ကိုယ္ခ်စ္ေနရတဲ့သူက ကုိုယ့္ကို ျဖည္းျဖည္းခ်င္း စိတ္ဝင္စားလာႏုိင္မယ့္ နည္းလမ္းေကာင္း(၅)မ်ိဳး

လူတစ္ေယာက္စီတုိင္းမွာ ကိုယ္ဘက္ကေနစၿပီး တိတ္္တိတ္ေလး သေဘာက်ေနရတဲ့ crush ဆိုတာ ႐ွိတတ္ၾကစျမဲပါ။ တစ္ခ်ိဳ႕က crush ဆုိတာကို တစ္သက္လံုး တိတ္တိတ္ေလး ႀကိတ္သေဘာက်တတ္ၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့

တိတ္တိတ္ေလးခ်စ္ေန႐ံုနဲ႔အားမရလုိ႔ ကိုယ္ crush ေနရတဲ့သူနဲ႔ အဆင္ေျပဖုိ႔ကို ေမွ်ာ္လင့္တတ္ၾကပါတယ္ေနာ္။ ဒီေတာ့ ဒီလုိမ်ိဳး ကိုယ္ crush ေနရတဲ့သူ ကိုယ့္ဘက္ပါလာေအာင္ ဘယ္လုိနည္းလမ္းေလးေတြသံုးရမယ္ဆုိတာကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

(၁)သူနဲ႔ရင္းႏွီးမႈ ရယူပါ

ပထမဆံုး အေနနဲ႔ ကိုယ္ crush ေနရတဲ့သူနဲ႔ ရင္းႏွီးမႈရမွ အဆင့္တက္လို႔ရမွာ ျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ခုလုိေခတ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးသြားဖို႔ဆုိတာ မခက္ခဲပါဘူးေနာ္။

Online ေပၚတက္႐ွာလုိက္႐ံုနဲ႔ ကိုယ့္ crush ရဲ႕ information ေတြကိုအလြယ္တကူ သိႏုိင္ပါတယ္။ ဒါေၾကာင့္ သူနဲ႔အဆင္ေျပခ်င္တယ္ဆုိရင္ေတာ့ ရင္းႏွီးမႈနဲ႔ စတင္ရပါမယ္။

ဒါေပမယ့္ သတိထားရမွာတစ္ခုက အရမ္းႀကီးေရာတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူးေနာ္။ အရမ္းႀကီးေရာလြန္းရင္လည္း ေပါသြားတတ္တယ္ဆုိတာကိုေတာ့ နားလည္ထားသင့္ပါတယ္္။

(၂)အရာေသးေသးေလးကေနတစ္ဆင့္ စတင္ပါ

ကိုယ့္ crush နဲ႔နီးစပ္ခ်င္တယ္ဆုိရင္ေတာ့ အခ်ိန္တစ္ခုအထိ စိတ္႐ွည္႐ွည္နဲဲ႔ ေစာင့္ဆုိင္းရမွာပါေနာ္။ ျဖည္းျဖည္းခ်င္း ရင္းႏွီးမႈရယူၿပီးရင္ အရာေသးေသးေလးေတြကတစ္ဆင့္္ စတင္သင့္ပါတယ္။

ဥပမာ- ကိုယ္နဲ႔ပတ္သက္တဲဲ့ အေၾကာင္းအရာေတြကို ျဖည္းျဖည္းခ်င္း သူ႔ရဲ႕ေခါင္းထဲေရာက္ေအာင္ ထည့္ေပးဖုိ႔လုိတာပါ။ သူေတာင္သတိမထားမိလုိက္ခင္မွာ ကိုယ္ကသူ႔စိတ္ထဲမွာ ေနရာယူေနတာမ်ိဳးေပါ့။

တစ္ခါတစ္္ေလ morning လုိ႔စာပို႔တာ၊ ကိုယ္ႀကိဳက္တတ္တဲ့အရာေလးေတြ စကားစပ္မိရင္းေျပာတာ၊ သူႀကိဳက္တတ္တဲဲ့ဟာေလးေတြ ေလ့လာထားၿပီး ကိုယ့္အႀကိဳက္နဲဲ႔တူတဲ့ အေနထားမ်ိဳးဖန္တီးတာ စသျဖင့္ အမ်ားႀကီးလုပ္လုိ႔ရပါတယ္ေနာ္။

(၃)မၾကာခဏ အၾကည့္ခ်င္းဆံုပါ

စိတ္ရဲ႕တံခါးေပါက္ျဖစ္တဲ့ မ်က္လံုးကေန ကိုယ့္စိတ္ကို ေဖာ္ျပဖုိ႔ အေကာင္းဆံုးပါပဲေနာ္။ သူနဲဲ႔ေတြ႔တဲ့အခ်ိန္္ေတြမွာ မၾကာခဏဆုိသလုိ အၾကည့္ခ်င္းဆံုေအာင္ၾကည့္ပါ ဒါက သူ သင့္ကို သတိထားမိလာေစမယ့္ အခ်က္ပဲ ျဖစ္ပါေစ။

ဒါေပမယ့္ အရမ္းမသိသာပါေစနဲ႔ ခဏအၾကည့္ခ်င္းဆံုၿပီးသြားရင္ ဘာမွမဟုတ္သလုိ ျပန္အၾကည့္လႊဲလုိက္ပါ။ ဒါမွ သူ႔စိတ္ထဲမွာ ေမးခြန္းတစ္ခ်ိဳ႕က်န္ေနခဲ့ၿပီး သင့္အေၾကာင္း စဥ္းစားမိလာေစမွာ ျဖစ္ပါတယ္။

(၄)သူခက္ခဲေနတဲ့အခ်ိန္ေတြမွာ အားေပးစကားေျပာပါ

လူတုိင္းက ခက္ခဲေနတဲ့အခ်ိန္မ်ိဳးမွာ သူတို႔ကိုအားေပးႏွစ္သိမ့္ေပးမယ့္ တစ္စံုတစ္ေယာက္ကို ေမွ်ာ္လင့္တတ္ၾကပါတယ္။ ေနာက္ၿပီး ဒီလိုခက္ခဲေနတဲ့ အခ်ိန္မ်ိဳးမွာ သူတုိ႔အေပၚ ႏွစ္သိမ့္အားေပးတတ္သူကို သူတို႔စိတ္ထဲမွာ ပိုၿပီးေနရာေပးတတ္ၾကပါတယ္ေနာ္။

ဒါေၾကာင့္မို႔လုိ႔ ကိုယ့္ရဲ႕ crush စိတ္ဓာတ္္ေတြက်ေနတဲဲ့အခ်ိန္၊ ခက္ခဲေနတဲ့အခ်ိန္မ်ိဳးမွာ သင္က သူ႔အေပၚ စာနာနားလည္ၿပီး အားေပးတတ္သူ ျဖစ္ပါေစ။

(၅)သင္က တန္ဖိုးျမွင့္မားေၾကာင္းကို သူသိပါေစ

သင္က သူ႔အေပၚမွာ ဘယ္ေလာက္ပဲ ႀကိတ္သေဘာက်မိေနပါေစ သင့္ရဲ႕တန္ဖိုးကို မနိမ့္ခ်မိပါေစနဲ႔။ တန္ဖိုးျမွင့္မားလြန္းတဲ့အရာေတြကို လူေတြက ပိုသေဘာက်တတ္ၾကတယ္ဆုိတာ မေမ့ပါနဲ႔။

ဒါေၾကာင့္ တစ္ခါတစ္ေလ သင့္မာနကို ထိခိုက္ေစမယ့္ လုပ္ရပ္မ်ိဳးေတြ၊ အျပဳအမူမ်ိဳးေတြကို မလုပ္ပါနဲ႔။ သူဘက္က လုပ္လာခဲ့မယ္ဆုိရင္လည္း သင္က ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္သူတစ္ေယာက္ဆုိတာကို သူသိေအာင္ျပပါ။

ဒီအခ်က္က သင့္အေပၚ သူစိတ္ဝင္စားအထင္ႀကီးမႈကို ရ႐ွိေစမွာ ျဖစ္္ပါတယ္။ Khin

Unicode

လူတစ်ယောက်စီတိုင်းမှာ ကိုယ်ဘက်ကနေစပြီး တိတ်တိတ်လေး သဘောကျနေရတဲ့ crush ဆိုတာ ရှိတတ်ကြစမြဲပါ။ တစ်ချို့က crush ဆိုတာကို တစ်သက်လုံး တိတ်တိတ်လေး ကြိတ်သဘောကျတတ်ကြပေမယ့် တစ်ချို့ကတော့

တိတ်တိတ်လေးချစ်နေရုံနဲ့အားမရလို့ ကိုယ် crush နေရတဲ့သူနဲ့ အဆင်ပြေဖို့ကို မျှော်လင့်တတ်ကြပါတယ်နော်။ ဒီတော့ ဒီလိုမျိုး ကိုယ် crush နေရတဲ့သူ ကိုယ့်ဘက်ပါလာအောင် ဘယ်လိုနည်းလမ်းလေးတွေသုံးရမယ်ဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

(၁)သူနဲ့ရင်းနှီးမှု ရယူပါ

ပထမဆုံး အနေနဲ့ ကိုယ် crush နေရတဲ့သူနဲ့ ရင်းနှီးမှုရမှ အဆင့်တက်လို့ရမှာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ခုလိုခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားဖို့ဆိုတာ မခက်ခဲပါဘူးနော်။

Online ပေါ်တက်ရှာလိုက်ရုံနဲ့ ကိုယ့် crush ရဲ့ information တွေကိုအလွယ်တကူ သိနိုင်ပါတယ်။ ဒါကြောင့် သူနဲ့အဆင်ပြေချင်တယ်ဆိုရင်တော့ ရင်းနှီးမှုနဲ့ စတင်ရပါမယ်။

ဒါပေမယ့် သတိထားရမှာတစ်ခုက အရမ်းကြီးရောတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ အရမ်းကြီးရောလွန်းရင်လည်း ပေါသွားတတ်တယ်ဆိုတာကိုတော့ နားလည်ထားသင့်ပါတယ်။

(၂)အရာသေးသေးလေးကနေတစ်ဆင့် စတင်ပါ

ကိုယ့် crush နဲ့နီးစပ်ချင်တယ်ဆိုရင်တော့ အချိန်တစ်ခုအထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာပါနော်။ ဖြည်းဖြည်းချင်း ရင်းနှီးမှုရယူပြီးရင် အရာသေးသေးလေးတွေကတစ်ဆင့်် စတင်သင့်ပါတယ်။

ဥပမာ- ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြည်းဖြည်းချင်း သူ့ရဲ့ခေါင်းထဲရောက်အောင် ထည့်ပေးဖို့လိုတာပါ။ သူတောင်သတိမထားမိလိုက်ခင်မှာ ကိုယ်ကသူ့စိတ်ထဲမှာ နေရာယူနေတာမျိုးပေါ့။

တစ်ခါတစ်လေ morning လို့စာပို့တာ၊ ကိုယ်ကြိုက်တတ်တဲ့အရာလေးတွေ စကားစပ်မိရင်းပြောတာ၊ သူကြိုက်တတ်တဲ့ဟာလေးတွေ လေ့လာထားပြီး ကိုယ့်အကြိုက်နဲ့တူတဲ့ အနေထားမျိုးဖန်တီးတာ စသဖြင့် အများကြီးလုပ်လို့ရပါတယ်နော်။

(၃)မကြာခဏ အကြည့်ချင်းဆုံပါ

စိတ်ရဲ့တံခါးပေါက်ဖြစ်တဲ့ မျက်လုံးကနေ ကိုယ့်စိတ်ကို ဖော်ပြဖို့ အကောင်းဆုံးပါပဲနော်။ သူနဲ့တွေ့တဲ့အချိန်တွေမှာ မကြာခဏဆိုသလို အကြည့်ချင်းဆုံအောင်ကြည့်ပါ ဒါက သူ သင့်ကို သတိထားမိလာစေမယ့် အချက်ပဲ ဖြစ်ပါစေ။

ဒါပေမယ့် အရမ်းမသိသာပါစေနဲ့ ခဏအကြည့်ချင်းဆုံပြီးသွားရင် ဘာမှမဟုတ်သလို ပြန်အကြည့်လွှဲလိုက်ပါ။ ဒါမှ သူ့စိတ်ထဲမှာ မေးခွန်းတစ်ချို့ကျန်နေခဲ့ပြီး သင့်အကြောင်း စဉ်းစားမိလာစေမှာ ဖြစ်ပါတယ်။

(၄)သူခက်ခဲနေတဲ့အချိန်တွေမှာ အားပေးစကားပြောပါ

လူတိုင်းက ခက်ခဲနေတဲ့အချိန်မျိုးမှာ သူတို့ကိုအားပေးနှစ်သိမ့်ပေးမယ့် တစ်စုံတစ်ယောက်ကို မျှော်လင့်တတ်ကြပါတယ်။ နောက်ပြီး ဒီလိုခက်ခဲနေတဲ့ အချိန်မျိုးမှာ သူတို့အပေါ် နှစ်သိမ့်အားပေးတတ်သူကို သူတို့စိတ်ထဲမှာ ပိုပြီးနေရာပေးတတ်ကြပါတယ်နော်။

ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ crush စိတ်ဓာတ်တွေကျနေတဲ့အချိန်၊ ခက်ခဲနေတဲ့အချိန်မျိုးမှာ သင်က သူ့အပေါ် စာနာနားလည်ပြီး အားပေးတတ်သူ ဖြစ်ပါစေ။

(၅)သင်က တန်ဖိုးမြှင့်မားကြောင်းကို သူသိပါစေ

သင်က သူ့အပေါ်မှာ ဘယ်လောက်ပဲ ကြိတ်သဘောကျမိနေပါစေ သင့်ရဲ့တန်ဖိုးကို မနိမ့်ချမိပါစေနဲ့။ တန်ဖိုးမြှင့်မားလွန်းတဲ့အရာတွေကို လူတွေက ပိုသဘောကျတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။

ဒါကြောင့် တစ်ခါတစ်လေ သင့်မာနကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေ၊ အပြုအမူမျိုးတွေကို မလုပ်ပါနဲ့။ သူဘက်က လုပ်လာခဲ့မယ်ဆိုရင်လည်း သင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သူတစ်ယောက်ဆိုတာကို သူသိအောင်ပြပါ။

ဒီအချက်က သင့်အပေါ် သူစိတ်ဝင်စားအထင်ကြီးမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ Khin

Leave a Comment