အေရခြံ ဘယ္ေလာက္လဲလဲ ေႁမြဆိုတာ တီျဖစ္မသြားဘူး (မိန္းကေလးတိုင္း ဖတ္ၾကည့္ေစခ်င္ပါသည္)

ညိီမေလးသို႔ (မိန္းကေလးတိုင္းဖတ္ၾကည့္ေစခ်င္ပါသည္

သတိထား ညီမေလး …..အေရခြံ ဘယ္ေလာက္လဲလဲ ေႁမြဆိုတာ တီျဖစ္မသြားဘူး ။ေျပာင္းလဲတဲ့ ေလာကႀကီးမွာ လိုက္ဖက္ညီေအာင္ အေရာင္ေျပာင္းေနရင္ ပုတ္သင္ညိဳ သာသာ ျဖစ္ေတာ့မွာေပါ့….။

ပတၱျမားမွန္တယ္ဆိုတိုင္း ႏြံထဲဝင္မႈိင္ျပစရာလားကြယ္….။ေျခေဆးမခံရေအာင္ အိုင္ထဲထိုင္မယ့္အစား ေရသန္႔လို႔ တံဆိပ္ကပ္ႏိုင္ရင္ တန္ဘိုး တက္လာပါလိမ့္မယ။္အိမ္နဲ႔ ေဝးတိုင္းလဲ အားငယ္စိတ္မပ်က္ပါနဲ႔….။

အေမာေျပ ေရတစ္ခြက္ အိမ္ေျပးေလးအတြက္တဲ့….အေမ ေန႔တိုင္းခပ္ထားတယ္ ညီမေလး…..။စဥ္းစားရတယ္ဆိုတာ မိန္းကေလးတိုင္းရဲ႕သမိုင္းေပးတာဝန္ ….အ႐ိုးဆို ၾကည့္ေရွာင္ ရမယ္ေလ…..။ကိုယ္က ခဏတာ ဝါးမယ့္ သြားမဟုတ္ဘူး။

စကားခလုတ္ေတြ ဘယ္ေလာက္ တိုက္တိုက္ ကိုယ့္ကိုယ္ကို မထိခိုက္ဖို႔က ပိုအေရးႀကီးတယ္။တကယ္ေတာ့ ဟင္းဂ်ီးမ်ားတယ္ဆိုတာ အစားေကာင္းစားရတဲ့ သူေတြကို သမုတ္တဲ့အမည္သက္သက္ပါ ညီမေလး…..။

ခ်စ္တာေတာ့ ခ်စ္ပါ…..ျပန္ျပင္လို႔မရတဲ့ အခြင့္အေရးေတာ့မေပးမိပါေစနဲ….။႔ဘဝနဲ႔ရင္းတဲ့ လက္ေရးအတြက္ ဖ်က္ေဆးမရွိဘူး။ဘဝရဲ႕ အစိတ္အပိုင္းေလးတစ္ခုအတြက္ စိတ္႐ိုင္းမေမြးမိပါေစနဲ႔….။မွတ္ပုံတင္ထ ဲျပန္ၾကည့္ပါ ….။

ညီမေလး ကိုးကြယ္စရာမွာ အခ်စ္မဟုတ္ဘူးေလ ….ညီမေလးေရ အခ်စ္ဦးသူ လြဲဖူးသူ ခ်စ္တဲ့သူတိုင္း ေပါင္းစပ္ခြင့္ မရသူေတြဟာ အိမ္ေရွက ေခရပြင့္ေတြ ေႂကြသေလာက္ရွိတယ္….။

အသဲကြဲတယ္ဆိုၿပီး ဘီယာေသာက္ ေလာကႀကီးကို ေမွာက္ပစ္တတ္တာ ပညာမဲ့သူေတြ သက္သက္ေပးတဲ့ဆင္ေျခတစ္ခုပါ…။မုန္တိုင္းထဲမွာလဲ ေအာက္ဆီဂ်င္ ပါပါတယ္ေလ…..နည္းတယ္အထင္နဲ႔ ႐ြက္ကိုေတာ့ ျပင္းျပင္း မလြင့္လိုက္ပါနဲ႕…။

တည္ၿငိမ္ျခင္းဆိုတာ မိန္းကေလးအိေျႏၵေလ တန္ဘိုးသိတဲ့သူက တန္ဘိုးထားလာပါလိမ့္မယ္….။ကိုယ္ကသာ ရတနာတစ္ပါးျဖစ္ပါေစ ….။ညီမေလးေရ ညီမေလးေရ ေယာက္်ားဆိုတာ ဧကရာဇ္ဘုရင္ပဲျဖစ္ျဖစ္ နန္းက်ဘုရင္ပဲျဖစ္ျဖစ္ ေျမႇာက္စားတာ ခံခ်င္ၾကတယ္။

က်ားႀကီးရဲ႕ဆရာျဖစ္ဖို႔ဆိုတာ ေၾကာင္တစ္ေကာင္လို ညင္သာတတ္မွျဖစ္မယ္….။ကမာၻေက်ာ္တဲ့ စစ္သူရဲတစ္ေယာက္ေတာင္ အေျပာခ်ိဳတဲ့ အအိုေခ်ာေၾကာင့္ ကမာၻတစ္ဝက္ကို တက္သိမ္းဖူးတယ္ေလ….။

ေလယူရာ တိမ္းတတ္တဲ့ ပန္းပင္ဟာ ဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္မက်ိဳးဘူး။ပုခက္လြဲေသာလက္ဟာ ကမာၻကို အုပ္စိုးႏိုင္တယ္ဆိုတဲ့ေနာက္မွာ ခ်ိဳေသာစကားေျပာတတ္တဲ့ ႏႈတ္ခမ္းတစ္စုံလိုတယ္ညီမေလး …။

ညီမေလးေရ ရင္ေဘာင္တန္းတယ္ဆိုတိုင္း ေျခရာေတာ့လိုက္မတိုင္းေလနဲ႔ …။ေၾကာင္ဘယ္ေလာက္ ေျခရာႀကီးႀကီး က်ားႀကီးကိုေတာ့ ဘယ္မွီမလဲ ….အသားစား သတၱဝါခ်င္းတူေပမယ့္ စကားအဆိုသာ ေၾကာင္က ဆရာျဖစ္တာ….။

က်ားဆိုတာ ေၾကာင္သားလဲ စားခ်င္စားမွာေလ…..သဘာဝ ေဘးဆိုတာ သဘာဝေတြ ဆန္႔က်င့္လို႔ျဖစ္ရတာ …..နစ္နာျခင္းမရွိရေအာင္ ေဘာင္အတြင္းကသာ မိန္းမဆန္ပါညီမေလးေရ…..။ညီမေလးေရ စာမ်ားမ်ားဖတ္ၿပီး ေဝဖန္ဆုံးျဖတ္ႏိုင္ပါေစ….။

ဖတ္ပါ …မွတ္ပါ …..ေလ့လာပါ…..အစြန္းတဖက္ေတာ့ မေရာက္ေစနဲ႔….။စာေပဆိုတာ လူဘဝအတြက ္အလင္းစက္ တစ္ခုေပါ႕ညီမေလးေရ …..။သစ္႐ြက္ေတြ ေႂကြ႐ုံနဲ႔ေတာ့ သစ္ပင္ႀကီး မေသပါဘူး။ၾကယ္ေလးေတြ ေႂကြ႐ုံနဲ႔လည္း ေကာင္းကင္ႀကီးမေသပါဘူး။

ပန္းပု တစ္႐ုပ္လွဖို႔ဆိုတာ ထြင္းထုတ္လိုက္ရတဲ့ အသားေတြ ရွိတတ္စၿမဲပဲေလ…..။လဲလို႔သာ ျပန္မထၾကရင္ လူဆိုတာ တြားသြားသတၱဝါျဖစ္ကုန္မွာေပါ့….။အားမေလ်ာ့ပါနဲ႔….။သြားတဲ့သူအတြက္ လမ္းရွိပါတယ္….။

အတိတ္ဆိုတာ ခ်ခင္းထားတဲ့ ေကာ္ေဇာတစ္ခ်ပ္သာမို႔ ခပ္နာနာတစ္ခ်က္နင္းၿပီး အနာဂတ္ကို စိတ္နဲ႔ပစ္ခြင္းလိုက္ပါ…….။orginal writer

unicode

ညီမလေးသို့ (မိန်းကလေးတိုင်းဖတ်ကြည့်စေချင်ပါသည်

သတိထား ညီမလေး …..အရေခွံ ဘယ်လောက်လဲလဲ မြွေဆိုတာ တီဖြစ်မသွားဘူး ။ပြောင်းလဲတဲ့ လောကကြီးမှာ လိုက်ဖက်ညီအောင် အရောင်ပြောင်းနေရင် ပုတ်သင်ညို သာသာ ဖြစ်တော့မှာပေါ့….။

ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်….။ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား ရေသန့်လို့ တံဆိပ်ကပ်နိုင်ရင် တန်ဘိုး တက်လာပါလိမ့်မယ။်အိမ်နဲ့ ဝေးတိုင်းလဲ အားငယ်စိတ်မပျက်ပါနဲ့….။

အမောပြေ ရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့….အမေ နေ့တိုင်းခပ်ထားတယ် ညီမလေး…..။စဉ်းစားရတယ်ဆိုတာ မိန်းကလေးတိုင်းရဲ့သမိုင်းပေးတာဝန် ….အရိုးဆို ကြည့်ရှောင် ရမယ်လေ…..။ကိုယ်က ခဏတာ ဝါးမယ့် သွားမဟုတ်ဘူး။

စကားခလုတ်တွေ ဘယ်လောက် တိုက်တိုက် ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်။တကယ်တော့ ဟင်းဂျီးများတယ်ဆိုတာ အစားကောင်းစားရတဲ့ သူတွေကို သမုတ်တဲ့အမည်သက်သက်ပါ ညီမလေး…..။

ချစ်တာတော့ ချစ်ပါ…..ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့မပေးမိပါစေနဲ….။့ဘဝနဲ့ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေးမရှိဘူး။ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့….။မှတ်ပုံတင်ထ ဲပြန်ကြည့်ပါ ….။

ညီမလေး ကိုးကွယ်စရာမှာ အချစ်မဟုတ်ဘူးလေ ….ညီမလေးရေ အချစ်ဦးသူ လွဲဖူးသူ ချစ်တဲ့သူတိုင်း ပေါင်းစပ်ခွင့် မရသူတွေဟာ အိမ်ရှေက ခေရပွင့်တွေ ကြွေသလောက်ရှိတယ်….။

အသဲကွဲတယ်ဆိုပြီး ဘီယာသောက် လောကကြီးကို မှောက်ပစ်တတ်တာ ပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ…။မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင် ပါပါတယ်လေ…..နည်းတယ်အထင်နဲ့ ရွက်ကိုတော့ ပြင်းပြင်း မလွင့်လိုက်ပါနဲ့…။

တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေ တန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်….။ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ….။ညီမလေးရေ ညီမလေးရေ ယောက်ျားဆိုတာ ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ် နန်းကျဘုရင်ပဲဖြစ်ဖြစ် မြှောက်စားတာ ခံချင်ကြတယ်။

ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ ကြောင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်….။ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင် အပြောချိုတဲ့ အအိုချောကြောင့် ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေ….။

လေယူရာ တိမ်းတတ်တဲ့ ပန်းပင်ဟာ ဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူး။ပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ ချိုသောစကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ်ညီမလေး …။

ညီမလေးရေ ရင်ဘောင်တန်းတယ်ဆိုတိုင်း ခြေရာတော့လိုက်မတိုင်းလေနဲ့ …။ကြောင်ဘယ်လောက် ခြေရာကြီးကြီး ကျားကြီးကိုတော့ ဘယ်မှီမလဲ ….အသားစား သတ္တဝါချင်းတူပေမယ့် စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ….။

ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ…..သဘာဝ ဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ …..နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါညီမလေးရေ…..။ညီမလေးရေ စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ….။

ဖတ်ပါ …မှတ်ပါ …..လေ့လာပါ…..အစွန်းတဖက်တော့ မရောက်စေနဲ့….။စာပေဆိုတာ လူဘဝအတွက ်အလင်းစက် တစ်ခုပေါ့ညီမလေးရေ …..။သစ်ရွက်တွေ ကြွေရုံနဲ့တော့ သစ်ပင်ကြီး မသေပါဘူး။ကြယ်လေးတွေ ကြွေရုံနဲ့လည်း ကောင်းကင်ကြီးမသေပါဘူး။

ပန်းပု တစ်ရုပ်လှဖို့ဆိုတာ ထွင်းထုတ်လိုက်ရတဲ့ အသားတွေ ရှိတတ်စမြဲပဲလေ…..။လဲလို့သာ ပြန်မထကြရင် လူဆိုတာ တွားသွားသတ္တဝါဖြစ်ကုန်မှာပေါ့….။အားမလျော့ပါနဲ့….။သွားတဲ့သူအတွက် လမ်းရှိပါတယ်….။

အတိတ်ဆိုတာ ချခင်းထားတဲ့ ကော်ဇောတစ်ချပ်သာမို့ ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ…….။orginal writer