ေနာက္တစ္ေယာက္ရွိေနၿပီဆုိတာ သိႏုိင္တဲ့အမူအယာ ( ၅ )ခ်က္

သင့္မွာ ခ်စ္သူ ရွိတယ္ဆုိရင္ ေအာက္ပါ အေျခအေနေတြဟာ သူ႔မွာ ေနာက္ထပ္တစ္ေယာက္ ရွိေနၿပိဆုိတာ သိေစႏုိင္မယ့္ လကၡဏာေတြ ျဖစ္ပါတယ္။ ပရိသတ္ႀကီး ခ်ိန္ဆႏုိင္ဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ဖုန္းကုိ ေၾကာင့္က်စုိက္ေနရင္

ခ်စ္သူေတြဘ၀မွာ တစ္ေယာက္ရဲ႕ဖုန္းကို တစ္ေယာက္က ယူၾကည့္တာဟာ လုပ္ပုိင္ခြင့္ကို ခ်ိဳးေဖာက္ျခင္းလုိ႔ မယူဆေတာ့တဲ့ ေခတ္ႀကီးကို ေရာက္ေနပါၿပီ။ အရင္ကလည္း သင္ဟာ သူ႔ဖုန္းကို ယူၾကည့္ေလ့ရွိတယ္ …

ဒါေပမယ့္ ေနာက္ပိုင္းမွာ သူ႔ဟာ ဖုန္းကို ယူၾကည့္မွာကို စုိးရိမ္တဲ့အမူအယာ၊ မၾကည္ျဖဴတဲ့ အမူအယာမ်ိဳး ျပေနၿပီဆုိရင္ သူမွာ တစ္ေယာက္ေယာက္ ရွိေနၿပီလုိ႔ အၾကမ္းဖ်င္း ယူဆႏုိင္ပါတယ္။

ခ်စ္သူ(၂) မေျပာမဆုိ ေရာက္လာမွာကုိ စုိးထိတ္ေနရင္

တစ္ခါတေလ သင္ သူ႕ဆီကုိ ႐ုတ္တရက္ေရာက္သြားတဲ့အခါမ်ိဳးမွာ မလုံမလဲ ျဖစ္ေနတာတုိ႔၊ အမူအယာပ်က္ေနတာတုိ႔ဟာ ေကာင္းတဲ့ လကၡဏာရပ္ေတြ မဟုတ္ပါဘူး။

သူ သင့္ကို အသိမခံခ်င္တဲ့ အေျခအေနတစ္ခုကို သင္ မ်က္၀ါးထင္ထင္ ေတြ႕သြားမွာ စုိးရိမ္ေနလုိ႔ဆုိတာ ေသခ်ာပါတယ္။

(၃) ေနရာအမွန္ကုိ မေျပာရင္

သင္ဟာ သူ႕ကုိ မယုံသကၤာစိတ္နဲ႔ ေနာက္ေယာင္ခံ လုိက္သြားၿပီး၊ ဘယ္ေရာက္ေနလဲ … စသျဖင့္ ေမးတဲ့အခါမွာ သူဟာ လက္ရွိေရာက္ရွိေနတဲ့ ….

ေနရာကို အမွန္အတုိင္း သင့္ကို မေျပာဘူးဆုိရင္လည္း သူ႕မွာ တစ္ျခားဇယား ရွိေနၿပီလုိ႔ မွတ္ယူလုိ႔ ရပါတယ္။

(၄) မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ေတြ႕မွာစုိးျခင္း

သူ႕ရဲ႕ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ သင့္ကို ေတြ႔မွာစုိးတာမ်ိဳးလည္း ရွိတတ္ပါတယ္။ အမ်ားအားျဖင့္ သင္ဟာ သူ႕သူငယ္ခ်င္းတစ္ေယာက္ေယာက္နဲ႔ ေတြ႕မယ္ဆုိရင္ သူက ၾကားထဲကေန ၀င္တားတာမ်ိဳး၊

တစ္ျခားအစီအစဥ္တစ္ခုနဲ႔ လမ္းေၾကာင္းေျပာင္းတာမ်ိဳး၊ မေတြ႕ျဖစ္ေအာင္ တမင္လုပ္တာမ်ိဳးရွိလာရင္လည္း ဒါဟာ သူ႔ရဲ႕ေဖာက္ျပန္မႈကို သူ႕သူငယ္ခ်င္းေတြဆီကေန တစ္ဆင့္ သင္သိသြားမွာ စုိးလုိ႔ျဖစ္ပါတယ္။

(၅) အမူအယာ သိပ္မေလးနက္ေတာ့တဲ့အခ်ိန္

ေနာက္ဆုံးနည္းကေတာ့ သင့္ရဲ႕ အလုိုလုိသိစိတ္က သူဟာ သင့္ကို အရင္ကလုိ မခ်စ္ေတာ့ဘူး၊ မေလးနက္ေတာ့ဘူး၊

ဟက္ဟက္ပက္ပက္ မရွိေတာ့ဘူးဆုိတာ ထင္ရွားေနရင္လည္း ဒီလုိအေျခအေနမွာ မ်ားေသာအားျဖင့္ သူ႔မွာ တစ္စုံတစ္ေယာက္ ရွိေနတယ္ဆုိတာ ေသခ်ာပါတယ္။

Shwemom

unicode

သင့်မှာ ချစ်သူ ရှိတယ်ဆိုရင် အောက်ပါ အခြေအနေတွေဟာ သူ့မှာ နောက်ထပ်တစ်ယောက် ရှိနေပြိဆိုတာ သိစေနိုင်မယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ ပရိသတ်ကြီး ချိန်ဆနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖုန်းကို ကြောင့်ကျစိုက်နေရင်

ချစ်သူတွေဘဝမှာ တစ်ယောက်ရဲ့ဖုန်းကို တစ်ယောက်က ယူကြည့်တာဟာ လုပ်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းလို့ မယူဆတော့တဲ့ ခေတ်ကြီးကို ရောက်နေပါပြီ။ အရင်ကလည်း သင်ဟာ သူ့ဖုန်းကို ယူကြည့်လေ့ရှိတယ် …

ဒါပေမယ့် နောက်ပိုင်းမှာ သူ့ဟာ ဖုန်းကို ယူကြည့်မှာကို စိုးရိမ်တဲ့အမူအယာ၊ မကြည်ဖြူတဲ့ အမူအယာမျိုး ပြနေပြီဆိုရင် သူမှာ တစ်ယောက်ယောက် ရှိနေပြီလို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

ချစ်သူ(၂) မပြောမဆို ရောက်လာမှာကို စိုးထိတ်နေရင်

တစ်ခါတလေ သင် သူ့ဆီကို ရုတ်တရက်ရောက်သွားတဲ့အခါမျိုးမှာ မလုံမလဲ ဖြစ်နေတာတို့၊ အမူအယာပျက်နေတာတို့ဟာ ကောင်းတဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။

သူ သင့်ကို အသိမခံချင်တဲ့ အခြေအနေတစ်ခုကို သင် မျက်ဝါးထင်ထင် တွေ့သွားမှာ စိုးရိမ်နေလို့ဆိုတာ သေချာပါတယ်။

(၃) နေရာအမှန်ကို မပြောရင်

သင်ဟာ သူ့ကို မယုံသင်္ကာစိတ်နဲ့ နောက်ယောင်ခံ လိုက်သွားပြီး၊ ဘယ်ရောက်နေလဲ … စသဖြင့် မေးတဲ့အခါမှာ သူဟာ လက်ရှိရောက်ရှိနေတဲ့ ….

နေရာကို အမှန်အတိုင်း သင့်ကို မပြောဘူးဆိုရင်လည်း သူ့မှာ တစ်ခြားဇယား ရှိနေပြီလို့ မှတ်ယူလို့ ရပါတယ်။

(၄) မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့မှာစိုးခြင်း

သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သင့်ကို တွေ့မှာစိုးတာမျိုးလည်း ရှိတတ်ပါတယ်။ အများအားဖြင့် သင်ဟာ သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တွေ့မယ်ဆိုရင် သူက ကြားထဲကနေ ဝင်တားတာမျိုး၊

တစ်ခြားအစီအစဉ်တစ်ခုနဲ့ လမ်းကြောင်းပြောင်းတာမျိုး၊ မတွေ့ဖြစ်အောင် တမင်လုပ်တာမျိုးရှိလာရင်လည်း ဒါဟာ သူ့ရဲ့ဖောက်ပြန်မှုကို သူ့သူငယ်ချင်းတွေဆီကနေ တစ်ဆင့် သင်သိသွားမှာ စိုးလို့ဖြစ်ပါတယ်။

(၅) အမူအယာ သိပ်မလေးနက်တော့တဲ့အချိန်

နောက်ဆုံးနည်းကတော့ သင့်ရဲ့ အလိုလိုသိစိတ်က သူဟာ သင့်ကို အရင်ကလို မချစ်တော့ဘူး၊ မလေးနက်တော့ဘူး၊

ဟက်ဟက်ပက်ပက် မရှိတော့ဘူးဆိုတာ ထင်ရှားနေရင်လည်း ဒီလိုအခြေအနေမှာ များသောအားဖြင့် သူ့မှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတာ သေချာပါတယ်။

Shwemom