ညီမေလး…အိမ္ေထာင္ျပဳဖို႔ ဆုံးျဖတ္ ေတာ့မယ္ဆိုရင္ ဒီစာကို ဖတ္ျဖစ္ေအာင္ ဖတ္သြားပါ

ညီမေလး ….အိမ္ေထာင္ျပဳဖို့ ဆုံးျဖတ္ေတာ့မယ္ဆိုရင္

(1) စာတတ္တဲ့ေယာက္ထက္ စာနာစိတ္ရွိတဲ့ေယာက္်ားကိုသာေရြးခ်ယ္ပါ ။တစ္မိုးေအာက္ထဲ အတူေနထိုင္မဲ့သူဆိုတာကိုယ့္ခံစားခ်က္ကို စာနာစိတ္နဲ႔ၾကည့္ျမင္တတ္သူ ျဖစ္ေနဖို့သိပ္လိုအပ္တယ္ ။

(2) ပညာတတ္သူထက္ ၾကင္နာစိတ္ရွိသူကိုသာေရြးခ်ယ္ပါ ။ကိုယ့္ဘဝတစ္သက္တာလုံး အနီးဆုံးမွာရွိေနမဲ့သူဟာကိုယ့္ရဲ့လိုအပ္ခ်က္ေတြကို ၾကင္နာတတ္တဲ့စိတ္နဲ႔ေဖးမနိုင္သူျဖစ္ဖို့ သိပ္လိုအပ္ပါတယ္ ။

(3) ေငြခ်မ္းသာသူထက္ စိတ္ထားရိုးေျဖာင့္သူကိုသာေရြးခ်ယ္ပါ ။ဘဝတစ္ေလၽွာက္လုံး ေအးအတူပူအမၽွလက္တြဲထားရမဲ့သူဟာ ကိုယ့္လိုအပ္ခ်က္ေတြကိုေငြနဲ႔ျဖည့္ဆည္းေပးနိုင္႐ုံနဲ႔ မရဘူးဘယ္အရာမွာမဆို ပြင့္လင္းရိုးသားစြာနဲ႔ ဆက္ဆံေရးကသာႏွစ္ဦးႏွစ္ဖက္ အၿငိဳးကင္းေစတဲ့ လက္နက္ျဖစ္တယ္ ။

(4) ဂုဏ္ရွိသူထက္ ျပဳံးရယ္နိုင္ေစသူကိုသာေရြးခ်ယ္ပါ ။လူ႔ဘဝဆိုတာ ေရလွိုင္းလိုပဲ အနိမ့္အျမင့္ရွိတယ္ကိုယ့္အရိပ္အျဖစ္ ခိုလွုံေနရသူဟာဘယ္လိုအခက္ခဲေတြနဲ႔ၾကဳံလာပါေစမားမားမတ္မတ္ရပ္တည္ေပးၿပီး ျပဳံးရယ္နိုင္ေစသူျဖစ္ဖို့အဓိက က်တယ္ ။

(5) ႐ုပ္ေခ်ာသူထက္ အသိုင္းဝိုင္းသန္႔ရွင္းသူကိုသာေရြးခ်ယ္ပါ ။မတူညီတဲ့အသိုင္းဝိုင္းႏွစ္ခု ေပါက္ဖြားလာသူေတြတစ္ဘဝအတူလက္တြဲၿပီး တစ္မိုးေအာက္ထဲေနဖို့ဆိုတာပတ္ဝန္းက်င္ပါလာသလို ႏွစ္ဖက္အသိုင္းဝိုင္းဆိုတာလည္းအိမ္ေထာင္စုတစ္ခုရဲ့ တစ္စိပ္တစ္ေဒသမွာပါဝင္ပါတ္သက္ေစပါတယ္ ။ကိုယ့္ဘဝကို တစ္သက္တာေပးအပ္ထားရမဲ့သူဟာက္ိုယ္ႏွုတ္အမူအယာ ယဥ္ေက်းၿပီးမိမိသိကၡာကို တန္ဖိုးထားတတ္သူျဖစ္ဖို့ အေရးႀကီးဆုံးပဲ ။

(6) ဥစၥာျပည့္စုံသူထက္ နားလည္မွုရွိသူကိုသာေရြးခ်ယ္ပါ ။ကိုယ့္ရဲ့အနီးဆုံးမွာေနတဲ့သူဆိုတာ မေတာ္တဆအမွားေတြအေပၚ ဒါမွမဟုတ္ မိမိအသိုင္းဝိုင္းနဲ႔ဆက္ဆံေရးမွာ သေဘာထားႀကီးၿပီးနားလည္မွုရွိသူျဖစ္ဖို့လည္း လိုအပ္ပါတယ္ ။

တကယ္ေတာ့ အိမ္ေထာင္ျပဳျခင္းဆိုတဲ့အရာကိုက်ဴးလြန္ၿပီးသြားရင္ ေယာက္်ားေလးျဖစ္ေစမိန္းကေလးျဖစ္ေစ လက္ရွိတန္ဖိုးထက္ေတာ့က်ဆင္းသြားရတာပါပဲ ။

အိမ္ေထာင္သည္ဘဝေရာက္သြားၿပီးရင္မိန္းမသားေတြက ေယာက္်ားသားေတြထက္မိမိကိုယ္ပိုင္အခြင့္အေရးေတြ ၊ထိန္းခ်ဳပ္ခံရတာေတြပိုလာသလို ၊မိမိျဖစ္ျခင္တဲ့အခြင့္အေရးေတြမ်ားစြာ ေပးဆပ္လိုက္ရပါတယ္။

ဒါေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္လို့ ဆုံးျဖတ္လိုက္ရင္လူတစ္ေယာက္ကို အေပၚယံတင္ ဆုံးျဖတ္တာမ်ိဳးေရွာင္က်ဥ္ပါ ။အခ်ိန္ေပးၿပီးေလ့လာပါ ။

လူတစ္ေယာက္ရဲ့စိတ္ဓာတ္ကို သိဖို့ အခ်ိန္ၾကာၾကာေစာင့္ၾကည့္ဖို့ မလိုအပ္ပါဘူး ။သတိႀကီးႀကီးနဲ႔ေစာင့္ၾကည့္ၾကည့္လိုက္ပါလူတစ္ေယာက္ရဲ့မေနာဆိုတာမထင္မွတ္တဲ့အရာေတြကေနအေျဖေတြေပၚလာတတ္ပါတယ္။

တစ္သက္တာစိတ္ခ်မ္းသာခ်င္ရင္လူေရြးမမွားဖို့အတြက္တခါတရံေတာ့ မ်က္ရည္ေတြလည္းရင္းႏွီးလိုက္ပါ ညီမေလး။May Noe

Unicode Version

ညီမလေး ,,,အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်

(1) စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ ။တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။

(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာနှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။

(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိက ကျတယ် ။

(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်းအိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာက်ိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။

(6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။

အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောက်ျားသားတွေထက်မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို ၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။

ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။အချိန်ပေးပြီးလေ့လာပါ ။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး ။သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါလူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။

တစ်သက်တာစိတ်ချမ်းသာချင်ရင်လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး။May Noe