စိတ္ဓာတ္က်ဆင္းလာေအာင္ လုပ္တတ္တဲ့အမွားမ်ား

စိတ္ဓာတ္က်ဆင္းလာေအာင္ လုပ္တတ္တဲ့အမွားမ်ား

လူေတြဟာ ကိုယ့္ကိုယ္ကိုယ္ စိတ္ဓာတ္က်ေအာင္ တမင္လုပ္ေဆာင္တတ္တဲ့နည္းလမ္းေတြ ရွိၾကပါတယ္။

စိတ္ဓာတ္က်ျခင္းနဲ႔ စိုးရိမ္ေၾကာင့္က်ျခင္းကို ခံစားေနရသူမ်ားဟာျပႆနာေတြကို ပိုေကာင္းလာဖို႔ထက္ ပိုဆိုး႐ြားေစေအာင္ ဖန္တီးျပဳလုပ္တတ္ၾကပါတယ္။ နမူနာတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မိမိကို စိတ္အေႏွာင့္အယွက္ေပးေနတဲ့ ျပႆနာမ်ားကို မေျဖရွင္းျခင္း

စိတ္ကသိကေအာက္ျဖစ္ျခင္းဟာ လူမ်ားစြာရဲ႕ စိတ္ဓာတ္က်ဆင္းျခင္းရဲ႕ အဓိက လကၡဏာရပ္တစ္ခု ျဖစ္ပါတယ္။

စိတ္အေႏွာင့္အယွက္ျဖစ္ေစတတ္တဲ့ တခ်ိဳ႕ေသာ ျပႆနာမ်ားဟာ အလြယ္တကူ ေျဖရွင္းလို႔ ရတတ္တဲ့ ျပႆနာမ်ိဳးပါ။

ဒါေပမဲ့လည္း စိတ္ဓာတ္က်ေနတဲ့ လူေတြဟာ ျပႆနာကို ေျဖရွင္းႏိုင္စြမ္းရွိေပမဲ့ မေျဖရွင္းတတ္ဘဲ ရွိတတ္ၾကပါတယ္။

၂။ အိပ္ေပ်ာ္လာေအာင္ ေစာင့္စားေနျခင္း

အိပ္ေပ်ာ္ဖို႔ ခက္ခဲတာဟာ စိတ္ဓာတ္က်ရျခင္းရဲ႕ အဆိုး႐ြားဆုံး လကၡဏာရပ္တစ္ခု ျဖစ္ပါတယ္။ ဒီလို အိပ္မေပ်ာ္တတ္တဲ့ ျပႆနာကို ေျဖရွင္းတတ္ခ်င္ၾကပါတယ္။

ဒါေၾကာင့္ ခက္ခဲၿပီး ပင္ပန္းႏြမ္းနယ္ေပမဲ့လည္း ေလ့က်င့္ခန္း ျပဳလုပ္ျခင္းတို႔လိုမ်ိဳး နည္းလမ္းမ်ိဳးေတြ လုပ္သင့္ပါတယ္။

အျခားနည္းလမ္းမ်ားကို မျပဳလုပ္ခင္မွာ အိပ္ေပ်ာ္ႏိုင္ဖို႔ကိုသာ အရမ္း အာ႐ုံစိုက္လြန္းေနရင္ အိပ္ေပ်ာ္ႏိုင္မွာ မဟုတ္ပါဘူး။

၃။ မၾကာခဏ အကူအညီေတာင္းလြန္းျခင္း

ထိေရာက္မႈရွိတဲ့ အကူအညီကို မရွာေဖြခင္မွာ စိတ္ဓာတ္က်ေနတယ္ဆိုတာ မသိဘဲ စိတ္ဓာတ္က်တတ္သူမ်ားဟာ သူတို႔ဘာသာသူတို႔ ႐ုန္းကန္ ေဆာင္႐ြက္တတ္ၾကပါတယ္။

ဒါေပမဲ့ တစ္ခါတစ္ေလ လူေတြဟာ တျခားသူေတြ အေပၚမွာ အရမ္းမွီခိုတတ္လြန္း ၾကပါတယ္။ ဥပမာဆိုရင္ ဆုံးျဖတ္ခ်က္ခ်ျခင္း၊ နည္းပညာ အသုံးျပဳျခင္း၊ လူမႈေရးဆက္သြယ္မႈ စတာေတြမွာ မၾကာခဏ အကူအညီေတာင္း တတ္လြန္းၾကပါတယ္။

တစ္ပါးသူေတြ အေပၚမွာ အၿမဲတမ္း မွီခိုေနတတ္တဲ့ စိတ္ဓာတ္က်သူမ်ားဟာ ေဒါသျဖစ္ျခင္း၊ ဘဝင္မက်ျခင္းနဲ႔ ဆက္ဆံေရး ျပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ဒီလိုအခ်ိန္မ်ိဳးဟာ စိတ္ဓာတ္က်ေနတဲ့ လူဟာ လူတစ္ေယာက္တည္းကို အကူအညီေတြ အႀကိမ္ႀကိမ္ေတာင္းတဲ့ အခ်ိန္မ်ိဳး ဒါမွမဟုတ္လည္း မိမိတို႔ကိုယ္တိုင္ လုပ္တတ္ေအာင္ ႀကိဳးစားႏိုင္တဲ့ တာဝန္တစ္ခုတည္းပဲကို အကူအညီေတာင္း တတ္တဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။

၄။ ဘဝ၊ သင္ယူေလ့လာျခင္းနဲ႔ လုပ္ငန္းတာဝန္ေတြကို ရပ္ဆိုင္းထားျခင္း

စိတ္ဓာတ္က်တဲ့အခါမွာ လူေတြရဲ႕ဦးေႏွာက္ဟာ ဝိုးတဝါးပိတ္ေမွာင္ေနတတ္ၿပီး အာ႐ုံစိုက္မႈဟာလည္း အားနည္းမႈေတြ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ဒီလိုအေျခအေနေတြ ပိုမိုေကာင္းမြန္လာတဲ့အခ်ိန္ထိ သင္ၾကားေလ့လာမႈ အသစ္တစ္ခုခုကို စဥ္းစားသင့္ပါတယ္။

စိတ္ဓာတ္က်တဲ့အခါမ်ိဳးမွာ ကိုယ့္ကိုယ္ကိုယ္ သက္ေတာင့္သက္သာ ျဖစ္ေအာင္ေနၿပီး သိပ္ၿပီး မစဥ္းစားလြန္းျခင္းဟာ အေကာင္းဆုံး အႀကံဥာဏ္တစ္ခုပါပဲ။

ဒီလိုေျပာလို႔ စိန္ေခၚလုပ္ေဆာင္ရတဲ့ အရာေတြ၊ ကြၽမ္းက်င္မႈမရွိေသးတဲ့ အရာေတြကို ရပ္နားပစ္ရမယ္လို႔ မဆိုလိုပါဘူး။

မိမိကိုယ္ကိုယ္ အရမ္း တြန္းအားေပးျခင္းမ်ိဳးကို မလုပ္ေဆာင္ပါနဲ႔။ ဒါေပမဲ့ ေပ်ာ္႐ႊင္ျခင္းနဲ႔ ကြၽမ္းက်င္ပိုင္ႏိုင္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာျခင္းနဲ႔ စိတ္ဓာတ္က်ဆင္းမႈကို သက္သာေစတဲ့ အေရးႀကီးတဲ့ အရာေတြ ျဖစ္ပါတယ္။

Htet Htet Tin Zar (႐ိုးရာေလး)

unicode

စိတ်ဓာတ်ကျဆင်းလာအောင် လုပ်တတ်တဲ့အမှားများ

လူတွေဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျအောင် တမင်လုပ်ဆောင်တတ်တဲ့နည်းလမ်းတွေ ရှိကြပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကျခြင်းကို ခံစားနေရသူများဟာပြဿနာတွေကို ပိုကောင်းလာဖို့ထက် ပိုဆိုးရွားစေအောင် ဖန်တီးပြုလုပ်တတ်ကြပါတယ်။ နမူနာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြဿနာများကို မဖြေရှင်းခြင်း

စိတ်ကသိကအောက်ဖြစ်ခြင်းဟာ လူများစွာရဲ့ စိတ်ဓာတ်ကျဆင်းခြင်းရဲ့ အဓိက လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စေတတ်တဲ့ တချို့သော ပြဿနာများဟာ အလွယ်တကူ ဖြေရှင်းလို့ ရတတ်တဲ့ ပြဿနာမျိုးပါ။

ဒါပေမဲ့လည်း စိတ်ဓာတ်ကျနေတဲ့ လူတွေဟာ ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိပေမဲ့ မဖြေရှင်းတတ်ဘဲ ရှိတတ်ကြပါတယ်။

၂။ အိပ်ပျော်လာအောင် စောင့်စားနေခြင်း

အိပ်ပျော်ဖို့ ခက်ခဲတာဟာ စိတ်ဓာတ်ကျရခြင်းရဲ့ အဆိုးရွားဆုံး လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို အိပ်မပျော်တတ်တဲ့ ပြဿနာကို ဖြေရှင်းတတ်ချင်ကြပါတယ်။

ဒါကြောင့် ခက်ခဲပြီး ပင်ပန်းနွမ်းနယ်ပေမဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့လိုမျိုး နည်းလမ်းမျိုးတွေ လုပ်သင့်ပါတယ်။

အခြားနည်းလမ်းများကို မပြုလုပ်ခင်မှာ အိပ်ပျော်နိုင်ဖို့ကိုသာ အရမ်း အာရုံစိုက်လွန်းနေရင် အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။

၃။ မကြာခဏ အကူအညီတောင်းလွန်းခြင်း

ထိရောက်မှုရှိတဲ့ အကူအညီကို မရှာဖွေခင်မှာ စိတ်ဓာတ်ကျနေတယ်ဆိုတာ မသိဘဲ စိတ်ဓာတ်ကျတတ်သူများဟာ သူတို့ဘာသာသူတို့ ရုန်းကန် ဆောင်ရွက်တတ်ကြပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ လူတွေဟာ တခြားသူတွေ အပေါ်မှာ အရမ်းမှီခိုတတ်လွန်း ကြပါတယ်။ ဥပမာဆိုရင် ဆုံးဖြတ်ချက်ချခြင်း၊ နည်းပညာ အသုံးပြုခြင်း၊ လူမှုရေးဆက်သွယ်မှု စတာတွေမှာ မကြာခဏ အကူအညီတောင်း တတ်လွန်းကြပါတယ်။

တစ်ပါးသူတွေ အပေါ်မှာ အမြဲတမ်း မှီခိုနေတတ်တဲ့ စိတ်ဓာတ်ကျသူများဟာ ဒေါသဖြစ်ခြင်း၊ ဘဝင်မကျခြင်းနဲ့ ဆက်ဆံရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုအချိန်မျိုးဟာ စိတ်ဓာတ်ကျနေတဲ့ လူဟာ လူတစ်ယောက်တည်းကို အကူအညီတွေ အကြိမ်ကြိမ်တောင်းတဲ့ အချိန်မျိုး ဒါမှမဟုတ်လည်း မိမိတို့ကိုယ်တိုင် လုပ်တတ်အောင် ကြိုးစားနိုင်တဲ့ တာဝန်တစ်ခုတည်းပဲကို အကူအညီတောင်း တတ်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

၄။ ဘဝ၊ သင်ယူလေ့လာခြင်းနဲ့ လုပ်ငန်းတာဝန်တွေကို ရပ်ဆိုင်းထားခြင်း

စိတ်ဓာတ်ကျတဲ့အခါမှာ လူတွေရဲ့ဦးနှောက်ဟာ ဝိုးတဝါးပိတ်မှောင်နေတတ်ပြီး အာရုံစိုက်မှုဟာလည်း အားနည်းမှုတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေ ပိုမိုကောင်းမွန်လာတဲ့အချိန်ထိ သင်ကြားလေ့လာမှု အသစ်တစ်ခုခုကို စဉ်းစားသင့်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာ ဖြစ်အောင်နေပြီး သိပ်ပြီး မစဉ်းစားလွန်းခြင်းဟာ အကောင်းဆုံး အကြံဉာဏ်တစ်ခုပါပဲ။

ဒီလိုပြောလို့ စိန်ခေါ်လုပ်ဆောင်ရတဲ့ အရာတွေ၊ ကျွမ်းကျင်မှုမရှိသေးတဲ့ အရာတွေကို ရပ်နားပစ်ရမယ်လို့ မဆိုလိုပါဘူး။

မိမိကိုယ်ကိုယ် အရမ်း တွန်းအားပေးခြင်းမျိုးကို မလုပ်ဆောင်ပါနဲ့။ ဒါပေမဲ့ ပျော်ရွှင်ခြင်းနဲ့ ကျွမ်းကျင်ပိုင်နိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းနဲ့ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေတဲ့ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။

Htet Htet Tin Zar (ရိုးရာလေး)

Leave a Comment