နိုင်ငံ ရေး
စီးပွား ရေး
ကျန်းမာ ရေး
ပညာရေး
ဘာသာရေး
ဆရာဦးရွှေသုဝဏ်
unicode
လူတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး
နိုင်ငံရေး၊ စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ဘာသာရေးသည်လူတိုင်းအတွက်အ ဓိကဖြစ်ပါတယ်။
နိုင်ငံ ရေး
နိုင်ငံရေး ဆိုတာ “မိမိတို့နေထိုင်ကြသည့် ရက်ကွက်၊ကျေးရွာ၊မြို့၊တိုင်း၊ပြည်နယ်များအားလုံးကို ခြုံငုံ၍ “နိုင်ငံ”ဟု အမည်သတ်မှတ်ကာ ခေါ်ဆိုခြင်းဖြစ်ပါ တယ်။
မိမိတို့နေထိုင်ရာနိုင်ငံ၏အရေးသည် မိမိတို့၏ အရေးပင်ဖြစ်ပါတယ်။ မိမိတို့အရေးကောင်းမှ သာလျှင် နိုင်ငံရေးသည်လည်းကောင်းပါ လိမ့်မယ်။
နိုင်ငံ ရေး သည် နိုင်ငံ၏အရေး (သို့) နိုင်ငံအတွင်းရှိ နေထိုင်သူ တို့၏အရေး ဖြစ်ပါတယ်။
စီးပွား ရေး
မိမိတို့နေထိုင်ရာ ဒေသ ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာမှ သာလျှင် အလုပ်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရမည်။
မိမိတို့လုပ်ကိုင်သည့် အလုပ်များ တွင်ကျယ်စွာ လုပ်ကိုင်နိုင်မှသာ စီးပွားရေး (သို့) ဝင်ငွေများ ရရှိကြ၍ စားဝတ်နေရေး အတွက် အဆင်ပြေနိုင်ပါမယ်။
ဒါ့ကြောင့် မိမိအရေး (ခေါ်)နိုင်ငံ့၏အရေး ကောင်းမှသာလျှင် စီးပွားရေးများအဆင်ပြေနိုင်ပါမယ်။ စီးပွားရေးများ အဆင်ပြေနိုင်ဖို့သည် နိုင်ငံရေး ကောင်းမှ သာဖြစ်နိုင်မည်။
ကျန်းမာ ရေး
ကျန်းမာရေးသည် ကံ၊စိတ်၊ဥတု၊အာဟာရ ပေါ်မှာ အခြေခံသည်။” မကျန်းမာခြင်း အစ အစာမကြေခြင်းက “လို့ ဆိုရိုးလိုပါပဲ အစာသည် အစားသောက် ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားသောက်များ စားနိုင်ဖို့ ကိုလည်း (စီးပွားရေးခေါ် ဝင်ငွေ)ရှိမှသာလျှင် မျှတတဲ့ အာဟာရများကို စားနိုင်ကြပါလိမ့်မယ်။
မမျှတလို့ ကျန်းမာရေး ချို့တဲ့ သည့်အခါ ကုသရန် ကုန်ကျစရိတ် ငွေ လိုအပ်ပါတယ်။ ထိုငွေသည် အလုပ်လုပ် မှသာ ဝင်ငွေ ရကြပါမယ်။
ဝင်ငွေ ခေါ် စီးပွားရေး ရှိမှ ကျန်မာရေးကုသရမည်။ ကျန်းမာရေးအတွက် စီးပွားရေး အဆင်ပြေဖို့သည် နိုင်ငံရေးကောင်းမှသာ အဆင်ပြေနိုင်မည်။
နိုင်ငံရေးသည် မိမိအရေး မဟုတ်ပါလာ???
ပညာရေး
ဝင်ငွေ ခေါ် စီးပွားရေး အဆင်ပြေပြီး ကျန်းမာ မှသာလျှင် မိမိတို့ ဘဝအတွက် အရေးပါတဲ့ “ပညာရေး မျိုးစုံ ” ကို သင်ယူနိုင်ပါ လိမ့်မယ်။
ဘာသာရပ်များစွာ သင်ယူနိုင်ပါလိမ့်မယ်။ ပညာရေးကောင်းကောင်းသင်ကြားနိုင်ဖို့ ကျန်းမာပြီး စီးပွားရေးအဆင်ပြေဖို့သည် နိုင်ငံရေး ကောင်းမှသာ အဆင်ပြေပါမယ်။
ဘာသာရေး
ဘာသာရေး ဆိုတာ အယူဝါဒ ပါ။ မိမိတို့ နှစ်သက်ယုံကြည် အားထားရာ ကို အကာကွယ်အဖြစ် ကိုးကွယ်ကြတာပါ။
ယုံကြည်ကိုးကွယ်ရာမှာ နည်းလမ်းမျိုးစုံ နည်ပေါင်းစုံနဲ့ ပူဇော်ကြပါတယ်။ထိုသို့ပူဇော်ရာမှာ ဘာသာရေးပွဲတော်တွေ ခင်းကျင်းပြီး ပူဇော်သည့်အလေ့ထတွေလည်းရှိကြပါတယ်။
အဲ့ဒီအခါမှာကျန်းမာပြီး ဝင်ငွေခေါ် စီးပွားရေးအဆင်ပြေမှ လုပ်နိုင်ကြပါမယ်။ ဒါ့ကြောင့် အဲ့ ဒီ့အရာတွေရဲ့ အခြေခံက နိုင်ငံရေးကောင်းဖို့လိုအပ်ပါတယ်။
နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းနေထိုင်သူတို့ အရေးမဟုတ်ပါလား????
အနှစ်ချုပ်နေနဲ့ ပြောရရင်တော့
စီးပွားရေး၊ ကျန်းမာရေး၊ပညာရေး၊ဘာသာရေး အားလုံးဟာ နိုင်ငံရေးအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးဟာ
နိုင်ငံအတွင်းနေထိုင်သူတို့ရဲ့အရေး တစ်ဦးတစ်ယောက်ခြင်းရဲ့ အရေးပါပဲ ။
တည်ငြိမ်အေးချမ်းပြီး လွတ်လပ်ပြီး အစစအရာရာတိုးတက်မယ့် ဒီမိုကရေစီ သည် နိုင်ငံအတွင်းနေထိုင်သူတို့အတွက် လွန်စွာမှ အရေးကြီးပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ နေထိုင်တဲ့ နိုင်ငံကြီး အမြန်အေးချမ်းသာယာပြီး အပူပင်များ အမြန်ချုပ်ငြိမ်းပါစေ။
ယခုအာဘော်သည်ကျွန်တော့်ရဲ့အတွေးအာဘော်သာဖြစ်ကြောင်း
ဆရာဦးရွှေသုဝဏ်
Leave a Comment