ကိုယ့္ခ်စ္သူနဲ႕လက္ထပ္ျပီးကတည္းက မယားငယ္သံနဲ႕ စကားေျပာတတ္ေအာင္ ေလ့က်င့္ေစခ်င္တယ္။
“ကိုကို အဟင့္အဟင့္”
“ဒါေလးဝယ္လိုက္မယ္ေနာ္ ကို”
“မီးလွလားဟင္”
“ဒီလိုဝတ္မယ္ေနာ္ ဘာမွ မေျပာနဲ႕”
“ဟင္းမခ်က္တတ္ပါဘူးဆို ……. ”
“ကိုကို ထမင္းခူးေပး”
“အာဘြား” စသည္ စသည္ျဖင့္ေပါ့ေလ။
ရခါစဆိုေတာ့ သူတို႕ကလည္း အဲ့ဒီလို ေျပာဆိုေနတာကို ၾကည္ႏူးပီတိျဖစ္ေနတာပဲ။
ေနာက္ တစ္ႏွစ္ ႏွစ္ႏွစ္လည္း ေအးေဆးပဲ။ ၾကည္ႏူးပီတိေတာ့ မဟုတ္ေတာ့ေပမဲ့ ေပ်ာ္စရာၾကီး ပဲေပါ့ေလ။
သုံးေလးႏွစ္ၾကာေတာ့ ဒီအသံ ဒီဟန္ေတြကို နည္းနည္း စိတ္ညစ္ေပမဲ့ အက်င့္ပါေနေတာ့ ….
“မီးလွလားဟင္” ဆိုလည္း ျပန္မၾကည့္ပဲ “လွတယ္” ေတြဘာေတြ ေဖာေရွာ လုပ္ေပးတာေပါ့။
၅ႏွစ္ ၆ႏွစ္ေလာက္လည္း ၾကာေရာ အာဘြားဆို …. ျပီးျပီးေရာပဲ။
၇ ႏွစ္ ၈ ႏွစ္လည္း ၾကာေရာ ေတာ္ေတာ္ကို စိတ္ညစ္ျပီ။
ဒါေပမဲ့ ကိုယ္တင္တဲ့ေစာ္ကဲ ဆိုေတာ့လည္း ကိုယ္ျဖစ္ကိုယ္ခံ ေပါ့ေလ။ အက်င့္ကပါသြားျပီကိုး။
“ကိုကို ထမင္းခူးေပးေနာ္” ဆိုရင္ “စားေနတာပဲ၊ အဲ့ဒါေၾကာင့္ဝတာ။ သူစားတာ အေရးမၾကီးဘူး။
ငါမွာ ထမင္းခူးေပးရ ပန္းကန္ေဆးရနဲ႕။ ထမင္းျပီးရင္လည္း ဒီမိန္းမက မျပီးဘူး။
လဘက္ေလး သစ္သီးေလး ဆိုျပီး လာဦးမွာ။
အသံကလည္း အိေညွာင့္အိေညွာင့္ နဲ႕ အသံနဲ႕ မလိုက္ေအာင္ ဝေနတာကို မွန္ၾကည့္ခိုင္းရမယ္” စသည္ျဖင့္ ….
စိတ္ထဲက ေျပာေနေသာ္လည္း အက်င့္ပါျပီး “ဟုတ္ ညီမေလး” လို႕ ေျပာလာလိမ့္မယ္။
ဒါေတြဟာ သိပ္ေတာ့ အေရးမၾကီးဘူး။အေရးၾကီးတာ အခုလာျပီ။
တျခား ေကာင္မေလးေတြက “ကိုၾကီး အဟင့္အဟင့္” ဆိုတာနဲ႕ သူတို႕ဟာ ေသြးေၾကာထဲက စိမ့္ေနေအာင္ ေၾကာက္သြားလိမ့္မယ္။
“ကိုၾကီး ဒါေလး ဝယ္ေပးေနာ္” ဆိုလို႕ကေတာ့ ေဝးေဝးထြက္ေျပးေတာ့မွာ ေသခ်ာတယ္။
“ကိုၾကီး မီးလွလာဟင္” ဆိုလို႕ကေတာ့ လွည့္ကို မၾကည့္ေတာ့ဘူးမွတ္။
ပညာတတ္ ေယာက်္ားေတြပဲေလ။ “တခါေသဖူး ပ်ဥ္ဖိုး နားလည္” ဆိုတဲ့ စကားပံု ဘယ္သြားထားမလဲ။
ဟဲဟဲ…..။ အဲ့ဒါေၾကာင့္ မိန္းမ မွန္ရင္ မယားငယ္သံ ကို ေလ့က်င့္ၾကပါလို႕။ေခ်ာ႐ူပါ
unicode
ကိုယ့်ချစ်သူနဲ့လက်ထပ်ပြီးကတည်းက မယားငယ်သံနဲ့ စကားပြောတတ်အောင် လေ့ကျင့်စေချင်တယ်။
“ကိုကို အဟင့်အဟင့်”
“ဒါလေးဝယ်လိုက်မယ်နော် ကို”
“မီးလှလားဟင်”
“ဒီလိုဝတ်မယ်နော် ဘာမှ မပြောနဲ့”
“ဟင်းမချက်တတ်ပါဘူးဆို ……. ”
“ကိုကို ထမင်းခူးပေး”
“အာဘွား” စသည် စသည်ဖြင့်ပေါ့လေ။
ရခါစဆိုတော့ သူတို့ကလည်း အဲ့ဒီလို ပြောဆိုနေတာကို ကြည်နူးပီတိဖြစ်နေတာပဲ။
နောက် တစ်နှစ် နှစ်နှစ်လည်း အေးဆေးပဲ။ ကြည်နူးပီတိတော့ မဟုတ်တော့ပေမဲ့ ပျော်စရာကြီး ပဲပေါ့လေ။
သုံးလေးနှစ်ကြာတော့ ဒီအသံ ဒီဟန်တွေကို နည်းနည်း စိတ်ညစ်ပေမဲ့ အကျင့်ပါနေတော့ ….
“မီးလှလားဟင်” ဆိုလည်း ပြန်မကြည့်ပဲ “လှတယ်” တွေဘာတွေ ဖောရှော လုပ်ပေးတာပေါ့။
၅နှစ် ၆နှစ်လောက်လည်း ကြာရော အာဘွားဆို …. ပြီးပြီးရောပဲ။
၇ နှစ် ၈ နှစ်လည်း ကြာရော တော်တော်ကို စိတ်ညစ်ပြီ။
ဒါပေမဲ့ ကိုယ်တင်တဲ့စော်ကဲ ဆိုတော့လည်း ကိုယ်ဖြစ်ကိုယ်ခံ ပေါ့လေ။ အကျင့်ကပါသွားပြီကိုး။
“ကိုကို ထမင်းခူးပေးနော်” ဆိုရင် “စားနေတာပဲ၊ အဲ့ဒါကြောင့်ဝတာ။ သူစားတာ အရေးမကြီးဘူး။
ငါမှာ ထမင်းခူးပေးရ ပန်းကန်ဆေးရနဲ့။ ထမင်းပြီးရင်လည်း ဒီမိန်းမက မပြီးဘူး။
လဘက်လေး သစ်သီးလေး ဆိုပြီး လာဦးမှာ။
အသံကလည်း အိညှောင့်အိညှောင့် နဲ့ အသံနဲ့ မလိုက်အောင် ဝနေတာကို မှန်ကြည့်ခိုင်းရမယ်” စသည်ဖြင့် ….
စိတ်ထဲက ပြောနေသော်လည်း အကျင့်ပါပြီး “ဟုတ် ညီမလေး” လို့ ပြောလာလိမ့်မယ်။
ဒါတွေဟာ သိပ်တော့ အရေးမကြီးဘူး။အရေးကြီးတာ အခုလာပြီ။
တခြား ကောင်မလေးတွေက “ကိုကြီး အဟင့်အဟင့်” ဆိုတာနဲ့ သူတို့ဟာ သွေးကြောထဲက စိမ့်နေအောင် ကြောက်သွားလိမ့်မယ်။
“ကိုကြီး ဒါလေး ဝယ်ပေးနော်” ဆိုလို့ကတော့ ဝေးဝေးထွက်ပြေးတော့မှာ သေချာတယ်။
“ကိုကြီး မီးလှလာဟင်” ဆိုလို့ကတော့ လှည့်ကို မကြည့်တော့ဘူးမှတ်။
ပညာတတ် ယောကျ်ားတွေပဲလေ။ “တခါသေဖူး ပျဉ်ဖိုး နားလည်” ဆိုတဲ့ စကားပုံ ဘယ်သွားထားမလဲ။
ဟဲဟဲ…..။ အဲ့ဒါကြောင့် မိန်းမ မှန်ရင် မယားငယ်သံ ကို လေ့ကျင့်ကြပါလို့။ချောရူပါ