14.1.2021 မွ 20.1.2021 အထိ (၇)ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ကံၾကမၼာေဟာစာတမ္း

14.1.2021 မွ 20.1.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ယခုကာလအတြင္းလုပ္ငန္းစီးပြားေရးတိုးတတ္လာဖြယ္ရွိေနပါတယ္။ျပည္တြင္း၊ ျပည္ပခရီးကိစၥမ်ား အဆင္ေျပ ေခ်ာေမြ႕ေနမည္။ အလုပ္ေတြမ်ားျပားေနတဲ့ၾကားမွ တိုးတတ္ေအာင္ျမင္မည္။

ယခင္ျဖစ္ေပၚေနေသာ အခက္ အခဲမ်ားကို ေျပလည္ေအာင္ ေျဖရွင္းနိုင္မည္။ စာ႐ြက္စာတမ္းကိစၥ၊စာခ်ဳပ္ကိစၥ၊ အလုပ္ေအာ္ဒါလက္ခံျခင္း ကိစၥမ်ား ေအာင္ ျမင္စြာ ေျဖရွင္းနိုင္မည္။ အလုပ္ေလွ်ာက္ထားသူမ်ား၊အင္တာဗ်ဴးေျဖထားသူမ်ားအလုပ္ရလာတတ္ပါတယ္။

တစ္ပါးသူလက္သို႔ ေရာက္ရွိ ေနေသာ မိမိပိုင္ပစၥည္းမ်ား၊ မိသားစုပိုင္ပစၥည္းမ်ား လက္ဝယ္ သို႔ ျပန္လည္ေရာက္ရွိ လာနိုင္ပါသည္။ မိမိကိုဒုကၡေပးေနသူမ်ား သူ႕အကုသိုလ္နဲ႕သူဒုကၡေရာက္သြားပါလိမ့္မယ္။

အမႈအခင္းျဖစ္လုဆဲဆဲ ကိစၥမ်ားရွိေနရင္ေတာ့ ပေပ်ာက္သြားေအာင္ ေဆာင္႐ြက္နိုင္လိမ့္မည္။ သူမ်ားေတြရဲ႕အလုပ္အကိုင္အဆင္မေျပမႈမ်ား တတ္နိုင္သ၍ကူညီခြင့္ေတြရလာတတ္ပါတယ္။

အမိအဖေတြကိုဒီကာလအတြင္းေငြေၾကးေထာက္ပံ့လာ နိုင္ပါလိမ့္ မယ္။ မည္သည့္ကိစၥကို ေဆာင္႐ြက္ သည္ျဖစ္ေစ ထူးျခား တိုးတတ္၊ ေအာင္ျမင္ေအာင္ စြမ္းေဆာင္နိုင္လိမ့္မည္ ျဖစ္ ပါသည္။

အခ်စ္ေရးမွာေတာ့ခ်စ္သူကိုစကားေျပာရင့္သီးသြားတာမ်ိဳး၊ဆဲဆိုေျပာမိသြားတာမ်ိဳးေတြေၾကာင့္ ခ်စ္သူမိမိ ကို စိတ္ပ်က္သြားတတ္ပါတယ္။အိမ္ေထာင္သည္မ်ား အယူအဆမတူ ညွိႏွိုင္းရခက္ခဲေနတတ္ပါတယ္။ ပညာေရး မွာေတာ့ မိမိႀကိဳးစားထားသမွ်လက္ေတြ႕ျဖစ္ေျမာက္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း…5၊7၊0

အထူးေဟာ….လုပ္ငန္းေတြျပန္လည္ဦးေမာ့လာမည္။

ယၾတာ….ေျပာင္းဖူးလက္ဖက္သုပ္ေလး ဘုရားကပ္လႉလိုက္ပါ။

တနလၤာ

ယခုကာလမ်ားအတြင္းမိသားစုအေရးကိစၥေတြမွာ ကိုင္တြယ္တတ္ဖို႔ လိုပါတယ္။ မိမိလိုခ်င္ေနတဲ့ ပန္းတိုင္ ကို ေရာက္ဖို႔ခက္ခဲေနဆဲကာလပါ။ ေငြေၾကးရင္းႏွီးျမႇုတ္ႏွံမႈမ်ား မျပဳလုပ္သင့္ေသးပါဘူး။

လုပ္ငန္းသစ္၊ စီးပြားသစ္၊ အႀကံအစည္သစ္မ်ား စတင္ရန္ အခ်ိန္အခါေကာင္း မျဖစ္နိုင္ေသးပါ။ ေငြေၾကး အေပးအယူကိစၥမ်ားတြင္လည္း မ်က္ျမင္သက္ေသမ်ား ေရွ႕ေမွာက္တြင္ ေဆာင္႐ြက္ပါ။

အျငင္းပြားရတတ္သည္။ လုပ္ငန္းခြင္အတြင္း အေရးႀကီးေသာ ကိစၥမ်ား မိမိကဦးေဆာင္တာဝန္ယူလုပ္ကိုင္ေနရတတ္ပါတယ္။ လုပ္ငန္းခြင္အတြင္း လုပ္ေဖၚကိုင္ဖက္မ်ား အခ်င္း ခ်င္း အေပးအယူမတည့္တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။

ျပႆနာမ်ား မိမိအေပၚ ပုံခ်ျခင္းျပဳလိမ့္မည္။ ကိုယ္ပိုင္ လုပ္ငန္း လုပ္ကိုင္ေနသူမ်ား ေရာင္းမစြံတဲ့ပစၥည္းေတြေလွာင္ေနမိ တတ္ပါသည္။ ေဈးဖ်က္၍ ယွဥ္ၿပိဳင္ ေႏွာက္ယွက္ သူမ်ားႏွင့္ ႀကဳံေတြ႕ရတတ္ပါသည္။

ကံေကာင္းတာက မိမိအေနနဲ႕ အရာရာကို လက္ရွိအေနအထားကေနျပဳျပင္ ေျပာင္းလဲမႈေတြ မလုပ္ဘဲေမွးေနရင္ဘာမွမညံ့ပါဘူး။ ဘာကိစၥေတြမဆို ေနာက္လိုက္ပုံစံေနပါ။ ဆရာႀကီးမလုပ္မိပါ ေစနဲ႕။

က်န္းမာေရးကေတာ့ အညံ့အဆိုးသိပ္မေတြ႕ရပါဘူး။ အခ်စ္ေရးမွာ လူခ်င္းေဝးေနရင္ေတာင္ စိတ္ခ်င္းနီးေန တတ္ပါတယ္။ အိမ္ေထာင္ေရးလဲ သာယာစိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ ပညာေရးအေပၚစိတ္မပါသလိုျဖစ္ေနမည္။

အက်ိဳးေပးဂဏန္း….1/6/9

အထူးေဟာ …အသစ္တစ္ခုခုမစတင္သင့္ပါဘူး

ယၾတာ….ကေလးေတြကိုသၾကားလုံးေဝေကြၽးလိုက္ပါ။

အဂၤါ

ဒီကာလဟာ စိတ္ပင္ပန္းရတာေတြ၊အလုပ္ေတြ မနိုင္မနင္းျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ အခ်ိန္ျဖဳန္း မယ့္ကိစၥေတြအကုန္လုံးကို ေလ်ာ့ခ်နိဳင္ဖို႔လိုအပ္ပါတယ္။ အေပ်ာ္အပါးတို႔ကို အလြယ္တကူ ႀကဳံေတြ႕ရမည္။

အေပ်ာ္ အပါး လြန္၍ အႏၲရာယ္ျဖစ္တတ္သည္။ နာမည္ဂုဏ္သိကၡာ ထိခိုက္တတ္သည္။ အနီးကပ္လူယုံမ်ား သစၥာေဖါက္၍ အေႏွာက္အယွက္ ျပႆနာမ်ား ျဖစ္ေပၚလာရတတ္သည္။

စန္းပြင့္မႈလြန္ကဲ၍ လူမႈေရး၊ ေမတၱာေရး အရႈပ္အေထြး မ်ားႏွင့္ ႀကဳံေနရမည္။ ဒုကၡေပးေသာ မိတ္ေဆြေကာင္းမ်ားႏွင့္ ျပန္လည္ဆုံစည္းရမည္။ အသင္းအဖြဲ႕ ကိစၥမ်ား ပါဝင္ ေဆာင္႐ြက္လုပ္ကိုင္ရင္း ကိုယ္က်ိဳးစီးပြားလုပ္ငန္းမ်ား ဆုံးရႈံးနစ္နာရမႈမ်ား ႀကဳံလာရကာ မိသားစု၏ ၿငိဳျငင္ျခင္းကို ခံရတတ္ပါသည္။

က်န္းမာေရး အညံ့မ်ားႀကဳံမည္။ အေနအထိုင္ ဂ႐ုမစိုက္မႈေၾကာင့္ ေရာဂါေဝဒနာေဟာင္းမ်ား ျပန္ လည္ျဖစ္ေပၚ လာကာ ေဆး႐ုံ၊ ေဆးခန္းေရာက္ကိန္းမ်ား ႀကဳံမည္။ ေငြမေခ်းရ၊ ေငြေခ်းက ဆုံးရႈံးရတတ္သည္။

ယခုအခ်ိန္သည္ အေကာင္းထက္ အဆိုးကသာ အားသာေနသျဖင့္ အသြားအလာ၊ အေနအထိုင္၊ အစားအေသာက္ မွန္သမွ် အထူးဂ႐ုစိုက္သင့္ခ်ိန္ ျဖစ္ပါသည္။အိမ္ေထာင္ေရးကံေကာင္းေနမယ့္ စန္းအားေကာင္းေနတာမို႔အေန အထိုင္ဆင္ျခင္ဖို႔အထူးလိုအပ္ပါတယ္။ ပညာရွာ​ေနသူမ်ား အလုပ္ေတြမအားလပ္တာမို႔ ပညာေရးအေပၚစိတ္မႏွစ္ နိုင္ျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…..2/0/7

အထူးေဟာ ….က်န္းမာေရးသတိျပဳပါ

ယၾတာ….မွိုကန္စြန္း႐ြက္ေၾကာ္ ဘုရားကပ္လႉေပးပါ။

ဗုဒၶဟူး / ရာဟု

ယခုကာလမ်ားအတြင္း သင္သည္ အရပ္ေဝးမွ ေကာင္းေသာသတင္းစကားမ်ား ႀကဳံေတြ႕ရတတ္သည္။ အြန္ လိုင္းအလုပ္အကိုင္စီးပြားမ်ား အထူးေအာင္ျမင္မည္။

မိတ္ေဆြ၊ ဆရာသမား၊ ႀကီးကဲသူမ်ား၏ အကူအညီႏွင့္ ဘဝတိုးတတ္မႈကံမ်ားလည္း ပြင့္လာမည္။ မရည္႐ြယ္ဘဲ အလႉအတန္းျပဳရမည္။ ထူးျခားေသာ လူပုဂၢိဳလ္မ်ား၊ သူေတာ္စင္ပုဂၢိဳလ္မ်ားႏွင့္ ဆုံေတြ႕ရလိမ့္မည္။

အေျပာင္းအေ႐ႊ႕ စီစဥ္ေနသူမ်ား ေနရာေကာင္းသို႔ ေျပာင္းေ႐ႊ႕ တိုး တတ္ကိန္းရွိေနမည္။ မိသားစု စုစည္းမႈမ်ား အဆင္ေျပလာမည္။ သို႔ေသာ္က်န္းမာေရးအညံ့အခ်ိဳ႕ ႀကဳံေတြ႕လာ နိုင္သည္ျဖစ္၍ အထူးသတိျပဳ ပါ။

မေတာ္တဆထိခိုက္ဒဏ္ရာ ရရွိတတ္ပါသည္။ အနာေပါက္ျခင္း၊ ဒဏ္ရာရျခင္း သို႔မဟုတ္ ခူနာေရာဂါမ်ိဳးမ်ား ျဖစ္ေပၚခံစားရတတ္ပါသည္။ ထင္မွတ္မထားတဲ့ေနရာက ေနေငြဝင္လာတတ္ပါ တယ္။

လူပ်ိဳ၊ လူလြတ္မ်ား ေမတၱာေရး ကံေကာင္းေန၍ စန္းအလြန္ပြင့္ေနမည္။ လူငယ္မ်ားမေမွ်ာ္လင့္ဘဲ ခ်စ္သူနဲ႕ ခိုးေျပးျဖစ္တတ္ပါတယ္။ ခ်စ္သူနဲ႕အခ်ိန္လြန္ေအာင္ လည္ပတ္တာမ်ိဳးမလုပ္ပါနဲ႕။

သားသမီးလိုခ်င္ေသာ အိမ္ေထာင္ ရွင္မ်ားလည္း သားသမီရတနာမ်ား ထြန္းကား၍ ေပ်ာ္႐ႊင္ခ်မ္းေျမ့ဖြယ္ အိမ္ေထာင္ေရးသုခမ်ား ခံစားရနိုင္ပါသည္။ အတတ္ပညာ သင္တန္းႏွင့္ ပတ္သက္ေသာ ကိစၥမ်ား အထူးေအာင္ျမင္နိုင္ပါသည္။

အက်ိဳးေပးဂဏန္း…1/4/8

အထူးေဟာ…ကံျမင့္မားေနမည္။

ယၾတာ….အာလူးေၾကာ္ မိတ္ေဆြတစ္ခုကိုဝယ္ေကြၽးလိုက္ပါ။

ၾကာသပေတး

ယခုကာလအတြင္း စိတ္ထဲရွိေနတဲ့အေတြးေတြက လက္ေတြ႕အေကာင္အထည္ေဖာ္သင့္ပါတယ္ ။ဝန္ထမ္း လခစားမ်ား ေနရာ ေကာင္းရျခင္း၊ပညာအသစ္ေတြသင္ရျခင္းမ်ိဳးေတြႀကဳံရလိမ့္မယ္။ လူလိမ္၊ လူေကာက္မ်ားကို ေဖၚထုတ္ေျဖရွင္းနိုင္မည္။

ပိုင္ဆိုင္မႈကိစၥအတြက္ စကားေျပာဆိုမႈမ်ား အဆင္ေျပမည္။ အမ်ားကိစၥ၊ အဖြဲ႕အစည္း ကိစၥမ်ား တာဝန္ယူေဆာင္႐ြက္ရျခင္းမ်ား ရွိေနမည္။ ကာလရွည္ၾကာ ေဝးကြာေနေသာ မိတ္ေဆြမ်ားႏွင့္ ျပန္လည္ ဆုံစည္းရမည္။ကုန္ထား တဲ့ေငြရစရာရွိတဲ့ေငြျပန္ဝင္လာတတ္ပါတယ္။

ကားဝယ္ျခင္း၊ကားေရာင္းျခင္း၊ အလဲ အထပ္ လုပ္ျခင္းေတြဒီလိုေန႕ေတြမွာေဆာင္႐ြက္လို႔ေကာင္းပါတယ္။၂/၄/၈ဂဏန္းမ်ားမ်ားပါတဲ့ထီလက္မွတ္ကိုေ႐ြးခ်ယ္ကံစမ္းလိုက္ပါ။သူတစ္ပါးကေငြ၊ပစၥည္း၊လက္ဝတ္ရတနာေတြလာအပ္ရင္လက္မခံပါနဲ႕။

မိမိလာဘ္ပိတ္သြားတတ္ပါတယ္။ မိသားစု ျပႆနာမ်ား ေမာင္ႏွမသားခ်င္းေရးရာ ျပႆနာမ်ား၊ မိတ္ေဆြအေပါင္းအသင္း မ်ားႏွင့္ဆိုင္ေသာ ျပႆနာ မ်ား မိမိက ဦးေဆာင္ပါဝင္၍ ေျဖရွင္းေပးရ ေပလိမ့္မည္။ က်န္းမာေရးနဲ႕ပက္သက္ၿပီးအားရစရာေကာင္းပါ တယ္။

ပညာအသစ္ေတြသင္ယူလို႔အထူးေကာင္းပါတယ္။ စိတ္အပန္းေျပေစမဲ့ ကိစၥေတြကိုလဲ ႀကဳံရပါလိမ့္မယ္။ အခ်စ္ေရး တြင္ ခ်စ္သူကမိမိအေပၚ နားလည္ေပးဖို႔မလြယ္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရတတ္ ပါတယ္။

အက်ိဳးေပးဂဏန္း…2/4/5

အထူးေဟာ…..ေငြကံေကာင္းေနတတ္သည္။

ယၾတာ…၂၄ပစၥည္း သက္ေစ့႐ြတ္ပြားပါ။

ေသာၾကာ

ယခုကာလအတြင္း လူမ်ိဳးျခား၊ဘာသာျခားႏွင့္မင္းစိုးရာဇာတို႔ႏွင့္ဆက္ႏြယ္ ေသာအလုပ္မ်ားလုပ္ကိုင္ရ တတ္ပါ တယ္။ ရွယ္ယာအလုပ္မ်ားအဆင္ေျပတတ္ပါတယ္။ လုပ္ငန္းရွင္မ်ား ေမတၱာစိတ္နဲ႕သေဘာထားႀကီး ႀကီး ေဆာင္႐ြက္လုပ္ကိုင္ပါ။

ခရီးကိစၥေတြရွိရင္ေတာ့ ေကာင္းေသာ ခရီးပါပဲ။ ပစၥည္းမ်ား ေရာင္းမွား၊ ဝယ္မွား ျဖစ္တတ္ သည္။ ဆုံးရႈံးမႈမ်ား ႀကီးမားလာရတတ္သည္။ အိုး၊ အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္ကိစၥမ်ား သတိႏွင့္ ေဆာင္႐ြက္ ရမည္။

စာ႐ြက္စာတမ္းမ်ား၊ အတုအေယာင္မ်ား၊ အေမြဆက္ခံမႈ အရႈတ္အေထြးမ်ား ျဖစ္တတ္သည္။ ႐ုံးေရာက္၊ ဂါတ္ေရာက္ အမႈအခင္းျဖစ္သူမ်ားအား လိုက္လံအာမခံ၍ ကူညီ ေဆာင္႐ြက္ ေျဖရွင္းေပးရမည္။

ေနအိမ္တြင္ အလိုက္မသိေသာ ညအိပ္၊ ညေန ဧည့္သည္မ်ား ေရာက္ရွိလာတတ္သည္။လုပ္လက္စအလုပ္ ေတြအျပင္ ထပ္ခ်ဲ့တာ မ်ိဳးေတြက အဆင္မေျပျဖစ္ရတတ္ပါတယ္။မည္သည့္ကိစၥမဆို တစ္ယူသန္၊တစ္ဇြတ္ထိုးမ လုပ္ဘဲ မိဘဆရာေတြနဲ႕ တိုင္ပင္ျပဳလုပ္တာကစိတ္ခ်မ္းသာရလိမ့္မယ္။

အခ်စ္ေရးတြင္ခ်စ္သူ၊ ခင္သူ၊ သံေယာဇဥ္ ရွိသူ မ်ားႏွင့္ စကား မ်ားရမည္။ ပဋိပကၡျဖစ္တတ္သည္။ လူမႈေရး အရႈတ္အေထြးမ်ား ႀကဳံမည္။ အိမ္ေထာင္ေရးတြင္ သတိႀကီးစြာ ထား၍ ေျပာဆို လုပ္ကိုင္ပါမွသာ အစစအရာရာ အဆင္ေျပေပလိမ့္မည္။

အက်ိဳးေပးဂဏန္း…3/5/8

အထူးေဟာ…ကံအညံ့ေလးေတြေရာပါေနတတ္ပါတယ္။

ယၾတာ….ဂုဏ္ေတာ္ကြန္ခ်ာကို ရသေလာက္ေန႕စဥ္႐ြတ္ပြားပါ။

စေန

ယခုကာလမ်ားအတြင္း သင္သည္ က်န္းမာေရးအညံ့မ်ား ႀကဳံမည္။ သူတစ္ပါးအေပၚ၊ အားနာမႈ၊ စာနာ သနား မႈ၊ ယုံစားလြယ္မႈတို႔အေပၚ အခြင့္ေကာင္းယူေသာ သူမ်ားႏွင့္ ဆုံေတြ႕ေနရမည္။

ေမာင္ႏွမသားခ်င္း ျပႆနာမ်ားကို လိုက္လံေျဖရွင္းေဆာင္႐ြက္ေပးရလိမ့္မည္။ တစ္ဦးထက္မကေသာ အခ်စ္ေရး ကိစၥမ်ား၊ အရႈတ္အေထြးကိစၥမ်ား ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ရကိန္းမ်ား ႀကဳံမည္။

သံေယာဇဥ္မထားသင့္သူကို ထားျခင္း၊ အခ်စ္မွား၊ ဆုံးျဖတ္ ခ်က္မွားျခင္းမ်ား ႀကဳံေတြ႕ရနိုင္ပါသည္။ဆီးႏွင့္ ဆိုင္ေသာ ေဝဒနာမ်ား ခံစားရတတ္ပါသည္။ မိမိစိတ္တိုင္းက် လုပ္ ပိုင္ ခြင့္ ရရွိျခင္းမ်ားေၾကာင့္ မိမိအရည္အခ်င္းကို ျပသခြင့္မ်ား အျပည့္အဝ ရရွိလာပါ လိမ့္မည္။

အရာရာတိုင္းအေပၚ တြင္ အားရေက်နပ္မႈမ်ား ရွိေနမည္။ လွ်ပ္စစ္ႏွင့္ လုပ္ကိုင္ရေသာ စက္မႈလုပ္ငန္း မ်ားမွ မေတာ္တဆ ထိခိုက္မႈ၊ ဝါယာေရွာ(ခ္) ျဖစ္ျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။ သတိထားသင့္ပါသည္။

ရရန္ရွိေသာ အေႂကြးေဟာင္းမ်ား ျပန္လည္ရရွိတတ္ပါသည္။ သိေနေသာ ကိစၥတို႔ကို မသိခ်င္ဟန္ေဆာင္ပါ။ ေျပာလိုေသာစကားအခ်ိဳ႕ကို မ်ိဳသိပ္ျခင္း ျပဳပါ။ ဘာသာေရး၊ ပညာေရး ရည္႐ြယ္ထားသည့္ကိစၥမ်ား ေအာင္ျမင္မည္။

အိမ္ေထာင္ေရး၊အိမ္တြင္းေရး သာယာ အဆင္ေျပ ပါလိမ့္မယ္။ သားသမီးအတြက္စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…4/6/0

အထူးေဟာ….ကံသင့္ပါတယ္။

ယၾတာ…သံပုရာရည္ ဘုရားကပ္လႉပူေဇာ္ပါ။

ၿငိမ္းေအးလူ လက္ဆန္းေဗဒင္သုေတသန

unicode

14.1.2021 မှ 20.1.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ယခုကာလအတွင်းလုပ်ငန်းစီးပွားရေးတိုးတတ်လာဖွယ်ရှိနေပါတယ်။ပြည်တွင်း၊ ပြည်ပခရီးကိစ္စများ အဆင်ပြေ ချောမွေ့နေမည်။ အလုပ်တွေများပြားနေတဲ့ကြားမှ တိုးတတ်အောင်မြင်မည်။

ယခင်ဖြစ်ပေါ်နေသော အခက် အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။ စာရွက်စာတမ်းကိစ္စ၊စာချုပ်ကိစ္စ၊ အလုပ်အော်ဒါလက်ခံခြင်း ကိစ္စများ အောင် မြင်စွာ ဖြေရှင်းနိုင်မည်။ အလုပ်လျှောက်ထားသူများ၊အင်တာဗျူးဖြေထားသူများအလုပ်ရလာတတ်ပါတယ်။

တစ်ပါးသူလက်သို့ ရောက်ရှိ နေသော မိမိပိုင်ပစ္စည်းများ၊ မိသားစုပိုင်ပစ္စည်းများ လက်ဝယ် သို့ ပြန်လည်ရောက်ရှိ လာနိုင်ပါသည်။ မိမိကိုဒုက္ခပေးနေသူများ သူ့အကုသိုလ်နဲ့သူဒုက္ခရောက်သွားပါလိမ့်မယ်။

အမှုအခင်းဖြစ်လုဆဲဆဲ ကိစ္စများရှိနေရင်တော့ ပပျောက်သွားအောင် ဆောင်ရွက်နိုင်လိမ့်မည်။ သူများတွေရဲ့အလုပ်အကိုင်အဆင်မပြေမှုများ တတ်နိုင်သ၍ကူညီခွင့်တွေရလာတတ်ပါတယ်။

အမိအဖတွေကိုဒီကာလအတွင်းငွေကြေးထောက်ပံ့လာ နိုင်ပါလိမ့် မယ်။ မည်သည့်ကိစ္စကို ဆောင်ရွက် သည်ဖြစ်စေ ထူးခြား တိုးတတ်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် ဖြစ် ပါသည်။

အချစ်ရေးမှာတော့ချစ်သူကိုစကားပြောရင့်သီးသွားတာမျိုး၊ဆဲဆိုပြောမိသွားတာမျိုးတွေကြောင့် ချစ်သူမိမိ ကို စိတ်ပျက်သွားတတ်ပါတယ်။အိမ်ထောင်သည်များ အယူအဆမတူ ညှိနှိုင်းရခက်ခဲနေတတ်ပါတယ်။ ပညာရေး မှာတော့ မိမိကြိုးစားထားသမျှလက်တွေ့ဖြစ်မြောက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း…5၊7၊0

အထူးဟော….လုပ်ငန်းတွေပြန်လည်ဦးမော့လာမည်။

ယတြာ….ပြောင်းဖူးလက်ဖက်သုပ်လေး ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ယခုကာလများအတွင်းမိသားစုအရေးကိစ္စတွေမှာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ မိမိလိုချင်နေတဲ့ ပန်းတိုင် ကို ရောက်ဖို့ခက်ခဲနေဆဲကာလပါ။ ငွေကြေးရင်းနှီးမြှုတ်နှံမှုများ မပြုလုပ်သင့်သေးပါဘူး။

လုပ်ငန်းသစ်၊ စီးပွားသစ်၊ အကြံအစည်သစ်များ စတင်ရန် အချိန်အခါကောင်း မဖြစ်နိုင်သေးပါ။ ငွေကြေး အပေးအယူကိစ္စများတွင်လည်း မျက်မြင်သက်သေများ ရှေ့မှောက်တွင် ဆောင်ရွက်ပါ။

အငြင်းပွားရတတ်သည်။ လုပ်ငန်းခွင်အတွင်း အရေးကြီးသော ကိစ္စများ မိမိကဦးဆောင်တာဝန်ယူလုပ်ကိုင်နေရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဖက်များ အချင်း ချင်း အပေးအယူမတည့်တာမျိုးတွေဖြစ်ရတတ်ပါတယ်။

ပြဿနာများ မိမိအပေါ် ပုံချခြင်းပြုလိမ့်မည်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူများ ရောင်းမစွံတဲ့ပစ္စည်းတွေလှောင်နေမိ တတ်ပါသည်။ ဈေးဖျက်၍ ယှဉ်ပြိုင် နှောက်ယှက် သူများနှင့် ကြုံတွေ့ရတတ်ပါသည်။

ကံကောင်းတာက မိမိအနေနဲ့ အရာရာကို လက်ရှိအနေအထားကနေပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဘဲမှေးနေရင်ဘာမှမညံ့ပါဘူး။ ဘာကိစ္စတွေမဆို နောက်လိုက်ပုံစံနေပါ။ ဆရာကြီးမလုပ်မိပါ စေနဲ့။

ကျန်းမာရေးကတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ အချစ်ရေးမှာ လူချင်းဝေးနေရင်တောင် စိတ်ချင်းနီးနေ တတ်ပါတယ်။ အိမ်ထောင်ရေးလဲ သာယာစိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ပညာရေးအပေါ်စိတ်မပါသလိုဖြစ်နေမည်။

အကျိုးပေးဂဏန်း….1/6/9

အထူးဟော …အသစ်တစ်ခုခုမစတင်သင့်ပါဘူး

ယတြာ….ကလေးတွေကိုသကြားလုံးဝေကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလဟာ စိတ်ပင်ပန်းရတာတွေ၊အလုပ်တွေ မနိုင်မနင်းဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ အချိန်ဖြုန်း မယ့်ကိစ္စတွေအကုန်လုံးကို လျော့ချနိုင်ဖို့လိုအပ်ပါတယ်။ အပျော်အပါးတို့ကို အလွယ်တကူ ကြုံတွေ့ရမည်။

အပျော် အပါး လွန်၍ အန္တရာယ်ဖြစ်တတ်သည်။ နာမည်ဂုဏ်သိက္ခာ ထိခိုက်တတ်သည်။ အနီးကပ်လူယုံများ သစ္စာဖေါက်၍ အနှောက်အယှက် ပြဿနာများ ဖြစ်ပေါ်လာရတတ်သည်။

စန်းပွင့်မှုလွန်ကဲ၍ လူမှုရေး၊ မေတ္တာရေး အရှုပ်အထွေး များနှင့် ကြုံနေရမည်။ ဒုက္ခပေးသော မိတ်ဆွေကောင်းများနှင့် ပြန်လည်ဆုံစည်းရမည်။ အသင်းအဖွဲ့ ကိစ္စများ ပါဝင် ဆောင်ရွက်လုပ်ကိုင်ရင်း ကိုယ်ကျိုးစီးပွားလုပ်ငန်းများ ဆုံးရှုံးနစ်နာရမှုများ ကြုံလာရကာ မိသားစု၏ ငြိုငြင်ခြင်းကို ခံရတတ်ပါသည်။

ကျန်းမာရေး အညံ့များကြုံမည်။ အနေအထိုင် ဂရုမစိုက်မှုကြောင့် ရောဂါဝေဒနာဟောင်းများ ပြန် လည်ဖြစ်ပေါ် လာကာ ဆေးရုံ၊ ဆေးခန်းရောက်ကိန်းများ ကြုံမည်။ ငွေမချေးရ၊ ငွေချေးက ဆုံးရှုံးရတတ်သည်။

ယခုအချိန်သည် အကောင်းထက် အဆိုးကသာ အားသာနေသဖြင့် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် မှန်သမျှ အထူးဂရုစိုက်သင့်ချိန် ဖြစ်ပါသည်။အိမ်ထောင်ရေးကံကောင်းနေမယ့် စန်းအားကောင်းနေတာမို့အနေ အထိုင်ဆင်ခြင်ဖို့အထူးလိုအပ်ပါတယ်။ ပညာရှာနေသူများ အလုပ်တွေမအားလပ်တာမို့ ပညာရေးအပေါ်စိတ်မနှစ် နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း…..2/0/7

အထူးဟော ….ကျန်းမာရေးသတိပြုပါ

ယတြာ….မှိုကန်စွန်းရွက်ကြော် ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး / ရာဟု

ယခုကာလများအတွင်း သင်သည် အရပ်ဝေးမှ ကောင်းသောသတင်းစကားများ ကြုံတွေ့ရတတ်သည်။ အွန် လိုင်းအလုပ်အကိုင်စီးပွားများ အထူးအောင်မြင်မည်။

မိတ်ဆွေ၊ ဆရာသမား၊ ကြီးကဲသူများ၏ အကူအညီနှင့် ဘဝတိုးတတ်မှုကံများလည်း ပွင့်လာမည်။ မရည်ရွယ်ဘဲ အလှူအတန်းပြုရမည်။ ထူးခြားသော လူပုဂ္ဂိုလ်များ၊ သူတော်စင်ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ရလိမ့်မည်။

အပြောင်းအရွှေ့ စီစဉ်နေသူများ နေရာကောင်းသို့ ပြောင်းရွှေ့ တိုး တတ်ကိန်းရှိနေမည်။ မိသားစု စုစည်းမှုများ အဆင်ပြေလာမည်။ သို့သော်ကျန်းမာရေးအညံ့အချို့ ကြုံတွေ့လာ နိုင်သည်ဖြစ်၍ အထူးသတိပြု ပါ။

မတော်တဆထိခိုက်ဒဏ်ရာ ရရှိတတ်ပါသည်။ အနာပေါက်ခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ခူနာရောဂါမျိုးများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ ထင်မှတ်မထားတဲ့နေရာက နေငွေဝင်လာတတ်ပါ တယ်။

လူပျို၊ လူလွတ်များ မေတ္တာရေး ကံကောင်းနေ၍ စန်းအလွန်ပွင့်နေမည်။ လူငယ်များမမျှော်လင့်ဘဲ ချစ်သူနဲ့ ခိုးပြေးဖြစ်တတ်ပါတယ်။ ချစ်သူနဲ့အချိန်လွန်အောင် လည်ပတ်တာမျိုးမလုပ်ပါနဲ့။

သားသမီးလိုချင်သော အိမ်ထောင် ရှင်များလည်း သားသမီရတနာများ ထွန်းကား၍ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရေးသုခများ ခံစားရနိုင်ပါသည်။ အတတ်ပညာ သင်တန်းနှင့် ပတ်သက်သော ကိစ္စများ အထူးအောင်မြင်နိုင်ပါသည်။

အကျိုးပေးဂဏန်း…1/4/8

အထူးဟော…ကံမြင့်မားနေမည်။

ယတြာ….အာလူးကြော် မိတ်ဆွေတစ်ခုကိုဝယ်ကျွေးလိုက်ပါ။

ကြာသပတေး

ယခုကာလအတွင်း စိတ်ထဲရှိနေတဲ့အတွေးတွေက လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ် ။ဝန်ထမ်း လခစားများ နေရာ ကောင်းရခြင်း၊ပညာအသစ်တွေသင်ရခြင်းမျိုးတွေကြုံရလိမ့်မယ်။ လူလိမ်၊ လူကောက်များကို ဖေါ်ထုတ်ဖြေရှင်းနိုင်မည်။

ပိုင်ဆိုင်မှုကိစ္စအတွက် စကားပြောဆိုမှုများ အဆင်ပြေမည်။ အများကိစ္စ၊ အဖွဲ့အစည်း ကိစ္စများ တာဝန်ယူဆောင်ရွက်ရခြင်းများ ရှိနေမည်။ ကာလရှည်ကြာ ဝေးကွာနေသော မိတ်ဆွေများနှင့် ပြန်လည် ဆုံစည်းရမည်။ကုန်ထား တဲ့ငွေရစရာရှိတဲ့ငွေပြန်ဝင်လာတတ်ပါတယ်။

ကားဝယ်ခြင်း၊ကားရောင်းခြင်း၊ အလဲ အထပ် လုပ်ခြင်းတွေဒီလိုနေ့တွေမှာဆောင်ရွက်လို့ကောင်းပါတယ်။၂/၄/၈ဂဏန်းများများပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။သူတစ်ပါးကငွေ၊ပစ္စည်း၊လက်ဝတ်ရတနာတွေလာအပ်ရင်လက်မခံပါနဲ့။

မိမိလာဘ်ပိတ်သွားတတ်ပါတယ်။ မိသားစု ပြဿနာများ မောင်နှမသားချင်းရေးရာ ပြဿနာများ၊ မိတ်ဆွေအပေါင်းအသင်း များနှင့်ဆိုင်သော ပြဿနာ များ မိမိက ဦးဆောင်ပါဝင်၍ ဖြေရှင်းပေးရ ပေလိမ့်မည်။ ကျန်းမာရေးနဲ့ပက်သက်ပြီးအားရစရာကောင်းပါ တယ်။

ပညာအသစ်တွေသင်ယူလို့အထူးကောင်းပါတယ်။ စိတ်အပန်းပြေစေမဲ့ ကိစ္စတွေကိုလဲ ကြုံရပါလိမ့်မယ်။ အချစ်ရေး တွင် ချစ်သူကမိမိအပေါ် နားလည်ပေးဖို့မလွယ်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာပျော်ရွှင်ရတတ် ပါတယ်။

အကျိုးပေးဂဏန်း…2/4/5

အထူးဟော…..ငွေကံကောင်းနေတတ်သည်။

ယတြာ…၂၄ပစ္စည်း သက်စေ့ရွတ်ပွားပါ။

သောကြာ

ယခုကာလအတွင်း လူမျိုးခြား၊ဘာသာခြားနှင့်မင်းစိုးရာဇာတို့နှင့်ဆက်နွယ် သောအလုပ်များလုပ်ကိုင်ရ တတ်ပါ တယ်။ ရှယ်ယာအလုပ်များအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းရှင်များ မေတ္တာစိတ်နဲ့သဘောထားကြီး ကြီး ဆောင်ရွက်လုပ်ကိုင်ပါ။

ခရီးကိစ္စတွေရှိရင်တော့ ကောင်းသော ခရီးပါပဲ။ ပစ္စည်းများ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ် သည်။ ဆုံးရှုံးမှုများ ကြီးမားလာရတတ်သည်။ အိုး၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ကိစ္စများ သတိနှင့် ဆောင်ရွက် ရမည်။

စာရွက်စာတမ်းများ၊ အတုအယောင်များ၊ အမွေဆက်ခံမှု အရှုတ်အထွေးများ ဖြစ်တတ်သည်။ ရုံးရောက်၊ ဂါတ်ရောက် အမှုအခင်းဖြစ်သူများအား လိုက်လံအာမခံ၍ ကူညီ ဆောင်ရွက် ဖြေရှင်းပေးရမည်။

နေအိမ်တွင် အလိုက်မသိသော ညအိပ်၊ ညနေ ဧည့်သည်များ ရောက်ရှိလာတတ်သည်။လုပ်လက်စအလုပ် တွေအပြင် ထပ်ချဲ့တာ မျိုးတွေက အဆင်မပြေဖြစ်ရတတ်ပါတယ်။မည်သည့်ကိစ္စမဆို တစ်ယူသန်၊တစ်ဇွတ်ထိုးမ လုပ်ဘဲ မိဘဆရာတွေနဲ့ တိုင်ပင်ပြုလုပ်တာကစိတ်ချမ်းသာရလိမ့်မယ်။

အချစ်ရေးတွင်ချစ်သူ၊ ခင်သူ၊ သံယောဇဉ် ရှိသူ များနှင့် စကား များရမည်။ ပဋိပက္ခဖြစ်တတ်သည်။ လူမှုရေး အရှုတ်အထွေးများ ကြုံမည်။ အိမ်ထောင်ရေးတွင် သတိကြီးစွာ ထား၍ ပြောဆို လုပ်ကိုင်ပါမှသာ အစစအရာရာ အဆင်ပြေပေလိမ့်မည်။

အကျိုးပေးဂဏန်း…3/5/8

အထူးဟော…ကံအညံ့လေးတွေရောပါနေတတ်ပါတယ်။

ယတြာ….ဂုဏ်တော်ကွန်ချာကို ရသလောက်နေ့စဉ်ရွတ်ပွားပါ။

စနေ

ယခုကာလများအတွင်း သင်သည် ကျန်းမာရေးအညံ့များ ကြုံမည်။ သူတစ်ပါးအပေါ်၊ အားနာမှု၊ စာနာ သနား မှု၊ ယုံစားလွယ်မှုတို့အပေါ် အခွင့်ကောင်းယူသော သူများနှင့် ဆုံတွေ့နေရမည်။

မောင်နှမသားချင်း ပြဿနာများကို လိုက်လံဖြေရှင်းဆောင်ရွက်ပေးရလိမ့်မည်။ တစ်ဦးထက်မကသော အချစ်ရေး ကိစ္စများ၊ အရှုတ်အထွေးကိစ္စများ ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကိန်းများ ကြုံမည်။

သံယောဇဉ်မထားသင့်သူကို ထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ် ချက်မှားခြင်းများ ကြုံတွေ့ရနိုင်ပါသည်။ဆီးနှင့် ဆိုင်သော ဝေဒနာများ ခံစားရတတ်ပါသည်။ မိမိစိတ်တိုင်းကျ လုပ် ပိုင် ခွင့် ရရှိခြင်းများကြောင့် မိမိအရည်အချင်းကို ပြသခွင့်များ အပြည့်အဝ ရရှိလာပါ လိမ့်မည်။

အရာရာတိုင်းအပေါ် တွင် အားရကျေနပ်မှုများ ရှိနေမည်။ လျှပ်စစ်နှင့် လုပ်ကိုင်ရသော စက်မှုလုပ်ငန်း များမှ မတော်တဆ ထိခိုက်မှု၊ ဝါယာရှော(ခ်) ဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ သတိထားသင့်ပါသည်။

ရရန်ရှိသော အကြွေးဟောင်းများ ပြန်လည်ရရှိတတ်ပါသည်။ သိနေသော ကိစ္စတို့ကို မသိချင်ဟန်ဆောင်ပါ။ ပြောလိုသောစကားအချို့ကို မျိုသိပ်ခြင်း ပြုပါ။ ဘာသာရေး၊ ပညာရေး ရည်ရွယ်ထားသည့်ကိစ္စများ အောင်မြင်မည်။

အိမ်ထောင်ရေး၊အိမ်တွင်းရေး သာယာ အဆင်ပြေ ပါလိမ့်မယ်။ သားသမီးအတွက်စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း…4/6/0

အထူးဟော….ကံသင့်ပါတယ်။

ယတြာ…သံပုရာရည် ဘုရားကပ်လှူပူဇော်ပါ။

ငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသန

Leave a Comment