ေရႊတိဂုံပန္းခ်ီကားႏွင့္ပတ္သက္ျပီး ေမာင္ေမာင္ေအးကေတာ့ ခုလိုေျဖရွင္းထားပါတယ္

လြန္ခဲ့တဲ့ ၂ ရက္က ကိုယ္စုေဆာင္းထားတဲ့ပန္းခ်ီကားေတြကို ပန္းခ်ီျမတ္ႏိုးသူေတြအခ်င္းခ်င္း အျပန္အလွန္ပုံေတြ ၇ ရက္ဆက္တိုက္တင္ၿပီးျပၾကရင္း…..

အျပန္အလွန္ဖလွယ္တဲ့စိန္ေခၚမႈမွာ မိတ္ေဆြတဦးက Challenge လုပ္လို႔ ကိုယ္အျမတ္တႏိုးစုထားတဲ့ကားေတြထဲကတခ်ိဳ႕ကို ပုံတင္ျဖစ္တယ္…။

အဲ့ဒီမွာ ၄ ရက္ေျမာက္ေန႔တင္လိုက္တဲ့ ျမတ္ေ႐ႊတိဂုံ ေရ​ေဆးပန္းခ်ီကားရဲ႕ေအာက္ကမန႔္ေတြဖတ္ရင္း အစကေတာ့ ဘာမွကိုျပန္ရွင္းျပခ်င္စိတ္မရွိခဲ့ဘူး…

ဒါေပမယ့္ အမွားကို အမွန္ထင္ေနတဲ့သူေတြ.. ပန္းခ်ီအေၾကာင္းနကန္းတလုံးမွ မသိ.. သိ​ေအာင္လည္း မႀကိဳးစား မေလ့လာ….

ဘာျမင္ျမင္ ကိုယ့္တထြာတမိုက္အသိေလးနဲ႔ အသားလြတ္ ဝင္ဆဲရင္း အကုသိုလ္ယူေနတဲ့သူေတြကို သနားလည္း သနားမိသလို….

ကိုယ့္ႏိုင္ငံမွာရွိတဲ့ တခ်ိဳ႕သူေတြရဲ႕ ပညာေရးေရခ်ိန္.. အႏုပညာေရခ်ိန္ေတြ ဘယ္ေလာက္ေတာင္ ေခါင္းပါး နိမ့္ပါးေနလဲဆိုတာ ေတြးမိတယ္… စိတ္မေကာင္းလည္းျဖစ္ရတယ္…

ဒီဘုရားပန္းခ်ီကားမွာ ေရသပၸာယ္ေနတဲ့သူေတြပါတယ္…ေရသပၸာယ္ၿပီးျပန္ထြက္လာတဲ့သူပါတယ္.. ေစာင္းတန္းထဲကေနထြက္လာတဲ့သူပါတယ္… ဘုရားကို ပန္းနဲ႔ ၾကည္ညိဳဖူးေမွ်ာ္ေနတဲ့သူပါတယ္…

ပန္းခ်ီဆရာက သူအဓိကျပခ်င္တဲ့ ဘုရားရွိခိုးေနတဲ့အမ်ိဳးသမီးေလးရယ္ ေန႔နံေထာင့္တေထာင့္က ေ႐ႊေရာင္ဝင္းေနတဲ့ ၾကည္ညိဳဖြယ္ရာေစတီတဆူရယ္ကို အဓိကျပခ်င္လို႔ က်န္တဲ့ေနရာေတြကို ဝါးထားတယ္..

ပန္းခ်ီကားက ေရေဆးပန္းခ်ီကား..

ပန္းခ်ီဆရာက ျမန္မာႏိုင္ငံမွာ ေရေဆးဘုရင္ႀကီးလို႔ေတာင္ ပန္းခ်ီေလာကမွာ သတ္မွတ္ထားတဲ့ ျမန္မာ့ပန္းခ်ီေက်ာ္ႀကီး ဆရာျမင့္ႏိုင္…

သူ႔ကားေတြကို ႏိုင္ငံတကာကပြဲေတြမွာလည္း ျပပြဲေပါင္းမ်ားစြာျပဖူးတဲ့သူ..သူ႔ပန္းခ်ီကားတခ်ပ္က ကာလတန္ဖိုး တကားကို ၁၅ သိန္း ကေနသိန္း ရာခ်ီအထိေစ်းေပးၿပီး ဝယ္စုေဆာင္းၾကရတာ…

အခုပို႔စ္မွာ ျမန္မာႏိုင္ငံေက်ာ္ ကမာၻေက်ာ္ပန္းခ်ီဆရာႀကီး ဦးလြန္းႂကြယ္ နဲ႔ တျခားႏိုင္ငံက ကမာၻေက်ာ္ပန္းခ်ီပညာရွင္ေတြ ရဲ႕ ေ႐ႊတိဂုံဘုရားပန္းခ်ီကားတခ်ိဳ႕ကိုပါတင္ေပးလိုက္ပါတယ္…

ကိုယ္တိုင္လည္း ပန္းခ်ီပညာရွင္မဟုတ္သလို ဒီေလာက္က်ယ္ေျပာလွတဲ့ အႏုပညာလက္ရာေတြကို ေဝဖန္ႏိုင္ဖို႔ေနေနသာသာ ဟိုးအေဝးႀကီးကေနေလ့လာသင္ယူမဆုံးျဖစ္ေနရတဲ့သူ…

ဒါေပမဲ့ ကိုယ္မသိတဲ့ဘာသာရပ္တခုကို အသားလြတ္ဆဲဖို႔ေလာက္ေတာ့ သတၱိမရွိဘူးရယ္…ဒီပန္းခ်ီကားကို လာဆဲၾကလို႔ဆိုၿပီး ကိုယ့္မိတ္ေဆြရင္းတခ်ိဳ႕က ပုံကိုျပန္ hide ထားလိုက္ပါလားလို႔ေတာင္ ေစတနာနဲ႔ လာေျပာၾကေသးတာ…

ပုံျပန္ဖ်က္လိုက္ရင္ ကိုယ္လည္းဘာတခုမွ အမွားမလုပ္ထားသလို ပန္းခ်ီဆရာႀကီးလည္း အမွားမရွိပါဘဲနဲ႔ ကိုယ့္မသိနားမလည္မႈကို အမွန္ထင္ၿပီး လာရမ္းကား ႐ိုင္းစိုင္းေနတဲ့သူေတြကို ေၾကာက္တယ္လို႔ထင္သြားမွာ…

သူတို႔ရဲ႕ ေအာက္တန္းက်မႈအမွားက မွန္တယ္ထင္သြားမွာေတာ့ လုံးဝအျဖစ္မခံႏိုင္တာပါ.. လို႔ျပန္ရွင္းျပလိုက္ရတယ္..

အခုဟာက ေအာ္ပရာဆိုျပေနတဲ့သူကို ငါနားမလည္တာနဲ႔ဘဲ ဘာေတြေလွ်ာက္ေအာ္ေနတဲ့အ႐ူးလဲဆိုၿပီး ေျပာေနတာနဲ႔ အတူတူပဲဆိုတာေတာင္ သိပုံမရၾကဘူး….

TikTok ေဆာ့တဲ့သူကို အႏုပညာရွင္လို႔ ထင္ေနတဲ့သူေတြမ်ားလြန္းတဲ့တိုင္းျပည္မွာေန ေနရတဲ့ ကိုယ္ေတြကေတာ့ သူေတာ္စင္လည္းမဟုတ္သလို….

ေဒါသကင္းတဲ့သူလည္းမဟုတ္တဲ့ သာမန္လူတေယာက္ဆိုေပတဲ့ အခုလိုေအာက္တန္းက်က်လာတိုက္ခိုက္တဲ့သူေတြေၾကာင့္ေတာ့ ဘယ္လိုမွကိုစိတ္မဆိုးမိဘူးရယ္…

ဘယ္လိုအစားေတြလဲဆိုတာကို လိုက္ၾကည့္ေတာ့လည္း အေကာင့္တုေတြရယ္ ေအာက္တန္းစားေတြကိုေထာက္ခံေနတဲ့အဖြဲ႕ေတြကအမ်ားဆုံးျဖစ္ေနေတာ့ ရယ္ပဲရယ္ခ်င္ေနမိေတာ့တယ္…

ေနာက္မ်ိဳးဆက္ေတြအတြက္ ပညာေရး နဲ႔ အႏုပညာ ေရခ်ိန္ေတြျမင့္လာေအာင္သာ ႏိုင္သေလာက္ေလးဝိုင္းႀကိဳးစားဖို႔ရွိေတာ့တယ္….။

naethitmyanmar

unicode

လွန်ခဲ့တဲ့ ၂ ရက်က ကိုယ်စုဆောင်းထားတဲ့ပန်းချီကားတွေကို ပန်းချီမြတ်နိုးသူတွေအချင်းချင်း အပြန်အလှန်ပုံတွေ ၇ ရက်ဆက်တိုက်တင်ပြီးပြကြရင်း…..

အပြန်အလှန်ဖလှယ်တဲ့စိန်ခေါ်မှုမှာ မိတ်ဆွေတဦးက Challenge လုပ်လို့ ကိုယ်အမြတ်တနိုးစုထားတဲ့ကားတွေထဲကတချို့ကို ပုံတင်ဖြစ်တယ်…

အဲ့ဒီမှာ ၄ ရက်မြောက်နေ့တင်လိုက်တဲ့ မြတ်ရွှေတိဂုံ ရေဆေးပန်းချီကားရဲ့အောက်ကမန့်တွေဖတ်ရင်း အစကတော့ ဘာမှကိုပြန်ရှင်းပြချင်စိတ်မရှိခဲ့ဘူး…

ဒါပေမယ့် အမှားကို အမှန်ထင်နေတဲ့သူတွေ.. ပန်းချီအကြောင်းနကန်းတလုံးမှ မသိ.. သိအောင်လည်း မကြိုးစား မလေ့လာ….

ဘာမြင်မြင် ကိုယ့်တထွာတမိုက်အသိလေးနဲ့ အသားလွတ် ဝင်ဆဲရင်း အကုသိုလ်ယူနေတဲ့သူတွေကို သနားလည်း သနားမိသလို….

ကိုယ့်နိုင်ငံမှာရှိတဲ့ တချို့သူတွေရဲ့ ပညာရေးရေချိန်.. အနုပညာရေချိန်တွေ ဘယ်လောက်တောင် ခေါင်းပါး နိမ့်ပါးနေလဲဆိုတာ တွေးမိတယ်… စိတ်မကောင်းလည်းဖြစ်ရတယ်…

ဒီဘုရားပန်းချီကားမှာ ရေသပ္ပာယ်နေတဲ့သူတွေပါတယ်…ရေသပ္ပာယ်ပြီးပြန်ထွက်လာတဲ့သူပါတယ်.. စောင်းတန်းထဲကနေထွက်လာတဲ့သူပါတယ်… ဘုရားကို ပန်းနဲ့ ကြည်ညိုဖူးမျှော်နေတဲ့သူပါတယ်…

ပန်းချီဆရာက သူအဓိကပြချင်တဲ့ ဘုရားရှိခိုးနေတဲ့အမျိုးသမီးလေးရယ် နေ့နံထောင့်တထောင့်က ရွှေရောင်ဝင်းနေတဲ့ ကြည်ညိုဖွယ်ရာစေတီတဆူရယ်ကို အဓိကပြချင်လို့ ကျန်တဲ့နေရာတွေကို ဝါးထားတယ်..

ပန်းချီကားက ရေဆေးပန်းချီကား..

ပန်းချီဆရာက မြန်မာနိုင်ငံမှာ ရေဆေးဘုရင်ကြီးလို့တောင် ပန်းချီလောကမှာ သတ်မှတ်ထားတဲ့ မြန်မာ့ပန်းချီကျော်ကြီး ဆရာမြင့်နိုင်…

သူ့ကားတွေကို နိုင်ငံတကာကပွဲတွေမှာလည်း ပြပွဲပေါင်းများစွာပြဖူးတဲ့သူ..သူ့ပန်းချီကားတချပ်က ကာလတန်ဖိုး တကားကို ၁၅ သိန်း ကနေသိန်း ရာချီအထိဈေးပေးပြီး ဝယ်စုဆောင်းကြရတာ…

အခုပို့စ်မှာ မြန်မာနိုင်ငံကျော် ကမ္ဘာကျော်ပန်းချီဆရာကြီး ဦးလွန်းကြွယ် နဲ့ တခြားနိုင်ငံက ကမ္ဘာကျော်ပန်းချီပညာရှင်တွေ ရဲ့ ရွှေတိဂုံဘုရားပန်းချီကားတချို့ကိုပါတင်ပေးလိုက်ပါတယ်…

ကိုယ်တိုင်လည်း ပန်းချီပညာရှင်မဟုတ်သလို ဒီလောက်ကျယ်ပြောလှတဲ့ အနုပညာလက်ရာတွေကို ဝေဖန်နိုင်ဖို့နေနေသာသာ ဟိုးအဝေးကြီးကနေလေ့လာသင်ယူမဆုံးဖြစ်နေရတဲ့သူ…

ဒါပေမဲ့ ကိုယ်မသိတဲ့ဘာသာရပ်တခုကို အသားလွတ်ဆဲဖို့လောက်တော့ သတ္တိမရှိဘူးရယ်…ဒီပန်းချီကားကို လာဆဲကြလို့ဆိုပြီး ကိုယ့်မိတ်ဆွေရင်းတချို့က ပုံကိုပြန် hide ထားလိုက်ပါလားလို့တောင် စေတနာနဲ့ လာပြောကြသေးတာ…

ပုံပြန်ဖျက်လိုက်ရင် ကိုယ်လည်းဘာတခုမှ အမှားမလုပ်ထားသလို ပန်းချီဆရာကြီးလည်း အမှားမရှိပါဘဲနဲ့ ကိုယ့်မသိနားမလည်မှုကို အမှန်ထင်ပြီး လာရမ်းကား ရိုင်းစိုင်းနေတဲ့သူတွေကို ကြောက်တယ်လို့ထင်သွားမှာ…

သူတို့ရဲ့ အောက်တန်းကျမှုအမှားက မှန်တယ်ထင်သွားမှာတော့ လုံးဝအဖြစ်မခံနိုင်တာပါ.. လို့ပြန်ရှင်းပြလိုက်ရတယ်..

အခုဟာက အော်ပရာဆိုပြနေတဲ့သူကို ငါနားမလည်တာနဲ့ဘဲ ဘာတွေလျှောက်အော်နေတဲ့အရူးလဲဆိုပြီး ပြောနေတာနဲ့ အတူတူပဲဆိုတာတောင် သိပုံမရကြဘူး….

TikTok ဆော့တဲ့သူကို အနုပညာရှင်လို့ ထင်နေတဲ့သူတွေများလွန်းတဲ့တိုင်းပြည်မှာနေ နေရတဲ့ ကိုယ်တွေကတော့ သူတော်စင်လည်းမဟုတ်သလို….

ဒေါသကင်းတဲ့သူလည်းမဟုတ်တဲ့ သာမန်လူတယောက်ဆိုပေတဲ့ အခုလိုအောက်တန်းကျကျလာတိုက်ခိုက်တဲ့သူတွေကြောင့်တော့ ဘယ်လိုမှကိုစိတ်မဆိုးမိဘူးရယ်…

ဘယ်လိုအစားတွေလဲဆိုတာကို လိုက်ကြည့်တော့လည်း အကောင့်တုတွေရယ် အောက်တန်းစားတွေကိုထောက်ခံနေတဲ့အဖွဲ့တွေကအများဆုံးဖြစ်နေတော့ ရယ်ပဲရယ်ချင်နေမိတော့တယ်…

နောက်မျိုးဆက်တွေအတွက် ပညာရေး နဲ့ အနုပညာ ရေချိန်တွေမြင့်လာအောင်သာ နိုင်သလောက်လေးဝိုင်းကြိုးစားဖို့ရှိတော့တယ်….။

naethitmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*