တနဂၤေႏြ ကို ဘာလို႔ တနဂၤေႏြလို႔ ေခၚရတာလဲ…စေန ကို ဘာလို႔ စေန လို႔ ေခၚရတာလဲ..” ဆိုတဲ႔အေၾကာင္းအရင္း ခုမွသိေတာ့တယ္

ငယ္ငယ္တုန္းက ကြၽႏ္ုပ္တို႔ လူႀကီးေတြကို ေမးဖူးတာေလးတစ္ခုရွိပါတယ္။ “တနဂၤေႏြ ကို ဘာလို႔ တနဂၤေႏြလို႔ ေခၚရတာလဲ..။ စေန ကို ဘာလို႔ စေန လို႔ ေခၚရတာလဲ..” စသည္ျဖင့္ပါ။ အေၾကာင္းအရင္းေတာ့ ရွိရမွာေပါ့..။

 

ေနာက္ပိုင္း ေက်ာင္းဆရာဘဝနဲ႔ ျမန္မာစာေပ၊ ျမန္မာ့သမိုင္းကို ေလ့လာၾကည့္တဲ့အခါမွာ ျမန္မာဘာသာစကားပညာရွင္ ဆရာႀကီး ဦးဖိုးလတ္ ရဲ႕ “ျမန္မာအစ” ဆိုတဲ့ စာေပေတြမွာ ေန႔ရက္ေတြရဲ႕ …

အမည္ေတြကို ေရးသားထားတာေတြ႕လို႔ အနာဂတ္ ျမန္မာလူငယ္ေလးမ်ားအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။

တနဂၤေႏြေန႔

ျမန္မာအယူအဆမွာ တနဂၤေႏြ ဟာ ေနမင္းႀကီးကို ကိုယ္စားျပဳတဲ့ ေန႔ပါပဲ..။ ပုဂံေက်ာက္စာ မ်ားမွာ.. “တန္ႏွင္ကုႏုယ္၊ တန္ႏွင္ကုေႏြ၊၊ တန္ႏွင္ကေႏြ” ဟု ပါရွိတယ္လို႔ မွတ္သားရပါတယ္။

“တန္ႏွင္” ကို ျမန္မာဘာသာႏွင့္ ႏွီးႏြယ္ေသာ ေရာင္းရင္း ျဖစ္ၿပီး ဘာသာစကားတို႔ႏွင့္ ခ်င့္ခ်ိန္၍ အဓိပၸါယ္ေကာက္ေသာအခါ “ေန႔” ဟု အဓိပၸါယ္ ရပါတယ္။

“ကုႏုယ္၊ ကုေႏြ၊ ကေႏြ” ဟူသည္ကား”ေန” ကို ေဟာျခင္းျဖစ္ပါတယ္။ ထို႔ေၾကာင့္ “တန္ႏွင္ကုႏုယ္” မွာ “ေနေန႔” ဟု အဓိပၸါယ္ ရပါတယ္။

တနလၤာေန႔

အလုပ္လုပ္တဲ့သူေတြနဲ႔ ေက်ာင္းတက္သူေတြ ေတာ္ေတာ္မ်ားမ်ား မႏွစ္သက္တဲ့ တနလၤာေန႔ဟာ အမွန္ေတာ့ ေအးခ်မ္းျခင္းနိမိတ္ကိုေဆာင္တဲ့ လမင္းႀကီး (Moon) ကို ကိုယ္စားျပဳတဲ့ေန႔ ျဖစ္ပါတယ္။

တနလၤာဟူေသာ ေဝါဟာရမွာ ပုဂံေရွးေရး “တန္ႏွင္လာ” မွ လာသည္ လို႔ဆိုပါတယ္။ “လာ” ဟူေသာပုဒ္မွာ အလြန္ ေရွးက်ေသာ “လ” ေဟာပုဒ္ျဖစ္သည္။

ထို႔ေၾကာင့္ “တနလၤာ” ဆိုသည္မွာ “ေန႔လ” သို႔မဟုတ္ “လမင္းေန႔” ျဖစ္သည္။ လမင္းကို အစြဲျပဳ၍ ေခၚေသာေန႔ပင္ ျဖစ္ပါတယ္။

အဂၤါေန႔

တနဂၤေႏြ၊ တနလၤာမွအပ က်န္ေန႔မ်ား၏ အမည္တို႔မွာ ျမန္မာအေခၚအေဝၚ မဟုတ္ဘဲ သကၠတဘာသာမွ ဆင္းသက္လာေၾကာင္း ဦးဖိုးလတ္က ဝန္ခံပါတယ္ ။

ေရွးေက်ာက္စာတို႔၌”အကၤာ၊ အင္ကာ၊ အဂၤါ”ဟူ၍ေတြ႕ရပါတယ္။ “အဂၤါရ”ဟူေသာ သကၠတမွ လာေသာစကား ျဖစ္၍ “မီးက်ီးမီးခဲ”ဟု အဓိပၸါယ္ရသည္ ။

ထို႔ေၾကာင့္”အဂၤါ” ဆိုသည္မွာ “မီးက်ီးကဲ့သို႔ နီေသာအဆင္းရွိေသာၿဂိဳဟ္” ဟု အဓိပၸါယ္ရပါတယ္။ အဂၤါၿဂိဳဟ္ကိုအစြဲျပဳ၍ အဂၤါေန႔ဟု ျဖစ္ေပၚလာရသည္ ဆိုပါတယ္။

ဗုဒၶဟူးေန႔

ဗုဒၶဟူးေန႔ကို သကၠတဘာသာျဖင့္ “ဗုဒၶဒိန” ဟူ၍လည္းေကာင္း၊ “ဗုဒၶဝါရ” ဟူ၍လည္းေကာင္း ေခၚဆိုၾကပါတယ္။ ဗုဒၶ၏ အနက္မွာ “ႏိုးၾကားျခင္း၊ ပညာရွိျခင္း၊ ေသာမၿဂိဳဟ္ျဖစ္ေသာ လမင္း၏သား” ဟူ၍ျဖစ္၏။

ရာဇမတၱဏ္ စေသာက်မ္းတို႔၌ တနလၤာၿဂိဳဟ္ (လမင္း) မိဖုရား တာရာေဒဝီတြင္ ဖြားျမင္ေသာသား ဟု ေဖာ္ျပသည္။ “ဒိန” ႏွင့္ “ဝါရ” တို႔၏ အနက္မွာ ေန႔ျဖစ္ သည္။ ဗုဓ ဟူေသာပုဒ္ကို ပါဠိ၊ သကၠတတို႔၌ ဗုဒၶဟူ၍ လဲလွယ္ေရးသားေခၚေဝၚၾကသည္။

မြန္တို႔က “ဗုဒၶဝါရ” တြင္ “ရ” ကိုေခ်၍ “ဗုဒၶဝါ” ဟုေခၚသည္။ ျမန္မာတို႔က ဗုဒၶဟူး ဟုေခၚသည္။ေက်ာက္စာတို႔၌ “ပုတၱ” ဟု ေတြ႕ရသျဖင့္ ေရွးျမန္မာတို႔သည္ ဗုဒၶကို အမည္လႊဲၿပီး “ပုတၱ” ဟုေရးၾကသည္ဟု သိႏိုင္ ပါသည္။

ထို႔ေၾကာင့္ “ပုတၱ” မွာ “ဗုဒၶ” ပင္ျဖစ္ သည္။ “ဟူ” သည္ ပင့္ေခၚျခင္းအနက္ရွိသည္ဟု ဆို၏။ ထို႔ေၾကာင့္ “ပုတၱဟူ” “ဗုဒၶဟူး” သည္ ဘုရားရွင္ကိုပင့္ေခၚေသာေန႔ဟု အဓိပၸါယ္ေကာက္လို႔ရပါတယ္။

ၾကာသပေတးေန႔

ရာဇမတၱဏ္က်မ္းအရ ၾကာသပေတး သည္ သိဒၶတိုင္း၊ အဂႌရသအႏြယ္၊ “က်ာသပေတး” ကို အစြဲျပဳ၍ ေခၚသည္ ဟု ဆို၏ ။ ပုဂံေက်ာက္စာတို႔၌ “ၾကာသပတိယ္” ႏွင့္ဆင္တူအေရးအသားကို ေတြ႕ရသည္။

ယင္းပုဒ္သည္ “ၿဗိဟသြတိ” မွ ေသာ္ လည္းေကာင္း၊ ယင္းႏွင့္အနက္တူ “ဝစသံပတိ (သို႔) ဝက်သံပတိ” မွေသာ္လည္းေကာင္း လာဟန္ရွိေၾကာင္း ဦးဖိုးလတ္က ဆိုပါတယ္။

၄င္းပုဒ္ႏွစ္ခုစလုံး၏ အနက္မွာ “ဝစသာ = စကား + ပတိ = အရွင္” = စကား၏အရွင္ ျဖစ္သည္။ ျမန္မာ ေက်ာက္စာ၌ ေရးေသာ “ပတိယ္” သည္ ေခတ္အေရးအသားႏွင့္ဆိုေသာ္ “ပတိ” ႏွင့္ အတူတူပင္ျဖစ္သည္။

ေသာၾကာေန႔

ေတာဇာဂၬတိုင္းသား၊ ေသတဗ်အမ်ိဳး၊ ဘဝုရေသ့၏မယားျဖစ္သူ သုဇိတာမွ ဖြားျမင္ေသာ “ေသာၾကာ” ကို အစြဲျပဳ၍ “ေသာၾကာ” ဟုေခၚေၾကာင္း ရာဇ မတၱဏ္က်မ္းတြင္ ျပဆိုသည္။

“သုၾကာ” ဟူေသာအေရးအသားကို ပုဂံ ေက်ာက္စာမ်ားတြင္ ေတြ႕ရသည္ ။ “သုၾကာ” ဟူေသာပုဒ္မွာ သကၠတဘာသာ “သုၾက” မွ ဆင္းသက္လာ ေသာပုဒ္ျဖစ္သည္ကို မျငင္းသာေခ်။

“သုၾကာ” မွ ေသာၾကာျဖစ္လာပုံကိုဦးဖိုးလတ္က အဆင့္ဆင့္ရွင္းျပ ထားသည္။ သုၾကာ၏ အဓိပၸါယ္မွာ “ျဖဴစင္ေတာက္ထြန္းျခင္း” ျဖစ္၏

စေနေန႔

ရာဇမတၱဏ္က်မ္း၌ “စေန” ကို “သေန” ဟုျပသည္။ ေသာရဌတိုင္း၊ ကာရ အႏြယ္ ၊ တနဂၤေႏြ ၿဂိဳဟ္မင္း၏ မယား ၊ ယသိဆာယာတြင္ ဖြားျမင္ေသာသား “ဇပၸ”ကို အစြဲျပဳ၍ေခၚေၾကာင္းလည္း ဆိုသည္ ။

ပုဂံ ေက်ာက္စာတို႔၌ စေနကို “စနိဟ္” ဟုေရးသည္။ ယင္းမွာ သကၠတဘာသာ”ဂနိ” (ရွနိ ဟု ဖတ္ပါ) မွဆင္းသက္လာသည္ ဟု ဦးဖိုးလတ္က ရွင္းျပသည္။ အဓိပၸါယ္မွာ “ျဖည္း ညင္းစြာသြားျခင္း” ျဖစ္၏။

ေရွး႐ိုးက်မ္းဂန္တို႔၌ စေနႏွင့္စပ္လ်ဥ္း၍ “သေန စရ” ျဖည္းျဖည္းသြားသည္ဟု ဆိုၾကသည္။အနာဂတ္ လူငယ္မ်ားအတြက္….kyzn ။

တျခားသူေတြ သိဖို႔တြက္လည္း shareေပးလိုက္ပါအုံးေနာ္…..။orginal writer

unicode

 

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ “တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ..” စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။

နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ “မြန်မာအစ” ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ …

အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

တနင်္ဂနွေနေ့

မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. “တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ” ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။

“တန်နှင်” ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ “နေ့” ဟု အဓိပ္ပါယ် ရပါတယ်။

“ကုနုယ်၊ ကုနွေ၊ ကနွေ” ဟူသည်ကား”နေ” ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် “တန်နှင်ကုနုယ်” မှာ “နေနေ့” ဟု အဓိပ္ပါယ် ရပါတယ်။

တနင်္လာနေ့

အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။

တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး “တန်နှင်လာ” မှ လာသည် လို့ဆိုပါတယ်။ “လာ” ဟူသောပုဒ်မှာ အလွန် ရှေးကျသော “လ” ဟောပုဒ်ဖြစ်သည်။

ထို့ကြောင့် “တနင်္လာ” ဆိုသည်မှာ “နေ့လ” သို့မဟုတ် “လမင်းနေ့” ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။

အင်္ဂါနေ့

တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။

ရှေးကျောက်စာတို့၌”အင်္ကာ၊ အင်ကာ၊ အင်္ဂါ”ဟူ၍တွေ့ရပါတယ်။ “အင်္ဂါရ”ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ “မီးကျီးမီးခဲ”ဟု အဓိပ္ပါယ်ရသည် ။

ထို့ကြောင့်”အင်္ဂါ” ဆိုသည်မှာ “မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်” ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့

ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် “ဗုဒ္ဓဒိန” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဝါရ” ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ “နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား” ဟူ၍ဖြစ်၏။

ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ “ဒိန” နှင့် “ဝါရ” တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။

မွန်တို့က “ဗုဒ္ဓဝါရ” တွင် “ရ” ကိုချေ၍ “ဗုဒ္ဓဝါ” ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။ကျောက်စာတို့၌ “ပုတ္တ” ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး “ပုတ္တ” ဟုရေးကြသည်ဟု သိနိုင် ပါသည်။

ထို့ကြောင့် “ပုတ္တ” မှာ “ဗုဒ္ဓ” ပင်ဖြစ် သည်။ “ဟူ” သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် “ပုတ္တဟူ” “ဗုဒ္ဓဟူး” သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။

ကြာသပတေးနေ့

ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ “ကျာသပတေး” ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ “ကြာသပတိယ်” နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။

ယင်းပုဒ်သည် “ဗြိဟသွတိ” မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ “ဝစသံပတိ (သို့) ဝကျသံပတိ” မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။

၎င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ “ဝစသာ = စကား + ပတိ = အရှင်” = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော “ပတိယ်” သည် ခေတ်အရေးအသားနှင့်ဆိုသော် “ပတိ” နှင့် အတူတူပင်ဖြစ်သည်။

သောကြာနေ့

တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော “သောကြာ” ကို အစွဲပြု၍ “သောကြာ” ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။

“သုကြာ” ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ “သုကြာ” ဟူသောပုဒ်မှာ သက္ကတဘာသာ “သုကြ” မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။

“သုကြာ” မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ “ဖြူစင်တောက်ထွန်းခြင်း” ဖြစ်၏

စနေနေ့

ရာဇမတ္တဏ်ကျမ်း၌ “စနေ” ကို “သနေ” ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား “ဇပ္ပ”ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။

ပုဂံ ကျောက်စာတို့၌ စနေကို “စနိဟ်” ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ”ဂနိ” (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ “ဖြည်း ညင်းစွာသွားခြင်း” ဖြစ်၏။

ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ “သနေ စရ” ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။အနာဂတ် လူငယ်များအတွက်….kyzn ။

တခြားသူတွေ သိဖို့တွက်လည်း shareပေးလိုက်ပါအုံးနော်…..။orginal writer

Leave a Comment