8.4.2021 မွ 14.4.2021 အထိ ( ၇ )ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

8.April.2021 မွ 14.April.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးမ်ား ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလမွာေတာ့ ထီဝါသနာပါသူမ်ား ၂အစ ၉အဆုံးထီလက္မွတ္ကိုေတြ႕ရင္ ကံစမ္းလိုက္ပါ။ လုပ္ငန္းခြင္ အတြင္းတပည့္လက္သား ေတြကပိုမိုအားကိုးယုံၾကည္လာတတ္ပါတယ္။ တစ္ခုသတိထားရမွာက မိမိထူးခြၽန္ေနမႈကို အထက္စီနီယာေတြက မနာလိုျဖစ္တတ္ပါတယ္။

က်န္းမာေရးမွာေတာ့ ဒူးနာတတ္ပါတယ္။ အထိုင္အထမေကာင္း ျဖစ္ရ တတ္ပါတယ္။ အမ်ိဳးသမီးမ်ားမီးယပ္ဆိုင္ရာေရာဂါေတြကို သတိထားပါ။ အက်ိဳးေဆာင္လုပ္ငန္းမ်ား၊ ပူးေပါင္းလုပ္ေဆာင္မႈမ်ား ေအာင္ျမင္မည္။ ကိုယ္တိုင္တြင္ အဆင္ေျပေသာ္လည္း အနီးကပ္သူမ်ား အခက္အခဲ ျဖစ္ေနျခင္းအေပၚ အေထာက္အကူ ျပဳရမည္။

မိမိ၏ေစတနာကို ထိေရာက္စြာျပသခြင့္ရပါလိမ့္မယ္။ လူအမ်ားရဲ႕ ခ်စ္ခင္ျခင္းေတြကိုခံရတတ္ပါတယ္။လူအမ်ားအၾကားမိမိေကာင္း သတင္းေတြပ်ံ့ႏွံေက်ာ္ၾကားတတ္ပါတယ္။အိမ္ ကိစၥေတြ၊ေနရာထိုင္ခင္းကိစၥေတြအတြက္ပူပန္ေနရတတ္ပါတယ္။ေငြအဝင္ၾကမ္းပါလိမ့္မယ္။ ဆုေၾကး၊ေဘာနပ္ ဆိုတာမ်ိဳးရလြယ္ပါတယ္။

အလုပ္ေအာ္ဒါေတြမ်ားမ်ားရလြယ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူဝိုင္းဝိုင္းလည္ ေနမည္။ ခ်စ္ရသူ ကိုဖြင့္ေျပာဖို႔ မတြန႔္ဆုတ္ေနသင့္ပါဘူး။ အိမ္ေထာင္ဘက္ရဲ႕ေလးစားအထင္ႀကီးျခင္းကိုရလိမ့္မယ္။ ခ်စ္ျခင္းတရား ပိုမိုခိုင္ၿမဲလာတတ္ပါတယ္။ ပညာေရးမွာေတာ့ ပတ္ဝန္းက်င္ဆူညံမႈေတြေၾကာင့္အေႏွာက္ အယွက္ ျဖစ္ရတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း 2/6/5

အထူးေဟာ…….ကံျမင့္မားေနမည္။

ယၾတာ……ေဆး႐ုံေတြမွာ တတ္နိုင္သေလာက္အလႉေငြထည့္ပါ။

တနလၤာ

ဒီကာလအတြင္းလုပ္ငန္းသစ္ ေတြကိုအစပ်ိဳးလို႔ေကာင္းတဲ့ကာလပါပဲ။ အေဆာက္အဦးနဲ႕ပတ္သက္ေသာ လုပ္ငန္းမ်ား၊ စက္ကားယႏၲရားႏွင့္ပတ္သက္ေသာလုပ္ငန္းမ်ား အထူးအဆင္ေျပလိမ့္မယ္။က်န္းမာေရးက ေရခ်ိဳးရာ ကေန ထိခိုက္ဒဏ္ရာရတတ္ပါတယ္။

ေရခ်ိဳးခန္းထဲေခ်ာ္လဲတာမ်ိဳးအလြန္ျဖစ္ရတတ္ပါတယ္။ျခင္၊ကင္း၊ေႁမြ စတာေတြရဲ႕ ကိုက္ခဲျခင္းကိုခံရတတ္ပါတယ္။ဆရာသမားေတြကိုအေၾကာင္းျပဳၿပီးေငြဝင္လာတတ္ပါတယ္။ အေရာင္း အဝယ္ကိစၥမ်ားနဲ႕ပတ္သက္ၿပီး အက်ိဳးအျမတ္ရပါလိမ့္မယ္။စာခ်ဳပ္စာတန္းကိစၥမွန္သမွ်ေဆာင္႐ြက္လို႔ေကာင္းတဲ့ ကာလပါပဲ။

ေရကန္အေဟာင္း ေတြျပဳျပင္ျဖစ္ျခင္း၊ အေဆာက္အဦးကိုျပဳျပင္ျခင္းမ်ားေဆာင္႐ြက္ျဖစ္မည္။ ေျဖးေျဖးမွန္မွန္လုပ္ရေသာအလုပ္ေတြ ကေအာင္ျမင္မည္။ ဒါေပမဲ့ ဆုံးျဖတ္ခ်က္ကို မွန္မွန္ခ်နိဳင္ေလေကာင္း ေလပါပဲ။ကံေကာင္းေနေသာအခ်ိန္ျဖစ္တာ ေၾကာင့္ လက္ဝတ္ရတနာဝယ္တာပဲျဖစ္ျဖစ္၊စက္ကားဝယ္တာပဲျဖစ္ျဖစ္ ေဆာင္႐ြက္လို႔ေကာင္းပါတယ္။

အခ်စ္ ေရးနဲ႕ပတ္သက္ရင္ေတာ့ လက္ထပ္ဖို႔တိုင္ပင္ေဆြးေႏြးလို႔ ေကာင္းတဲ့ ကာလပါပဲ။ သာယာေသာအိမ္ေထာင္ေရးျဖစ္ ပါလိမ့္မယ္။ အိမ္ေထာင္ဘက္ရဲ႕ ေအာင္ျမင္မႈေတြေၾကာင့္မိမိကပါ ဝမ္းသာဂုဏ္ယူေနရတတ္ပါတယ္။ ပညာေရး ဟိုစပ္စပ္ဒီစပ္စပ္လုပ္မိ၊ေလ့လာမိေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/6/5

အထူးေဟာ………စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရမည္။

ယၾတာ ………သရဏဂုံသုံးပါးကိုေန႕စဥ္ သက္ေစ့႐ြတ္ပြားပါ။

အဂၤါ

ဒီကာလမွာလူမႈေရး၊သာေရးနာေရးေတြေၾကာင့္ ေငြကုန္ေနရတတ္ပါတယ္။ သားသမီးအတြက္ေငြကုန္ စရာေပၚတတ္ပါတယ္။ ကေလးပူဆာတဲ့ဟာေတြကိုဝယ္ေပးေနရတတ္ပါတယ္။

လူမ်ားၾကားဝင္ေရာက္ေျဖရွင္းတာ မ်ိဳးမလုပ္ပါနဲ႕။ မ်က္ႏွာမရဘဲ လူမုန္းမ်ားတတ္ပါတယ္။ က်န္းမာေရးကေတာ့ အပူရွပ္တတ္ပါတယ္။ ေရကူးမကြၽမ္းဘဲ ေရေဆာ့တာမ်ိဳးေတြကိုသတိရွိလိုက္ပါ။

ႀကိဳးစားၿပီးခရီးဆက္ေနေပမဲ့ ထင္သေလာက္မထြန္းေပါက္တတ္ပါ။ ေငြ အဝင္နည္းေနလိမ့္မယ္ ။မိတ္ေဆြတို႔ရဲ႕အကူအညီနဲ႕ အေနနီးသူေတြရဲ႕အားေပးျခင္းေတြကိုေတာ့ရရွိတတ္ပါတယ္။

အလုပ္ထဲမေပ်ာ္ပိုက္ ေသာ္လည္း ေပၿပီးလုပ္ဖို႔တိုက္တြန္းပါရေစ။ မာနနဲ႕ေငြကို လဲယူရခ်ိန္ျဖစ္ေနတတ္ပါတယ္။ အလုပ္သစ္မ်ားစြာႀကံ စည္လုပ္ဖို႔ စိတ္ကူးမိေနတတ္ပါတယ္။ ေကာင္းေသာအႀကံအစည္မဟုတ္ဘူးဗ်။

ရသည့္ ေနရာ မွာပဲတည္ၿငိမ္စြာ လုပ္ေနသင့္ပါတယ္။ ႀကိဳတင္တြက္ခ်က္မႈ မွန္ကန္လင့္ကစား ပစၥည္းသိုမွီးထားစဥ္ အေလ အလြင့္၊ အေပ်ာက္အရွ မ်ားမည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူကမိမိကိုစိတ္ဝင္စားမႈေလ်ာ့နည္းေနတတ္ ပါတယ္။

ခ်စ္သူကို စိတ္ပ်က္သြားေအာင္ထပ္မလုပ္မိပါေစနဲ႕။ အိမ္ေထာင္ေရးျပႆနာ နည္းပါတယ္။ အဓိကေတာ့ အိမ္ေထာင္ဘက္ နဲ႕ အလုပ္ေၾကာင့္ျဖစ္ေစ၊အျခားအေၾကာင္းေၾကာင့္ျဖစ္ေစေဝးေနရတတ္လို႔ပါပဲ။

အက်ိဳးေပးဂဏန္း 2/3/5

အထူးေဟာ……..ကံအားနည္းေနတတ္ပါတယ္။

ယၾတာ……..ေရသတၱဝါမ်ားကို အစာေကြၽးလိုက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလမွာ ေရွ႕တိုးရခက္ ေနာက္ဆုတ္ရခက္အေျခအေနေတြ ႀကဳံရတတ္ပါတယ္။ မဖုံးနိုင္မဖိနိုင္ျပႆနာ ေတြျဖစ္ရ တတ္လို႔ပါပဲ။ သူတစ္ပါး စကားမ်ား နားေယာင္ရင္း ေဆာင္႐ြက္လုပ္ကိုင္ရာမွ အမွားအယြင္းမ်ား ႀကဳံေတြ႕ ရနိုင္ပါသည္။

က်န္းမာေရးကေတာ့ ဆီးေရာဂါျဖစ္လြယ္ပါတယ္။ ဆီးပူ၊ဆီးေအာက္ႏွင့္ဆီးခ်ဳပ္ျခင္းမ်ားႀကဳံရတတ္ပါ တယ္။ အေရာင္းအဝယ္ကိစၥေတြ ဆက္တိုက္ႀကဳံေနရတတ္ပါတယ္။ ဆန႔္က်င္ဘက္လိင္ေတြကိုမယုံပါ နဲ႕။မိမိကို လိမ္လည္သြားတတ္ပါတယ္။

အလုပ္မွာလူယုံသတ္တာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ အားနာလြန္းသူ ေတြဒုကၡ ေရာက္ ရတတ္ပါတယ္။ ဥပေဒနဲ႕မလြတ္ကင္းတဲ့အလုပ္လုပ္သူမ်ား ဥပေဒရဲ႕အျပစ္ေပးျခင္းကိုခံရတတ္ပါ တယ္။ႏြမ္း ပါး ေသာမိတ္ေဆြမ်ားကို တတ္နိုင္သေလာက္ကူညီေပးေနရတတ္ပါတယ္။

အလုပ္သမားေတြ မၿမဲတာမ်ိဳး မိမိနဲ႕ စကား မ်ားၿပီး အလုပ္ထြက္သြားတာမ်ိဳးႀကဳံရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႕ လြတ္လပ္စြာေနလိုစိတ္ရွိ ေနတတ္ပါတယ္။ ခ်စ္သူနဲ႕ လက္မထပ္ရေသးဘဲ အခ်စ္နယ္မကြၽံမိပါေစနဲ႕။ မေရရာေသာအခ်စ္တစ္ခုကို မတည္ ေဆာက္မိပါေစနဲ႕။

အိမ္ေထာင္ေရးမွာေတာ့ ခ်ဳပ္ခ်ယ္လြန္းတဲ့ အိမ္ေထာင္ဘက္ေၾကာင့္စိတ္ညစ္ေနရတတ္ပါ တယ္။ ပညာေရးကေတာ့ အထူးေကာင္းပါတယ္။ ႀကိဳးစားမႈေတြအတြက္ ထိုက္တန္တဲ့ရလဒ္ေတြကိုရလာတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း …….1/5/7

အထူးေဟာ ……..ကံအေကာင္းအဆိုးမွ်ပါတယ္။

ယၾတာ……..ေဝယ်ဝစၥကုသိုလ္ေတြမ်ားမ်ားလုပ္ပါ။

ၾကာသပေတး

ဒီကာလဟာ လုပ္ငန္းခြင္မွသူမ်ား အလုပ္ေကာင္း၊ ေနရာဌာနေကာင္းမ်ားသို႔ ေျပာင္းေ႐ႊ႕ တာဝန္ယူရျခင္းမ်ား ႀကဳံမည္။ ကံေကာင္းေနခ်ိန္ပါပဲ။ ခရီးသြားၿပီးေဆာင္႐ြက္ရတဲ့ ကူးသန္းေရာင္းဝယ္ေရးကိစၥေတြ အလြန္ မွအဆင္ေျပ တိုးတတ္ပါလိမ့္မယ္။

ဟိုတယ္အလုပ္၊စားေသာက္ကုန္အလုပ္၊အႏုပညာႏွင့္အဝတ္အထည္အလုပ္မ်ား လုပ္ကိုင္ေန သူမ်ား ဝင္ေငြတိုးတတ္မည္။ စက္ပစၥည္းအဝင္ေကာင္းတဲ့ကာလပါပဲ။ ဘဏ္စာရင္းစတင္ဖြင့္လွစ္ျခင္း ၊ေငြေၾကးစုေဆာင္းျခင္းေတြစတင္ေဆာင္႐ြက္လို႔ေကာင္းတဲ့ကာလပါပဲ။

အလုပ္နဲ႕ပတ္သက္ၿပီးအခြင့္အလမ္းေကာင္း ေတြေပၚလာတတ္ပါတယ္။ မိမိကိုလစာေကာင္းေကာင္းေပးၿပီးလာေရာက္ကမ္းလွမ္းတာမ်ိဳးေတြႀကဳံေနရတတ္ပါတယ္။ သူမ်ားကိုမခိုင္းဘဲ ကိုယ္တိုင္ကိုယ္က်လဳပ္ကိုင္ေဆာင္႐ြက္သမွ်အဆင္ေျပတိုးတတ္ျခင္းေတြကိုျဖစ္ေပၚေစပါလိမ့္မယ္။

အလုပ္သမား၊ဝန္ထမ္းေတြ အလုပ္မလုပ္တာေၾကာင့္ဆူပူေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ စိတ္မၿငိမ္တာမ်ိဳး၊အိပ္မေပ်ာ္တာမ်ိဳးေတြျဖစ္ေနတတ္ပါတယ္။ ႏွလုံးေအာင့္တတ္ပါတယ္။အခ်စ္ေရးမွာေတာ့ သနားခ်စ္ဆိုတာ မ်ိဳးျဖစ္သြားတတ္ပါတယ္။

ရင္ထဲမပါတဲ့အခ်စ္မ်ိဳးေတြႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာတတ္ပါ တယ္။ ပညာေရးမွာေတာ့ ဝတ္ေက်တန္းေက်သင္ယူေနရသလိုျဖစ္ေနတယ္။မိမိကစာအေပၚစိတ္မဝင္စားတာမ်ိဳး ေတြျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း………1/2/6

အထူးေဟာ…….စီးပြားတိုးတတ္ဖို႔အေၾကာင္းတရားေတြေပၚလာမည္။

ယၾတာ …….တရားရႈမွတ္တာမ်ိဳးေတြ၊ဂုဏ္ေတာ္ပြားတာမ်ိဳးေတြဦးစားေပးလုပ္ပါ။

ေသာၾကာ

ဒီကာလမွာေတာ့အခက္အခဲမ်ားစြာကိုရင္ဆိုင္ေက်ာ္လႊားေနရမည္။ တကယ့္ကိုပဲ ကိုယ့္ဒူးကိုယ္ခြၽန္ႀကိဳးစား ေနရမည္။ မိတ္ေဆြေတြဆီကအကူအညီရခဲပါတယ္။ ညာေပါင္းေနတဲ့သူငယ္ခ်င္းေတြကို သိခြင့္ရလာပါလိမ့္မယ္။

ညဘက္ေသာက္စားမူးယစ္တာမ်ိဳးေတြသတိထားေရွာင္ပါ။ ရန္မ်ားတတ္ပါတယ္။ ရန္စေဟာင္းရွိသူေတြပိုမိုသတိ ထားသြားလာပါ။ ရင္းႏွီးျမဳပ္ႏွံမႈေတြကေငြေပၚဖို႔ခက္ခဲပါတယ္။ လက္ထဲေငြရွိေနရင္ကုန္စရာေပၚလာတတ္ပါတယ္။

သူမ်ားကိုေခ်းငွားျခင္းေတြကို ဆင္ျခင္ဖို႔မွာခ်င္ပါတယ္။ ရပ္ေဝးကေနအကူအညီေတာင္းမဲ့သူေတြေရာက္လာတတ္ ပါတယ္။ သားသမီးနဲ႕ပက္သက္ၿပီး မိဘခ်င္းစကားမ်ားရန္ျဖစ္လြယ္ပါတယ္။ ဘာလုပ္လုပ္ ေမတၱာေရွ႕ထားၿပီးလုပ္ ရင္အညံ့နည္းမယ္ဆိုတာသိထားသင့္တဲ့ကာလပါပဲ။

က်န္းမာေရးကေတာ့ ေသြးခ်ိဳ၊ဆီးခ်ိဳသမားမ်ားသတိထားပါ ။ လွ်ပ္စစ္ကိုင္တြယ္တာမ်ိဳးသတိရွိေစခ်င္ပါတယ္။ ပဋိပကၡျပဳသူမ်ား၊ ဆန႔္က်င္ဘက္ျပဳသူမ်ားႏွင့္ အေျခအတင္ ေျပာဆိုေနရမည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူက မိခင္ပမာဂ႐ုစိုက္တာမ်ိဳးခံရတတ္ပါ တယ္။

စကားေျပာတာေတာ့ ခ်စ္သူနဲ႕အေပါက္အလမ္းမတည့္တာမ်ိဳးျဖစ္တတ္ပါတယ္။ အိမ္ေထာင္ေရးအညံ့နည္း ပါတယ္။ အိမ္ေထာင္ဘက္ရဲ႕ အကူအညီေတြအမ်ားႀကီးရလိမ့္မယ္။ ပညာေရးမွာေတာ့ အလုပ္တစ္ဖက္နဲ႕သင္တန္း ေတြတတ္ျဖစ္လိမ့္မယ္။

အက်ိဳးေပးဂဏန္း ………. 8/9/0

အထူးေဟာ………. မထင္မွတ္တာေတြျဖစ္လာတတ္ပါတယ္။

ယၾတာ ………ရဟန္းတစ္ပါးကို ဖိနပ္ဝယ္လႉလိုက္ပါ။

စေန

ဒီကာလမွာမိတ္ေဟာင္းေဆြေဟာင္းေတြဆီကေကာင္းစြာအကူအညီရလာတတ္ပါတယ္။ မေမွ်ာ္လင့္ဘဲ ခရီး ထြက္ရ မည္။ ဆရာေဟာင္းေတြကိုကန္ေတာ့ခြင့္ႀကဳံလာပါလိမ့္မယ္။ က်န္းမာေရးဂ႐ုစိုက္ပါ။အစားမွားတတ္ပါ တယ္။

အလကားရေသာအစားအစာမ်ားကိုသြန္ပစ္ရမွာႏွေျမာ၍စားမိရာကေနေရာဂါရလာတတ္ပါတယ္။ အလုပ္ ေတြပုံက်လာတတ္ပါတယ္။အလုံးစုံရင္းႏွီးျမဳပ္ႏွံထားရတတ္ပါတယ္။ ေငြ၊အခ်ိန္၊လုပ္အား တစ္ေယာက္တည္း ကုန္း႐ုန္းလုပ္ေနရတတ္ပါတယ္။

ျမင့္ေသာရာထူးျဖင့္ အလုပ္လုပ္ေနရေသာ္လည္းဖိအားေတြ နဲ႕ရင္ဆိုင္ရတတ္ပါ တယ္။ လုပ္ငန္းတူၿပိဳင္ဘက္ေတြက မိမိေဖာက္သည္ကိုလုယူျခင္းခံရတတ္ပါတယ္။ေအာက္ လက္ငယ္သားေတြ၊ တပည့္ ေတြေၾကာင့္ မိမိေငြအခ်ီႀကီးဝင္တတ္ပါတယ္။

ေငြအဝင္နည္းခဲ့ရင္ေတာင္မွ အမ်ား၏ အားကိုးျခင္းကိုခံရ တတ္ပါ တယ္။ တစ္ပါးသူေဆာင္႐ြက္ရန္ ခက္ခဲေနေသာကိစၥမ်ားကို စနစ္တက်ေဆာင္႐ြက္လုပ္ကိုင္နိုင္မည္။ အခ်စ္ ေရး မွာေတာ့ ခ်စ္သူရဲ႕အမိန႔္ေပးျခင္းကိုခံရလိမ့္မယ္။ ေရွ႕တင္ေတာ့နားေထာင္လိုက္ပါ။

ေနာက္ကြယ္ရာမွာေတာ့ လုပ္ခ်င္ ရာ လုပ္ ေပါ့ဗ်ာ။ အိမ္ေထာင္ေရးမွာကေတာက္ကဆျဖစ္မည္။ အတိတ္ကျပႆနာေတြကိုျပန္မတူး ဆြလိုက္ ပါနဲ႕။ ပညာေရးအားနည္းေနသည္။ ရလဒ္ေတြမေကာင္းတတ္ပါ။

အက်ိဳးေပးဂဏန္း ………3/0/7

အထူးေဟာ………မနိုင္ဝန္ထမ္းေနရတတ္ပါတယ္။

ယၾတာ ………သက္ႀကီး႐ြယ္အိုမ်ားကိုျဖည့္စြက္အာဟာရလႉဒါန္းပါ။

( ၇ )ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ……

ခံစားေနရတဲ့ အပူေသာကေတြ ကင္းေဝးနိုင္ၾကပါေစ………

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 ။ 09 44 5555 695

unicode

8.April.2021 မှ 14.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလမှာတော့ ထီဝါသနာပါသူများ ၂အစ ၉အဆုံးထီလက်မှတ်ကိုတွေ့ရင် ကံစမ်းလိုက်ပါ။ လုပ်ငန်းခွင် အတွင်းတပည့်လက်သား တွေကပိုမိုအားကိုးယုံကြည်လာတတ်ပါတယ်။ တစ်ခုသတိထားရမှာက မိမိထူးချွန်နေမှုကို အထက်စီနီယာတွေက မနာလိုဖြစ်တတ်ပါတယ်။

ကျန်းမာရေးမှာတော့ ဒူးနာတတ်ပါတယ်။ အထိုင်အထမကောင်း ဖြစ်ရ တတ်ပါတယ်။ အမျိုးသမီးများမီးယပ်ဆိုင်ရာရောဂါတွေကို သတိထားပါ။ အကျိုးဆောင်လုပ်ငန်းများ၊ ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်မည်။ ကိုယ်တိုင်တွင် အဆင်ပြေသော်လည်း အနီးကပ်သူများ အခက်အခဲ ဖြစ်နေခြင်းအပေါ် အထောက်အကူ ပြုရမည်။

မိမိ၏စေတနာကို ထိရောက်စွာပြသခွင့်ရပါလိမ့်မယ်။ လူအများရဲ့ ချစ်ခင်ခြင်းတွေကိုခံရတတ်ပါတယ်။လူအများအကြားမိမိကောင်း သတင်းတွေပျံ့နှံကျော်ကြားတတ်ပါတယ်။အိမ် ကိစ္စတွေ၊နေရာထိုင်ခင်းကိစ္စတွေအတွက်ပူပန်နေရတတ်ပါတယ်။ငွေအဝင်ကြမ်းပါလိမ့်မယ်။ ဆုကြေး၊ဘောနပ် ဆိုတာမျိုးရလွယ်ပါတယ်။

အလုပ်အော်ဒါတွေများများရလွယ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူဝိုင်းဝိုင်းလည် နေမည်။ ချစ်ရသူ ကိုဖွင့်ပြောဖို့ မတွန့်ဆုတ်နေသင့်ပါဘူး။ အိမ်ထောင်ဘက်ရဲ့လေးစားအထင်ကြီးခြင်းကိုရလိမ့်မယ်။ ချစ်ခြင်းတရား ပိုမိုခိုင်မြဲလာတတ်ပါတယ်။ ပညာရေးမှာတော့ ပတ်ဝန်းကျင်ဆူညံမှုတွေကြောင့်အနှောက် အယှက် ဖြစ်ရတတ်ပါ တယ်။

အကျိုးပေးဂဏန်း 2/6/5

အထူးဟော…….ကံမြင့်မားနေမည်။

ယတြာ……ဆေးရုံတွေမှာ တတ်နိုင်သလောက်အလှူငွေထည့်ပါ။

တနင်္လာ

ဒီကာလအတွင်းလုပ်ငန်းသစ် တွေကိုအစပျိုးလို့ကောင်းတဲ့ကာလပါပဲ။ အဆောက်အဦးနဲ့ပတ်သက်သော လုပ်ငန်းများ၊ စက်ကားယန္တရားနှင့်ပတ်သက်သောလုပ်ငန်းများ အထူးအဆင်ပြေလိမ့်မယ်။ကျန်းမာရေးက ရေချိုးရာ ကနေ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ရေချိုးခန်းထဲချော်လဲတာမျိုးအလွန်ဖြစ်ရတတ်ပါတယ်။ခြင်၊ကင်း၊မြွေ စတာတွေရဲ့ ကိုက်ခဲခြင်းကိုခံရတတ်ပါတယ်။ဆရာသမားတွေကိုအကြောင်းပြုပြီးငွေဝင်လာတတ်ပါတယ်။ အရောင်း အဝယ်ကိစ္စများနဲ့ပတ်သက်ပြီး အကျိုးအမြတ်ရပါလိမ့်မယ်။စာချုပ်စာတန်းကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းတဲ့ ကာလပါပဲ။

ရေကန်အဟောင်း တွေပြုပြင်ဖြစ်ခြင်း၊ အဆောက်အဦးကိုပြုပြင်ခြင်းများဆောင်ရွက်ဖြစ်မည်။ ဖြေးဖြေးမှန်မှန်လုပ်ရသောအလုပ်တွေ ကအောင်မြင်မည်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို မှန်မှန်ချနိုင်လေကောင်း လေပါပဲ။ကံကောင်းနေသောအချိန်ဖြစ်တာ ကြောင့် လက်ဝတ်ရတနာဝယ်တာပဲဖြစ်ဖြစ်၊စက်ကားဝယ်တာပဲဖြစ်ဖြစ် ဆောင်ရွက်လို့ကောင်းပါတယ်။

အချစ် ရေးနဲ့ပတ်သက်ရင်တော့ လက်ထပ်ဖို့တိုင်ပင်ဆွေးနွေးလို့ ကောင်းတဲ့ ကာလပါပဲ။ သာယာသောအိမ်ထောင်ရေးဖြစ် ပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အောင်မြင်မှုတွေကြောင့်မိမိကပါ ဝမ်းသာဂုဏ်ယူနေရတတ်ပါတယ်။ ပညာရေး ဟိုစပ်စပ်ဒီစပ်စပ်လုပ်မိ၊လေ့လာမိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/6/5

အထူးဟော………စိတ်ချမ်းသာပျော်ရွှင်ရမည်။

ယတြာ ………သရဏဂုံသုံးပါးကိုနေ့စဉ် သက်စေ့ရွတ်ပွားပါ။

အင်္ဂါ

ဒီကာလမှာလူမှုရေး၊သာရေးနာရေးတွေကြောင့် ငွေကုန်နေရတတ်ပါတယ်။ သားသမီးအတွက်ငွေကုန် စရာပေါ်တတ်ပါတယ်။ ကလေးပူဆာတဲ့ဟာတွေကိုဝယ်ပေးနေရတတ်ပါတယ်။

လူများကြားဝင်ရောက်ဖြေရှင်းတာ မျိုးမလုပ်ပါနဲ့။ မျက်နှာမရဘဲ လူမုန်းများတတ်ပါတယ်။ ကျန်းမာရေးကတော့ အပူရှပ်တတ်ပါတယ်။ ရေကူးမကျွမ်းဘဲ ရေဆော့တာမျိုးတွေကိုသတိရှိလိုက်ပါ။

ကြိုးစားပြီးခရီးဆက်နေပေမဲ့ ထင်သလောက်မထွန်းပေါက်တတ်ပါ။ ငွေ အဝင်နည်းနေလိမ့်မယ် ။မိတ်ဆွေတို့ရဲ့အကူအညီနဲ့ အနေနီးသူတွေရဲ့အားပေးခြင်းတွေကိုတော့ရရှိတတ်ပါတယ်။

အလုပ်ထဲမပျော်ပိုက် သော်လည်း ပေပြီးလုပ်ဖို့တိုက်တွန်းပါရစေ။ မာနနဲ့ငွေကို လဲယူရချိန်ဖြစ်နေတတ်ပါတယ်။ အလုပ်သစ်များစွာကြံ စည်လုပ်ဖို့ စိတ်ကူးမိနေတတ်ပါတယ်။ ကောင်းသောအကြံအစည်မဟုတ်ဘူးဗျ။

ရသည့် နေရာ မှာပဲတည်ငြိမ်စွာ လုပ်နေသင့်ပါတယ်။ ကြိုတင်တွက်ချက်မှု မှန်ကန်လင့်ကစား ပစ္စည်းသိုမှီးထားစဉ် အလေ အလွင့်၊ အပျောက်အရှ များမည်။ အချစ်ရေးမှာတော့ ချစ်သူကမိမိကိုစိတ်ဝင်စားမှုလျော့နည်းနေတတ် ပါတယ်။

ချစ်သူကို စိတ်ပျက်သွားအောင်ထပ်မလုပ်မိပါစေနဲ့။ အိမ်ထောင်ရေးပြဿနာ နည်းပါတယ်။ အဓိကတော့ အိမ်ထောင်ဘက် နဲ့ အလုပ်ကြောင့်ဖြစ်စေ၊အခြားအကြောင်းကြောင့်ဖြစ်စေဝေးနေရတတ်လို့ပါပဲ။

အကျိုးပေးဂဏန်း 2/3/5

အထူးဟော……..ကံအားနည်းနေတတ်ပါတယ်။

ယတြာ……..ရေသတ္တဝါများကို အစာကျွေးလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်အခြေအနေတွေ ကြုံရတတ်ပါတယ်။ မဖုံးနိုင်မဖိနိုင်ပြဿနာ တွေဖြစ်ရ တတ်လို့ပါပဲ။ သူတစ်ပါး စကားများ နားယောင်ရင်း ဆောင်ရွက်လုပ်ကိုင်ရာမှ အမှားအယွင်းများ ကြုံတွေ့ ရနိုင်ပါသည်။

ကျန်းမာရေးကတော့ ဆီးရောဂါဖြစ်လွယ်ပါတယ်။ ဆီးပူ၊ဆီးအောက်နှင့်ဆီးချုပ်ခြင်းများကြုံရတတ်ပါ တယ်။ အရောင်းအဝယ်ကိစ္စတွေ ဆက်တိုက်ကြုံနေရတတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်တွေကိုမယုံပါ နဲ့။မိမိကို လိမ်လည်သွားတတ်ပါတယ်။

အလုပ်မှာလူယုံသတ်တာမျိုးတွေဖြစ်နေရတတ်ပါတယ်။ အားနာလွန်းသူ တွေဒုက္ခ ရောက် ရတတ်ပါတယ်။ ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်လုပ်သူများ ဥပဒေရဲ့အပြစ်ပေးခြင်းကိုခံရတတ်ပါ တယ်။နွမ်း ပါး သောမိတ်ဆွေများကို တတ်နိုင်သလောက်ကူညီပေးနေရတတ်ပါတယ်။

အလုပ်သမားတွေ မမြဲတာမျိုး မိမိနဲ့ စကား များပြီး အလုပ်ထွက်သွားတာမျိုးကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ လွတ်လပ်စွာနေလိုစိတ်ရှိ နေတတ်ပါတယ်။ ချစ်သူနဲ့ လက်မထပ်ရသေးဘဲ အချစ်နယ်မကျွံမိပါစေနဲ့။ မရေရာသောအချစ်တစ်ခုကို မတည် ဆောက်မိပါစေနဲ့။

အိမ်ထောင်ရေးမှာတော့ ချုပ်ချယ်လွန်းတဲ့ အိမ်ထောင်ဘက်ကြောင့်စိတ်ညစ်နေရတတ်ပါ တယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။ ကြိုးစားမှုတွေအတွက် ထိုက်တန်တဲ့ရလဒ်တွေကိုရလာတတ်ပါ တယ်။

အကျိုးပေးဂဏန်း …….1/5/7

အထူးဟော ……..ကံအကောင်းအဆိုးမျှပါတယ်။

ယတြာ……..ဝေယျဝစ္စကုသိုလ်တွေများများလုပ်ပါ။

ကြာသပတေး

ဒီကာလဟာ လုပ်ငန်းခွင်မှသူများ အလုပ်ကောင်း၊ နေရာဌာနကောင်းများသို့ ပြောင်းရွှေ့ တာဝန်ယူရခြင်းများ ကြုံမည်။ ကံကောင်းနေချိန်ပါပဲ။ ခရီးသွားပြီးဆောင်ရွက်ရတဲ့ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ အလွန် မှအဆင်ပြေ တိုးတတ်ပါလိမ့်မယ်။

ဟိုတယ်အလုပ်၊စားသောက်ကုန်အလုပ်၊အနုပညာနှင့်အဝတ်အထည်အလုပ်များ လုပ်ကိုင်နေ သူများ ဝင်ငွေတိုးတတ်မည်။ စက်ပစ္စည်းအဝင်ကောင်းတဲ့ကာလပါပဲ။ ဘဏ်စာရင်းစတင်ဖွင့်လှစ်ခြင်း ၊ငွေကြေးစုဆောင်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။

အလုပ်နဲ့ပတ်သက်ပြီးအခွင့်အလမ်းကောင်း တွေပေါ်လာတတ်ပါတယ်။ မိမိကိုလစာကောင်းကောင်းပေးပြီးလာရောက်ကမ်းလှမ်းတာမျိုးတွေကြုံနေရတတ်ပါတယ်။ သူများကိုမခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ဆောင်ရွက်သမျှအဆင်ပြေတိုးတတ်ခြင်းတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်။

အလုပ်သမား၊ဝန်ထမ်းတွေ အလုပ်မလုပ်တာကြောင့်ဆူပူနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်မငြိမ်တာမျိုး၊အိပ်မပျော်တာမျိုးတွေဖြစ်နေတတ်ပါတယ်။ နှလုံးအောင့်တတ်ပါတယ်။အချစ်ရေးမှာတော့ သနားချစ်ဆိုတာ မျိုးဖြစ်သွားတတ်ပါတယ်။

ရင်ထဲမပါတဲ့အချစ်မျိုးတွေကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာတတ်ပါ တယ်။ ပညာရေးမှာတော့ ဝတ်ကျေတန်းကျေသင်ယူနေရသလိုဖြစ်နေတယ်။မိမိကစာအပေါ်စိတ်မဝင်စားတာမျိုး တွေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း………1/2/6

အထူးဟော…….စီးပွားတိုးတတ်ဖို့အကြောင်းတရားတွေပေါ်လာမည်။

ယတြာ …….တရားရှုမှတ်တာမျိုးတွေ၊ဂုဏ်တော်ပွားတာမျိုးတွေဦးစားပေးလုပ်ပါ။

သောကြာ

ဒီကာလမှာတော့အခက်အခဲများစွာကိုရင်ဆိုင်ကျော်လွှားနေရမည်။ တကယ့်ကိုပဲ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစား နေရမည်။ မိတ်ဆွေတွေဆီကအကူအညီရခဲပါတယ်။ ညာပေါင်းနေတဲ့သူငယ်ချင်းတွေကို သိခွင့်ရလာပါလိမ့်မယ်။

ညဘက်သောက်စားမူးယစ်တာမျိုးတွေသတိထားရှောင်ပါ။ ရန်များတတ်ပါတယ်။ ရန်စဟောင်းရှိသူတွေပိုမိုသတိ ထားသွားလာပါ။ ရင်းနှီးမြုပ်နှံမှုတွေကငွေပေါ်ဖို့ခက်ခဲပါတယ်။ လက်ထဲငွေရှိနေရင်ကုန်စရာပေါ်လာတတ်ပါတယ်။

သူများကိုချေးငှားခြင်းတွေကို ဆင်ခြင်ဖို့မှာချင်ပါတယ်။ ရပ်ဝေးကနေအကူအညီတောင်းမဲ့သူတွေရောက်လာတတ် ပါတယ်။ သားသမီးနဲ့ပက်သက်ပြီး မိဘချင်းစကားများရန်ဖြစ်လွယ်ပါတယ်။ ဘာလုပ်လုပ် မေတ္တာရှေ့ထားပြီးလုပ် ရင်အညံ့နည်းမယ်ဆိုတာသိထားသင့်တဲ့ကာလပါပဲ။

ကျန်းမာရေးကတော့ သွေးချို၊ဆီးချိုသမားများသတိထားပါ ။ လျှပ်စစ်ကိုင်တွယ်တာမျိုးသတိရှိစေချင်ပါတယ်။ ပဋိပက္ခပြုသူများ၊ ဆန့်ကျင်ဘက်ပြုသူများနှင့် အခြေအတင် ပြောဆိုနေရမည်။ အချစ်ရေးမှာတော့ ချစ်သူက မိခင်ပမာဂရုစိုက်တာမျိုးခံရတတ်ပါ တယ်။

စကားပြောတာတော့ ချစ်သူနဲ့အပေါက်အလမ်းမတည့်တာမျိုးဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးအညံ့နည်း ပါတယ်။ အိမ်ထောင်ဘက်ရဲ့ အကူအညီတွေအများကြီးရလိမ့်မယ်။ ပညာရေးမှာတော့ အလုပ်တစ်ဖက်နဲ့သင်တန်း တွေတတ်ဖြစ်လိမ့်မယ်။

အကျိုးပေးဂဏန်း ………. 8/9/0

အထူးဟော………. မထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်။

ယတြာ ………ရဟန်းတစ်ပါးကို ဖိနပ်ဝယ်လှူလိုက်ပါ။

စနေ

ဒီကာလမှာမိတ်ဟောင်းဆွေဟောင်းတွေဆီကကောင်းစွာအကူအညီရလာတတ်ပါတယ်။ မမျှော်လင့်ဘဲ ခရီး ထွက်ရ မည်။ ဆရာဟောင်းတွေကိုကန်တော့ခွင့်ကြုံလာပါလိမ့်မယ်။ ကျန်းမာရေးဂရုစိုက်ပါ။အစားမှားတတ်ပါ တယ်။

အလကားရသောအစားအစာများကိုသွန်ပစ်ရမှာနှမြော၍စားမိရာကနေရောဂါရလာတတ်ပါတယ်။ အလုပ် တွေပုံကျလာတတ်ပါတယ်။အလုံးစုံရင်းနှီးမြုပ်နှံထားရတတ်ပါတယ်။ ငွေ၊အချိန်၊လုပ်အား တစ်ယောက်တည်း ကုန်းရုန်းလုပ်နေရတတ်ပါတယ်။

မြင့်သောရာထူးဖြင့် အလုပ်လုပ်နေရသော်လည်းဖိအားတွေ နဲ့ရင်ဆိုင်ရတတ်ပါ တယ်။ လုပ်ငန်းတူပြိုင်ဘက်တွေက မိမိဖောက်သည်ကိုလုယူခြင်းခံရတတ်ပါတယ်။အောက် လက်ငယ်သားတွေ၊ တပည့် တွေကြောင့် မိမိငွေအချီကြီးဝင်တတ်ပါတယ်။

ငွေအဝင်နည်းခဲ့ရင်တောင်မှ အများ၏ အားကိုးခြင်းကိုခံရ တတ်ပါ တယ်။ တစ်ပါးသူဆောင်ရွက်ရန် ခက်ခဲနေသောကိစ္စများကို စနစ်တကျဆောင်ရွက်လုပ်ကိုင်နိုင်မည်။ အချစ် ရေး မှာတော့ ချစ်သူရဲ့အမိန့်ပေးခြင်းကိုခံရလိမ့်မယ်။ ရှေ့တင်တော့နားထောင်လိုက်ပါ။

နောက်ကွယ်ရာမှာတော့ လုပ်ချင် ရာ လုပ် ပေါ့ဗျာ။ အိမ်ထောင်ရေးမှာကတောက်ကဆဖြစ်မည်။ အတိတ်ကပြဿနာတွေကိုပြန်မတူး ဆွလိုက် ပါနဲ့။ ပညာရေးအားနည်းနေသည်။ ရလဒ်တွေမကောင်းတတ်ပါ။

အကျိုးပေးဂဏန်း ………3/0/7

အထူးဟော………မနိုင်ဝန်ထမ်းနေရတတ်ပါတယ်။

ယတြာ ………သက်ကြီးရွယ်အိုများကိုဖြည့်စွက်အာဟာရလှူဒါန်းပါ။

( ၇ )ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ……

ခံစားနေရတဲ့ အပူသောကတွေ ကင်းဝေးနိုင်ကြပါစေ………

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ။ 09 44 5555 695

Leave a Comment