တာေမြလူနာ (၇၃၆) သည္ ေရာဂါလကၡဏာမျပမီ ရက္ပိုင္းအလိုက အိမ္တြင္ ဘုန္းႀကီးဆြမ္းကပ္၍ အလႉလုပ္ခဲ့

တာေမြလူနာ (၇၃၆) သည္ ေရာဂါလကၡဏာမျပမီ ရက္ပိုင္းအလိုက အိမ္တြင္ ဘုန္းႀကီးဆြမ္းကပ္၍ အလႉလုပ္ခဲ့

တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္း ၿမိဳ႕သစ္ ၁ လမ္းတြင္ေနထိုင္ေသာ လူနာအမွတ္ ၇၃၆ သည္ ေရာဂါလကၡဏာမျပခင္ ၅ ရက္အလိုတြင္ ၎၏အိမ္၌ ဘုန္းႀကီးဆြမ္းကပ္၍အလႉလုပ္ခဲ့ေၾကာင္း တာေမြၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။

အဆိုပါလူနာသည္ ၾသဂုတ္လ ၁၀ ရက္ေန႔ေနာက္ပိုင္း ရခိုင္ျပည္နယ္မွ ျပန္လာျခင္းျဖစ္ၿပီး လြန္ခဲ့သည္ ၃ ရက္ခန္႔ မွ တာဝန္ရွိသူမ်ားထံ သတင္းေပးအေၾကာင္းၾကားခဲ့ေသာေၾကာင့္ ၎ကို Home Q ေနထိုင္ေစကာ တို႔ဖတ္နမူနာယူ၍ ၾသဂုတ္လ ၂၉ ရက္စစ္ေဆးမႈတြင္ပါဝင္ခဲ့ၿပီး ၾသဂုတ္လ ၃၀ ရက္နံနက္ပိုင္းတြင္ ေရာဂါပိုးရွိသူ အတည္ျပဳလူနာအျဖစ္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိတြင္ ၎ေနထိုင္ရာ တိုက္ ႏွင့္ ၎ႏွင့္ထိစပ္ခဲ့သူမ်ားကို Home Q အျဖစ္ေနထိုင္ခိုင္းထားၿပီး ေစတနာ့ဝန္ထမ္းမ်ားျဖင့္ ရပ္ကြက္ရွိအဖြဲ႕မ်ားက ၎တို႔လိုအပ္သည္ အစားအေသာက္ရိကၡာကိစၥမ်ားကို ကူညီေဆာင္ရြက္ေပး သြားမည္ျဖစ္ေၾကာင္း တာေမြၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ေကာ္မတီထံမွသိရပါတယ္။

“ကၽြန္ေတာ္တို႔စိတ္ပူေနရတာက လြန္ခဲ့တဲ့ ၅ ရက္ေလာက္က သူ႔အိမ္မွာ အလႉလုပ္ထားတယ္။ သူနဲ႔ထိေတြ႕ခဲ့တဲ့ လူေတြကို ဒီည (ၾသဂုတ္ ၃၀) ဒါမွမဟုတ္ မနက္ျဖန္မနက္ (ၾသဂုတ္ ၃၁) ကို ေခၚစစ္ဖို႔ခ်ိန္းထားပါတယ္။ သူတို႔ရဲ့ အေၿဖ ကိုၾကည့္ၿပီးကြင္းဆက္ေတြကိုလိုက္ရမွာေပါ့” ဟု တာေမြၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေကာ္မတီ မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။

လက္ရွိတြင္ တာေမြၿမိဳ႕နယ္၊ ေက်ာင္းေျမာင္းရပ္ကြက္အတြင္း ရခိုင္ျပည္နယ္မွ ျပန္လာသူ အမ်ားအျပားရွိၿပီး လာေရာက္စစ္ေဆးသူမ်ားလည္းရွိသလို သတင္းရရွိသျဖင့္သြားေရာက္စစ္ေဆးမႈမ်ားလည္းရွိေၾကာင္း ၎က ရွင္းျပပါတယ္။

credit

တာမွေလူနာ (၇၃၆) သည် ရောဂါလက္ခဏာမပြမီ ရက်ပိုင်းအလိုက အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့

တာမွေမြို့နယ်၊ ကျောက်မြောင်း မြို့သစ် ၁ လမ်းတွင်နေထိုင်သော လူနာအမှတ် ၇၃၆ သည် ရောဂါလက္ခဏာမပြခင် ၅ ရက်အလိုတွင် ၎င်း၏အိမ်၌ ဘုန်းကြီးဆွမ်းကပ်၍အလှူလုပ်ခဲ့ကြောင်း တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အဆိုပါလူနာသည် သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာခြင်းဖြစ်ပြီး လွန်ခဲ့သည် ၃ ရက်ခန့် မှ တာဝန်ရှိသူများထံ သတင်းပေးအကြောင်းကြားခဲ့သောကြောင့် ၎င်းကို Home Q နေထိုင်စေကာ တို့ဖတ်နမူနာယူ၍ သြဂုတ်လ ၂၉ ရက်စစ်ဆေးမှုတွင်ပါဝင်ခဲ့ပြီး သြဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ရောဂါပိုးရှိသူ အတည်ပြုလူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတွင် ၎င်းနေထိုင်ရာ တိုက် နှင့် ၎င်းနှင့်ထိစပ်ခဲ့သူများကို Home Q အဖြစ်နေထိုင်ခိုင်းထားပြီး စေတနာ့ဝန်ထမ်းများဖြင့် ရပ်ကွက်ရှိအဖွဲ့များက ၎င်းတို့လိုအပ်သည် အစားအသောက်ရိက္ခာကိစ္စများကို ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှသိရပါတယ်။

“ကျွန်တော်တို့စိတ်ပူနေရတာက လွန်ခဲ့တဲ့ ၅ ရက်လောက်က သူ့အိမ်မှာ အလှူလုပ်ထားတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေကို ဒီည (သြဂုတ် ၃၀) ဒါမှမဟုတ် မနက်ဖြန်မနက် (သြဂုတ် ၃၁) ကို ခေါ်စစ်ဖို့ချိန်းထားပါတယ်။ သူတို့ရဲ့ အဖြေ ကိုကြည့်ပြီးကွင်းဆက်တွေကိုလိုက်ရမှာပေါ့” ဟု တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

လက်ရှိတွင် တာမွေမြို့နယ်၊ ကျောင်းမြောင်းရပ်ကွက်အတွင်း ရခိုင်ပြည်နယ်မှ ပြန်လာသူ အများအပြားရှိပြီး လာရောက်စစ်ဆေးသူများလည်းရှိသလို သတင်းရရှိသဖြင့်သွားရောက်စစ်ဆေးမှုများလည်းရှိကြောင်း ၎င်းက ရှင်းပြပါတယ်။

credit

Be the first to comment

Leave a Reply

Your email address will not be published.


*