalayInDepthNews #ကိုဗစ္ #COVID-19 #မႏၲေလး #Positive

unicode

မန္တလေးရှိ COVID-19 အတည်ပြုလူနာ အသက်(၁၇)နှစ်အရွယ် အမျိုးသမီး သွားလာထိတွေ့ခဲ့သည့် ဆိုင်အချို့ကို ယာယီပိတ်ပင်ကာ Home Quarantine သတ်မှတ်

ရိုက်ကူး၊တင်ဆက် – မောင်မင်းမော်၊ ဒီဒါင်းမေ၊ သြဂုတ်-၂၉

မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ COVID-19 အတည်ပြုလူနာ အသက်(၁၇)ရွယ် အမျိုးသမီး သွားလာ၊ ထိတွေ့ခဲ့သည့် ဈေးဆိုင်အချို့ကို ယာယီပိတ်ပင်ကာ ထိတွေ့မှု ရှိနိုင်သူများကိုလည်း Home Quarantine နေထိုင်ရန် သတ်မှတ်ထားကြောင်း ….

ချမ်းမြသာစည်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်း က Mandalay In-depth News အား ပြောသည်။“လတ်တလော ဆက်စပ်တဲ့လူကတော့ ကျွန်တော်တို့ စိစစ်ချက်အရပေါ့နော်။ အသေးစိတ်ကတော့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။

လတ်တလော စိစစ်ချက်အရတော့ သူတို့သွားခဲ့တဲ့ စားသောက်ဆိုင် တစ်ဆိုင်ရယ်၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရယ်။ ကုန်စုံဆိုင် တစ်ဆိုင်ရယ် ကျွန်တော်တို့က လတ်တလောမှာတော့ Home Quarantine ပေါ့။

ဒီဆိုင်တွေကို လုံးဝမဖွင့်ဖို့နဲ့ ၊ နေရာကနေ အပြင်မထွက်ဖို့ ဆောင်ရွက်ထားရှိပါတယ်”ဟု ဦးစိုးဇေယျာထွန်းက ပြောသည်။မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး သံဃာ့ဆေးရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း….

အဆိုပါ COVID-19 အတည်ပြုလူနာသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အဆိုပါ အမျိုးသမီးနှင့် မိခင်၊ ညီမတို့သည် သြဂုတ်(၁၇)ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသူများ ဖြစ်သဖြင့် သြဂုတ်(၂၇)ရက်၊

ညပိုင်းမှစတင်ကာ မန္တလေး ဇီဝိတဒါန သံဃာ့ဆေးရုံကြီး Quarantine Centre ၌ ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့ကြောင်း၊ ထို့နောက် Swab (အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ) ရယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့ စစ်ဆေးခဲ့ရာမှ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

အဆိုပါ COVID-19 အတည်ပြုလူနာသည် မန္တလေးမြို့၌ သုံးရက်အတွင်း ဒုတိယမြောက် စစ်ဆေးတွေ့ရှိသည့် လူနာဖြစ်လာပြီး သြဂုတ်(၂၇)ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ လာရောက်ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရဲအရာရှိသင်တန်းကျောင်း၌ စခန်းမှူးသင်တန်း တက်ရောက်နေသည့် အသက်(၄၀)အရွယ် ရဲအုပ်တစ်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိတွင် မန္တလေးမြို့၌ စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ နှစ်ဦးအား ကန်တော်နဒီ ဆေးရုံသို့ ပြောင်းရွှေကုသပေးထားသည်။

#Mandalay_Indepth_News #MandalayInDepthNews #ကိုဗစ် #COVID-19 #မန္တလေး #Positive