Credit
Unicode
ချစ်လို့ သဝန်တိုတဲ့သူအပေါ် ဂရုစိုက်ပေးပါ
သဝန် တိုတယ် ဆိုရာမှာ နှစ်မျိုးရှိ ပါတယ်။ တစ်မျိုးက အချော့ခံချင်လို့ ,နောက်တစ်မျိုးက တစ်ကယ် စိတ်ပူလို့ သဝန်တို တာဖြစ် ပါတယ်။
အချော့ခံ ချင်လို့ သဝန်တိုတယ် ဆိုတာက..သူ့စိတ်ထဲမယ်သူ့ချစ်သူရဲ့သူမအပေါ်ထားတဲ့ ချစ်ခြင်းဖွဲ့ အလင်္ကာကို နားထောင် ချင်လို့ ခဏခဏကြား ချင်လို့အဲဒီ စကားလေးတွေ ခဏခဏသ တိယပြီး စိတ်ထဲပျော် ချင်လို့ ,့ကြည်ကြည် နူးနူး နဲ့ပြန်တွေးပြီးပြုံချင်လို့
သူ့ချစ်သူက ကိုယ်ချစ်သလောက် ချစ်များချစ် ရဲ့လား အချစ်စမ်းချင်လို့ သဝန်တိုတာမျိုး အဲဒါမျိုး တစ်ကယ် စိတ်ပူလို့ သဝန်တိုတာကျ ခံစားရတဲ့သူက သိပ်သနားဖို့ကောင်း ပါတယ်။သိပ်ပူလောင်ရတယ်။
သူက..ကိုယ့်မမြင်ကွယ်မှာ တစ်စုံတစ်ယောက်ကို များသဘောကျ သွားပြီလား ဆိုတာမျိုးတွေ ရှိသလို ကိုယ့်ချစ်သူကို ကြိတ်ပြီးကြိုက်နေတဲ့ကောင်မလေး/ကောင်လေးက အဆွယ်များကောင်းခဲ့ရင် ..ကိုယ်မပါတဲ့ အဲဒီနေ့မှာ ကိုယ်ထက်များ အဲဒီကောင်မလေး/ကောင်လေး ချောနေခဲ့ရင်.. ကိုယ့်ချစ်သူကများ သဘောကျသွားလေမလား ကြိုက်သွားလေမလား ဆိုတာမျိုး..
ရင်ဘတ်ထဲ အစ်ဆစ်တွေ မျိုချထားသ လိုပါပဲ သိပ်ပူပင်ရပါတယ်။
ဒါတွေက သဝန်တို တတ် တဲ့လူတွေရဲ့ ပူပင်သောကနှင့် ချစ်ခြင်း တရားပါပဲ။
ဘယ်လို နည်းနှင့်ပဲ သဝန်တို တိုပါ။သဝန်တို တယ်ဆိုကတည်းက ချစ်လို့ပါ။
တစ်ဆက်တည်းပြောချင်တာက..တစ်ကယ်ချစ်လို့ သဝန်တိုတတ် တဲ့သူဆိုတာ ကိုယ့်အပေါ် သိပ်ပြီး သစ္စာရှိ တတ်ပါတယ်။
သူ့မှာ နောက်ထပ် ဘယ်plan မှ မရှိဘူးလေ။
စဉ်းစားကြည့်လေ သူ့မှာနောက်ထပ် လူဆိုတာ ရှိရင် သူမင်းကို သဝန် တိုမှာမ ဟုတ်ဘူး။
တစ်ကယ်လို့ ခုနေများ ကိုယ့်ချစ်သူက ချစ်လို့ပဲဖြစ်ဖြစ်၊တစ်ကယ် စိတ်ပူလို့ သဝန်တိုနေ ရင်ဖြစ်ဖြစ် ကိုယ့်ရဲ့ကောင်မလေး/ကောင်လေးကို ချော့ပေးဖို့ အရင်ထက် ဂရုစိုက်ပေး ဖို့ပြော ချင်ပါတယ်။
ကိုယ့်ကို တစ်ကယ်ချစ်တဲ့ သူဆိုတာ ဈေးမှာဝယ် လို့မရ ဘူးလေ။
Credit