သင့္ကို အမ်ိဳးသမီးေတြ သေဘာမေတြ႕တဲ့ စိတ္ဝင္စားစရာ အခ်က္မ်ား

သင့္ကို အမ်ိဳးသမီးေတြ သေဘာမေတြ႕တဲ့ စိတ္ဝင္စားစရာ အခ်က္မ်ား

မိန္းကေလးတိုင္း စိတ္ဝင္စားခံရတဲ့ လူတစ္ေယာက္ျဖစ္ဖို႔ ဆိုတာ သိပ္ေတာ့ မလြယ္ပါဘူး။

သင့္မွာ ထိုက္သင့္တဲ့ ႐ုပ္ရည္ ၊ ပညာနဲ႔ ပစၥည္းဥစၥာ ရွိရင္ေတာင္ မိန္းကေလးေတြရဲ႕ ေခါင္းထဲက ေပတံမွာ တန္းမဝင္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဒီတစ္ခါမွာေတာ့ မိန္းကေလးေတြ စိတ္ဝင္စားေအာင္ ဘယ္လို ေနရမလဲ ဆိုတာထက္ သူတို႔စိတ္ထဲ လူတစ္ေယာက္ကို အာ႐ုံမလာတဲ့ အ‌ေၾကာင္းရင္းတစ္ခ်ိဳ႕ကို မွ်ေဝခ်င္တာပါ။

(၁) သူမေလာက္ ေငြမရွာႏိုင္သူ

၂၀၁၅ ခုႏွစ္က စီးပြားေရးဂ်ာနယ္တစ္ေစာင္ကေန လူေတြရဲ႕ အျပဳအမူေတြကို စစ္တမ္းထုတ္ခဲ့ပါတယ္။

ဒီေလ့လာခ်က္အရ အမ်ိဳးသမီးေတြဟာ သူ႔ ေယာက်ၤားထက္ ဝင္ေငြပိုေကာင္းရင္ အဲ့မိသားစုဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ဖို႔ နည္းသြားတယ္တဲ့။

အမ်ိဳးသမီးက အိမ္ေထာင္မႈ ဦးေဆာင္ရတယ္ဆိုရင္ ပိုေတာင္ ဆိုးပါတယ္။ အမ်ိဳးသမီးေတြဟာ သူတို႔ေလာက္ မစြမ္းေဆာင္ႏိုင္တဲ့ ေယာက်ၤားကို အထင္ေတာင္ေသးတတ္ပါတယ္။

(၂) ေပ်ာ္ေပ်ာ္ေနတတ္လြန္းသူ

ဒီအခ်က္ကလည္း စိတ္ဝင္စားစရာပါ။ ၂၀၁၁ ခုႏွစ္က သုေတသီေတြဟာ ဆန္႔က်င္ဘက္ က်ား/မ ေတြရဲ႕ ဓါတ္ပုံေပါင္း ၁၀၀၀ ကို သုံးၿပီး လူေတြရဲ႕ ဆြဲေဆာင္မႈကို ေလ့လာခဲ့ၾကပါတယ္။

ေလ့လာမႈအရ မိန္းကေလးေတြ စိတ္ထဲမွာ ဆြဲေဆာင္မႈ ရွိတယ္လို႔ ထင္သူရဲ႕ ပုံဟာ မာနဝင္ေနတဲ့ သူေတြရဲ႕ ပုံေတြ ျဖစ္ေနပါတယ္။

ေနာက္ထပ္ ထူးဆန္းတာက ေပ်ာ္႐ႊင္တဲ့ပုံ ေပါက္ေနခ်ိန္မွာ ဆြဲေဆာင္မႈ သိပ္မရွိဘူးလို႔လည္း ထင္ၾကတယ္လို႔ စစ္တမ္းက ဆိုပါတယ္။

ေယာက်ၤားေလးေတြကေတာ့ ေျပာင္းျပန္ပါ။ သူတို႔ကေတာ့ မိန္းကေလးေတြ ေပ်ာ္ေနရင္ ဆြဲေဆာင္မႈ ရွိတယ္လို႔ ထင္ၿပီး မာနႀကီးတဲ့ပုံဆိုရင္ စိတ္ထဲ ဆြဲေဆာင္မႈ ရွိတယ္ မထင္ဘူးလို႔ ေျပာပါတယ္။

(၃) သူမကို အထင္ႀကီးသူ

ယုံခ်င္မွ ယုံပါ။ မိန္းကေလးေတြဟာ သူတို႔ကို မင္းသမီးေလးလို ဆက္ဆံသူေတြကို သိပ္သေဘာမေတြ႕ပါဘူးတဲ့။

၂၀၁၄ ခုႏွစ္က လူမႈဘဝနဲ႔ တစ္ဦးခ်င္း ဆက္ဆံေရး ဂ်ာနယ္ကေန ေတြ႕ဆုံခဲ့တဲ့ စုံတြဲ ၉၉ ခုကို ေလ့လာရာမွာ မိန္းကေလးေတြဟာ သူတို႔ကို လမ္းၫႊန္ကြပ္ကဲႏိုင္တဲ့ ေယာက်ၤားကို သေဘာေတြ႕တယ္လို႔ ဆိုပါတယ္။ သူတို႔ကို ေျမႇာက္ပင့္လိမ္ညာေနတဲ့ ေယာက်ၤားေလးေတြကို စိတ္မပါပါဘူးတဲ့။

(၄) သန္႔သန္႔ျပန္႔ျပန္႔ ေနထိုင္မႈ အားနည္းသူ

မိန္းကေလး ၁၀ ေယာက္မွာ ၉ ေယာက္ဟာ တစ္ကိုယ္ေရသန္႔ရွင္းမႈ အားနည္းတဲ့ ေယာက်ၤားေလးေတြကို သေဘာမက် ၾကပါဘူး။

သင့္ဆံပင္က ဖိုး႐ိုးဖားယား ၊သင့္ကိုယ္နံ႔ကလည္း ဆိုးဆိုး႐ြား႐ြား ဆိုရင္ သင္ အနားကပ္လာတာကို မႀကိဳက္တဲ့ မိန္းကေလးေတြလည္း အမ်ားသား ျဖစ္မွာပါ။

Source Kwee

unicode

သင့်ကို အမျိုးသမီးတွေ သဘောမတွေ့တဲ့ စိတ်ဝင်စားစရာ အချက်များ

မိန်းကလေးတိုင်း စိတ်ဝင်စားခံရတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး။

သင့်မှာ ထိုက်သင့်တဲ့ ရုပ်ရည် ၊ ပညာနဲ့ ပစ္စည်းဥစ္စာ ရှိရင်တောင် မိန်းကလေးတွေရဲ့ ခေါင်းထဲက ပေတံမှာ တန်းမဝင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီတစ်ခါမှာတော့ မိန်းကလေးတွေ စိတ်ဝင်စားအောင် ဘယ်လို နေရမလဲ ဆိုတာထက် သူတို့စိတ်ထဲ လူတစ်ယောက်ကို အာရုံမလာတဲ့ အ‌ကြောင်းရင်းတစ်ချို့ကို မျှဝေချင်တာပါ။

(၁) သူမလောက် ငွေမရှာနိုင်သူ

၂၀၁၅ ခုနှစ်က စီးပွားရေးဂျာနယ်တစ်စောင်ကနေ လူတွေရဲ့ အပြုအမူတွေကို စစ်တမ်းထုတ်ခဲ့ပါတယ်။

ဒီလေ့လာချက်အရ အမျိုးသမီးတွေဟာ သူ့ ယောင်္ကျားထက် ဝင်ငွေပိုကောင်းရင် အဲ့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ နည်းသွားတယ်တဲ့။

အမျိုးသမီးက အိမ်ထောင်မှု ဦးဆောင်ရတယ်ဆိုရင် ပိုတောင် ဆိုးပါတယ်။ အမျိုးသမီးတွေဟာ သူတို့လောက် မစွမ်းဆောင်နိုင်တဲ့ ယောင်္ကျားကို အထင်တောင်သေးတတ်ပါတယ်။

(၂) ပျော်ပျော်နေတတ်လွန်းသူ

ဒီအချက်ကလည်း စိတ်ဝင်စားစရာပါ။ ၂၀၁၁ ခုနှစ်က သုတေသီတွေဟာ ဆန့်ကျင်ဘက် ကျား/မ တွေရဲ့ ဓါတ်ပုံပေါင်း ၁၀၀၀ ကို သုံးပြီး လူတွေရဲ့ ဆွဲဆောင်မှုကို လေ့လာခဲ့ကြပါတယ်။

လေ့လာမှုအရ မိန်းကလေးတွေ စိတ်ထဲမှာ ဆွဲဆောင်မှု ရှိတယ်လို့ ထင်သူရဲ့ ပုံဟာ မာနဝင်နေတဲ့ သူတွေရဲ့ ပုံတွေ ဖြစ်နေပါတယ်။

နောက်ထပ် ထူးဆန်းတာက ပျော်ရွှင်တဲ့ပုံ ပေါက်နေချိန်မှာ ဆွဲဆောင်မှု သိပ်မရှိဘူးလို့လည်း ထင်ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။

ယောင်္ကျားလေးတွေကတော့ ပြောင်းပြန်ပါ။ သူတို့ကတော့ မိန်းကလေးတွေ ပျော်နေရင် ဆွဲဆောင်မှု ရှိတယ်လို့ ထင်ပြီး မာနကြီးတဲ့ပုံဆိုရင် စိတ်ထဲ ဆွဲဆောင်မှု ရှိတယ် မထင်ဘူးလို့ ပြောပါတယ်။

(၃) သူမကို အထင်ကြီးသူ

ယုံချင်မှ ယုံပါ။ မိန်းကလေးတွေဟာ သူတို့ကို မင်းသမီးလေးလို ဆက်ဆံသူတွေကို သိပ်သဘောမတွေ့ပါဘူးတဲ့။

၂၀၁၄ ခုနှစ်က လူမှုဘဝနဲ့ တစ်ဦးချင်း ဆက်ဆံရေး ဂျာနယ်ကနေ တွေ့ဆုံခဲ့တဲ့ စုံတွဲ ၉၉ ခုကို လေ့လာရာမှာ မိန်းကလေးတွေဟာ သူတို့ကို လမ်းညွှန်ကွပ်ကဲနိုင်တဲ့ ယောင်္ကျားကို သဘောတွေ့တယ်လို့ ဆိုပါတယ်။ သူတို့ကို မြှောက်ပင့်လိမ်ညာနေတဲ့ ယောင်္ကျားလေးတွေကို စိတ်မပါပါဘူးတဲ့။

(၄) သန့်သန့်ပြန့်ပြန့် နေထိုင်မှု အားနည်းသူ

မိန်းကလေး ၁၀ ယောက်မှာ ၉ ယောက်ဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ ယောင်္ကျားလေးတွေကို သဘောမကျ ကြပါဘူး။

သင့်ဆံပင်က ဖိုးရိုးဖားယား ၊သင့်ကိုယ်နံ့ကလည်း ဆိုးဆိုးရွားရွား ဆိုရင် သင် အနားကပ်လာတာကို မကြိုက်တဲ့ မိန်းကလေးတွေလည်း အများသား ဖြစ်မှာပါ။

Source Kwee