ဆီးသွားများခြင်း
unicode
အညာမှာ မရမ်းပေါတဲ့ ဒီအပင်က ဒီလောက်အထိ စွမ်းသတဲ့လား
ဆီးချို၊ သွေးချို (Diabetes)နှင့် ဗောက်ပင်အစွမ်း
ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲတွင် အချိုဓါတ်များ ခြင်း ဖြစ်ပါသည်။
သွေးထဲက နေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။
အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမဟုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။
ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
ရေငတ်ခြင်း၊ အာခြောက်ခြင်း
ဆီးသွားများခြင်း
ညဘက်ဆီးခဏခဏ ထသွားရခြင်း
ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း
သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း
အမြင်အာရုံမကောင်းတော့ခြင်း၊ဝေ ဝါးလာခြင်း
မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း
ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း
စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း
ဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ K
သကြားဓါတ် စစ်ဆေးခြင်း
သွေးတွင်း သကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ အောက်ပါ အချက်တွေ ရှိမယ်ဆိုရင် ဆီးချို ရှိမရှိ အတည်ပြုနိုင်ပါတယ်။
သတိပြုရန် အချက်က ဆီးချို ရှိမရှိ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။
အကြောထဲက သွေးကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။
အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေက နည်းနည်း အမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေး ရပါတယ်
ဆီးချို သွေးချို ရောဂါကို ဒိဌပျောက်တဲ့ ဗောက်ပင်အစွမ်း အံ့မခမ်း
လမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ။
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်ချိုပါတယ် ကလေးတွေကြိုက်ကြတယ်။
ထူးခြားတာက ဗောက်ပင်တပင်လုံးကို ပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကိုရေစင်ကြယ်အောင်ဆေးကြောပြီး အိုးသန့်သန့်မှာထည့် ရေမက်ခွက်၃ခွက်ထည့်ပါ …
ရေ တစ်ခွက်စာကျန်သည့် တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီးတစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါက ဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာပျောက်ကင်းစေပါတယ်။
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါး တာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများအတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်။
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ….။
Original- myo myo min / Via- aungkokohtet