တစ္သက္လုံး လက္တြဲသြားမယ္လို႔ ဆုံးျဖတ္ထားရင္ ဒီ (၆)ခ်က္ကို သိထားဖို႔လိုတယ္

လက္ရွိခ်စ္သူ လက္ရွိအိမ္ေထာင္ေရးမွာ တစ္သက္လုံး လက္တြဲသြားမယ္လို႔ ဆုံးျဖတ္ထားရင္

ဒီ ( ၆ )ခ်က္ကိုသိထားဖို႔လိုတယ္

၁။ ေခါင္းေအးေအးထား စဥ္းစား …

ဟုတ္တယ္။ ငါတို႔ ေခါင္းေအးေအးထားရမယ္။ တကယ္ေတာ့ ငါတို႔ ရန္ျဖစ္ၾကတာ ခဏတာေလးပါ။ ဒီခဏေလးၿပီးရင္ အၾကာႀကီးေဝးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ။

ငါတို႔ရန္ျဖစ္တာေရာ၊ ဘာေၾကာင့္လဲ။ လမ္းခြဲဖို႔ေလာက္ထိေရာ၊ ျဖစ္သင့္ရဲ႕လား။ ဘာေတြေၾကာင့္ ဒီအေျခအေနေတြအထိ ျဖစ္လာခဲ့လဲ။ ငါတို႔ ေခါင္းေအးေအးထားၿပီး စဥ္းစားမယ္။

၂။ မွားတဲ့သူ ေတာင္းပန္ေၾကး…

ခ်စ္သူေရ.. ဘယ္သူမဆို ကိုယ္မွားတာကို တာဝန္ယူမွ၊ ဝန္ခံမွ။ အထူးသျဖင့္ ကိုယ္တို႔ ခ်စ္သူေတြၾကားမွာေပ့ါ။ အမွားကိုသိရင္ အမွန္ျပင္ရမယ့္ သတၱိ ငါတို႔မွာ ရွိရမယ္ေလ။

မွားတဲ့သူက အရင္ေတာင္းပန္ေၾကးေနာ္။ ေနာက္ၿပီး ေတာင္းပန္တာကိုလည္း လက္ခံေၾကး။ ခြင့္လႊတ္ေၾကး။

၃။ အေလွ်ာ့ေပးရမယ္…

တကယ္ေတာ့ေလ ဘယ္သူမွားမွား ဘယ္သူမွန္မွန္၊ တကယ္ခ်စ္ရင္ အေလ်ာ့ကို ေပးရမယ္။ ဒီကမာၻႀကီးမွာ တကယ္ခ်စ္တဲ့သူတိုင္း တစ္မ်ိဳးစီ႐ူးသြပ္တာ နင္လည္း သိသားပဲ။

ကဲ.. ငါကေတာ့ နင့္ကိုသိပ္ခ်စ္လို႔ နင္မွားလည္း ငါကပဲ ေတာင္းပန္အေလ်ာ့ေပးပါ့မယ္။

၄။ ေသြးမပူပါနဲ႔…..

ငါတို႔ၾကား ရန္ပြဲေတြကို ဦးတည္လာတာနဲ႔ ေအာ္မေျပာပါနဲ႔။ တစ္ေယာက္ကိုတစ္ေယာက္ မေစာ္ကားမိပါေစနဲ႔။ ခံစားမႈေတြကို အရမ္းႀကီး ေရွ႕တန္းမတင္ပါနဲ႔။

၅။ တစ္ေယာက္အေပၚတစ္ေယာက္ ေလးစားမႈ….

တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ေလးစားမႈဆိုတာသာ ရွိေနရင္ အတၱေတြမရွိဘူး၊ အထင္အျမင္လြဲမွားတာေတြ မရွိဘူး။ ရန္ပြဲေတြဆိုတာလည္း နည္းလိမ့္မယ္။

နင္နဲ႔ငါအၾကား အျပန္အလွန္ ေလးစားမႈဆိုတာသာ ရွိခဲ့ရင္ တို႔ရဲ႕အခ်စ္ခရီးက ေျဖာင့္ျဖဴးေနမွာပါ။

၆။ နားလည္မႈ…

အခ်စ္တစ္ခုမွာ ခ်စ္ျခင္းၿပီးရင္ အေရးအႀကီးဆုံးက နားလည္မႈပဲတဲ့။ နားလည္မႈက ရန္ပြဲေတြကို ေက်ာ္လႊားေစတယ္။ စစ္ပြဲေတြကို ရပ္တန႔္ေစတယ္။

ပဋိပကၡေတြကို အၿပီးသတ္ေစတယ္။ ငါတိုွ႔အၾကား နားလည္မႈေတြရွိေနသ၍ေတာ့ ေက်ာခိုင္းသြားၾကရမွာ မဟုတ္ပါဘူး။ေလးစားစြာျဖင့္ Khant Kyaw

Unicodeဖြင့်ဖတ်ရန်

လက်ရှိချစ်သူ လက်ရှိအိမ်ထောင်ရေးမှာ တစ်သက်လုံး လက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားရင်

ဒီ ( ၆ )ချက်ကိုသိထားဖို့လိုတယ်

၁။ ခေါင်းအေးအေးထား စဉ်းစား …

ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေးထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

ငါတို့ရန်ဖြစ်တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက်ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေအထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေးထားပြီး စဉ်းစားမယ်။

၂။ မှားတဲ့သူ တောင်းပန်ကြေး…

ချစ်သူရေ.. ဘယ်သူမဆို ကိုယ်မှားတာကို တာဝန်ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေ့ါ။ အမှားကိုသိရင် အမှန်ပြင်ရမယ့် သတ္တိ ငါတို့မှာ ရှိရမယ်လေ။

မှားတဲ့သူက အရင်တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန်တာကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေး။

၃။ အလျှော့ပေးရမယ်…

တကယ်တော့လေ ဘယ်သူမှားမှား ဘယ်သူမှန်မှန်၊ တကယ်ချစ်ရင် အလျော့ကို ပေးရမယ်။ ဒီကမ္ဘာကြီးမှာ တကယ်ချစ်တဲ့သူတိုင်း တစ်မျိုးစီရူးသွပ်တာ နင်လည်း သိသားပဲ။

ကဲ.. ငါကတော့ နင့်ကိုသိပ်ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန်အလျော့ပေးပါ့မယ်။

၄။ သွေးမပူပါနဲ့…..

ငါတို့ကြား ရန်ပွဲတွေကို ဦးတည်လာတာနဲ့ အော်မပြောပါနဲ့။ တစ်ယောက်ကိုတစ်ယောက် မစော်ကားမိပါစေနဲ့။ ခံစားမှုတွေကို အရမ်းကြီး ရှေ့တန်းမတင်ပါနဲ့။

၅။ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု….

တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုဆိုတာသာ ရှိနေရင် အတ္တတွေမရှိဘူး၊ အထင်အမြင်လွဲမှားတာတွေ မရှိဘူး။ ရန်ပွဲတွေဆိုတာလည်း နည်းလိမ့်မယ်။

နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှုဆိုတာသာ ရှိခဲ့ရင် တို့ရဲ့အချစ်ခရီးက ဖြောင့်ဖြူးနေမှာပါ။

၆။ နားလည်မှု။

အချစ်တစ်ခုမှာ ချစ်ခြင်းပြီးရင် အရေးအကြီးဆုံးက နားလည်မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှားစေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေတယ်။

ပဋိပက္ခတွေကို အပြီးသတ်စေတယ်။ ငါတိုှ့အကြား နားလည်မှုတွေရှိနေသ၍တော့ ကျောခိုင်းသွားကြရမှာ မဟုတ်ပါဘူး။လေးစားစွာဖြင့် Khant Kyaw

Leave a Comment