ဖုန္းကေန လိမ္တဲ႔ လိမ္နည္းအသစ္ ေတာ္ေတာ္မ်ားမ်ားခံလိုက္ရပါျပီ

ဖုန္းကေန လိမ္တဲ႔ လိမ္နည္းအသစ္ ေတာ္ေတာ္မ်ားမ်ားခံလိုက္ရပါျပီ

မေန႔က ၆.၁၀. ၂၀ ဖုန္းတစ္လုံးဝင္လာပါတယ္….ဒကာႀကီး ဦးဇင္းက ဒကာႀကီးတို့နယ္ဘက္ကပါ….ဒကာႀကီးတို့ၿမိဳ့က ( ) ေက်ာင္းကိုလဲသိပါတယ္…

လိုင္းေပၚမွာ ဒကာႀကီးတို့ ကူညီေနတာေတြ႕လို့ ဦးဇင္းေက်ာင္းမွာသုံးေနတဲ့ ကားတစ္စီး လွုခ်င္လို့ပါ…ဦးဇင္းက ေရႊကုကၠိဳလ္ (ျမဝတီၿမိဳ့နယ္)မွာ ေက်ာင္းထိုင္ပါတယ္…

ဦးဇင္းဘြဲ႕အမည္က အရွင္ေခမိႏၵ ဓမၼစရိယ ေအာင္ပီးသားပါ.ဒကာႀကီးတို့အသင္းကို ကားလွုခ်င္လို့…အဖြဲ႕အစည္းတစ္ခုနဲ႔ ပို့ခိုင္းလိုက္ပါ့မယ္…ကားပို့ခစရိတ္ကိုလဲ ဝတၳဳစြန္႔လိုက္ပါ့မယ္..အဆင္ေျပလား လို့ ေျပာပါတယ္…

ကၽြန္ေတာ္လဲ အံၾသသြားတာေပါ့…ဖုန္းနံပါတ္က ေတာ့ကိုယ္မသိတဲ့ဖုန္းပါ…ရပါတယ္ ဦးဇင္း.. အဆင္ေျပသလိုပို့ခိုင္းလိုက္ပါ လက္ခံေပးပါ့မယ္ေပါ့….အဲ့ဒါနဲ႔ ဖုန္းနံပတ္တခုေပးပါတယ္…

( …..)အဖဲြ႕ က အရာရွိ ဆိုပဲ….ကၽြန္ေတာ္လဲ ဖုန္းေခၚၾကည့္ေတာ့…ေစာအယ္ထူး ဆိုလား မသိပါဘူး…ဦးဇင္း က ပို့ခိုင္းထားတာ မွန္ပါတယ္….ဘယ္အထိပို့ေပးရမလဲ ဆိုေတာ့ တိုက္ႀကီးအထိဆို ရပီလို့ေျပာလိုက္ပါတယ္…

ခုန ဆက္တဲ့ ဦးဇင္း ဆိုတဲ့ ဖုန္းထပ္ဝင္လာပါတယ္…မနက္ေစာေစာ ထြက္လာမယ္…ကားပို့ေပးမယ့္သူနဲ႔ ဆက္သြယ္လိုက္ပါ…လို့ေျပာပါတယ္… ကၽြန္ေတာ္လဲ….တင္ပါ့ေပါ့…

ဆရာေတာ္ ဟုတ္မဟုတ္ေတာ့မသိဘူးေလ..ဖုန္းထဲမွာဆိုေတာ့ သူကို ဦးဇင္း လို့ေျပာတာကိုး တကယ္ဟုတ္ေနရင္…မေကာင္းဘူးဆိုၿပီး ရိုရိုေသေသပဲေျပာလိုက္ပါတယ္…

မနက္က် (၇.၁၀.၂၀) မနက္အေစာႀကီး ၄ နာရီ ထိုး ထပ္ဆက္ျပန္ပါတယ္ ဒကာႀကီး သူ႔တို့နဲ႔ဆက္သြယ္ၿပီးၿပီလား…PPE ၆ စုံနဲ႔ လူနာသယ္တဲ့ ေဘာကဒ္ တစ္ခုပါထည့္ေပးလိုက္ပါတယ္ …..

အဆင္ေျပသလိုသုံးပါ….သူလွုတဲ့ကားေလးကိုလဲ ကိုဗစ္ကူညီေရးမွာ သုံးေပးပါတဲ့….မနက္၈ နာရီက်….အဖြဲ႕အစည္းက ဆိုတဲ့လူ ဖုန္းဆက္ျပန္တယ္ ။

သူတို့ သထုံ မွ ေရာက္ေနပီ…မနက္စာ စားေနတယ္ေန႔လည္ ၂ နာရီေလာက္ေရာက္မယ္…အဲ့အထိကၽြန္ေတာ္ယုံတုန္း…အသင္းက ညီေတြနဲ႔တိုင္ပင္ၿပီး

ကဲ သူတို့လာရင္အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ထားမယ္ေပါ့…ဘာပဲျဖစ္ျဖစ္ အသင္းအတြက္ဆိုေတာ့ ေပ်ာ္တာေပါ့ေလ၊ဇာတ္လမ္းက ၁၁နာရီခြဲေတာ့ စေတာ့တာပဲ…

ကားေမာင္းလာရင္းနဲ႔ ေဝါနဲ႔ဘုရားႀကီးၾကားထဲမွာ ေရတိုင္ကီေပါက္ လို့ ဘယ္လိုလုပ္ရမလဲ ဖုန္းဆက္ပါတယ္….အဲ့ဒါနဲ႔ ကားလွုမယ္ဆိုတဲ့ ဆရာေတာ္ဆီဖုန္းဆက္ ေမးေတာ့…

ဦးဇင္း က ေတာင္ေပၚမွာေနတာ ေငြလႊဲရင္ ေအာင္ဆင္းလႊဲရတာ ေလာေလာဆယ္ ဒကာႀကီးစိုက္ထားေပးပါ ဦးဇင္းျပန္လႊဲေပးပါ့မယ္…ကၽြန္ေတာ္တို့လဲ တိုင္ပင္ၿပီး ေငြလႊဲခိုင္းၿပီဆိုရင္ေတာ့ သိပ္မသက္ာေတာ့ဘူး….

အဲ့ဒါနဲ႔ ျမဝတီက ေဘာ္ဒါတစ္ေယာက္ဆီ အရင္ဆက္ ၿပီး ေမး ၾကည့္ေတာ့ မျဖစ္နိုင္ဘူး လိမ္ေနတာ ေငြမလႊဲနဲ႔အုံး လို့အႀကံေပးပါတယ္…ကၽြန္ေတာ္တို့လဲ သူတို့အေၾကာင္းသိခ်င္တာနဲ႔ ….

အဆက္အသြယ္ေကာင္းတဲ့ ျပည္က ေဘာ္ဒါတေယာက္ကိုအကူအညီေတာင္း ၿပီး စုံစမ္းေပးပါအုံး..နီးစပ္ရာအသင္း တစ္သင္းခ်ိတ္ၿပီး ဟုတ္မဟုတ္ အတည္ျပဳေပးပါေပါ့…

ျပည္ အသင္း က ေဘာ္ဒါလဲ သူတို့ဖုန္းနံပါတ္ေပးၿပီး ဆက္စုံစမ္းေပးပါတယ္..သူတို့နဲ႔ ဖုန္းေျပာတာေတြ Record လုပ္ၿပီး ပို့ေပးပါတယ္… အစ္ကိုေရ လိမ္ေနတာ…

အရင္က အသင္းအခ်ိဳ့လဲ လိမ္ခံရဘူးတယ္….. လို့ေျပာပါတယ္….အဲ့လိုလဲဲေျပာၿပီးတဲ့ အခ်ိန္က စလို့ သူတို့ဖုန္းေတြ ေခၚမရေတာ့ဘူး…. စက္ပိတ္ထားပါၿပီ….ေတာ္ေသးတယ္

ယုံၿပီး မလႊဲမိလိုက္လို့…..စုံစမ္းကူညီေပးတဲ့ ေဘာ္ဒါေတြေက်းဇူးတင္ပါတယ္….တျခားအသင္း ေတြလဲ အလိမ္မခံရေအာင္ ေစတနာနဲ႔…တင္ျပေပးတာပါ…

ဘာမွပါမသြားေပမယ့္….အသိတစ္ခုေတာ့ တိုးသြားတာေပါ့ေလ…အားလုံး လိမ္ညာခံရျခင္း ကင္းေဝးၾကပါေစ။လိမ္တဲ့သူေတြလဲ တူေသာအက်ိဳးေပးပါေစ။မၽွေဝလၽွက္…။Htaynaingoo

unicode

ဖုန်းကနေ လိမ်တဲ့ လိမ်နည်းအသစ် တော်တော်များများခံလိုက်ရပါပြီ

မနေ့က ၆.၁၀. ၂၀ ဖုန်းတစ်လုံးဝင်လာပါတယ်….ဒကာကြီး ဦးဇင်းက ဒကာကြီးတို့နယ်ဘက်ကပါ….ဒကာကြီးတို့မြို့က ( ) ကျောင်းကိုလဲသိပါတယ်….

လိုင်းပေါ်မှာ ဒကာကြီးတို့ ကူညီနေတာတွေ့လို့ ဦးဇင်းကျောင်းမှာသုံးနေတဲ့ ကားတစ်စီး လှုချင်လို့ပါ…ဦးဇင်းက ရွှေကုက္ကိုလ် (မြဝတီမြို့နယ်)မှာ ကျောင်းထိုင်ပါတယ်

ဦးဇင်းဘွဲ့အမည်က အရှင်ခေမိန္ဒ ဓမ္မစရိယ အောင်ပီးသားပါ.ဒကာကြီးတို့အသင်းကို ကားလှုချင်လို့…အဖွဲ့အစည်းတစ်ခုနဲ့ ပို့ခိုင်းလိုက်ပါ့မယ်…ကားပို့ခစရိတ်ကိုလဲ ဝတ္ထုစွန့်လိုက်ပါ့မယ်…အဆင်ပြေလား လို့ ပြောပါတယ်…

ကျွန်တော်လဲ အံသြသွားတာပေါ့…ဖုန်းနံပါတ်က တော့ကိုယ်မသိတဲ့ဖုန်းပါ…ရပါတယ် ဦးဇင်း.. အဆင်ပြေသလိုပို့ခိုင်းလိုက်ပါ လက်ခံပေးပါ့မယ်ပေါ့….အဲ့ဒါနဲ့ ဖုန်းနံပတ်တခုပေးပါတယ်…

(…..)အဖွဲ့ က အရာရှိ ဆိုပဲ….ကျွန်တော်လဲ ဖုန်းခေါ်ကြည့်တော့…စောအယ်ထူး ဆိုလား မသိပါဘူး…ဦးဇင်း က ပို့ခိုင်းထားတာ မှန်ပါတယ်….ဘယ်အထိပို့ပေးရမလဲ ဆိုတော့ တိုက်ကြီးအထိဆို ရပီလို့ပြောလိုက်ပါတယ်…

ခုန ဆက်တဲ့ ဦးဇင်း ဆိုတဲ့ ဖုန်းထပ်ဝင်လာပါတယ်…မနက်စောစော ထွက်လာမယ်…ကားပို့ပေးမယ့်သူနဲ့ ဆက်သွယ်လိုက်ပါ…လို့ပြောပါတယ်… ကျွန်တော်လဲ….တင်ပါ့ပေါ့…

ဆရာတော် ဟုတ်မဟုတ်တော့မသိဘူးလေ..ဖုန်းထဲမှာဆိုတော့ သူကို ဦးဇင်း လို့ပြောတာကိုး တကယ်ဟုတ်နေရင်…မကောင်းဘူးဆိုပြီး ရိုရိုသေသေပဲပြောလိုက်ပါတယ်…

မနက်ကျ (၇.၁၀.၂၀) မနက်အစောကြီး ၄ နာရီ ထိုး ထပ်ဆက်ပြန်ပါတယ် ဒကာကြီး သူ့တို့နဲ့ဆက်သွယ်ပြီးပြီလား…PPE ၆ စုံနဲ့ လူနာသယ်တဲ့ ဘောကဒ် တစ်ခုပါထည့်ပေးလိုက်ပါတယ် …..

အဆင်ပြေသလိုသုံးပါ….သူလှုတဲ့ကားလေးကိုလဲ ကိုဗစ်ကူညီရေးမှာ သုံးပေးပါတဲ့….မနက်၈ နာရီကျ….အဖွဲ့အစည်းက ဆိုတဲ့လူ ဖုန်းဆက်ပြန်တယ် ။

သူတို့ သထုံ မှ ရောက်နေပီ…မနက်စာ စားနေတယ်နေ့လည် ၂ နာရီလောက်ရောက်မယ်…အဲ့အထိကျွန်တော်ယုံတုန်း…အသင်းက ညီတွေနဲ့တိုင်ပင်ပြီး

ကဲ သူတို့လာရင်အဆင်သင့်ဖြစ်အောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားမယ်ပေါ့…ဘာပဲဖြစ်ဖြစ် အသင်းအတွက်ဆိုတော့ ပျော်တာပေါ့လေ၊ဇာတ်လမ်းက ၁၁နာရီခွဲတော့ စတော့တာပဲ…

ကားမောင်းလာရင်းနဲ့ ဝေါနဲ့ဘုရားကြီးကြားထဲမှာ ရေတိုင်ကီပေါက် လို့ ဘယ်လိုလုပ်ရမလဲ ဖုန်းဆက်ပါတယ်….အဲ့ဒါနဲ့ ကားလှုမယ်ဆိုတဲ့ ဆရာတော်ဆီဖုန်းဆက် မေးတော့…

ဦးဇင်း က တောင်ပေါ်မှာနေတာ ငွေလွှဲရင် အောင်ဆင်းလွှဲရတာ လောလောဆယ် ဒကာကြီးစိုက်ထားပေးပါ ဦးဇင်းပြန်လွှဲပေးပါ့မယ်…ကျွန်တော်တို့လဲ တိုင်ပင်ပြီး ငွေလွှဲခိုင်းပြီဆိုရင်တော့ သိပ်မသက်ာတော့ဘူး….

အဲ့ဒါနဲ့ မြဝတီက ဘော်ဒါတစ်ယောက်ဆီ အရင်ဆက် ပြီး မေး ကြည့်တော့ မဖြစ်နိုင်ဘူး လိမ်နေတာ ငွေမလွှဲနဲ့အုံး လို့အကြံပေးပါတယ်…ကျွန်တော်တို့လဲ သူတို့အကြောင်းသိချင်တာနဲ့ ….

အဆက်အသွယ်ကောင်းတဲ့ ပြည်က ဘော်ဒါတယောက်ကိုအကူအညီတောင်း ပြီး စုံစမ်းပေးပါအုံး..နီးစပ်ရာအသင်း တစ်သင်းချိတ်ပြီး ဟုတ်မဟုတ် အတည်ပြုပေးပါပေါ့…

ပြည် အသင်း က ဘော်ဒါလဲ သူတို့ဖုန်းနံပါတ်ပေးပြီး ဆက်စုံစမ်းပေးပါတယ်..သူတို့နဲ့ ဖုန်းပြောတာတွေ Record လုပ်ပြီး ပို့ပေးပါတယ်… အစ်ကိုရေ လိမ်နေတာ…

အရင်က အသင်းအချို့လဲ လိမ်ခံရဘူးတယ်….. လို့ပြောပါတယ်….အဲ့လိုလဲပြောပြီးတဲ့ အချိန်က စလို့ သူတို့ဖုန်းတွေ ခေါ်မရတော့ဘူး…. စက်ပိတ်ထားပါပြီ….တော်သေးတယ်

ယုံပြီး မလွှဲမိလိုက်လို့…..စုံစမ်းကူညီပေးတဲ့ ဘော်ဒါတွေကျေးဇူးတင်ပါတယ်….တခြားအသင်း တွေလဲ အလိမ်မခံရအောင် စေတနာနဲ့…တင်ပြပေးတာပါ…

ဘာမှပါမသွားပေမယ့်….အသိတစ်ခုတော့ တိုးသွားတာပေါ့လေ…အားလုံး လိမ်ညာခံရခြင်း ကင်းဝေးကြပါစေ။လိမ်တဲ့သူတွေလဲ တူသောအကျိုးပေးပါစေ။မျှဝေလျှက်…။Htaynaingoo

Leave a Comment