ကိုယ္ခ်စ္ရတဲ့ ေကာင္မေလးေတြဆီမွာ ေသခ်ာေပါက္ ခ်စ္သူေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးမ်ား

ကိုယ္ခ်စ္ရတဲ့ ေကာင္မေလးေတြဆီမွာ ေသခ်ာေပါက္ ခ်စ္သူေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးမ်ား

ကိုယ္ခ်စ္ရတဲ့ ေကာင္မေလးေတြဆီမွာ ေသခ်ာေပါက္ ခ်စ္သူေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးေတြ ရွိပါတယ္။

အဲဒီအျပဳအမူေလးေတြကို မိန္းကေလးေတြက မထင္မွတ္ပဲ ျပဳမူတတ္ၾကၿပီး၊ သူမတို႔ဘာသာ ဒီလို ျပဳမူလိုက္ျခင္းေၾကာင့္ဒီေလာက္ ခ်စ္စရာေကာင္းသြားလိမ့္မယ္မွန္း သိေလ့မရွိၾကပါဘူး။

ဒီေတာ့ ေယာက္်ားေလးေတြကို အသဲအရမ္းယားေစတဲ့မိန္းကေလးေတြရဲ႕ အျပဳအမူေလးေတြကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) နာမည္ေခၚတဲ့အခါ

ေကာင္မေလးေတြက သူတို႔ခ်စ္ရတဲ့ ခ်စ္သူကို ဘယ္လိုနာမည္မ်ိဳးေခၚမလဲဆိုၿပီး ႀကိဳေတြးထားတတ္ၾကပါတယ္။

ဥပမာအားျဖင့္ ကိုဇင္လင္းထက္ဆိုတဲ့ နာမည္ကို ကိုလင္းလို႔ ေခၚမယ္ဆိုၿပီး စိတ္ထဲက ႀကိဳေတြထားတဲ့ သေဘာမ်ိဳးေပါ့။

တစ္ခါတေလ ကို-ေမာင္-ခ်ီးထုတ္-ဂ်ပိုး-စတဲ့ နာမည္ေျပာင္ေလးေတြလည္း ျဖစ္ေနတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလို ေခၚလိုက္တဲ့ခဏမွာ အမ်ိဳးသားေတြကို ခ်စ္စိတ္ေတြ ပြားေစပါတယ္။ (မႀကိဳက္ဖူးဆိုတဲ့ နာမည္ကိုေတာ့ မေခၚနဲ႔ေပါ့ေနာ)

(၂) ေရခ်ိဳးေနရင္း ျပဳမူတတ္တဲ့ အေလ့အထ

ခ်စ္သူေကာင္မေလး ေရခ်ိဳးတာကို တစိမ့္စိမ့္ ထိုင္ၾကည့္ခြင့္ရတဲ့ ခ်စ္သူေကာင္ေလးရယ္လို႔ေတာ့ မရင္းနီးခင္ စပ္ၾကားမွာရွိမွာေတာ့ မဟုတ္ပါဘူး။

ဒီေတာ့ သူနဲ႔ကိုယ္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေနေပမယ့္၊ တစ္ေယာက္နဲ႔တစ္ေယာက္ရႈိးတို႔ရွန္းတန႔္ျဖစ္ေနဆဲအခ်ိန္မ်ိဳးမွာ ေကာင္မေလးက ေရခ်ိဳးရင္း သီခ်င္းဆိုလိုက္၊ သ႐ုပ္ေဆာင္လိုက္၊ ေပါက္တက္ကရ ေအာ္လိုက္လုပ္ေနတာမ်ိဳးကို ကာယကံရွင္ ေကာင္ေလးက ေတြ႕ဖူးသြားတယ္ဆိုရင္ အေတာ္ေလး အသဲယားစရာ ေကာင္းပါတယ္။

(၃) အားကစားဝတ္စုံေလးနဲ႔

မိန္းကေလးေတြ ခႏၶာကိုယ္အလွကို အေပၚလြင္ဆုံးအခ်ိန္က ဘီကီနီဝတ္မွမဟုတ္ပါဘူး။ အားကစားဝတ္စုံဝတ္ၿပီး၊အားကစားေလ့က်င့္ခန္းေတြ လုပ္ေနတဲ့အခ်ိန္ဟာ ခႏၶာကိုယ္ အလွဆုံးအခ်ိန္ပါဘဲ။

ဒီလို ကိုယ့္ခ်စ္သူကို အားကစားဝတ္စုံနဲ႔အတူတူေတြ႕လိုက္ရတဲ့ အခိုက္အတန႔္မွာ ေကာင္ေလးတစ္ေယာက္ ရင္ကို ဗရမ္းဗတာ ခုန္ေစပါတယ္။

(၄) တစ္ခုခု ခ်က္ျပဳတ္ေနတဲ့အခါ

အခ်က္အျပဳတ္ဆိုတာ ပ်ိဳေမတို႔ မျဖစ္မေန တက္ေျမာက္ထားသင့္တဲ့ ပညာလို႔ ဆိုပါရေစ။ ခင္ပြန္းကို ထမင္းေကြၽးတဲ့အခါတိုင္းမွာအိမ္အကူခ်က္ျပဳတ္ေပးထားေတြကို စားပြဲေပၚတင္ေပးႏိုင္႐ုံေလာက္နဲ႔ေတာ့ ခင္ပြန္းသည္ရဲ႕အခ်စ္ကို ျပည့္ျပည့္၀၀ ရႏိုင္မွာ မဟုတ္ပါဘူး။

ဒီေတာ့ ေယာက္်ားေလးေတြ အမ်ိဴးသမီးတစ္ေယာက္ကို အထင္ႀကီးေလးစားမႈျဖစ္ေစတဲ့ အခ်ိန္ကေတာ့ ထမင္းဟင္းခ်က္ေနတာကိုပထမဆုံးျမင္ေတြ႕ရခ်ိန္လို႔ ဆိုရမွာပါ။

(၅) ကိုယ့္အဝတ္အစားေတြ ယူဝတ္တဲ့အခါ

သူနဲ႔သင္က သိပ္ကို ခင္မင္ရင္းနီးေနတယ္ဆိုရင္၊ တစ္ခါတေလ တမင္တကာပဲျဖစ္ျဖစ္၊ ခရီးသြားဟန္လႊဲပဲျဖစ္ျဖစ္၊ သူ႔အဝတ္အစားေတြကို အေျခအေနအရ ယူဝတ္လိုက္ရတာမ်ိဳး ရွိေကာင္းရွိႏိုင္ပါတယ္။

ဥပမာ ႏွစ္ဦးသား မိုးမိၿပီး၊ သူ႔အိမ္ကို သင္ေရာက္ေနတဲ့အခါမ်ိဳးဆိုပါေတာ့။အမ်ိဳးသားတစ္ေယာက္ရဲ႕ ပုံမက်ပန္းမက် အဝတ္အစားေတြဟာ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ေပၚမွာ အလြန္စြဲေဆာင္အားေကာင္းတဲ့အဆင္တန္ဆာေတြ ျဖစ္ေစပါတယ္။

(၆) ဘာမွ မလိမ္းျခယ္တဲ့ ပကတိအလွ

တစ္ခ်ိဳ႕ေသာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ အမ်ိဳးသမီးေတြက ဘာကိုမွ မလိမ္းျခယ္ပဲ ဧည့္သည္ေတြနဲ႔ လက္ခံေတြ႕ဆုံႏိုင္ၾကပါတယ္။

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက အလွျပင္လိုက္မွ အလွေပၚလြင္တယ္ဆိုေပမယ့္၊ တစ္ခါတေလ ဘာမွျပဳျပင္ထားျခင္းမရွိတဲ့ပကတိအလွဟာ ေယာက္်ားတစ္ေယာက္ရဲ႕ ဘဝတစ္ခုလုံးကိုေတာင္ သိမ္းပိုက္ႏိုင္ပါတယ္။

(၇) သီခ်င္းေဟာ္ႀကီးဟစ္က်ယ္ ဆိုတဲ့အခါ

တစ္ခါတေလ ကားအတူတူစီးျဖစ္လို႔ သီးခ်င္းအတူတူ နားေထာင္ျဖစ္တဲ့အခါ သူ သိပ္မရတဲ့ သီခ်င္းကိုလည္း ခပ္တည္တည္ ေပါက္တက္ကရ လိုက္ဆိုတတ္တဲ့ အမူအယာေတြကလည္း အသဲယားဖို႔ အလြန္ေကာင္းပါတယ္။

Credit:santhitsa

unicode

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးတွေ ရှိပါတယ်။

အဲဒီအပြုအမူလေးတွေကို မိန်းကလေးတွေက မထင်မှတ်ပဲ ပြုမူတတ်ကြပြီး၊ သူမတို့ဘာသာ ဒီလို ပြုမူလိုက်ခြင်းကြောင့်ဒီလောက် ချစ်စရာကောင်းသွားလိမ့်မယ်မှန်း သိလေ့မရှိကြပါဘူး။

ဒီတော့ ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) နာမည်ခေါ်တဲ့အခါ

ကောင်မလေးတွေက သူတို့ချစ်ရတဲ့ ချစ်သူကို ဘယ်လိုနာမည်မျိုးခေါ်မလဲဆိုပြီး ကြိုတွေးထားတတ်ကြပါတယ်။

ဥပမာအားဖြင့် ကိုဇင်လင်းထက်ဆိုတဲ့ နာမည်ကို ကိုလင်းလို့ ခေါ်မယ်ဆိုပြီး စိတ်ထဲက ကြိုတွေထားတဲ့ သဘောမျိုးပေါ့။

တစ်ခါတလေ ကို-မောင်-ချီးထုတ်-ဂျပိုး-စတဲ့ နာမည်ပြောင်လေးတွေလည်း ဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါ်လိုက်တဲ့ခဏမှာ အမျိုးသားတွေကို ချစ်စိတ်တွေ ပွားစေပါတယ်။ (မကြိုက်ဖူးဆိုတဲ့ နာမည်ကိုတော့ မခေါ်နဲ့ပေါ့နော)

(၂) ရေချိုးနေရင်း ပြုမူတတ်တဲ့ အလေ့အထ

ချစ်သူကောင်မလေး ရေချိုးတာကို တစိမ့်စိမ့် ထိုင်ကြည့်ခွင့်ရတဲ့ ချစ်သူကောင်လေးရယ်လို့တော့ မရင်းနီးခင် စပ်ကြားမှာရှိမှာတော့ မဟုတ်ပါဘူး။

ဒီတော့ သူနဲ့ကိုယ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်နေပေမယ့်၊ တစ်ယောက်နဲ့တစ်ယောက်ရှိုးတို့ရှန်းတန့်ဖြစ်နေဆဲအချိန်မျိုးမှာ ကောင်မလေးက ရေချိုးရင်း သီချင်းဆိုလိုက်၊ သရုပ်ဆောင်လိုက်၊ ပေါက်တက်ကရ အော်လိုက်လုပ်နေတာမျိုးကို ကာယကံရှင် ကောင်လေးက တွေ့ဖူးသွားတယ်ဆိုရင် အတော်လေး အသဲယားစရာ ကောင်းပါတယ်။

(၃) အားကစားဝတ်စုံလေးနဲ့

မိန်းကလေးတွေ ခန္ဓာကိုယ်အလှကို အပေါ်လွင်ဆုံးအချိန်က ဘီကီနီဝတ်မှမဟုတ်ပါဘူး။ အားကစားဝတ်စုံဝတ်ပြီး၊အားကစားလေ့ကျင့်ခန်းတွေ လုပ်နေတဲ့အချိန်ဟာ ခန္ဓာကိုယ် အလှဆုံးအချိန်ပါဘဲ။

ဒီလို ကိုယ့်ချစ်သူကို အားကစားဝတ်စုံနဲ့အတူတူတွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ကောင်လေးတစ်ယောက် ရင်ကို ဗရမ်းဗတာ ခုန်စေပါတယ်။

(၄) တစ်ခုခု ချက်ပြုတ်နေတဲ့အခါ

အချက်အပြုတ်ဆိုတာ ပျိုမေတို့ မဖြစ်မနေ တက်မြောက်ထားသင့်တဲ့ ပညာလို့ ဆိုပါရစေ။ ခင်ပွန်းကို ထမင်းကျွေးတဲ့အခါတိုင်းမှာအိမ်အကူချက်ပြုတ်ပေးထားတွေကို စားပွဲပေါ်တင်ပေးနိုင်ရုံလောက်နဲ့တော့ ခင်ပွန်းသည်ရဲ့အချစ်ကို ပြည့်ပြည့်၀၀ ရနိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ယောက်ျားလေးတွေ အမျိူးသမီးတစ်ယောက်ကို အထင်ကြီးလေးစားမှုဖြစ်စေတဲ့ အချိန်ကတော့ ထမင်းဟင်းချက်နေတာကိုပထမဆုံးမြင်တွေ့ရချိန်လို့ ဆိုရမှာပါ။

(၅) ကိုယ့်အဝတ်အစားတွေ ယူဝတ်တဲ့အခါ

သူနဲ့သင်က သိပ်ကို ခင်မင်ရင်းနီးနေတယ်ဆိုရင်၊ တစ်ခါတလေ တမင်တကာပဲဖြစ်ဖြစ်၊ ခရီးသွားဟန်လွှဲပဲဖြစ်ဖြစ်၊ သူ့အဝတ်အစားတွေကို အခြေအနေအရ ယူဝတ်လိုက်ရတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။

ဥပမာ နှစ်ဦးသား မိုးမိပြီး၊ သူ့အိမ်ကို သင်ရောက်နေတဲ့အခါမျိုးဆိုပါတော့။အမျိုးသားတစ်ယောက်ရဲ့ ပုံမကျပန်းမကျ အဝတ်အစားတွေဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလွန်စွဲဆောင်အားကောင်းတဲ့အဆင်တန်ဆာတွေ ဖြစ်စေပါတယ်။

(၆) ဘာမှ မလိမ်းခြယ်တဲ့ ပကတိအလှ

တစ်ချို့သော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ဘာကိုမှ မလိမ်းခြယ်ပဲ ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံနိုင်ကြပါတယ်။

အမျိုးသမီးတော်တော်များများက အလှပြင်လိုက်မှ အလှပေါ်လွင်တယ်ဆိုပေမယ့်၊ တစ်ခါတလေ ဘာမှပြုပြင်ထားခြင်းမရှိတဲ့ပကတိအလှဟာ ယောက်ျားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကိုတောင် သိမ်းပိုက်နိုင်ပါတယ်။

(၇) သီချင်းဟော်ကြီးဟစ်ကျယ် ဆိုတဲ့အခါ

တစ်ခါတလေ ကားအတူတူစီးဖြစ်လို့ သီးချင်းအတူတူ နားထောင်ဖြစ်တဲ့အခါ သူ သိပ်မရတဲ့ သီချင်းကိုလည်း ခပ်တည်တည် ပေါက်တက်ကရ လိုက်ဆိုတတ်တဲ့ အမူအယာတွေကလည်း အသဲယားဖို့ အလွန်ကောင်းပါတယ်။

Credit:santhitsa

Leave a Comment