

(1)တိမ်ဖုံးနေတဲ့လ




(2)စိန်လက်စွပ်




(3) နှင်းဆီပန်း




(4) ခေါင်းလောင်း




(5) ရေတံခွန်




(6) ဖယောင်းတိုင်



credit to lotaya

unicode

သင်ရွေးချယ်လိုက်တဲ့ ပုံကတစ်ဆင့် သိနိုင်မယ့် သင့်ရဲ့အချစ်ပေါ်ထားရှိတဲ့ စိတ်နေစိတ်ထား

(1)တိမ်ဖုံးနေတဲ့လ

တိမ်ဖုံးနေတဲ့လကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို ကိုယ်ရောစိတ်ပါပုံအပ်ပြီး ချစ်တက်တဲ့လူစားမျိုးပါ။

အချစ်အတွက်ဆိုရင် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရပါစေ စိတ်အားထက်သန်စွာ ဖြေရှင်းနိုင်ပါတယ်။

နောက်ပြီး သင်က ချစ်မှုရေးရာကိစ္စတွေမှာ သင့်ချစ်သူကို အလွန်အကျွံစွဲဆောင်နိုင်ပြီး ဒီလိုကိစ္စတွေမှာလည်း သင့်ချစ်သူ့ကို ကျေနပ်တဲ့ခံစားမူမျိုးပေးစွမ်းနိုင်ပါတယ်။

(2)စိန်လက်စွပ်

စိန်လက်စွပ်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို အလွန်တန်ဖိုးထားတက်တဲ့ လူစားမျိုးပါ။

အချစ်ရေးမှာ သိုးငယ်လေးတစ်ကောင်လို ဖြူစင်ပြီး အတွေ့အကြုံသိပ်မရှိပါဘူး။ ချစ်သူကို အရမ်းသတိုမတိုတက်ပဲ အမြဲယုံကြည်ပေးတက်ပါတယ်။

ချစ်သူကိုလည်း ပျော်ရွှင်ကျေနပ်အောင် ချစ်ပြချင်တဲ့လူတစ်ယောက်ပါ။

(3) နှင်းဆီပန်း

နှင်းဆီပန်းကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို အရမ်းဂရုစိုက်တက်တဲ့ လူစားမျိုးပါ။

သင့်ကို ချစ်မိသွားတဲ့လူက ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောနိုင်လောက်တဲ့အထိ ချစ်သူအပေါ် အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တက်ပါတယ်။ ချစ်သူကိုကာကွယ်ဖို့အတွက်ဆိုရင် ပင်လယ်ကိုပဲ လက်ပစ်ကူးရမလား? မီးပင်လယ်ပဲဖြတ်ရမလား? အန္တရာယ်တွေအားလုံးကို ရင်ဆိုင်နိုင်ပါတယ်။

သင်က ချစ်မိပြီဆိုရင် အရမ်းဂရုစိုက်ပြီးချစ်တက်ပေမဲ့ သင့်ချစ်သူကတော့ သင့်အပေါ် သင်ချစ်သလောက်ပြန်မချစ်တက်ပါဘူး။

(4) ခေါင်းလောင်း

ခေါင်းလောင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူကို ပျော်ရွှင်စေတက်တဲ့ လူစားမျိုးပါ။

ဒါ့အပြင် သင်က နူးညံ့ပြီး ရမ္မက်ကြီးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သင့်ချစ်သူက သင့်အနားမှာရှိနေရင်ကို ပျော်ရွှင်နေရတက်ပါတယ်။

သင်က သင့်ချစ်သူကိုသာမက သင့်အနီးနားမှာရှိတဲ့လူတွေကိုပါ ပျော်ရွှင်မူတွေကို ယူဆောင်လာပေးနိုင်သူတစ်ဦးပါ။ သင့်ချစ်သူဖြစ်ရတဲ့လူလောက် ကံကောင်းတဲ့လူမရှိတော့ပါဘူး။

(5) ရေတံခွန်

ရေတံခွန်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် အရမ်းတိကျစွာ ချစ်တက်တဲ့လူစားမျိုးပါ။

သင့်က အချစ်ကို ကစားစရာတစ်ခုလိုသဘောမထားတက်ပါဘူး။ အချစ်အပေါ်ထားရှိတဲ့ သင့်ခံစားချက်က အရမ်းဖြူစင်တဲ့အပြင် သင်က စိတ်ခံစားချက်တွေကို အရမ်းအလေးထားပါတယ်။

သင်က မချစ်တက်တဲ့လူတစ်ယောက်လို ထင်ရပေမယ့် တကယ့်လက်တွေ့မှာ အရမ်းချစ်တက်တဲ့သူဖြစ်တဲ့အတွက် သင့်ချစ်သူကို အံ့သြစေမိမှာပါ။

(6) ဖယောင်းတိုင်

ဖယောင်းတိုင်ကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က သင့်ချစ်သူအပေါ် အရမ်းသစ္စာရှိတဲ့လူစားမျိုးပါ။ နူးညံ့တဲ့နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားပြီး ချစ်မိပြီဆိုရင် နှလုံးသားရော ကိုယ်ရော၊စိတ်ပါ ပုံအပ်ပြီး အရမ်းချစ်တက်ပါတယ်။

သင့်ကိုပိုင်ဆိုင်ထားတဲ့ သင့်ချစ်သူက ကံအကောင်းဆုံးလူတစ်ယောက်လို ဆိုနိုင်ပါတယ်။

credit to lotaya

Leave a Comment