ဖတ္ျဖစ္ေအာင္ ဖတ္ ၾကည့္ပါ….ရင္ထဲသို႔ထိပါလိမ့္မယ္….
(၁) သူမ.. အျပင္မွာ ေနာက္ေယာက္်ားေလးအသစ္တစ္ေယာက္ ေတြ႕ေနတာေၾကာင့္ အိမ္ကေယာက်ာ္းနဲ႔ တစ္ကုတင္တည္းမအိပ္ခ်င္ေတာ့ဘူး။ဘီဒိုထဲက ေစာင္နဲ႔ ေခါင္းအုံးအသစ္ထပ္ထုတ္ၿပီး ေယာက်ာ္းနဲ႔ကုတင္ခြဲအိပ္တယ္။
တစ္ေယာက္တည္း ကုတင္အထက္မွာ ခ်မ္းလြန္းလို႔ တုန္ေနတယ္။ေယာက္်ားက ခ်က္ခ်င္းကုတင္နားလာၿပီး သူ႔ေစာင္နဲ႔ လဲလိုက္တယ္..ၿပီးေတာ့ ေျပာတယ္..
“ ငတုံးမေလး… အရင္ေန႔ေတြက ငါနင့္ထက္အရင္ေစာၿပီး အိပ္ရာဝင္တာ ငါ့ကိုယ္ေငြ႕နဲ႔ အရင္ေႏြးေပးေအာင္လုပ္တာ.. စိတ္ခ်ပါ.. ငါနင့္ေစာင္ မဖယ္ပါဘူး.. ”
သူမ စိတ္ အရည္ေပ်ာ္သြားသည္။ေနာက္ေန႔ အျပင္က ခ်စ္သူနဲ႔ေတြ႕တဲ့အခါသူမက ေမးလိုက္သည္။“ရွင္ က်မကို ခ်စ္လား” ?
“ အမ္… အင္း… အင္း ခ်စ္တယ္ေလ.. ”႐ုတ္တရတ္အေမးေၾကာင့္ သူနည္းနည္းေၾကာင္သြားသည္။“ဒါဆို က်မေစာင္ကို ရွင္ေႏြးေထြးေအာင္လုပ္ေပးမွာလား”
သူ ဒီ့ထက္ပိုေၾကာင္သြားတယ္ .. “ ဘယ္လို… ဘယ္ဟာကို….”သူမ အခန္းတံခါးကိုဆြဲဖြင့္လိုက္ၿပီးတစ္ခြန္းလွည့္ေျပာလိုက္တယ္..“ ဒီေန႔ ရွင္နဲ႔ က်မ ေနာက္ဆုံးပဲ… ဘိုင့္”
[ အခ်စ္ဆိုတာ ကိုယ္ခႏၶာရဲ႕ အေႏြးဓာတ္ေလးတစ္ခု ]
(၂)သူမ ကားေမာင္းရင္ အာ႐ုံပ်ံ႕လြင့္တတ္တယ္။႐ုံးက ျပန္လာေနတုန္း ပ်င္းပ်င္းရွိတာနဲ႔ ေယာက္်ားဆီဖုန္းေခၚလိုက္တယ္..ေယာက္်ားဆီအၿမဲ အဲလိုဖုန္းဆက္တိုင္း “ အင္း… ” တစ္လုံးထက္ပိုမေျပာဘူး…
အဲဒါနဲ႔ ဖုန္းခ်ပစ္လိုက္ၿပီး ေက်ာင္းေနဖက္သူငယ္ခ်င္းကို ဖုန္းလွမ္းေခၚလိုက္တယ္။တစ္ဖက္က က်ဴတဲ့အဆင့္ထိတက္လာေတာ့ သူမ အာ႐ုံေထြျပားသြားၿပီး ကားတိုက္မႈျဖစ္သြားတယ္။
ေဆး႐ုံမွာ ေယာက္်ားျဖစ္သူက ေန႔ညမနား ျပဳစုေပးတယ္။သူမ သတိရလာေတာ့ ေယာက္်ားက သူမလက္ကိုဆုပ္ကိုင္ၿပီးေျပာတယ္။
“ ဘာျဖစ္လို႔ ဒီေလာက္ေပါ့ဆရတာလဲဟင္…နင္ကားေမာင္းေနတုန္းငါ စကားတစ္ခြန္းထက္ပိုမေျပာဘူးဆိုတာ နင္အခုလို အက္စီးဒင့္ျဖစ္မွာစိုးရိမ္လို႔ေလ..
နင္က ဒီေလာက္အာ႐ုံမ်ားတတ္တာ ငါမသိဘဲေနမလား..”သူမ သူ႔လက္ကို တင္းတင္းေလးျပန္ဆုပ္ကိုင္ထားလိုက္သည္၊ ပါးျပင္အထက္ကေန မ်က္ရည္ပူအခ်ိဳ႕ စီးဆင္းလာသည္။ ရင္ဘတ္ထဲမွာ ေႏြးေနသည္။
[ အခ်စ္ဆိုတာ စကားတစ္ခြန္းထက္ ပိုမေျပာတာ ]
(၃)ညအိပ္ခါနီး ေယာက္်ားကိုေမးတယ္…“ တကယ္လို႔ ရွင္နဲ႔ က်မ အသက္ေတြႀကီးလာလို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္အရင္ေသရမယ္ဆို.. ဘယ္သူ႔ကို အရင္ေသေစခ်င္လဲ”
“ ကိုယ့္မိန္းမကို အရင္ေပးေသမွာေပါ့လို႔… ”
“ ဟြန္း… အက်င့္မေကာင္းဘူး.. ဘာျဖစ္လို႔လဲ… ”
“ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္မရွိတဲ့ေန႔ရက္ေတြကို မိန္းမ တစ္ေယာက္တည္း အထီးက်န္ဆန္ဆန္ မျဖတ္သန္းေစခ်င္ဘူးေလ… ကိုယ့္ကိုပဲျဖတ္သန္းခြင့္ေပးေပါ့”
“ ေအာ္…. ဂလိုလား…. ဒါဆို ကို႔မွာ ကုလို႔မရတဲ့ ေရာဂါရေနတယ္ဆိုရင္ေကာ… ”
“ အာ… အိပ္ေတာ့… အိပ္ခါနီး ေပါက္ကရေလွ်ာက္ေတြးေနတယ္… ”
“ဟာ… ကိုကလည္းကြာ.. ရဖူး.. ေျပာျပ.. တကယ္လို႔ဆိုရင္ေျပာတာ”
“ အဲလိုဆို.. မကုေတာ့ဘူး.. ”
“ ဘာျဖစ္လို႔လဲ .. ”
“ မိန္းမ တစ္ေယာက္တည္းက်န္ခဲ့ရင္ ေငြရွာရတာ လြယ္လို႔လား… ”
[ အခ်စ္ဆိုတာ ကိုယ္ေဘးဒုကၡေရာက္ေနသည့္တိုင္ေအာင္ သင့္အတြက္ စိတ္ပူပန္ေပးေသးတာ ]
(၄)သူမ ပန္းသီးႀကိဳက္တတ္တယ္။သူ ေန႔တိုင္း ပန္းသီးႏွစ္လုံးအခြံႏႊာတယ္၊ တစ္ေယာက္တစ္လုံးေပါ့၊ သူမကလည္း ဒါကို ႐ိုမက္တစ္ဆန္တယ္လို႔ ေတြးၿပီး ႏွစ္ၿခိဳက္တယ္။
ဒါေပမယ့္ တစ္ခုမႀကိဳက္တာက အၿမဲတမ္း သူက ပန္းသီးတစ္လုံးဆီကို တစ္ကိုက္ဆီကိုက္ၿပီးမွ သူကိုက္ၿပီးသားမွ သူမကို ေပးတာပဲ.. ဒါကို စိတ္ထဲမွာ ေမးခ်င္ေနေပမယ့္ ေအာင့္ထားတာၾကာၿပီ။
တစ္ရက္.. သူ ဖုန္းသြားကိုင္တုန္းစားပြဲေပၚတင္ထားခဲ့တဲ့ သူ႔ပန္းသီးကို သူမ တစ္ကိုက္ျပန္သြားကိုက္လိုက္တယ္၊အရသာက ကိုယ္စားေနက် ပန္းသီးေလာက္ မခ်ိဳဘူးျဖစ္ေနတယ္။မ်က္ရည္ေႏြးေလးက သူမ ပါးျပင္ထက္က စီးဆင္းလာတယ္…
[ အခ်စ္ဆိုတာ သင့္အတြက္ ေကာင္းတာေလးကိုပဲခ်န္ထားတာ ]
(၅)သူက သူမကိုေမးတယ္၊ “ ငါ့ေဘာင္းဘီအိတ္ထဲမွာ သၾကားလုံးဘယ္ႏွစ္လုံးရွိသလဲ မွန္းၾကည့္”သူမက ေျဖတယ္ “ ေျဖတာမွန္ရင္ ေကြၽးမွာလားေျပာ”
သူေခါင္းညိတ္ၿပီး ျပန္ေျဖတယ္ .. “ အင္း.. မွန္ရင္ ႏွစ္လုံးေကြၽးမယ္”
သူမ တံေတြးကိုၿမိဳခ်လိုက္ၿပီးေျပာတယ္၊ “ ၅ လုံး ရွိတယ္ ”သူက ရယ္ၿပီး သူမလက္ထဲကို သၾကားလုံးထိုးထည့္ေပးၿပီးေျပာလိုက္တယ္။“ သုံးလုံးအေႂကြးမွတ္ထား ”
[ အခ်စ္ဆိုတာ သင့္ေလာဘစိတ္ေသးေသးေလးကအစ လိုက္ျဖည့္ဆည္းေပးတာ ]
(၆)ကုလားထိုင္ေပၚမွာ အဖိုးႀကီးတစ္ေယာက္ မွိန္းၿပီး အနားယူေနသည္။အဘြားႀကီးက အဖိုးႀကီးလက္ကို လာဆြဲၿပီးေျပာတယ္။
“ အဖိုးႀကီးေရ… က်ဳပ္အခု ေတာ့္ကို ေတာင္းပန္းစရာတစ္ခုရွိတယ္ေအ…အဲဒီႏွစ္မွာ.. က်ဳပ္ကို က်ဳပ္ငယ္ရည္းစားျပန္လာရွာတယ္၊ သူကေျပာတယ္….
က်ဳပ္ကိုခ်စ္ေသးတုန္းပဲတဲ့… အခု က်ဳပ္ကိုလာျပန္ေခၚတာတဲ့၊က်ဳပ္လည္း အဲဒီတုန္းက သူ႔အေပၚခ်စ္ေသးသလိုေတာ့ရွိသား…
ဒါနဲ႔ပဲ သူနဲ႔လိုက္သြားဖို႔ အထုပ္အပိုးျပင္မလို႔ အိမ္ကိုျပန္လာတယ္၊အိမ္ထဲဝင္လိုက္တာနဲ႔ မီးဖိုေခ်ာင္က ၾကက္ေပါင္းရည္ျပဳတ္ေနတဲ့ ေတာ့္ကို ေတြ႕လိုက္ရေတာ့တာပဲ.. ေတာ္ ေတာင္ေျပာေသးတယ္။
” က်ဳပ္ အခုတေလာ စိတ္ကေယာင္ေခ်ာက္ျခားျဖစ္ေနလို႔တဲ့၊ အားရွိသြားေအာင္ျပဳတ္ေပးတာတဲ့ ”
“ အဲတုန္းက က်ဳပ္ အိပ္ခန္းထဲတန္းေျပးဝင္သြားၿပီး ငိုခ်င္းခ်ေတာ့တာပဲ ….အဲဒီတုန္းက က်ဳပ္ဆုံးျဖတ္ခဲ့တယ္.. ေတာ့္ကို မခြဲသြားေတာ့ဘူးလို႔… ”
အဖိုးႀကီးက မ်က္လုံးကို ေမွးေနေအာင္ရယ္လိုက္ၿပီး ျပန္ေျဖတယ္၊“ အဖြားႀကီးရ… ဒီကိစၥကို ငါ အေစာႀကီးတည္းကသိေနတယ္..
အဲတုန္းက နင္တို႔ ႏွစ္ေယာက္ အျပန္အလွန္ပို႔ခဲ့တဲ့စာေတြငါ ခိုးဖတ္ခဲ့တယ္၊အဲဒီၾကက္ေပါင္းရည္ကလည္း နင္သြားေတာ့မယ္ဆိုတာ ငါသိေနလို႔ ေနာက္ဆုံးအေနနဲ႔ ငါ့ဘက္က တတ္ႏိုင္တာလုပ္ေပးတာ၊
ဗိုက္ထဲအစာမရွိေပမယ့္ ၾကက္ေပါင္းရည္ေလးေသာက္ထားေတာ့ ကားမူးနည္းနည္းသက္သာတာေပါ့. .. နင္ငယ္ငယ္က ကားအရမ္းမူးတတ္တယ္ မဟုတ္လား… ”
ပါးေရတြန္႔ေနတဲ့ အဘြားႀကီး မ်က္ႏွာမွာ မ်က္ရည္ေတြနဲ႔စို႐ႊဲသြားတယ္..ခဏေနေတာ့ အဘြားႀကီးကေျပာတယ္…
“ အဖိုးႀကီး…က်ဳပ္ဒီတစ္သက္လုပ္ခဲ့ဖူးသမွ်ကိစၥမွာ အမွန္ဆုံးကိစၥကေတာ့.. အဲဒီႏွစ္က ေတာ့ကို မခြဲသြားခဲ့တာပဲ.. ”
ေယာက်ာ္းေလး တစ္သက္လုံးသိမွာ မဟုတ္ဘူး၊မိန္းကေလးေတြ ဘာေတြေတြးေနတယ္ဆိုတာ။မိန္းကေလး တစ္သက္လုံးသိမွာမဟုတ္ဘူး၊
ေယာက္်ားေလးေတြ ဘာလိုခ်င္သလဲဆိုတာ။အရမ္းကို လက္ရာေသသပ္လွပတဲ့အခ်စ္တိုင္းက အက်ိဳးအေၾကာင္းမရွိဘဲျဖစ္ေပၚလာၾကတယ္ ဆိုတာမရွိပါဘူး..။
ေကာင္းတဲ့ကံေၾကာင့္ပဲျဖစ္ျဖစ္၊ ဆိုးတဲ့ကံေၾကာင့္ပဲျဖစ္ျဖစ္အဲဒီလူႏွစ္ေယာက္ခ်စ္ေနတဲ့ အခ်စ္တစ္ခုထဲကိုသာ ေရွ႕တန္းတင္ၿပီး နားလည္ေပးမယ္၊
အခ်င္းခ်င္းခြင့္လႊတ္ဖာေထးေပးမယ္ဆိုမွသာ အခ်စ္ရဲ႕ တကယ့္ေနာက္ခံပိတ္ကားအစစ္အမွန္ေပါ့…အခ်စ္ဆိုတာ ထင္တာထက္ နက္နဲတယ္ဟုတ္..
ခ်မ္းသာသုခဆိုတာ ဗလိုင္းႀကီး ျဖစ္မလာပါဘူး၊သင္က စိတ္ရွည္ရွည္နဲ႔ ေျဖးေျဖးခ်င္းျပဳစုပ်ိဳးေထာင္ေပးမွသာရရွိမွာပါ။
သံေယာဇဥ္က ႀကီးထြားတတ္တာ – ပ်ိဳးေထာင္ေပးပါ ♥ ♥ ♥ credit to original uploader
unicode
ဖတ်ဖြစ်အောင် ဖတ် ကြည့်ပါ….ရင်ထဲသို့ထိပါလိမ့်မယ်….
(၁) သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..ပြီးတော့ ပြောတယ်..
“ ငတုံးမလေး… အရင်နေ့တွေက ငါနင့်ထက်အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင်လုပ်တာ.. စိတ်ချပါ.. ငါနင့်စောင် မဖယ်ပါဘူး.. ”
သူမ စိတ် အရည်ပျော်သွားသည်။နောက်နေ့ အပြင်က ချစ်သူနဲ့တွေ့တဲ့အခါသူမက မေးလိုက်သည်။“ရှင် ကျမကို ချစ်လား” ?
“ အမ်… အင်း… အင်း ချစ်တယ်လေ.. ”ရုတ်တရတ်အမေးကြောင့် သူနည်းနည်းကြောင်သွားသည်။“ဒါဆို ကျမစောင်ကို ရှင်နွေးထွေးအောင်လုပ်ပေးမှာလား”
သူ ဒီ့ထက်ပိုကြောင်သွားတယ် .. “ ဘယ်လို… ဘယ်ဟာကို….”သူမ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးတစ်ခွန်းလှည့်ပြောလိုက်တယ်..“ ဒီနေ့ ရှင်နဲ့ ကျမ နောက်ဆုံးပဲ… ဘိုင့်”
[ အချစ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေးတစ်ခု ]
(၂)သူမ ကားမောင်းရင် အာရုံပျံ့လွင့်တတ်တယ်။ရုံးက ပြန်လာနေတုန်း ပျင်းပျင်းရှိတာနဲ့ ယောက်ျားဆီဖုန်းခေါ်လိုက်တယ်..ယောက်ျားဆီအမြဲ အဲလိုဖုန်းဆက်တိုင်း “ အင်း… ” တစ်လုံးထက်ပိုမပြောဘူး…
အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက်သူငယ်ချင်းကို ဖုန်းလှမ်းခေါ်လိုက်တယ်။တစ်ဖက်က ကျူတဲ့အဆင့်ထိတက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှုဖြစ်သွားတယ်။
ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။သူမ သတိရလာတော့ ယောက်ျားက သူမလက်ကိုဆုပ်ကိုင်ပြီးပြောတယ်။
“ ဘာဖြစ်လို့ ဒီလောက်ပေါ့ဆရတာလဲဟင်…နင်ကားမောင်းနေတုန်းငါ စကားတစ်ခွန်းထက်ပိုမပြောဘူးဆိုတာ နင်အခုလို အက်စီးဒင့်ဖြစ်မှာစိုးရိမ်လို့လေ..
နင်က ဒီလောက်အာရုံများတတ်တာ ငါမသိဘဲနေမလား..”သူမ သူ့လက်ကို တင်းတင်းလေးပြန်ဆုပ်ကိုင်ထားလိုက်သည်၊ ပါးပြင်အထက်ကနေ မျက်ရည်ပူအချို့ စီးဆင်းလာသည်။ ရင်ဘတ်ထဲမှာ နွေးနေသည်။
[ အချစ်ဆိုတာ စကားတစ်ခွန်းထက် ပိုမပြောတာ ]
(၃)ညအိပ်ခါနီး ယောက်ျားကိုမေးတယ်…“ တကယ်လို့ ရှင်နဲ့ ကျမ အသက်တွေကြီးလာလို့ နှစ်ယောက်ထဲက တစ်ယောက်အရင်သေရမယ်ဆို.. ဘယ်သူ့ကို အရင်သေစေချင်လဲ”
“ ကိုယ့်မိန်းမကို အရင်ပေးသေမှာပေါ့လို့… ”
“ ဟွန်း… အကျင့်မကောင်းဘူး.. ဘာဖြစ်လို့လဲ… ”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိတဲ့နေ့ရက်တွေကို မိန်းမ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် မဖြတ်သန်းစေချင်ဘူးလေ… ကိုယ့်ကိုပဲဖြတ်သန်းခွင့်ပေးပေါ့”
“ အော်…. ဂလိုလား…. ဒါဆို ကို့မှာ ကုလို့မရတဲ့ ရောဂါရနေတယ်ဆိုရင်ကော… ”
“ အာ… အိပ်တော့… အိပ်ခါနီး ပေါက်ကရလျှောက်တွေးနေတယ်… ”
“ဟာ… ကိုကလည်းကွာ.. ရဖူး.. ပြောပြ.. တကယ်လို့ဆိုရင်ပြောတာ”
“ အဲလိုဆို.. မကုတော့ဘူး.. ”
“ ဘာဖြစ်လို့လဲ .. ”
“ မိန်းမ တစ်ယောက်တည်းကျန်ခဲ့ရင် ငွေရှာရတာ လွယ်လို့လား… ”
[ အချစ်ဆိုတာ ကိုယ်ဘေးဒုက္ခရောက်နေသည့်တိုင်အောင် သင့်အတွက် စိတ်ပူပန်ပေးသေးတာ ]
(၄)သူမ ပန်းသီးကြိုက်တတ်တယ်။သူ နေ့တိုင်း ပန်းသီးနှစ်လုံးအခွံနွှာတယ်၊ တစ်ယောက်တစ်လုံးပေါ့၊ သူမကလည်း ဒါကို ရိုမက်တစ်ဆန်တယ်လို့ တွေးပြီး နှစ်ခြိုက်တယ်။
ဒါပေမယ့် တစ်ခုမကြိုက်တာက အမြဲတမ်း သူက ပန်းသီးတစ်လုံးဆီကို တစ်ကိုက်ဆီကိုက်ပြီးမှ သူကိုက်ပြီးသားမှ သူမကို ပေးတာပဲ.. ဒါကို စိတ်ထဲမှာ မေးချင်နေပေမယ့် အောင့်ထားတာကြာပြီ။
တစ်ရက်.. သူ ဖုန်းသွားကိုင်တုန်းစားပွဲပေါ်တင်ထားခဲ့တဲ့ သူ့ပန်းသီးကို သူမ တစ်ကိုက်ပြန်သွားကိုက်လိုက်တယ်၊အရသာက ကိုယ်စားနေကျ ပန်းသီးလောက် မချိုဘူးဖြစ်နေတယ်။မျက်ရည်နွေးလေးက သူမ ပါးပြင်ထက်က စီးဆင်းလာတယ်…
[ အချစ်ဆိုတာ သင့်အတွက် ကောင်းတာလေးကိုပဲချန်ထားတာ ]
(၅)သူက သူမကိုမေးတယ်၊ “ ငါ့ဘောင်းဘီအိတ်ထဲမှာ သကြားလုံးဘယ်နှစ်လုံးရှိသလဲ မှန်းကြည့်”သူမက ဖြေတယ် “ ဖြေတာမှန်ရင် ကျွေးမှာလားပြော”
သူခေါင်းညိတ်ပြီး ပြန်ဖြေတယ် .. “ အင်း.. မှန်ရင် နှစ်လုံးကျွေးမယ်”
သူမ တံတွေးကိုမြိုချလိုက်ပြီးပြောတယ်၊ “ ၅ လုံး ရှိတယ် ”သူက ရယ်ပြီး သူမလက်ထဲကို သကြားလုံးထိုးထည့်ပေးပြီးပြောလိုက်တယ်။“ သုံးလုံးအကြွေးမှတ်ထား ”
[ အချစ်ဆိုတာ သင့်လောဘစိတ်သေးသေးလေးကအစ လိုက်ဖြည့်ဆည်းပေးတာ ]
(၆)ကုလားထိုင်ပေါ်မှာ အဖိုးကြီးတစ်ယောက် မှိန်းပြီး အနားယူနေသည်။အဘွားကြီးက အဖိုးကြီးလက်ကို လာဆွဲပြီးပြောတယ်။
“ အဖိုးကြီးရေ… ကျုပ်အခု တော့်ကို တောင်းပန်းစရာတစ်ခုရှိတယ်အေ…အဲဒီနှစ်မှာ.. ကျုပ်ကို ကျုပ်ငယ်ရည်းစားပြန်လာရှာတယ်၊ သူကပြောတယ်….
ကျုပ်ကိုချစ်သေးတုန်းပဲတဲ့… အခု ကျုပ်ကိုလာပြန်ခေါ်တာတဲ့၊ကျုပ်လည်း အဲဒီတုန်းက သူ့အပေါ်ချစ်သေးသလိုတော့ရှိသား…
ဒါနဲ့ပဲ သူနဲ့လိုက်သွားဖို့ အထုပ်အပိုးပြင်မလို့ အိမ်ကိုပြန်လာတယ်၊အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုချောင်က ကြက်ပေါင်းရည်ပြုတ်နေတဲ့ တော့်ကို တွေ့လိုက်ရတော့တာပဲ.. တော် တောင်ပြောသေးတယ်။
” ကျုပ် အခုတလော စိတ်ကယောင်ချောက်ခြားဖြစ်နေလို့တဲ့၊ အားရှိသွားအောင်ပြုတ်ပေးတာတဲ့ ”
“ အဲတုန်းက ကျုပ် အိပ်ခန်းထဲတန်းပြေးဝင်သွားပြီး ငိုချင်းချတော့တာပဲ ….အဲဒီတုန်းက ကျုပ်ဆုံးဖြတ်ခဲ့တယ်.. တော့်ကို မခွဲသွားတော့ဘူးလို့… ”
အဖိုးကြီးက မျက်လုံးကို မှေးနေအောင်ရယ်လိုက်ပြီး ပြန်ဖြေတယ်၊“ အဖွားကြီးရ… ဒီကိစ္စကို ငါ အစောကြီးတည်းကသိနေတယ်..
အဲတုန်းက နင်တို့ နှစ်ယောက် အပြန်အလှန်ပို့ခဲ့တဲ့စာတွေငါ ခိုးဖတ်ခဲ့တယ်၊အဲဒီကြက်ပေါင်းရည်ကလည်း နင်သွားတော့မယ်ဆိုတာ ငါသိနေလို့ နောက်ဆုံးအနေနဲ့ ငါ့ဘက်က တတ်နိုင်တာလုပ်ပေးတာ၊
ဗိုက်ထဲအစာမရှိပေမယ့် ကြက်ပေါင်းရည်လေးသောက်ထားတော့ ကားမူးနည်းနည်းသက်သာတာပေါ့. .. နင်ငယ်ငယ်က ကားအရမ်းမူးတတ်တယ် မဟုတ်လား… ”
ပါးရေတွန့်နေတဲ့ အဘွားကြီး မျက်နှာမှာ မျက်ရည်တွေနဲ့စိုရွှဲသွားတယ်..ခဏနေတော့ အဘွားကြီးကပြောတယ်…
“ အဖိုးကြီး…ကျုပ်ဒီတစ်သက်လုပ်ခဲ့ဖူးသမျှကိစ္စမှာ အမှန်ဆုံးကိစ္စကတော့.. အဲဒီနှစ်က တော့ကို မခွဲသွားခဲ့တာပဲ.. ”
ယောကျာ်းလေး တစ်သက်လုံးသိမှာ မဟုတ်ဘူး၊မိန်းကလေးတွေ ဘာတွေတွေးနေတယ်ဆိုတာ။မိန်းကလေး တစ်သက်လုံးသိမှာမဟုတ်ဘူး၊
ယောက်ျားလေးတွေ ဘာလိုချင်သလဲဆိုတာ။အရမ်းကို လက်ရာသေသပ်လှပတဲ့အချစ်တိုင်းက အကျိုးအကြောင်းမရှိဘဲဖြစ်ပေါ်လာကြတယ် ဆိုတာမရှိပါဘူး..။
ကောင်းတဲ့ကံကြောင့်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ကံကြောင့်ပဲဖြစ်ဖြစ်အဲဒီလူနှစ်ယောက်ချစ်နေတဲ့ အချစ်တစ်ခုထဲကိုသာ ရှေ့တန်းတင်ပြီး နားလည်ပေးမယ်၊
အချင်းချင်းခွင့်လွှတ်ဖာထေးပေးမယ်ဆိုမှသာ အချစ်ရဲ့ တကယ့်နောက်ခံပိတ်ကားအစစ်အမှန်ပေါ့…အချစ်ဆိုတာ ထင်တာထက် နက်နဲတယ်ဟုတ်..
ချမ်းသာသုခဆိုတာ ဗလိုင်းကြီး ဖြစ်မလာပါဘူး၊သင်က စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းပြုစုပျိုးထောင်ပေးမှသာရရှိမှာပါ။
သံယောဇဉ်က ကြီးထွားတတ်တာ – ပျိုးထောင်ပေးပါ ♥ ♥ ♥ credit to original uploader