ျမန္မာ့႐ိုးရာ လက္ထပ္ျခင္း (၁၀) ပါး ဆိုသည္မွာ

ျမန္မာ့႐ိုးရာ လက္ထပ္ျခင္း (၁၀) ပါး ဆိုသည္မွာ

ျမန္မာ့ ဓေလ့ ထုံးတမ္းအရ ထိမ္းျမား မဂၤလာ (၁၀)ပါး ရွိပါသည္။

၁။ ပုဆိုးတန္းတင္ ထိမ္းျမားျခင္း

သတို႔သား၊ သတို႔သမီးႏွစ္ဦးလုံးကို လူလည္ေခါင္တြင္ ကန္ေတာ့ခံ မထြက္ပဲ မိမိအိမ္မွာပင္ လြတ္လပ္စြာေနလွ်င္ ဖိတ္ထားေသာ ပရိတ္သတ္မ်ား စားေသာက္ၿပီး ျပန္သြားၾကမွ သတိုးသမီး အိပ္ခန္းရွိ ႀကိမ္တန္း၊ ႀကိဳးတန္း၌ သတိုးသား ပုဆိုး၊ ပုဝါ လွန္း၍ တင္ကာထိမ္းျမားျခင္းကို ပုဆိုးတန္းတင္ ထိမ္းျမားျခင္း ဟုေခၚသည္။

၂။ လက္စုံစား ထိမ္းျမားျခင္း

ထမင္း သိုမဟုတ္ မုန႔္တစ္ခုခု ကို သတို႔သား၊ သတို႔သမီးတို႔က လက္စုံ စားေစ ထိမ္းျမားျခင္းကို လက္စုံစား ထိမ္းျမားျခင္း ဟုေခၚသည္ ။ (ယခု လင္မယားအရာ ေျမာက္ၿပီးမွသာ ျပဳလုပ္ေလ့ ရွိ သည္ ။)

၃။ လက္စြပ္လဲ၍ ထိမ္းျမားျခင္း

သတို႔သား ဝတ္ဆင္ေသာ လက္စြပ္ကို သတို႔ သမီးအား ဝတ္ဆင္ေပးျခင္း၊ သတို႔သမီး ဝတ္ထားေသာ လက္စြပ္ကို သတို႔သားအား ဝတ္ဆင္ေပးျခင္း၊ အခ်င္းခ်င္းလဲလွယ္၍ ထိမ္းျမားျခင္းကို လက္စြပ္လဲ၍ ထိမ္းျမားျခင္း ဟုေခၚသည္။

၄။ အဝတ္ေပး၍ ထိမ္းျမားျခင္း

သတို႔သားက သတို႔သမီးအိမ္သို႔ လာသည့္ အခါ သတို႔သမီး ၏ မိဘမ်ားက အဝတ္ပုဆိုးအသစ္ လဲလွယ္ ဝတ္ေပးျခင္း ကို အဝတ္ေပး၍ ထိမ္းျမားျခင္း ဟုေခၚသည္။

၅။ လက္ထပ္ထိမ္းျမားျခင္း

သတို႔သမီး လက္ယာ လက္ကို ျဖန႔္ထား၍ သတို႔သား လက္ယာ ဘက္ကို အေပၚတင္ေစ ကာ ဘိသိက္ ဆရာက ျဖစ္ေစ၊ လူႀကီးတစ္ဦးဦးကျဖစ္ေစ ေ႐ႊႏွင့္ေငြ ဂေဟ ဆက္ထား သကဲ့သို တူႏွစ္ကို တစ္စိတ္ တစ္ဝမ္း ထည္းဟု ပရိသတ္ အလယ္တြင္ ထိမ္းျမားျခင္းကို လက္ထပ္ ထိမ္းျမားျခင္း ဟုေခၚသည္။

၆။ ဒါလီဖြဲ႕၍ ထိမ္းျမားျခင္း

ျဖန႔္လွ်င္ႏွစ္ဦးစလုံး ဦးေခါင္း ဆန႔္ေလာက္တဲ့ ေလးေတာင္ခန႔္ ရွိေသာ ေ႐ႊဆြဲႀကိဳး ပန္းကုံ းသဖြယ္ျပဳလုပ္ ၍ သတို႔သား၊ သတို႔သမီး ႏွစ္ဦးစလုံး တစ္ခါတည္း စြပ္၍ ထိမ္းျမားျခင္းကို ဒါလီဖြဲ႕၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။

၇။ စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း

အလွ်ား (၆) ေတာင္၊ အနံ (၂)ေတာင္ ရွိေသာ သတို႔သမီးၿခဳံေသာ စုလွ်ား တဘက္အား သတို႔သား၊ သတို႔သမီးႏွစ္ဦးအား ရစ္ပတ္ထိမ္းျမားျခင္းကို စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း ဟုေခၚသည္။

၈။ ပန္းကုံးစြပ္၍ ထိမ္းျမားျခင္း

သတို႔သားက သတို႔သမီးအား ပန္းကုံးစြပ္ေပး သျဖင့္၊ သတို႔သမီးက သတို႔သားအား ပန္းကုံးစြပ္ေပး သျဖင့္ ထိမ္းျမားျခင္းကို ပန္းကုံးစြပ္၍ ထိမ္းျမားျခင္း ဟုေခၚသည္။

၉။ လက္ခ်၍ ထိမ္းျမားျခင္း

ေ႐ႊဖလား၊ ေငြဖလား၊ ဖန္ခြက္ စသည္တို႔ ေရတစ္ ဝက္ ထည့္၍ သေျပပန္း၊ ေနဇာျမက္မ်ား ထည့္ၿပီး သတို႔သား၊ သတို႔သမီး တို႔၏ လက္ယာလက္မ်ားကို ခ်ထားေစ၍ ေရၾကည္လင္ေအးျမ၍ မကြဲ တျပား တသား တည္းေန သတို႔သား၊ သတို႔သမီး တို႔ ႐ိုးေျမက် ရာသက္ပန္တည္ပါေစ ဟု ဆို ၍ လက္ခ် ထိမ္းျမား ျခင္းကို ေရခြက္၌ လက္ ခ် ၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။

၁၀။ ဦးထိပ္၌ ေရစင္သြန္း၍ ထိမ္းျမားျခင္း

ေ႐ႊခြက္၊ေငြခြက္၊ဖန္ခြက္ စသည့္ နဝရတ္ ကိုးပါး၊ နံသာမ်ိဳးငါးပါး ေသြး၍ (သို႔မဟုတ္) ေရေမႊးမ်ားထည့္၍ သတို႔သား၊ သတို႔သမီးတို႔၏ ထိပ္၌ သေျပပန္းခက္ျဖင့္ ပက္ျဖန္း၍ လက္ထပ္ထိမ္းျမားျခင္းကို ဦးထိပ္၌ ေရစင္သြန္း ၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။

Credit: original

Unicode

မြန်မာ့ရိုးရာ လက်ထပ်ခြင်း (၁၀) ပါး ဆိုသည်မှာ

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။

၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း

သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံ မထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသော ပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

၂။ လက်စုံစား ထိမ်းမြားခြင်း

ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံ စားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည် ။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိ သည် ။)

၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း

သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့ သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၄။ အဝတ်ပေး၍ ထိမ်းမြားခြင်း

သတို့သားက သတို့သမီးအိမ်သို့ လာသည့် အခါ သတို့သမီး ၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ် ဝတ်ပေးခြင်း ကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၅။ လက်ထပ်ထိမ်းမြားခြင်း

သတို့သမီး လက်ယာ လက်ကို ဖြန့်ထား၍ သတို့သား လက်ယာ ဘက်ကို အပေါ်တင်စေ ကာ ဘိသိက် ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထား သကဲ့သို တူနှစ်ကို တစ်စိတ် တစ်ဝမ်း ထည်းဟု ပရိသတ် အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း

ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်း ဆန့်လောက်တဲ့ လေးတောင်ခန့် ရှိသော ရွှေဆွဲကြိုး ပန်းကုံ းသဖွယ်ပြုလုပ် ၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။

၇။ စုလျှားရစ်ပတ် ထိမ်းမြားခြင်း

အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှား တဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း

သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေး သဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေး သဖြင့် ထိမ်းမြားခြင်းကို ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

၉။ လက်ချ၍ ထိမ်းမြားခြင်း

ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ် ဝက် ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲ တပြား တသား တည်းနေ သတို့သား၊ သတို့သမီး တို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟု ဆို ၍ လက်ချ ထိမ်းမြား ခြင်းကို ရေခွက်၌ လက် ချ ၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။

၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း

ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း ၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။

Credit: original

Leave a Comment