ခ်စ္သူ ရထားေပမယ့္ တစ္ဖက္သတ္ အခ်စ္ကိုသာ ပိုင္ဆိုင္ေနတဲ့သူေတြ ၾကံဳရတဲ့ အခ်က္မ်ား

ခ်စ္သူ ရထားေပမယ့္ တစ္ဖက္သတ္ အခ်စ္ကိုသာ ပိုင္ဆိုင္ေနတဲ့သူေတြ ၾကံဳရတဲ့ အခ်က္မ်ား

ခ်စ္သူထားတယ္ဆိုတာ ႏွစ္ဦးႏွစ္ဖက္က အျပန္အလွန္ အခ်စ္ေတြ ေပးၿပီး အခ်စ္ေရးကို တည္ေဆာက္တာက အေကာင္းဆံုး ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ေတြကေတာ့ ခ်စ္သူရထားေပမယ့္ ခ်စ္သူရထားတယ္လို႔ မခံစားရတဲ့သူေတြ ရွိေနပါတယ္။

အထူးသျဖင့္ အခ်စ္ေရးက အရမ္းကို တဖက္သတ္ဆန္တဲ့ အေျခအေနကို ရေနတာမ်ိဳး ျဖစ္ပါတယ္။

တဖက္သတ္ခ်စ္ေနရတဲ့ အခ်စ္ေရးမွာ ေရာက္ရွိေနသလားဆိုတာကို ဒီအခ်က္ေတြနဲ႔ ဆန္းစစ္ႏိုင္ပါတယ္။

ခ်စ္သူ ရထားေပမယ့္ တစ္ဖက္သတ္ အခ်စ္ကိုသာ ပိုင္ဆိုင္ေနတဲ့သူေတြ ၾကံဳရတဲ့ အခ်က္မ်ား

အၿမဲတမ္း သင့္ဘက္ကပဲ စရတယ္

သင့္ဘက္ကပဲဖုန္းစေခၚတာမ်ိဳး၊ ဆက္သြယ္တာမ်ိဳးမလုပ္ရင္ စကားမျဖစ္ဘူးဆိုရင္ေတာ့သင္ကပဲ တစ္ဖက္သတ္ ခ်စ္ရတဲ့အခ်စ္ေရးကိုရေနတာ ျဖစ္ပါတယ္။

သင္ကစဆက္သြယ္ရင္ေတာင္မွ ေျခာက္ကပ္ကပ္တုန္႔ျပန္ၿပီး စိတ္ပါလက္ပါ ရွိတာမ်ိဳးမေတြ႔ရဘူး ဆိုရင္ေတာ့ပိုၿပီး ေသခ်ာေနပါၿပီ။

အခ်စ္ေရးအတြက္ ေပ်ာ္ရႊင္ရတဲ့ အရာေတြဖန္တီးဖို႔ေတာင္ သင္ကပဲဦးေဆာင္ေနရၿပီဆိုရင္ သင္က တစ္ဖက္သတ္ ခ်စ္ေနရတဲ့ခ်စ္သူ ရေနတာ ျဖစ္ပါတယ္။

သင့္လက္တြဲေဖာ္ကို နားမလည္ဘူးလို႔ ခံစားရမယ္

SM Entertainment ကထြက္ရတဲ့ အေၾကာင္းရင္းကို ထုတ္ေျပာလိုက္တဲ့ Kris Wuတစ္ဖက္က သူ႕အတိတ္ေတြနဲ႕ ပတ္သက္လို႔ မေျပာျပဘူး၊ပြင့္ပြင့္လင္းလင္း မရွိတာကလည္း ေကာင္းတဲ့အခ်က္မဟုတ္ပါဘူး။

သင္တို႔ၾကား ေျပာၾကတဲ့စကားေတြကလည္း အေပၚယံဆန္ၿပီး ႏွစ္ဦးသားက တခါတေလမွ ဆုံၾကတဲ့သူေတြလိုျဖစ္ေနမယ္ဆိုရင္လည္း တစ္ဖက္သတ္ပဲ ခ်စ္ေနရတဲ့ အခ်စ္ေရးမွာ ရွိေနတာ ျဖစ္ပါတယ္။

ခ်စ္သူရွိေနတယ္လို႔ မခံစားရဘူး

တစ္ဦးလိုအပ္တဲ့အခ်ိန္မွာ တစ္ဦးကရွိေနတာ၊ တစ္ဦးက ခက္ခဲေနတဲ့အခ်ိန္မွာ တစ္ဦးက ေဖးမကူညီတာေတြက သမီးရည္းစားေတြၾကားထဲမွာ ေျပာစရာမလိုဘဲ ရွိေနရမယ့္အရာေတြ ျဖစ္ပါတယ္။

တစ္ေယာက္တည္းလို႔လည္း ခံစားေနရမွာမဟုတ္ပါဘူး။

ႏွစ္ေယာက္အတူရွိေနရင္ အခက္အခဲေတြကို ေက်ာ္လႊားနိုင္တယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳး ရွိေနရမွာ ျဖစ္ပါတယ္။

အဲ့သလိုမဟုတ္ဘဲ ေျပာင္းျပန္ျဖစ္ေနၿပီဆိုရင္ေတာ့ခ်စ္သူရွိေပမယ့္ သင္ကတစ္ဖက္သတ္ ခ်စ္ေနရတဲ့အခ်စ္ေရးမ်ိဳး ရထားလို႔ ျဖစ္ပါတယ္။

ခ်စ္သူကိုပဲ အၿမဲတမ္း ဦးစားေပးထားရတယ္

အစစအရာရာ သင့္ဘက္ကပဲဦးစားေပးေနရတယ္ဆိုတာ မျဖစ္သင့္ပါဘူး။

ၾကာလာတဲ့အခါ ရည္းစားျဖစ္သူကို အထက္ကလူလို ဆက္ဆံေနရတယ္ဆိုတဲ့ ပုံစံမ်ိဳးေရာက္သြားပါလိမ့္မယ္။

တစ္ဖက္ကလည္း သင့္အေပၚ ရည္းစားလို႔မျမင္ေတာ့ဘဲသူ႕အေပၚ အရာရာျဖည့္ဆည္းေပးေနတဲ့သူလို႔ျမင္သြားၿပီး ေလးစားခ်စ္ခင္မႈေပ်ာက္သြားမွာပဲ ျဖစ္ပါတယ္။

မလိုအပ္တဲ့ကိစၥေလးေတြမွာ ေတာင္းပန္ရမယ္လို႔ ခံစားေနရတယ္တစ္ဦးနဲတစ္ဦး တန္ဖိုးထားမႈ မတူတာဟာ သဘာဝပဲ ျဖစ္ပါတယ္။

စိတ္ခံယူခ်က္ခ်င္းမတူတာလည္း သဘာဝပဲျဖစ္ပါတယ္။

သင့္ဘက္က အေရးမႀကီးဘူးထင္တဲ့ကိစၥေလးေတြအတြက္ တစ္ဖက္ကို အၿမဲတမ္း ေတာင္းပန္ဖို႔ ခံစားေနရတယ္ဆိုတာဟာ ေကာင္းတဲ့အခ်က္မဟုတ္ပါဘူး။

သင့္အေနနဲ႕ အေျပာအဆို၊အျပဳအမူ မွားသြားမွာကို အၿမဲထိတ္လန႔္ေနရၿပီး အထက္လူႀကီးကို ေတာင္းပန္ေနရသလို ခံစားေနရမွာပဲ ျဖစ္ပါတယ္။

သင့္ကိုသင္အၿမဲတမ္း ယုံၾကည္မႈေပ်ာက္ေနတယ္တကယ္ခ်စ္ၾကတဲ့သူေတြမွာ တစ္ဦးနဲ႕တစ္ဦး အျပန္အလွန္ယုံၾကည္မႈ တိုးေစတာပဲ ရွိပါတယ္။

တစ္ဖက္က သူ႕ကိုသူယုံၾကည္မႈမရွိဘူးဆိုရင္ေတာင္အားေပးၿပီး ယုံၾကည္မႈ ျမႇင့္ေပးတတ္ပါတယ္။

ခ်စ္ရသူနဲ႕ အတူသြားရတဲ့အခါရင္ေကာ့ၿပီး ယုံၾကည္မႈရွိေနသလိုမ်ိဳးပဲ ျဖစ္ပါတယ္။

အဲ့သလို မဟုတ္ေတာ့ဘဲ သင္က ရည္းစားျဖစ္သူနဲ႕ ဆုံလိုက္တဲ့အခါတိုင္းယုံၾကည္မႈအၿမဲေပ်ာက္ေနရတယ္ဆိုရင္ေတာ့ ေသခ်ာပါၿပီ၊ သင့္ဘက္က တစ္ဖက္သတ္ျဖစ္ေနရတဲ့ သမီးရည္းစားဆက္ဆံေရးထဲမွာ သင္ ေရာက္ေနတာပဲ ျဖစ္ပါတယ္။

Credit

Unicde

ချစ်သူ ရထားပေမယ့် တစ်ဖက်သတ် အချစ်ကိုသာ ပိုင်ဆိုင်နေတဲ့သူတွေ ကြုံရတဲ့ အချက်များ

ချစ်သူထားတယ်ဆိုတာ နှစ်ဦးနှစ်ဖက်က အပြန်အလှန် အချစ်တွေ ပေးပြီး အချစ်ရေးကို တည်ဆောက်တာက အကောင်းဆုံး ဖြစ်ပါတယ်။

တစ်ချို့တွေကတော့ ချစ်သူရထားပေမယ့် ချစ်သူရထားတယ်လို့ မခံစားရတဲ့သူတွေ ရှိနေပါတယ်။

အထူးသဖြင့် အချစ်ရေးက အရမ်းကို တဖက်သတ်ဆန်တဲ့ အခြေအနေကို ရနေတာမျိုး ဖြစ်ပါတယ်။

တဖက်သတ်ချစ်နေရတဲ့ အချစ်ရေးမှာ ရောက်ရှိနေသလားဆိုတာကို ဒီအချက်တွေနဲ့ ဆန်းစစ်နိုင်ပါတယ်။

ချစ်သူ ရထားပေမယ့် တစ်ဖက်သတ် အချစ်ကိုသာ ပိုင်ဆိုင်နေတဲ့သူတွေ ကြုံရတဲ့ အချက်များ

အမြဲတမ်း သင့်ဘက်ကပဲ စရတယ်

သင့်ဘက်ကပဲဖုန်းစခေါ်တာမျိုး၊ ဆက်သွယ်တာမျိုးမလုပ်ရင် စကားမဖြစ်ဘူးဆိုရင်တော့သင်ကပဲ တစ်ဖက်သတ် ချစ်ရတဲ့အချစ်ရေးကိုရနေတာ ဖြစ်ပါတယ်။

သင်ကစဆက်သွယ်ရင်တောင်မှ ခြောက်ကပ်ကပ်တုန့်ပြန်ပြီး စိတ်ပါလက်ပါ ရှိတာမျိုးမတွေ့ရဘူး ဆိုရင်တော့ပိုပြီး သေချာနေပါပြီ။

အချစ်ရေးအတွက် ပျော်ရွှင်ရတဲ့ အရာတွေဖန်တီးဖို့တောင် သင်ကပဲဦးဆောင်နေရပြီဆိုရင် သင်က တစ်ဖက်သတ် ချစ်နေရတဲ့ချစ်သူ ရနေတာ ဖြစ်ပါတယ်။

သင့်လက်တွဲဖော်ကို နားမလည်ဘူးလို့ ခံစားရမယ်

SM Entertainment ကထွက်ရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်တဲ့ Kris Wuတစ်ဖက်က သူ့အတိတ်တွေနဲ့ ပတ်သက်လို့ မပြောပြဘူး၊ပွင့်ပွင့်လင်းလင်း မရှိတာကလည်း ကောင်းတဲ့အချက်မဟုတ်ပါဘူး။

သင်တို့ကြား ပြောကြတဲ့စကားတွေကလည်း အပေါ်ယံဆန်ပြီး နှစ်ဦးသားက တခါတလေမှ ဆုံကြတဲ့သူတွေလိုဖြစ်နေမယ်ဆိုရင်လည်း တစ်ဖက်သတ်ပဲ ချစ်နေရတဲ့ အချစ်ရေးမှာ ရှိနေတာ ဖြစ်ပါတယ်။

ချစ်သူရှိနေတယ်လို့ မခံစားရဘူး

တစ်ဦးလိုအပ်တဲ့အချိန်မှာ တစ်ဦးကရှိနေတာ၊ တစ်ဦးက ခက်ခဲနေတဲ့အချိန်မှာ တစ်ဦးက ဖေးမကူညီတာတွေက သမီးရည်းစားတွေကြားထဲမှာ ပြောစရာမလိုဘဲ ရှိနေရမယ့်အရာတွေ ဖြစ်ပါတယ်။

တစ်ယောက်တည်းလို့လည်း ခံစားနေရမှာမဟုတ်ပါဘူး။

နှစ်ယောက်အတူရှိနေရင် အခက်အခဲတွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိနေရမှာ ဖြစ်ပါတယ်။

အဲ့သလိုမဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေပြီဆိုရင်တော့ချစ်သူရှိပေမယ့် သင်ကတစ်ဖက်သတ် ချစ်နေရတဲ့အချစ်ရေးမျိုး ရထားလို့ ဖြစ်ပါတယ်။

ချစ်သူကိုပဲ အမြဲတမ်း ဦးစားပေးထားရတယ်

အစစအရာရာ သင့်ဘက်ကပဲဦးစားပေးနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။

ကြာလာတဲ့အခါ ရည်းစားဖြစ်သူကို အထက်ကလူလို ဆက်ဆံနေရတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားပါလိမ့်မယ်။

တစ်ဖက်ကလည်း သင့်အပေါ် ရည်းစားလို့မမြင်တော့ဘဲသူ့အပေါ် အရာရာဖြည့်ဆည်းပေးနေတဲ့သူလို့မြင်သွားပြီး လေးစားချစ်ခင်မှုပျောက်သွားမှာပဲ ဖြစ်ပါတယ်။

မလိုအပ်တဲ့ကိစ္စလေးတွေမှာ တောင်းပန်ရမယ်လို့ ခံစားနေရတယ်တစ်ဦးနဲတစ်ဦး တန်ဖိုးထားမှု မတူတာဟာ သဘာဝပဲ ဖြစ်ပါတယ်။

စိတ်ခံယူချက်ချင်းမတူတာလည်း သဘာဝပဲဖြစ်ပါတယ်။

သင့်ဘက်က အရေးမကြီးဘူးထင်တဲ့ကိစ္စလေးတွေအတွက် တစ်ဖက်ကို အမြဲတမ်း တောင်းပန်ဖို့ ခံစားနေရတယ်ဆိုတာဟာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။

သင့်အနေနဲ့ အပြောအဆို၊အပြုအမူ မှားသွားမှာကို အမြဲထိတ်လန့်နေရပြီး အထက်လူကြီးကို တောင်းပန်နေရသလို ခံစားနေရမှာပဲ ဖြစ်ပါတယ်။

သင့်ကိုသင်အမြဲတမ်း ယုံကြည်မှုပျောက်နေတယ်တကယ်ချစ်ကြတဲ့သူတွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု တိုးစေတာပဲ ရှိပါတယ်။

တစ်ဖက်က သူ့ကိုသူယုံကြည်မှုမရှိဘူးဆိုရင်တောင်အားပေးပြီး ယုံကြည်မှု မြှင့်ပေးတတ်ပါတယ်။

ချစ်ရသူနဲ့ အတူသွားရတဲ့အခါရင်ကော့ပြီး ယုံကြည်မှုရှိနေသလိုမျိုးပဲ ဖြစ်ပါတယ်။

အဲ့သလို မဟုတ်တော့ဘဲ သင်က ရည်းစားဖြစ်သူနဲ့ ဆုံလိုက်တဲ့အခါတိုင်းယုံကြည်မှုအမြဲပျောက်နေရတယ်ဆိုရင်တော့ သေချာပါပြီ၊ သင့်ဘက်က တစ်ဖက်သတ်ဖြစ်နေရတဲ့ သမီးရည်းစားဆက်ဆံရေးထဲမှာ သင် ရောက်နေတာပဲ ဖြစ်ပါတယ်။

Credit