သင္ဟာ သူမ်ားထက္ ထူးျခားသူ ျဖစ္ေၾကာင္း ဒီအခ်က္ေတြက ျပသေနပါတယ္

သင္ဟာ သူမ်ားထက္ ထူးျခားသူ ျဖစ္ေၾကာင္း ဒီအခ်က္ေတြက ျပသေနပါတယ္

လူတိုင္းမွာ အစြမ္းအစ ကိုယ္စီ ရွိၾကပါတယ္။ ဒါကို သင္ကိုယ္တိုင္က သတိမျပဳမိသလို ပတ္ဝန္းက်င္ရဲ႕ ရႈံ႕ခ်ေဝဖန္တဲ့ စကားသံေတြ ေအာက္မွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ကင္းမဲ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

သင့္မွာေအာင္ျမင္ေအာင္ ျပဳလုပ္ႏိုင္တဲ့ အရည္အခ်င္းေတြ ရွိေနၿပီးသားပါ။ ကိုယ့္မွာ ကိန္းေအာင္းေနတာေတြကို သတိမထားမိေသးတာပါ။

ဒါဆို သင့္မွာသာ ဒီအခ်က္ေတြရွိေနတယ္ဆိုရင္ သင္က သူမ်ားထက္ ထူးျခားေနတဲ့ သူတစ္ေယာက္လို႔ ဆိုႏိုင္ပါတယ္။

နည္းလမ္းရွာေဖြတယ္

ဘယ္အရာကိုမဆို အလြယ္တကူ လက္မေလွ်ာ့ဘဲ ရည္႐ြယ္ခ်က္ေတြ ျပည့္ဝေအာင္လုပ္ဖို႔ နည္းလမ္းေတြ ရွာေဖြတတ္တယ္ဆိုရင္ သင္ဟာ ထူးျခားသူတစ္ေယာက္ပါ။

ေမြးရာပါ ျပႆနာေျဖရွင္းသူ တစ္ေယာက္

နည္းလမ္းရွာေဖြၿပီးရင္ ဘယ္လို အခက္အခဲမ်ိဳးမဆို ရင္ဆိုင္ေျဖရွင္းႏိုင္တယ္ဆိုရင္ သင္ဟာ စြန႔္ဦးတီထြင္သူ တစ္ေယာက္ျဖစ္ဖို႔ ေမြးဖြားလာသူပါ။

ဘယ္အရာကမြာ သင္႔ကိုမတားဆီးႏုိငၻဴး

သင္ဟာ အလုပ္တစ္ခုကို စတင္လုပ္ေဆာင္ၿပီဆိုတာနဲ႔ ၿပီးေျမာက္ေအာင္ ေဆာက္႐ြက္တတ္သူလား။

ဘယ္လို အေၾကာင္းနဲ႔မွ သင့္ရည္႐ြယ္ခ်က္ကို အတိမ္းအေဆာင္းမခံဘူး၊ သင္တန္ဖိုးထားရတဲ့ အရာေတြကို အလြယ္တကူ မစြန႔္လႊတ္ဖူးဆိုရင္ သင္ဟာ ထူးျခားသူပါ။

ခံႏိုင္ရည္ရွိတယ္

ဘယ္လို က်ရႈံးမႈ၊ ျငင္းပယ္မႈမ်ိဳးကိုမဆို ခံႏိုင္ရည္ရွိၿပီး ရလာဒ္ထြက္တဲ့အထိ လုပ္ႏိုင္သူေတြဟာ ေအာင္ျမင္မႈကို ရရွိတဲ့သူေတြပါ။

ေမးရမွာ မေၾကာက္ဘူး

ေမးခြန္းေမးရမွာနဲ႔ ပတ္သက္ၿပီး ဘယ္ေတာ့မွ မရွက္မေၾကာက္ပါနဲ႔။ အတန္းထဲမွာ လက္ေထာင္ၿပီး စာေမးရဲတဲ့သူဟာ ဘယ္ေတာ့မွ သက္သာတဲ့ေနရာမွာ မေနဘဲကိုယ့္ကိုယ္ကို အၿမဲတိုးတက္ေအာင္ လုပ္တဲ့သူေတြပါ။

ဘယ္ေတာ့မွ မက်ရႈံးဘူး

ဘယ္ေလာက္ပဲ အရႈံးေတြရွိရွိ ကိုယ္က ရႈံးတယ္လို႔ ခံယူမွသာ အရႈံးဆိုတာ ျဖစ္လာမွာပါ။ ျဖစ္လာတဲ့ အခက္အခဲ ဆုံးရႈံးမႈေတြကို အေကာင္းဆုံး အေတြ႕အႀကဳံေတြအျဖစ္ ျပန္လည္အသုံးခ်တတ္သူပါ။

ေျပာင္းလဲမႈက သင့္လက္ထဲမွာရွိတယ္

လူအမ်ားစုက ကမာၻႀကီးနဲ႔ လူေတြရဲ႕စိတ္ကို ေျပာင္းလဲလို႔မရဘူးလို႔ ေတြးၾကပါတယ္။ သင္ကိုယ္တိုင္က ေျပာင္းလဲခ်င္စိတ္ ရွိတယ္ဆိုရင္ ဘယ္အရာမဆို ေျပာင္းလဲႏိုင္တယ္ဆိုတာ သိဖို႔လိုပါတယ္။

ဒီလိုအခ်က္ေတြကို သင္ကလက္ဝယ္ပိုင္ဆိုင္ထားတယ္ဆိုရင္ သင္ဟာ ထူးျခားတဲ့ သူတစ္ေယာက္အျဖစ္ အမွန္တကယ္ ေမြးဖြားလာသူပါ။

Crd

unicode

သင်ဟာ သူများထက် ထူးခြားသူ ဖြစ်ကြောင်း ဒီအချက်တွေက ပြသနေပါတယ်

လူတိုင်းမှာ အစွမ်းအစ ကိုယ်စီ ရှိကြပါတယ်။ ဒါကို သင်ကိုယ်တိုင်က သတိမပြုမိသလို ပတ်ဝန်းကျင်ရဲ့ ရှုံ့ချဝေဖန်တဲ့ စကားသံတွေ အောက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တာမျိုး ဖြစ်တတ်ပါတယ်။

သင့်မှာအောင်မြင်အောင် ပြုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိနေပြီးသားပါ။ ကိုယ့်မှာ ကိန်းအောင်းနေတာတွေကို သတိမထားမိသေးတာပါ။

ဒါဆို သင့်မှာသာ ဒီအချက်တွေရှိနေတယ်ဆိုရင် သင်က သူများထက် ထူးခြားနေတဲ့ သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

နည်းလမ်းရှာဖွေတယ်

ဘယ်အရာကိုမဆို အလွယ်တကူ လက်မလျှော့ဘဲ ရည်ရွယ်ချက်တွေ ပြည့်ဝအောင်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေတတ်တယ်ဆိုရင် သင်ဟာ ထူးခြားသူတစ်ယောက်ပါ။

မွေးရာပါ ပြဿနာဖြေရှင်းသူ တစ်ယောက်

နည်းလမ်းရှာဖွေပြီးရင် ဘယ်လို အခက်အခဲမျိုးမဆို ရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုရင် သင်ဟာ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသူပါ။

ဘယ္အရာကမွာ သင္႔ကိုမတားဆီးႏုိင္ဘူး

သင်ဟာ အလုပ်တစ်ခုကို စတင်လုပ်ဆောင်ပြီဆိုတာနဲ့ ပြီးမြောက်အောင် ဆောက်ရွက်တတ်သူလား။

ဘယ်လို အကြောင်းနဲ့မှ သင့်ရည်ရွယ်ချက်ကို အတိမ်းအဆောင်းမခံဘူး၊ သင်တန်ဖိုးထားရတဲ့ အရာတွေကို အလွယ်တကူ မစွန့်လွှတ်ဖူးဆိုရင် သင်ဟာ ထူးခြားသူပါ။

ခံနိုင်ရည်ရှိတယ်

ဘယ်လို ကျရှုံးမှု၊ ငြင်းပယ်မှုမျိုးကိုမဆို ခံနိုင်ရည်ရှိပြီး ရလာဒ်ထွက်တဲ့အထိ လုပ်နိုင်သူတွေဟာ အောင်မြင်မှုကို ရရှိတဲ့သူတွေပါ။

မေးရမှာ မကြောက်ဘူး

မေးခွန်းမေးရမှာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မရှက်မကြောက်ပါနဲ့။ အတန်းထဲမှာ လက်ထောင်ပြီး စာမေးရဲတဲ့သူဟာ ဘယ်တော့မှ သက်သာတဲ့နေရာမှာ မနေဘဲကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် လုပ်တဲ့သူတွေပါ။

ဘယ်တော့မှ မကျရှုံးဘူး

ဘယ်လောက်ပဲ အရှုံးတွေရှိရှိ ကိုယ်က ရှုံးတယ်လို့ ခံယူမှသာ အရှုံးဆိုတာ ဖြစ်လာမှာပါ။ ဖြစ်လာတဲ့ အခက်အခဲ ဆုံးရှုံးမှုတွေကို အကောင်းဆုံး အတွေ့အကြုံတွေအဖြစ် ပြန်လည်အသုံးချတတ်သူပါ။

ပြောင်းလဲမှုက သင့်လက်ထဲမှာရှိတယ်

လူအများစုက ကမ္ဘာကြီးနဲ့ လူတွေရဲ့စိတ်ကို ပြောင်းလဲလို့မရဘူးလို့ တွေးကြပါတယ်။ သင်ကိုယ်တိုင်က ပြောင်းလဲချင်စိတ် ရှိတယ်ဆိုရင် ဘယ်အရာမဆို ပြောင်းလဲနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။

ဒီလိုအချက်တွေကို သင်ကလက်ဝယ်ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ ထူးခြားတဲ့ သူတစ်ယောက်အဖြစ် အမှန်တကယ် မွေးဖွားလာသူပါ။

Crd

Leave a Comment