သားညက်ရင္ပဲြၾကမ္းဖို႔ဝယ္ထားတ့ဲ ေခြးလ်ားနက္ေစ့ေတြ အေဖအကုန္စားလိုက္ေသာအခါ

သားညက်ရင္ပဲြၾကမ္းဖို႔ဝယ္ထားတ့ဲ ေခြးလ်ားနက္ေစ့ေတြ အေဖအကုန္ႀကိတ္လိုက္ေသာအခါ

က်ား အားတိုး​ေဆးထဲမာေခြးလ်ားနက္ေစ့အေၾကာင္းသိၾကမယ္ထင္ပါတယ္….

” မၾကင္​ျမ..”

” ​​ဘာတုန္​းကို​ေဆာင္​း ”

” ငါ့ ​ေခြး​ေလွးယားသီး အနက္​​ေစ့​ေတြ ဘယ္​မတုန္​း….

” ဟင္​…..က်ဳပ္​လည္​း ဘယ္​သိမတုန္​း ၊ ​ေတာ္​ကဘယ္​မွာထားလို႔လဲ ”

” ​ေၾကာင္​အိမ္​​ေပၚ တင္​ထားတာ​ေလ ”

ေမာင္​​ေဆာင္​း အ​ေတာ္​​ေဒါသထြက္​မိတယ္​….

ဘယ္​့ႏွယ္​ဗ်ာ…​ေခြး​ေလွးယားသီးအနက္​​ေစ့က က်ားခြန္​အားတိုးတယ္​ဆိုလို႔ ဝယ္​စားပါတယ္​ ။

ဘယ္​သူမွ မစား​ေလာက္​ပါဘူး​ေလဆိုၿပီး ​ေၾကာင္​အိမ္​​ေပၚတင္​ထားကာမွ ​ေပ်ာက္​ခ်င္​းမလွ​ေပ်ာက္ သြား​ေတာ့ ​ေဒါသမထြက္​ပဲ႐ွိမလား ။

” င​ေဆာင္​း.. ”

” ဗ်ာ..အ​ေဖ ”

” ခဏလာဦး

​ေမာင္​​ေဆာင္​းရဲ႕ ​ေယာကၡထီးကလွမ္​း​ေခၚ​ေတာ့ ​ေမာင္​​ေဆာင္​းလည္​း ​ေဒါသကိုခ်ဳပ္​တည္​းၿပီး ​ေယာကၡထီးဆီသြားရတာ​ေပါ့ ။

” ​ေခြး​ေလွးယားသီးအ​ေစ့ကို ဘာျဖစ္​လို႔ စားရတာလဲ ”

” အမ္​…ႀကိဳက္​..ႀကိဳက္​လို႔ပါအ​ေဖ” “​ေဟ့​ေကာင္​…ငါ့ကို မလိ္​မ္​နဲ႔ ။ အမွန္​​ေျပာစမ္​း ”

” ဟြာ​ေလ….ဟြာ​ေကာင္​းတာ ”

” ​ေဟ့​ေကာင္​….​ေကာင္​း​ေကာင္​း​ေျဖစမ္​း ”

” အ​​ေဖကလည္​းဗ်ာ ၊ ဘာလို႔သိခ်င္​တာလဲ ”

” သိခ်င္​လို႔ ​ေမး​ေနတာ​ေပါ့ကြ ”

” ဟာဗ်ာ…​ေျပာမ​ေကာင္​းပါဘူး ၊ အ​ေဖ့သမီး ၾကင္​ျမကို​ေမးသာၾကည္​့ ”

” ​ေဟ့​ေကာင္​….င​ေဆာင္​း…၊ ငါမသိဘူးမွတ္​​ေနလား ။ ငါ ငတံုးမဟုတ္​ဘူးကြ ။

မင္​းစား​ေနတဲ့ ​ေခြး​ေလွးယားသီးအနက္​​ေစ့က အဟြာအား​ေကာင္​းတာ ငါသိတယ္​ ”

” ဗ်ာ…. အ​ေဖက ဘယ္​လိုလုပ္​ၿပီး သိတာလဲ ”

” ငါ့ကိုဘာမွထပ္​မ​ေမးနဲ႔ ။ မင္​းရဲ႕ ​ေခြး​ေလွးယားသီး​ေစ့​ေတြ ငါ အကုန္​စားလိုက္​တာ ”

” အ……အ​ေဖ…..”

” ​မင္​းတကယ္​​ေသာက္​႐ူးပဲ င​ေဆာင္​း….။ ငါ အကုန္​စားတာ​ေတာင္​ ဘာမွမျဖစ္​ဖူး ”

” ဗ်ာ….”

” ကိုဘတင္​့….၊ ကြၽန္​မ မ​ေျပာသင္​့လို႔ အသာၿငိမ္​​ေနတာ ၊ ႐ွင္​က ​ေခြး​ေလွးယားသီး မစားနဲ႔​ေတာ့ …

႐ွင္​ ​ေခြး​ေလွးယားသီး​ေစ့စားရင္​ ကြၽန္​မ ႐ွင္​နဲ႔အတူမအိပ္​​ေတာ့ဘူး ”

​ေခြး​ေလွးယားသီး​ေစ့ရဲ႕အစြမ္​းကို ​ေမာင္​​ေဆာင္​းရဲ႕​ေယာကၡထီးက လက္​​ေတြ႕ျပလိုက္​ၿပီဆို​ေတာ့ ​ေမာင္​​ေဆာင္​း ​ေက်နပ္ၿပီ​ေလ ။

ဒါ​ေပမဲ့….” ​ေဟ…..ဘာျဖစ္​လို႔လဲဟ…၊ ​ငါလည္​းဘာမွမလုပ္​ရပါဘူးဟာ ”

” ႐ွင္​ ဘာမွမလုပ္​ႏိုင္​တာ ႐ွင္​့ကိုယ္​႐ွင္​သိရင္​ၿပီး​ေရာ ၊ ကြၽန္​မလည္​း အဲဒါ​ေတြ စိတ္​မဝင္​စားဘူး ”

” ဒါဆို..မင္​းကဘာလို႔​ေျပာ​ေနလဲ ”

” ​ေျပာရမွာ​ေပါ့…​ေခြး​ေလွးယားသီးစားၿပီး တစ္​ညလံုး ​ေလလည္​​ေနတာ ကြၽန္​မ မခံစားႏိုင္​ဘူး ”

” ​ေဟ…..”

​Ref – ေမာင္​​ေဆာင္​း ~ဆရာ လြင္ ဦးဟန္

unicode

သားညကျရင်ပွဲကြမ်းဖို့ဝယ်ထားတဲ့ ခွေးလျားနက်စေ့တွေ အဖေအကုန်ကြိတ်လိုက်သောအခါ

ကျား အားတိုးဆေးထဲမာခွေးလျားနက်စေ့အကြောင်းသိကြမယ်ထင်ပါတယ်….

” မကြင်မြ..”

” ဘာတုန်းကိုဆောင်း ”

” ငါ့ ခွေးလှေးယားသီး အနက်စေ့တွေ ဘယ်မတုန်း….

” ဟင်…..ကျုပ်လည်း ဘယ်သိမတုန်း ၊ တော်ကဘယ်မှာထားလို့လဲ ”

” ကြောင်အိမ်ပေါ် တင်ထားတာလေ ”

မောင်ဆောင်း အတော်ဒေါသထွက်မိတယ်….

ဘယ့်နှယ်ဗျာ…ခွေးလှေးယားသီးအနက်စေ့က ကျားခွန်အားတိုးတယ်ဆိုလို့ ဝယ်စားပါတယ် ။

ဘယ်သူမှ မစားလောက်ပါဘူးလေဆိုပြီး ကြောင်အိမ်ပေါ်တင်ထားကာမှ ပျောက်ချင်းမလှပျောက် သွားတော့ ဒေါသမထွက်ပဲရှိမလား ။

” ငဆောင်း.. ”

” ဗျာ..အဖေ ”

” ခဏလာဦး

မောင်ဆောင်းရဲ့ ယောက္ခထီးကလှမ်းခေါ်တော့ မောင်ဆောင်းလည်း ဒေါသကိုချုပ်တည်းပြီး ယောက္ခထီးဆီသွားရတာပေါ့ ။

” ခွေးလှေးယားသီးအစေ့ကို ဘာဖြစ်လို့ စားရတာလဲ ”

” အမ်…ကြိုက်..ကြိုက်လို့ပါအဖေ” “ဟေ့ကောင်…ငါ့ကို မလိမ်နဲ့ ။ အမှန်ပြောစမ်း ”

” ဟွာလေ….ဟွာကောင်းတာ ”

” ဟေ့ကောင်….ကောင်းကောင်းဖြေစမ်း ”

” အဖေကလည်းဗျာ ၊ ဘာလို့သိချင်တာလဲ ”

” သိချင်လို့ မေးနေတာပေါ့ကွ ”

” ဟာဗျာ…ပြောမကောင်းပါဘူး ၊ အဖေ့သမီး ကြင်မြကိုမေးသာကြည့် ”

” ဟေ့ကောင်….ငဆောင်း…၊ ငါမသိဘူးမှတ်နေလား ။ ငါ ငတုံးမဟုတ်ဘူးကွ ။

မင်းစားနေတဲ့ ခွေးလှေးယားသီးအနက်စေ့က အဟွာအားကောင်းတာ ငါသိတယ် ”

” ဗျာ…. အဖေက ဘယ်လိုလုပ်ပြီး သိတာလဲ ”

” ငါ့ကိုဘာမှထပ်မမေးနဲ့ ။ မင်းရဲ့ ခွေးလှေးယားသီးစေ့တွေ ငါ အကုန်စားလိုက်တာ ”

” အ……အဖေ…..”

” မင်းတကယ်သောက်ရူးပဲ ငဆောင်း….။ ငါ အကုန်စားတာတောင် ဘာမှမဖြစ်ဖူး ”

” ဗျာ….”

” ကိုဘတင့်….၊ ကျွန်မ မပြောသင့်လို့ အသာငြိမ်နေတာ ၊ ရှင်က ခွေးလှေးယားသီး မစားနဲ့တော့ …

ရှင် ခွေးလှေးယားသီးစေ့စားရင် ကျွန်မ ရှင်နဲ့အတူမအိပ်တော့ဘူး ”

ခွေးလှေးယားသီးစေ့ရဲ့အစွမ်းကို မောင်ဆောင်းရဲ့ယောက္ခထီးက လက်တွေ့ပြလိုက်ပြီဆိုတော့ မောင်ဆောင်း ကျေနပ်ပြီလေ ။

ဒါပေမဲ့….” ဟေ…..ဘာဖြစ်လို့လဲဟ…၊ ငါလည်းဘာမှမလုပ်ရပါဘူးဟာ ”

” ရှင် ဘာမှမလုပ်နိုင်တာ ရှင့်ကိုယ်ရှင်သိရင်ပြီးရော ၊ ကျွန်မလည်း အဲဒါတွေ စိတ်မဝင်စားဘူး ”

” ဒါဆို..မင်းကဘာလို့ပြောနေလဲ ”

” ပြောရမှာပေါ့…ခွေးလှေးယားသီးစားပြီး တစ်ညလုံး လေလည်နေတာ ကျွန်မ မခံစားနိုင်ဘူး ”

” ဟေ…..”

Ref – မောင်ဆောင်း ~ဆရာ လွင် ဦးဟန်

Be the first to comment

Leave a Reply

Your email address will not be published.


*