မိေအး တဟင့္ဟင့္ရႈိက္ေနေလသည္..။ မ်က္ရည္မ်ားစိမ့္ျဖာေဝ့ဝဲ၍ဘဝကိုအစားခံလိုက္ရသလို..တလႈိက္လႈိက္ဖိုငင္ေနသည္။
“သမီး ဘဝေတာ့ ပ်က္ပါၿပီ အေမရယ္”
“ညည္းကို ေမးေနတယ္ ဘယ္သူနဲ႔လဲလို႔”
“ဟင့္အင္း ဟင့္အင္း” မိေအး ေခါင္းကိုသာ တြင္တြင္ခါရမ္းေနေလသည္။
အေမျဖစ္သူ ေဒၚျမသစ္ ေျခမကိုင္လက္မကိုင္ မိျဖစ္ေနေလသည္..။ေတာသူေတာင္သား.. ႐ိုးသားတဲ့သူတို႔သားအမိေလးမွာ..အခုလို. ၾကမၼာငင္လာရတယ္လို႔..။
“ဒီမွာ မိေအး ညည္းဒီလိုငိုေနလို႔မၿပီးဘူး.. ကာယကံရွင္ကဘာတဲ့လဲ ညည္းကို.. တာဝန္မယူႏိုင္ဘူးတဲ့လား..”
“ဟင့္အင္း အေမ..သူ သိေတာင္မသိေသးဘူး”
“ဟင္..ဟုတ္လား ေျပာေျပာသမီး.. ဘယ္သူလဲ အေမ ေကာင္ေလးနဲ႔ေတြ႕ၿပီး.. ဒီကိစၥတာဝန္ယူေပးေအာင္ ညႇိႏႈိင္းေပးမယ္ ….
အေမတို႔ သားအမိအရွက္တကြဲအက်ိဳးနည္း မျဖစ္ခင္ေလး..”
“ဟင့္ ဟင့္ ဟီးအဟီး..” မိေအး ငိုသာငိုေနေလေတာ့သည္။
“ငိုေနလို႔ မၿပီးဘူးသမီး အေမတို႔သားအမိ ဒီ႐ြာေလးမွာ ပန္းစိုက္ေရာင္းၿပီး.. ႐ိုး႐ိုးသားသားေနလာခဲ့တာ….
မုဆိုးမသမီးဆိုၿပီး အႏိုင္က်င့္တာေတာ့.. အေမမခံဘူး သမီးေရွ႕မွာအေမရွိတယ္:”
မိခင္ရဲ႕ရင္နင့္သံနဲ႔ေျပာစကားေၾကာင့္.. မိေအးရင္ထဲ လႈိက္ကနဲဝမ္းနည္းသြားၿပီး….ရႈိက္ႀကီးတငင္ငိုေႂကြးေလေတာ့သည္..။
ၿပီးမွ…တိုးလႊလႊအသံေလးနဲ႔… “အဟင့္ ဟင့္ ဟိုဟို..ဆရာေလး.. ကိုပင္ကို.”
“ဘာ ဘယ္လို..” ေဒၚျမသစ္မ်က္လုံးျပဴးသြားသည္..။ရင္ဘတ္လက္ေလးဖိၿပီးယူက်ိဳးမရျဖစ္သြားေလသည္။
ဆရာေလးကိုပင္ကိုဆိုတာ.. သူတို႔႐ြာေလးကို ၿမိဳ႕ကစာလာသင္ေပးေန ေသာ ေက်ာင္းဆရာေလးျဖစ္သည္..။
႐ြာရဲ႕ပရဟိတေတြအသင္းေလးထူေထာင္ ေပးၿပီး သာေရးနာေရးမ်ားကိုဦးေဆာင္လမ္း ျပေဆာင္႐ြက္ေပးတဲ့သူ..၊
ေခတ္နဲ႔အဆက္ ပ်က္ေနေသာသူတို႔႐ြာေလးကို အစစအရာ ရာ မ်က္စိဖြင့္အလင္းျပသူ.၊တစ္႐ြာလုံး.. ေလးစားၾကည္ညိဳအားထားရသူ၊..
ထိုအထဲတြင္..ေဒၚျမသစ္လည္းပါသည္ေလ.၊ ဆရာေလးရဲ႕ေစတနာအနစ္နာ ႐ြာအေပၚ ထားတဲ့ေမတၱာ….
သက္ႀကီး႐ြယ္အိုမ်ားကို.. ႐ိုေသကိုင္႐ိုင္းတက္တဲ့လူလိမၼာသားေလးဆို ၿပီး ၾကည္ညိဳခ်စ္ခင္ေလးစားခဲ့ေလသည္..။
ထို႔ေၾကာင့္ပင္ ပန္းေရာင္းၿပီးအသက္ေမြးတဲ့ သူတို႔သားအမိအေနနဲ႔ဆရာေလးကိုေလးစား ၾကည္ညိဳလို႔ ၊
႐ြာကေပးေနထားတဲ့ အိမ္ေလးမွာ တစ္ကိုယ္တည္းေနတဲ့ ဆရာေလး အိမ္ကို ၊သမီးျဖစ္သူမိေအးကိုမနက္တိုင္း.. ဘုရားပန္းလဲေပး၊
အိမ္သန႔္ရွင္းေပး၊အဝတ္ ေလ်ာ္ေပးဖို႔ေစလႊတ္ခိုင္းခဲ့သည္..။ ဆရာေလးကေငြေၾကးယူဖို႔ေျပာေပမယ့္မယူ ခဲ့ဘူး..၊
ဒါကိုေက်းဇူးတုန႔္ျပန္တဲ့အေနနဲ႔.. ဆရာေလးၿမိဳ႕ကိုသြားတိုင္းျပန္လာရင္.. ေဒၚျမသစ္အတြက္ေဆးဝါးေလးေတြ၊
မိေအး အတြက္အက်ႌလုံခ်ည္ေလးေတြ အလ်င္းသင့္ သလို ဝယ္လာခဲ့ေပးေလသည္..။
အခုေတာ့ အခုေတာ့ အခုလိုလုပ္ရက္တယ္..၊ လုံးဝမထင္ထားတဲ့ေဒၚျမသစ္..စိတ္အႀကီး က်ယ္ဆိုးသြားသည္..။
“ဒါ ေဒါင္းေယာင္ေဆာင္တဲ့ေျမေခြးပဲ” စိတ္ထဲရွိသလိုေရ႐ြတ္လိုက္သည္..၊ ေဒါင္းေယာင္ေဆာင္ေသာက်ီးလည္းမဟုတ္….
“ဒီလိုမ်ိဳး လုပ္လို႔ဘယ္ရမလဲ လာမိေအး မုဆိုးမသမီးဆိုၿပီး ေျခေတာ္တင္တာ.. မခံဘူးေဟ့..လာခဲ့ ဒီကိစၥအျပက္ရွင္းမယ္”
ေဒၚျမသစ္ သမီးျဖစ္သူမိေအးလက္ကိုဆြဲၿပီး ဒေရာပါးထြက္လာခဲ့ေလသည္..။ ႐ြာလည္က အုပ္ခ်ဳပ္ေရးမႉးအိမ္သို႔…..အုပ္ခ်ဳပ္ေရးမႉးအိမ္ဝင္လိုက္ေတာ့..၊
ဝိုင္းအုံ ေနတဲ့လူအုပ္ႀကီးကိုေတြ႕ၿပီးဆရာကိုပင္ကို.. မ်က္လုံးျပဴးသြားသည္..၊လာေခၚတဲ့ဆယ္အိမ္ မႉးဧးသုရဲ႕ေျပာစကားအရ မိေအးမွာ….
သူ႔ကိုယ္ဝန္ လြယ္ထားရလို႔ ၊အုပ္ခ်ဳပ္ေရးမႉး ဆီလာတိုင္ေနတယ္တဲ့၊ကိုပင္ကို..မ်က္လုံး ျပဴးသြားသည္။
မိေအးဆိုတာ..မီးေကာင္ေပါက္ အ႐ြယ္ကေလးမေလး၁၆ ၁၇ႏွစ္အ႐ြယ္ေလး ႏွမေလးလိုသေဘာထားခဲ့သည္၊စိတ္နဲ႔ေတာင္ မျပစ္မွားဖူး၊
ဘယ္လိုေၾကာင့္မ်ား… “လာလာ ဆရာပင္ကို” သူလာေတာ့ အုပ္ခ်ဳပ္ေရးမႉးကမ်က္ႏွာမသာ မယာနဲ႔လွမ္းေခၚသည္၊
လူအုပ္ကရွဲေပးလိုက္ ေတာ့၊အုပ္ခ်ဳပ္ေရးမႉးစားပြဲေရွ႕မွာတရႈံ႕ရႈံ႕ငို ေနေသာမိေအး၊ေဘးမွာသူ႔ကိုမ်က္ေထာင့္နီ ႀကီးနဲ႔ၾကည့္ေနတဲ့ေဒၚျမသစ္… ”
ကဲဆရာ..မိေအးက သူ႔မွာ ဆရာနဲ႔ရတဲ့ ကိုယ္ဝန္ရွိေနၿပီးတဲ့..”
“ဟုတ္ကဲ့ အဲ မဟုတ္ကဲ့.. ေနပါဦးဗ်ာ မိေအးကိုကြၽန္ေတာ္ေမးပါရေစ”
“ဒီမွာဆရာ က်ဳပ္တို႔႐ြာသူကို စားၿပီးနားမလည္ မလုပ္ပါနဲ႔” ေဘးက ကာလသားေခါင္းမိုးေျပးကဝင္ေျပာ သည္..၊
“အာ စားၿပီးနားမလည္ လည္းမလုပ္ပါဘူး ဝါးၿပီးေထြးထုတ္လည္းမလုပ္ပါဘူး.. အခုဟာက ကြၽန္ေတာ္ကိုယ္တိုင္မသိလို႔ ေမးပါရေစလို႔..”
“ဟား ဒါကေတာ့ရွင္းပါတယ္ဗ်ာ.. မိေအးကဆရာ့အိမ္ကိုေန႔တိုင္းပန္းလာလဲေပး ေဝယာဝစၥလာလုပ္ေပးေနတာပဲ.. တစ္ေန႔ ဆရာမူးလာမယ္၊
မိေအးကဆရာ့အိပ္ ခန္းထဲသန႔္ရွင္းေရးဝင္လုပ္ေပးေနမယ္၊မူးလာတဲ့ဆရာက၊ဆရာေျပာေျပာေနတဲ့….ၿမိဳ႕ကဆရာ့ခ်စ္သူမွဲ႔နီေလးနဲ႔အျမင္မွားမယ္ ….
ၿပီးေတာ့ မိေအးကို ဟြာျပဳမိမယ္၊မိေအးက ရွက္လို႔ဘယ္သူ႔မွမေျပာပဲေနမယ္၊ဆရာကမူး ၿပီးအိပ္ေပ်ာ္သြားၿပီး၊ဘာမွမမွတ္မိေတာ့ဘူး၊
အဲ အခုက်အထုတ္အထည္ေပၚလာေတာ့ မိေအးက ေဖာ္လိုက္တယ္၊ဒါပဲေပါ့ဗ်..” ကာလသားေခါင္းမိုးေျပးကသူထင္ရာစြတ္ ေျပာေနေလသည္..။
“ဟာဗ်ာ ကြၽန္ေတာ္ကမနက္အေစာႀကီး.. မူးရမလားဗ် ၊ကြၽန္ေတာ္တစ္ခါတေလ ပဲေသာက္စားတက္တယ္၊
ဒါေတာင္႐ြာမွာ ဘယ္ေတာ့မွမေသာက္ဘူး၊ေက်ာင္းပိတ္ရက္ ၿမိဳ႕သြားတဲ့အခါ၊သူငယ္ခ်င္းေတြနဲ႔ေတြ႕မွ နည္းနည္းပါးပါးပါ၊
ၿပီးေတာ့ဒီကိစၥႀကီးျဖစ္တာ မမွတ္မိႏိုင္ေလာက္ေအာင္ႀကီးေတာ့.. ဟာ..မဟုတ္ေသးပါဘူးဗ်ာ”
“ေဟ့ေကာင္မိုးေျပး မင္းထင္ရာျမင္ရာေတြ စြတ္ေျပာမေနနဲ႔ကြ” အုပ္ခ်ဳပ္ေရးမႉးဝင္ဟန႔္လိုက္မွ၊႐ြာမွာအရပ္ ျပဇာတ္လုပ္ရင္အၿမဲဇာတ္ၫႊန္းေရးသူ၊
တစ္ေန႔ႏိုင္ငံေက်ာ္ဘတ္ဆဲလ္လားစာေရး ဆရာျဖစ္ရမယ္လို႔အၿမဲႀကဳံးဝါးေနတဲ့.. ကာလသားေခါင္းမိုးေျပး ပါစပ္ပိတ္သြားေလသည္။
အဲ့ေတာ့မွ..ဆရာပင္ကိုကေဒၚျမသစ္ ဘက္လွည့္ၿပီး… “အေဒၚ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ.. ဟို…”
“ဒီကိစၥ ေတာင္းပန္႐ုံၿပီးတဲ့ကိစၥမဟုတ္ဘူး.. ေက်ာင္းဆရာ..” ေဒၚျမသစ္ေဒါသနဲ႔ျပန္ေျပာသည္၊ေဒၚျမသစ္ အသံေၾကာင့္ဝိုင္းအုံေနတဲ့လူေတြဆီမွ အသံမ်ားႂကြတ္စိစိထြက္ေပၚလာေလသည္။
“ဟုတ္ကဲ့ပါအေဒၚ ဒီကိစၥကြၽန္ေတာ္ဟာ ေသခ်ာရင္၊မိေအးကိုတင့္ေတာင္းတင့္တယ္လက္ထပ္ယူပါ့မယ္၊ဒါေပမယ့္..ကြၽန္ေတာ္ ေမးပါရေစ ရွင္းေအာင္.”
“ဟုတ္တယ္ မိေအး အခုအေျခအေနေရာက္မွ ရွက္မေနနဲ႔ေတာ့ ဆရာေလးပင္ကိုအပါအဝင္အားလုံးရွင္းေအာင္ ဆရာေလးေမးတာ ေျဖလိုက္….
” အုပ္ခ်ဳပ္ေရးမႉးကဝင္ေျပာလိုက္ေတာ့.. မိေအးေခါင္းေမာ့ၾကည့္သည္.. “ကဲ ဆရာေမးပါ” ဆရာပင္ကို မိေအးဘက္ဘက္လွည့္ၿပီး..
“ညီမေလးမိေအး အခုညည္းကိုယ္ဝန္က ဆရာနဲ႔ပက္သက္တာဆိုရင္.. ဘယ္တုန္းက ဆရာနဲ႔ၿငိစြန္းခဲ့တယ္.. ေျပာျပပါ….
ဆရာတကယ္မမွတ္မိလို႔.. မရွက္နဲ႔ညီမ ဆရာသာမွန္ရင္အကုန္တာဝန္ ယူမွာပါ” ဆရာပင္ကိုအသံဆုံးေတာ့ မိေအးေခါင္းေမာ့ ၿပီး ….
“လြန္ခဲ့ႏွစ္လေလာက္က ဆရာၿမိဳ႕က ျပန္လာေနာက္ရက္..” မိေအးရဲ႕တိက်တဲ့အေျဖေၾကာင့္.အားလုံး.. “ဟင္”လို႔ ျဖစ္သြားသည္..။
ဆရာပင္ကိုလည္းျပန္စဥ္းစားလိုက္ေလသည္ ဟုတ္သည္ သူၿမိဳ႕ကိုေနာက္ဆုံးသြားခဲ့တာ လြန္ခဲ့တဲ့ႏွစ္လက သူမွတ္မွတ္ရရသိေနသည္
“ဟုတ္ၿပီး ဆရာမွတ္မိတယ္..အဲ့ေန႔က.. ဘယ္လိုက ဘယ္လိုစျဖစ္တာလဲ.. ေျပာျပပါ ညီမ..”
“အဲ့ေန႔က ကြၽန္မလာေတာ့ ဆရာအအေပါက္ ထဖြင့္ေပးတယ္ေလ..”
“အင္း ဟုတ္ၿပီ..မွတ္မိတယ္..”
“ဆရာကေျပာတယ္ေလ..ဆရာညကမွၿမိဳ႕က ျပန္လာတာ အေပါင္းသင္းေတြနဲ႔ေတြ႕လို႔ နည္းနည္းေသာက္လာတာ အမူးမက်လို႔…
ေက်ာင္းပိတ္ရက္မို႔ျပန္အိပ္လိုက္ဦးမယ္လို႔ ဆရာေျပာတယ္ေလ..”
“အင္း မွတ္မိတယ္ အဲ့ေန႔ကတနဂၤေႏြေန႔”
“အဲ့ဒါနဲ႔ကြၽန္မလည္းဘုရားပန္းလဲ.. အိမ္သန႔္ရွင္းေရးလုပ္ၿပီး..ဆရာ့အခန္းထဲက စားပြဲေပၚကပန္းအိုးလဲဖို႔အလာ..”
အားလုံးၿငိမ္သတ္ေနသည္..။စိတ္ဝင္စားခန္း ေရာက္ေနၿပီေလ… “အင္း”
“အဲ့ေတာ့ ဆရာကဆရာ့အခန္းထဲကုတင္ ေပၚမွာ အက်ႌမပါပဲအိပ္ေပ်ာ္ေနတယ္..”
“အင္း”
“ကြၽန္မလည္းရွက္ရွက္နဲ႔ဆရာ့ကိုမၾကည့္ပဲ ဆရာ့ကုတင္ေဘးကစားပြဲေပၚကပန္းအိုးေလး ယူၿပီး ပန္းအသစ္ လဲေပးတယ္ေလ..”
“အင္း”
“ပန္းအိုးျပန္ထားၿပီးဆရာႏိုးမွာစိုးလို႔.. ေျခဖြဖြေလးနဲ႔..ႀကိဳးတန္းကဆရာ့အဝတ္စား ေတြေလွ်ာ္ေပးဖို႔အယူ…ေနာက္ကဆရာက ေလ…
” အားလုံးနားေတြစြင့္ငန႔္လင့္ေနၾကေလသည္။ ဆရာပင္ကိုက… “အင္း ဆိုပါဦး အာ့အထိဆရာမသိဘူး..”
“ဆရာက ေနာက္ကေနၿပီး အိပ္ေနရင္းက လက္ယမ္းလိုက္တာ အခုဏကပန္းအိုးေလး ကိုထိမိၿပီး က်ကြဲသြားတယ္ေလ..”
လူေတြ စိတ္မရွည္သလိုျဖစ္လာသည္..။ “အဲ့ေတာ့..” “ကြၽန္မလည္း လန႔္ၿပီးေနာက္လွည့္ၾကည့္ ေတာ့ ပန္းအိုးကၾကမ္းျပင္မွာက်ကြဲ႕ေနတယ္ …
အခုဏက ကြၽန္မလဲေပးထားတဲ့ႏွင္းဆီပန္း ေလးေပၚကပ်ားေကာင္ေလးထပ်ံသြားတာ ေတြ႕လိုက္ရတယ္….
အဲ့မွာ ကြၽန္မဘဝေတာ့ သြားပါၿပီဆိုတာသိလိုက္ရၿပီး..မ်က္ႏွာကို လက္အုပ္ၿပီး ဆရာ့အိမ္ကေျပးထြက္ခဲ့တယ္”
“အန္..အာ့နဲ႔နင့္မွာကိုယ္ဝန္က..”
“ကိုယ္ဝန္ရွိေနၿပီဆိုတာ..ဒီေန႔မွသိလိုက္တာပါ ….မနက္က ကြၽန္မသြားတိုက္ေနရင္း ပ်ိဳ႕တက္လာၿပီး အန္တယ္ ….
အဲ့မွာ ကြၽန္မကိုယ္ဝန္ရွိေနၿပီဆိုတာ သိလိုက္တာ..”
“ဟာ..မဟုတ္ေသးပါဘူး..”
“ဘာမဟုတ္ေသးပါဘူးလဲဆရာ.. မိေအးကိုေတာသူဆိုၿပီးအထင္မေသးပါနဲ႔…ျမန္မာဗြီဒီယိုကားေတ ြၾကည့္ထားတာပါ…..
သူေဌးသားကမူးလာတယ္၊အိမ္ေဖာ္မေလးက သူေဌးသားအခန္းသန႔္ရွင္းေရးလုပ္ေနတယ္၊
ၿပီးရင္ ပန္းအိုးက်ကြဲတယ္၊ပန္းပြင့္ကိုပ်ားက နမ္းၿပီး ထပ်ံသြားတယ္၊ေနာက္ေတာ့.. အိမ္ေဖာ္မေလးပ်ိဳ႕အန္တယ္၊
ၿပီးရင္ကိုယ္ဝန္ ရလာေတာ့ သူေဌးသားကမယူႏိုင္ဘူး ျငင္းတယ္.၊ဆရာလည္းျငင္းမွာမလား.. သိပါတယ္..
မိေအးကိုကကံဆိုးတာပါ.. အရက္မူးမက်ဘူးဆိုကတည္းကလွည့္ျပန္ လာရမွာ..အခုေတာ့ သူ႔အခန္းထဲဝင္မိတယ္ ….
ပန္းအိုးကြဲတဲ့အဆင့္ကို ေရာက္ရတယ္.. ဟီး..” မိေအး ေျပာေျပာဆိုဆိုၿဗဲကနဲထငိုေလသည္။ နားစြင့္ေနေသာလူအုပ္ႀကီး..”ဟင္” ခနဲ.. “ဟာ”ခနဲျဖစ္ကုန္သည္..။.
ထိုအထဲတြင္မွ မိေအးအေမ ေဒၚျမသစ္ မ်က္ႏွာႀကီးရဲၿပီးပါစပ္ေဟာင္းေလာင္းႀကီး.. အုပ္ခ်ဳပ္ေရးမႉး ေဒါသေပါက္ကြဲသြားေလသည္ ။
“ငိုးမမိေအး အဲ ငါဒီလိုဆဲရင္လည္း.. ေနာက္တစ္ခါပ်ိဳ႕ရင္ ငါ့ေၾကာင့္ျဖစ္ဦးမယ္ သြားေတာ့ ေဒၚျမသစ္ ခင္ဗ်ားသမီးကို က်မၼာေရးမႉးဆီေခၚၿပီးေဆးစစ္ျပလိုက္
” ထိုေတာ့မွ ၿမိဳ႕ကေနေတာ႐ြာေလးဆင္းၿပီး စာသင္ေပးေနတဲ့ သူေဌးသားေလး.. ဆရာပင္ကိုခဗ်ာ သက္ျပင္းေမာႀကီးခ်မိေလ ေတာ့သည္။
အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
credit; Original Post
unicode
မိအေး တဟင့်ဟင့်ရှိုက်နေလေသည်..။ မျက်ရည်များစိမ့်ဖြာဝေ့ဝဲ၍ဘဝကိုအစားခံလိုက်ရသလို..တလှိုက်လှိုက်ဖိုငင်နေသည်။
“သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်”
“ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့”
“ဟင့်အင်း ဟင့်အင်း” မိအေး ခေါင်းကိုသာ တွင်တွင်ခါရမ်းနေလေသည်။
အမေဖြစ်သူ ဒေါ်မြသစ် ခြေမကိုင်လက်မကိုင် မိဖြစ်နေလေသည်..။တောသူတောင်သား.. ရိုးသားတဲ့သူတို့သားအမိလေးမှာ..အခုလို. ကြမ္မာငင်လာရတယ်လို့..။
“ဒီမှာ မိအေး ညည်းဒီလိုငိုနေလို့မပြီးဘူး.. ကာယကံရှင်ကဘာတဲ့လဲ ညည်းကို.. တာဝန်မယူနိုင်ဘူးတဲ့လား..”
“ဟင့်အင်း အမေ..သူ သိတောင်မသိသေးဘူး”
“ဟင်..ဟုတ်လား ပြောပြောသမီး.. ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး.. ဒီကိစ္စတာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ် ….
အမေတို့ သားအမိအရှက်တကွဲအကျိုးနည်း မဖြစ်ခင်လေး..”
“ဟင့် ဟင့် ဟီးအဟီး..” မိအေး ငိုသာငိုနေလေတော့သည်။
“ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိ ဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး.. ရိုးရိုးသားသားနေလာခဲ့တာ….
မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့.. အမေမခံဘူး သမီးရှေ့မှာအမေရှိတယ်:”
မိခင်ရဲ့ရင်နင့်သံနဲ့ပြောစကားကြောင့်.. မိအေးရင်ထဲ လှိုက်ကနဲဝမ်းနည်းသွားပြီး….ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်..။
ပြီးမှ…တိုးလွှလွှအသံလေးနဲ့… “အဟင့် ဟင့် ဟိုဟို..ဆရာလေး.. ကိုပင်ကို.”
“ဘာ ဘယ်လို..” ဒေါ်မြသစ်မျက်လုံးပြူးသွားသည်..။ရင်ဘတ်လက်လေးဖိပြီးယူကျိုးမရဖြစ်သွားလေသည်။
ဆရာလေးကိုပင်ကိုဆိုတာ.. သူတို့ရွာလေးကို မြို့ကစာလာသင်ပေးနေ သော ကျောင်းဆရာလေးဖြစ်သည်..။
ရွာရဲ့ပရဟိတတွေအသင်းလေးထူထောင် ပေးပြီး သာရေးနာရေးများကိုဦးဆောင်လမ်း ပြဆောင်ရွက်ပေးတဲ့သူ..၊
ခေတ်နဲ့အဆက် ပျက်နေသောသူတို့ရွာလေးကို အစစအရာ ရာ မျက်စိဖွင့်အလင်းပြသူ.၊တစ်ရွာလုံး.. လေးစားကြည်ညိုအားထားရသူ၊..
ထိုအထဲတွင်..ဒေါ်မြသစ်လည်းပါသည်လေ.၊ ဆရာလေးရဲ့စေတနာအနစ်နာ ရွာအပေါ် ထားတဲ့မေတ္တာ….
သက်ကြီးရွယ်အိုများကို.. ရိုသေကိုင်ရိုင်းတက်တဲ့လူလိမ္မာသားလေးဆို ပြီး ကြည်ညိုချစ်ခင်လေးစားခဲ့လေသည်..။
ထို့ကြောင့်ပင် ပန်းရောင်းပြီးအသက်မွေးတဲ့ သူတို့သားအမိအနေနဲ့ဆရာလေးကိုလေးစား ကြည်ညိုလို့ ၊
ရွာကပေးနေထားတဲ့ အိမ်လေးမှာ တစ်ကိုယ်တည်းနေတဲ့ ဆရာလေး အိမ်ကို ၊သမီးဖြစ်သူမိအေးကိုမနက်တိုင်း.. ဘုရားပန်းလဲပေး၊
အိမ်သန့်ရှင်းပေး၊အဝတ် လျော်ပေးဖို့စေလွှတ်ခိုင်းခဲ့သည်..။ ဆရာလေးကငွေကြေးယူဖို့ပြောပေမယ့်မယူ ခဲ့ဘူး..၊
ဒါကိုကျေးဇူးတုန့်ပြန်တဲ့အနေနဲ့.. ဆရာလေးမြို့ကိုသွားတိုင်းပြန်လာရင်.. ဒေါ်မြသစ်အတွက်ဆေးဝါးလေးတွေ၊
မိအေး အတွက်အင်္ကျီလုံချည်လေးတွေ အလျင်းသင့် သလို ဝယ်လာခဲ့ပေးလေသည်..။
အခုတော့ အခုတော့ အခုလိုလုပ်ရက်တယ်..၊ လုံးဝမထင်ထားတဲ့ဒေါ်မြသစ်..စိတ်အကြီး ကျယ်ဆိုးသွားသည်..။
“ဒါ ဒေါင်းယောင်ဆောင်တဲ့မြေခွေးပဲ” စိတ်ထဲရှိသလိုရေရွတ်လိုက်သည်..၊ ဒေါင်းယောင်ဆောင်သောကျီးလည်းမဟုတ်….
“ဒီလိုမျိုး လုပ်လို့ဘယ်ရမလဲ လာမိအေး မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ.. မခံဘူးဟေ့..လာခဲ့ ဒီကိစ္စအပြက်ရှင်းမယ်”
ဒေါ်မြသစ် သမီးဖြစ်သူမိအေးလက်ကိုဆွဲပြီး ဒရောပါးထွက်လာခဲ့လေသည်..။ ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့…..အုပ်ချုပ်ရေးမှူးအိမ်ဝင်လိုက်တော့..၊
ဝိုင်းအုံ နေတဲ့လူအုပ်ကြီးကိုတွေ့ပြီးဆရာကိုပင်ကို.. မျက်လုံးပြူးသွားသည်..၊လာခေါ်တဲ့ဆယ်အိမ် မှူးဧးသုရဲ့ပြောစကားအရ မိအေးမှာ….
သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူး ဆီလာတိုင်နေတယ်တဲ့၊ကိုပင်ကို..မျက်လုံး ပြူးသွားသည်။
မိအေးဆိုတာ..မီးကောင်ပေါက် အရွယ်ကလေးမလေး၁၆ ၁၇နှစ်အရွယ်လေး နှမလေးလိုသဘောထားခဲ့သည်၊စိတ်နဲ့တောင် မပြစ်မှားဖူး၊
ဘယ်လိုကြောင့်များ… “လာလာ ဆရာပင်ကို” သူလာတော့ အုပ်ချုပ်ရေးမှူးကမျက်နှာမသာ မယာနဲ့လှမ်းခေါ်သည်၊
လူအုပ်ကရှဲပေးလိုက် တော့၊အုပ်ချုပ်ရေးမှူးစားပွဲရှေ့မှာတရှုံ့ရှုံ့ငို နေသောမိအေး၊ဘေးမှာသူ့ကိုမျက်ထောင့်နီ ကြီးနဲ့ကြည့်နေတဲ့ဒေါ်မြသစ်… ”
ကဲဆရာ..မိအေးက သူ့မှာ ဆရာနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီးတဲ့..”
“ဟုတ်ကဲ့ အဲ မဟုတ်ကဲ့.. နေပါဦးဗျာ မိအေးကိုကျွန်တော်မေးပါရစေ”
“ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့” ဘေးက ကာလသားခေါင်းမိုးပြေးကဝင်ပြော သည်..၊
“အာ စားပြီးနားမလည် လည်းမလုပ်ပါဘူး ဝါးပြီးထွေးထုတ်လည်းမလုပ်ပါဘူး.. အခုဟာက ကျွန်တော်ကိုယ်တိုင်မသိလို့ မေးပါရစေလို့..”
“ဟား ဒါကတော့ရှင်းပါတယ်ဗျာ.. မိအေးကဆရာ့အိမ်ကိုနေ့တိုင်းပန်းလာလဲပေး ဝေယာဝစ္စလာလုပ်ပေးနေတာပဲ.. တစ်နေ့ ဆရာမူးလာမယ်၊
မိအေးကဆရာ့အိပ် ခန်းထဲသန့်ရှင်းရေးဝင်လုပ်ပေးနေမယ်၊မူးလာတဲ့ဆရာက၊ဆရာပြောပြောနေတဲ့….မြို့ကဆရာ့ချစ်သူမှဲ့နီလေးနဲ့အမြင်မှားမယ် ….
ပြီးတော့ မိအေးကို ဟွာပြုမိမယ်၊မိအေးက ရှက်လို့ဘယ်သူ့မှမပြောပဲနေမယ်၊ဆရာကမူး ပြီးအိပ်ပျော်သွားပြီး၊ဘာမှမမှတ်မိတော့ဘူး၊
အဲ အခုကျအထုတ်အထည်ပေါ်လာတော့ မိအေးက ဖော်လိုက်တယ်၊ဒါပဲပေါ့ဗျ..” ကာလသားခေါင်းမိုးပြေးကသူထင်ရာစွတ် ပြောနေလေသည်..။
“ဟာဗျာ ကျွန်တော်ကမနက်အစောကြီး.. မူးရမလားဗျ ၊ကျွန်တော်တစ်ခါတလေ ပဲသောက်စားတက်တယ်၊
ဒါတောင်ရွာမှာ ဘယ်တော့မှမသောက်ဘူး၊ကျောင်းပိတ်ရက် မြို့သွားတဲ့အခါ၊သူငယ်ချင်းတွေနဲ့တွေ့မှ နည်းနည်းပါးပါးပါ၊
ပြီးတော့ဒီကိစ္စကြီးဖြစ်တာ မမှတ်မိနိုင်လောက်အောင်ကြီးတော့.. ဟာ..မဟုတ်သေးပါဘူးဗျာ”
“ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့ကွ” အုပ်ချုပ်ရေးမှူးဝင်ဟန့်လိုက်မှ၊ရွာမှာအရပ် ပြဇာတ်လုပ်ရင်အမြဲဇာတ်ညွှန်းရေးသူ၊
တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လားစာရေး ဆရာဖြစ်ရမယ်လို့အမြဲကြုံးဝါးနေတဲ့.. ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေသည်။
အဲ့တော့မှ..ဆရာပင်ကိုကဒေါ်မြသစ် ဘက်လှည့်ပြီး… “အဒေါ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ.. ဟို…”
“ဒီကိစ္စ တောင်းပန်ရုံပြီးတဲ့ကိစ္စမဟုတ်ဘူး.. ကျောင်းဆရာ..” ဒေါ်မြသစ်ဒေါသနဲ့ပြန်ပြောသည်၊ဒေါ်မြသစ် အသံကြောင့်ဝိုင်းအုံနေတဲ့လူတွေဆီမှ အသံများကြွတ်စိစိထွက်ပေါ်လာလေသည်။
“ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စကျွန်တော်ဟာ သေချာရင်၊မိအေးကိုတင့်တောင်းတင့်တယ်လက်ထပ်ယူပါ့မယ်၊ဒါပေမယ့်..ကျွန်တော် မေးပါရစေ ရှင်းအောင်.”
“ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့ ဆရာလေးပင်ကိုအပါအဝင်အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်….
” အုပ်ချုပ်ရေးမှူးကဝင်ပြောလိုက်တော့.. မိအေးခေါင်းမော့ကြည့်သည်.. “ကဲ ဆရာမေးပါ” ဆရာပင်ကို မိအေးဘက်ဘက်လှည့်ပြီး..
“ညီမလေးမိအေး အခုညည်းကိုယ်ဝန်က ဆရာနဲ့ပက်သက်တာဆိုရင်.. ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်.. ပြောပြပါ….
ဆရာတကယ်မမှတ်မိလို့.. မရှက်နဲ့ညီမ ဆရာသာမှန်ရင်အကုန်တာဝန် ယူမှာပါ” ဆရာပင်ကိုအသံဆုံးတော့ မိအေးခေါင်းမော့ ပြီး ….
“လွန်ခဲ့နှစ်လလောက်က ဆရာမြို့က ပြန်လာနောက်ရက်..” မိအေးရဲ့တိကျတဲ့အဖြေကြောင့်.အားလုံး.. “ဟင်”လို့ ဖြစ်သွားသည်..။
ဆရာပင်ကိုလည်းပြန်စဉ်းစားလိုက်လေသည် ဟုတ်သည် သူမြို့ကိုနောက်ဆုံးသွားခဲ့တာ လွန်ခဲ့တဲ့နှစ်လက သူမှတ်မှတ်ရရသိနေသည်
“ဟုတ်ပြီး ဆရာမှတ်မိတယ်..အဲ့နေ့က.. ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ.. ပြောပြပါ ညီမ..”
“အဲ့နေ့က ကျွန်မလာတော့ ဆရာအအပေါက် ထဖွင့်ပေးတယ်လေ..”
“အင်း ဟုတ်ပြီ..မှတ်မိတယ်..”
“ဆရာကပြောတယ်လေ..ဆရာညကမှမြို့က ပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့ နည်းနည်းသောက်လာတာ အမူးမကျလို့…
ကျောင်းပိတ်ရက်မို့ပြန်အိပ်လိုက်ဦးမယ်လို့ ဆရာပြောတယ်လေ..”
“အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့”
“အဲ့ဒါနဲ့ကျွန်မလည်းဘုရားပန်းလဲ.. အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲက စားပွဲပေါ်ကပန်းအိုးလဲဖို့အလာ..”
အားလုံးငြိမ်သတ်နေသည်..။စိတ်ဝင်စားခန်း ရောက်နေပြီလေ… “အင်း”
“အဲ့တော့ ဆရာကဆရာ့အခန်းထဲကုတင် ပေါ်မှာ အင်္ကျီမပါပဲအိပ်ပျော်နေတယ်..”
“အင်း”
“ကျွန်မလည်းရှက်ရှက်နဲ့ဆရာ့ကိုမကြည့်ပဲ ဆရာ့ကုတင်ဘေးကစားပွဲပေါ်ကပန်းအိုးလေး ယူပြီး ပန်းအသစ် လဲပေးတယ်လေ..”
“အင်း”
“ပန်းအိုးပြန်ထားပြီးဆရာနိုးမှာစိုးလို့.. ခြေဖွဖွလေးနဲ့..ကြိုးတန်းကဆရာ့အဝတ်စား တွေလျှော်ပေးဖို့အယူ…နောက်ကဆရာက လေ…
” အားလုံးနားတွေစွင့်ငန့်လင့်နေကြလေသည်။ ဆရာပင်ကိုက… “အင်း ဆိုပါဦး အာ့အထိဆရာမသိဘူး..”
“ဆရာက နောက်ကနေပြီး အိပ်နေရင်းက လက်ယမ်းလိုက်တာ အခုဏကပန်းအိုးလေး ကိုထိမိပြီး ကျကွဲသွားတယ်လေ..”
လူတွေ စိတ်မရှည်သလိုဖြစ်လာသည်..။ “အဲ့တော့..” “ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့် တော့ ပန်းအိုးကကြမ်းပြင်မှာကျကွဲ့နေတယ် …
အခုဏက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်း လေးပေါ်ကပျားကောင်လေးထပျံသွားတာ တွေ့လိုက်ရတယ်….
အဲ့မှာ ကျွန်မဘဝတော့ သွားပါပြီဆိုတာသိလိုက်ရပြီး..မျက်နှာကို လက်အုပ်ပြီး ဆရာ့အိမ်ကပြေးထွက်ခဲ့တယ်”
“အန်..အာ့နဲ့နင့်မှာကိုယ်ဝန်က..”
“ကိုယ်ဝန်ရှိနေပြီဆိုတာ..ဒီနေ့မှသိလိုက်တာပါ ….မနက်က ကျွန်မသွားတိုက်နေရင်း ပျို့တက်လာပြီး အန်တယ် ….
အဲ့မှာ ကျွန်မကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်တာ..”
“ဟာ..မဟုတ်သေးပါဘူး..”
“ဘာမဟုတ်သေးပါဘူးလဲဆရာ.. မိအေးကိုတောသူဆိုပြီးအထင်မသေးပါနဲ့…မြန်မာဗွီဒီယိုကားတေ ွကြည့်ထားတာပါ…..
သူဌေးသားကမူးလာတယ်၊အိမ်ဖော်မလေးက သူဌေးသားအခန်းသန့်ရှင်းရေးလုပ်နေတယ်၊
ပြီးရင် ပန်းအိုးကျကွဲတယ်၊ပန်းပွင့်ကိုပျားက နမ်းပြီး ထပျံသွားတယ်၊နောက်တော့.. အိမ်ဖော်မလေးပျို့အန်တယ်၊
ပြီးရင်ကိုယ်ဝန် ရလာတော့ သူဌေးသားကမယူနိုင်ဘူး ငြင်းတယ်.၊ဆရာလည်းငြင်းမှာမလား.. သိပါတယ်..
မိအေးကိုကကံဆိုးတာပါ.. အရက်မူးမကျဘူးဆိုကတည်းကလှည့်ပြန် လာရမှာ..အခုတော့ သူ့အခန်းထဲဝင်မိတယ် ….
ပန်းအိုးကွဲတဲ့အဆင့်ကို ရောက်ရတယ်.. ဟီး..” မိအေး ပြောပြောဆိုဆိုဗြဲကနဲထငိုလေသည်။ နားစွင့်နေသောလူအုပ်ကြီး..”ဟင်” ခနဲ.. “ဟာ”ခနဲဖြစ်ကုန်သည်..။.
ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ် မျက်နှာကြီးရဲပြီးပါစပ်ဟောင်းလောင်းကြီး.. အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည် ။
“ငိုးမမိအေး အဲ ငါဒီလိုဆဲရင်လည်း.. နောက်တစ်ခါပျို့ရင် ငါ့ကြောင့်ဖြစ်ဦးမယ် သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို ကျမ္မာရေးမှူးဆီခေါ်ပြီးဆေးစစ်ပြလိုက်
” ထိုတော့မှ မြို့ကနေတောရွာလေးဆင်းပြီး စာသင်ပေးနေတဲ့ သူဌေးသားလေး.. ဆရာပင်ကိုခဗျာ သက်ပြင်းမောကြီးချမိလေ တော့သည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။