အမေကို ချစ်တဲ့သူတိုင်း ဖတ်ကြည့်ပါ (မျက်ရည်ခိုင်ဖို့တော့ လိုမယ်)
” မျက်ရည်ခိုင်မှဖတ်ပါ ”
“ဟာ့ အမေကလည်း ကျွန်ုပ်ဆိုရင် အမြဲအကောင်းမမြင်ဘူ့း ”
သံချောင်းဆိုတာ ဆိုက်ကားဆရာ ဦးလေးကြီးပါ” ဟဲ့ မြဝင့်း နင့်သားကငါ့ကို စာပေးသွားတယ်”မိခင်စာကို ကပြာကယာ ယူပြီး ဖတ်လိုက်သည်စာထဲမှာ ရေးထားတာတွေက” အမေ သားကို ဆူဘဲဆူနေတယ်ဆဲဘဲ ဆဲတယ်သားကို ဆဲတန်း မအောင်လို့ အပြစ်ဘဲမြင်တယ်အမေ ပြောသလိုမျိုး
ဆိုက်ကားဆရာ ကိုသံချောင်းက” ဟဲ့မြဝင့်း ဘာဖြစ်တာလဲ့ ဘာဖြစ်တာလဲဟဲ့”တရှုံ့ရှုံ့ တရှိုက်ရှိုက်ငိုယိုနေသော မြဝင်းကငိုသံလှိုဏ်ခေါင်း ဝဲဝဲကြီးဖြင့်” ကို သံချောင်းရယ့် ကျွန်မ သားလေးကျွန်မကို အထင်လွဲသွားပြီ့ သူကျွန်မကို ထားသွားပြီး ငွေကို သွားရှာနေတယ်သူ အမြင်တွေ မှားသွားပြီ
” မင်း အမေလား ”
နောက်ဆုံး နောက်ဆုံးသူထမင်းတွေ မစားနိုင်ဘဲ အသက်ထွက်ခါးချိန်ထိတောင် မင်းကို မျှော်ခဲ့တာပါကွာ “ပြောတော့ ကျောက်ခဲ တစ်ယောက် သူမှာပါလာခဲ့သော အမေ့ကို ကန်တော့မယ်ဆိုတဲ့ ငွေသိန်းငါးရာအိတ်ကြီးကို သူကြည့်လိုက်သည် ။
unicode
” မျက်ရည်ခိုင်မှဖတ်ပါ ”
” နင့်မှာ ဘာစောက်လုပ် ရှိလို့လဲ့ ပိုက်ဆံတွေ အရမ်းသုံးဖြုန်း နေရတာ့ ”
“ဟာ့ အမေကလည်း ကျွန်ုပ်ဆိုရင် အမြဲအကောင်းမမြင်ဘူး့ ”
” ဟဲ့ မသကောင် ငါ ပြောတာ ဘာမှားလို့လဲသေချင်စိုးလေရဲ့ ”
” အမေ သားကိုဘဲ ဆဲနေတာပဲ့ တော်ပြီဗျာ့ အမေ့ကို မနှိပ်ပေးတော့ဘူး ”
” မနှိပ်ပေးလည်း နေ့ ကြွကြွ !!”ဘူးသီးကြော်ရောင်းသော အမေက စိတ်တိုတိုဖြင့်ပြောလိုက်သည် ။
နောက်တစ်နေ့မှ မိုး အရမ်းချုပ်လို့ သားက အိမ်ပြန်မလာ” ဘယ်တွေ လျှောက်သွားနေတာလဲ မသိဘူးဒီကောင်စုတ်လေး့ “မအေ က စိတ်ပူနေတာပေါ့ ။ကို သံချောင်းက စာလာပို့ သည် ။
သံချောင်းဆိုတာ ဆိုက်ကားဆရာ ဦးလေးကြီးပါ” ဟဲ့ မြဝင်း့ နင့်သားကငါ့ကို စာပေးသွားတယ်”မိခင်စာကို ကပြာကယာ ယူပြီး ဖတ်လိုက်သည်စာထဲမှာ ရေးထားတာတွေက” အမေ သားကို ဆူဘဲဆူနေတယ်ဆဲဘဲ ဆဲတယ်သားကို ဆဲတန်း မအောင်လို့ အပြစ်ဘဲမြင်တယ်အမေ ပြောသလိုမျိုး
ဆယ်တန်းအောင်မှ ပညာတတ် ဘွဲ့ရ ချမ်းသာမှာ မဟုတ်ဘူးဆိုတာ သား အမေ့ကို လက်တွေ့ပြမယ်သားချမ်းသာလာမယ် တစ်နေ့ အမေ ဆီပြန်လာမယ်”
စာကို ဖတ်ပြီးသွားတော့” သားလေးရယ့် မေမေကို ထားသွားတာလားကွယ့် မင်း အထင်တွေ လွဲနေပြီကွယ် “ပြောပြီး ငုတ်တုတ်ထိုင်ချကာ ငိုချလိုက်ပါတော့သည် ။
ဆိုက်ကားဆရာ ကိုသံချောင်းက” ဟဲ့မြဝင်း့ ဘာဖြစ်တာလဲ့ ဘာဖြစ်တာလဲဟဲ့”တရှုံ့ရှုံ့ တရှိုက်ရှိုက်ငိုယိုနေသော မြဝင်းကငိုသံလှိုဏ်ခေါင်း ဝဲဝဲကြီးဖြင့်” ကို သံချောင်းရယ့် ကျွန်မ သားလေးကျွန်မကို အထင်လွဲသွားပြီ့ သူကျွန်မကို ထားသွားပြီး ငွေကို သွားရှာနေတယ်သူ အမြင်တွေ မှားသွားပြီ
”” အေ့ ဟုတ်လား “” ဟုတ်တယ် ရှင့်”အသက် ၁၄ နှစ်ရွယ် သူ့သားကိုစိတ်ပူနေမိသည် ။
တစ်ရက်လည်း ပြန်မလာ ။နှစ်ရက်လည်း ပြန်မလာ ။တစ်နှစ်လည်း ပြန်မလာ ။နှစ်နှစ်လည်း ပြန်မလာ။သုံးနှစ်လည်း ပြန်မလာ ။ဆယ်နှစ်လောက် ကြာမှ ပြန်လာသည် ။
ဒါတောင် လမ်းမှာ ကိုသံချောင်းကိုမှတ်မိလို့ ပါ ။” အန်ကယ့် အန်ကယ်က ဦးသံချောင်းမှတ်လား” ကျွန်တော်ကို မမှတ်မိဘူးလားကျွန်တော်ပါ မောင်ကျောက်ခဲလေအကောင်းစား ကားကြီးကနေဆင်းလာသော မောင်ကျောက်ခဲပါလားအံသြော် လှပေစွပါတကား ။
” ဟေ့ မင်းက မောင်ကျောက်ခဲလား”
” အင်း ဟုတ်တယ် ။ကျွန်တော်က မောင်ကျောက်ခဲပါ ။ဒါက ကျွန်တော်မျိုးသမီး စုနှင်း ”
” မင်္ဂလာပါ အန်ကယ် “” အေးအေး သမီး “” အန်ကယ့် အန်ကယ် အမေကောအမေကော ဟင် ။ကျွန်တော် အမေကောဟင်”
” မင်း အမေလား ”
” အင်း ဟုတ်တယ်လေ့ ။ကျွန်တော် အမေ ဘူးသီကြော် မမြဝင်းလေ””ဘူးသီးကြော်မမြဝင်းရဲ့ သားတဲ့ ဟယ်အေးဟယ် အတော်လေးကို ပြောင်းသွားတယ်ကြည့်စမ်း။
ဆယ်နှစ်ကြာပြီးမှ ကားတွေပါတွေနှင့်အတော်လေး ချမ်းသာသွားတယ် ။သူယူတဲ့ မိန်းမက ချမ်းသာ တာကို ။”ပတ်ဝန်းကျင်က ပြောလို့နေသည် ။
အမေနေသော တဲဓနိ ထရံကာ တဲစုတ်လေးကို ပြန်ရောက်လာခဲ့သည်အရမ်းကို လွမ်းမောစရာ အငွေ့သက်လေးတွေ တဖျင်းဖျင်း ရိုက်ခတ်နေသည်အိမ်ဦးခန်းမှာ အမေ့ရဲ့ ဓာတ်ပုံကို ချိတ်ထားသည်
အမေသေတာ (၅) နှစ်ကြာပြီတဲ့အမေက ကျွန်တော်ထွက်သွားပြီ(၂) ကြာမှာလေဖြတ်တယ်တဲ့အမေ လေဖြတ်တဲ့ လူမမာ အနားမှာဘယ်သူမှ မရှိဘူးတဲ့သုံးနှစ်လောက် မေမေဟာ ဆန့်တငင်ငင်နဲ့ အိပ်ယာထဲမှာ ချီးလူးလူး သေလူးလူးဖြစ်ခဲ့ရတယ်
ဆိုက်ကားဆရာ ဦးသံချောင်းရဲ့ သမီးတွေကလာပြီး ဝိုင်းလုပ်ပေးတယ်တဲ့မေမေက ကျွန်တော်ကို စောင့်ရင်းမိုးသည်းညတစ်ညမမှာ အအေးမိပြီးလေဖြတ်သွားတာတဲ့ ဗျ ။
မျက်ရည်တွေ စီးကျရင်း ဦးသံချောင်းကပြောနေသည် ။မောင်ကျောက်ခဲလည်း မျက်ရည်တွေစီးကျရင်း အမေ ဘူးသီးကြော် မြဝင်းရဲ့ ဓာတ်ပုံကို ကြည့်နေတယ် ။
” မင်း အမေက မင်းကို သိပ်ချစ်ရှာတယ်ကွာမင်း အိမ်က ထွက်သွားပြီးတော့ သူခင်မျမစားနိုင် မသောက်နိုင် တမှိုင်မှိုင် တထွေထွေနှင့် ။ ဈေးလည်း မရောင်းနိုင် ။
အိပ်လည်းမအိပ်နိုင် ။ စားလည်း မစားနိုင် ။ သူခင်မျမှာအိမ်ရှေ့ထရံကာ အပေါက်ဝမှာ မင်းပြန်လာမယ့် အချိန်ထိ သူစောင့်နေခဲ့တာ ။မင်းက သူ့ရဲ့ တစ်ဦးတည်းသော သားကို ။””
ကျွန်တော် မှားသွားပြီဗျာ့ ဦးသံချောင်းရာကျွန်တော် အရမ်းမှားသွားပြီဗျာ ။ကျွန်တော် အမေ့ကို မပစ်သွားသင့်ဘူး။
အဝေးကြီးမှာ ငွေသွားမရှာသင့်ဘူး ။အမေ့ မှာ သားက ကျွန်တော် တစ်ယောက်ဘဲရှိတာ ။
ကျွန်တော် မေ့သွားခဲ့တယ် ။ကျွန်တော် ကို အမေက မချစ်ဘူး ထင်ခဲ့တာ ။အမေက အမြဲတမ်း ဆဲဆိုနေခဲ့လို့ကျွန်တော်ကို မချစ်ဘူး ထင်ခဲ့တာ ဦးသံချောင်းရာ ။”
” မင်းထင်လို့ပါကွာ့ မင်း အမေက လေဖြတ်သွားတာတောင် အိပ်ယာမှာ ဘုန်းဘုန်းလဲနေလည်း အိမ်ရှေ့လည်း ကိုဘဲ ကြည့်ပြီး သူမျက်ရည် ကျနေတာကွသူမင်းကို မျှော်နေတာ ။
ေနာက်ဆုံး နောက်ဆုံးသူထမင်းတွေ မစားနိုင်ဘဲ အသက်ထွက်ခါးချိန်ထိတောင် မင်းကို မျှော်ခဲ့တာပါကွာ “ပြောတော့ ကျောက်ခဲ တစ်ယောက် သူမှာပါလာခဲ့သော အမေ့ကို ကန်တော့မယ်ဆိုတဲ့ ငွေသိန်းငါးရာအိတ်ကြီးကို သူကြည့်လိုက်သည် ။
အစက သူစိတ်ကူးထဲမှာ ကန်တော့ရင်း တွေ့လားအမေ သားပြောသားပဲ ။သား ငွေတွေ ရှာပြီးအမေ ဆီပြန်လာမှာပါလို့ ။သား သိန်းငါးရာအခု ရလာပြီ ။အမေ အမြဲတမ်း ငွေမရှာနိုင်ဘူး ။အသုံးဖြုန်းကြီးတဲ့ အကောင် ။
အမေ ဆဲတဲ့ အကောင်က အခု ငေအများကြီး ရှာလာနိုင်ပြီလို့ သူကြွားမလို့သူစိတ်ကူးလာတာ ။ အခုတော့ သူထင်တာနဲ့တစ်ခြားဆီ ဖြစ်နေသည် ။
ဦးကျောက်ခဲက စာရွက်တစ်ရွက်ကို ပေးသည် ။ဒါက မင်း အမေ လေဖြတ်နေရင်း အိပ်ယာမှာ ရေးသွားခဲ့သော စာ မောင်ကျောက်ခဲ ။
သူမျက်ရည်ကို ကပြာကယာ သုတ်ပြီး ဖြည်ဖတ်ကြည့်လိုက်သည် ။ပညာမဲ့တစ်ယောက်၏ လက်ရေးမို့ သတ်ပုံက မသေသတ်လှပါ။
ညစ်တီးညစ်ပတ်စုတ်တီးစုတ်ညတ် ဖြစ်နေသော အမေ့လက်ရေးကဘာတွေရေးထားလဲဆိုရင်” သားရယ့် မင်း ပြန်မလာသေးဘူးလားကွယ်မင်း ကို အသုံးဖြုန်းကြီးတယ် ပြောတာ မင်းစိတ်မဆိုးပါနဲ့မင်း လူဘဝမှာ ငွေမသုံးတတ်မှာစိုးလို့ပါ ။ ငွေ၏ တန်ဖိုးကို မသိမှာစိုးလို့ပါ။
အမေက မင်းကို သုံးစေချင်တာပေါ့ကွယ် ။အမေ့ သားလေးဘဲ ။အမေ ရှာတာ မင်းအတွက်ပဲလေမင်းဒါတွေ နားမလည်ပါဘူး။
မင်းတစ်နေ့မိဘနေရာရောက်ရင် နားလည်လိမ့်မယ် ။ မင်းကို ဆဲတာကလည်း မင်းအပြစ်မြင်ခြင်မြင်မယ်။
မင်းအမေ ငါကပညာမဲ့ တစ်ယောက်လေ ။ မဆိုဆုံးမတတ်ဘူးကွယ် ။ဒါပေမယ့် မင်းကို ကောင်းစေချင်တယ်။ အမေမင်းကို လူတော်တစ်ယောက် ဖြစ်စေချင်တယ် သား ။
မင်းပညာတတ် ဘွဲ့ရအောင် အမေကိုယ်တိုင် ဘူးသီးကြော် ရောင်းပြီး ကျောင်းထားပေးမယ် သား ။မင်း တက္ကသိုလ်ရောက်လို့ ကျောင်းစာတက်နိုင်အောင်လည်း အမေ ဘူးသီးကြော်ရောင်းမယ် သား။
မင်းမသိပါဘူးကွယ် အမေ မင်း နောက်ကွယ်မှာငပိရည်နှင့်ထမင်းစားပြီး ဘူးသီးကြော် ကိုက်နေရတဲ့အကြောင်းတွေ။
မင်းအတွက် စုဗူးလေးမှာ ဖယ်ဖယ်ထားပြီး ကျောင်းစရိတ်တွေ စုထားပေးတာတွေ ။ အမေတောင် အဝတ်စားသစ် မဝယ်ဘဲ ။
မင်း ဒီနှစ်ဆယ်တန်းအောင်ရင် ကျောင်းဆက်တက်ဖို့ အဝတ်စားသစ်ကို အမေချုပ်ထားခဲ့တယ်။
မင်းဆယ်တန်းအောင်မယ်လို့ အမေထင်ခဲ့တာ ။ မင်း ဆယ်တန်း မအောင်တော့ အမေ စိတ်တိုတာပေါ့ကွယ်။ အဲဒါကြောင့် မင်းကိုအော်ပြီး ဆဲခဲ့တာပါ။
မင်းမို့လို့ကွယ် အမေ့ကို ထားပြီးပစ်သွားရစ်တယ် ။ အမေ့မှာလေ မင်းကို မျှော်နေရတာသိလား။
အမေ မင်းကြောင့် အအေးမိပြီး လေဖြတ်သွားပြီကွယ် ။ အမေ မှာ သားဆိုလို့ မင်းဘဲရှိတာလေမင်း ချမ်းသာတာ မချမ်းသာတာ အမေ ဂရုမစိုက်ဘူးမလိုချင်ဘူး။ အမေလိုချင်တာ မင်းရဲ့ သိတတ်မူ ။
အမေကိုကြင်နာမူ ။ အမေကို ချစ်ပါတယ်ဆိုပြီး ထွေးဖက်ထားမူတွေပါ ။ “ဆိုတဲ့ စာလေးဘဲ ဖတ်နိုင်တယ်။ ဆက်မဖတ်နိုင်တော့ဘူး ငိုတာမှ ရှိူက်ကြီးတငင်ငင်ကို ငိုတာ။
အသက်ငင်သွားလောက်အောင် ငိုယိုပြီး ငိုသံတွေဖြင့်” မေမေ ရယ် သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။
ကျွန်တော် မှားသွားပြီဗျာ “ဆိုကာ ငွေသိန်းငါးရာ အထုပ်ကြီးကို ဇီဖွင့်ပြီး အကုန်လုံး ယူကာ လွှင့်ပစ်ထ လိုက်သည် ။” ဒီ ဘာမဟုတ် စောက်သုံးမကျတဲ့ ငွေတွေနှင့် အမေကို ကျွန်တော် လဲလိုက်မိပြီ ။ မိန်းမ ကို စောက်သုံးမကျဘူး ကွာ ။
ကိုကို မေမေ့ကို ငွေတွနှင့် လဲလိုက်မိပြီ။ကို တကယ် စောက်သုံးမကျတာ ။ ဟော့ဒီ အသိဉာဏ်မရှိတဲ့ ဦးနှောဏ် “ကိုယ့်ခေါင်းကို ပြန်ရိုက်နေမိသည် ။
” တော်ပါတော့ မောင်ရယ့် တော်ပါတော့ နော်”” အမေ သနားပါတယ် ။ အမေ လေဖြတ်သွားတာတောင်ကို အနားမှာမရှိခဲ့ဘူး။
သူ သားတစ်ယောက်လုံးမရှိခဲ့ဘူး ။ တကယ်ဆို ဒီငွေတွေက ဘာမှအရေးမပါဘူးတကယ်တမ်း အရေးပါတာ မေမေ။
မေမေကိုမေမေ့ကို ကင်ကြင်နာနာ မထွေးပိုက်လိုက်ရဘူး ။အဲဒီ စောက်သုံးမကျတဲ့ ငွေတွေက တကယ်တမ်းတော့ဘာမှ အသုံးမဝင်ဘူး ။
မေမေရယ် ကျွန်တော်ကို ခွင့်လွှတ်ပါ ” ပြောရင်းအမေလို့ အကျယ်ကြီး အော်ငိုလိုက်မိပါတော့သည်။
Message . . . ” သင့်မိဘကို ထားပြီး ရပ်ဝေးမှာ ‌ငွေသွားမရှာနဲ့ အမေသေရင် အဲဒီငွေက အစားပြန်မဝယ်ပေးနိုင်ဘူး
Credit:original uploader
Leave a Comment