သင့္ခ်စ္သူေကာင္ေလး ဒီအခ်က္ေတြရွိေနၿပီဆိုရင္ေတာ့ ဘာမွမစဥ္းစားပဲ လမ္းခြဲလိုက္ပါေတာ့

သင့္ခ်စ္သူေကာင္ေလး ဒီအခ်က္ေတြရွိေနၿပီဆိုရင္ေတာ့ ဘာမွမစဥ္းစားပဲ လမ္းခြဲလိုက္ပါေတာ့

ကိုယ့္ခ်စ္သူေကာင္ေလး ေဖာက္ျပန္တဲ့အေျခအေနနဲ႔ ႀကဳံေတြ႕လာရင္ ပ်ိဳေမေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကိုယ္ကို အျပစ္တင္တတ္ၾကပါတယ္ … ။

ငါအသုံးမက်လို႔၊ ငါပိုက္ဆံမရွိလို႔၊ ငါမလွလို႔ အစရွိသျဖင့္ ကိုယ့္ကိုယ္ကို အျပစ္တင္ၿပီး ေတြးေတာ္တတ္ၾကပါတယ္ … ။

တစ္ကယ္တမ္းေတာ့ အဲဒီလို ကိုယ့္ခ်စ္သူေကာင္ေလး ေဖာက္ျပန္တယ္ဆိုတာ သင့္အျပစ္ မဟုတ္ပါဘူး .. ။

ေဖာက္ျပန္တတ္တဲ့ ဗီဇရွိသူက ဘယ္ေလာက္ပဲ သင္ေကာင္းေအာင္ ေနေနပါေစ၊ ေဖာက္ျပန္တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ ဒီေန႔မွာေတာ့ သင့္ခ်စ္သူေကာင္းေလး ေဖာက္ျပန္ေနတယ္ဆိုတာကို သိသားေစႏိုင္တဲ့ အခ်က္ ၄ ခ်က္ကို ေျပာျပေပးခ်င္ပါတယ္။

၁။ သင့္ခ်စ္သူဟာ သင္နဲ႔ေတြ႕တိုင္း ရည္းစားစျဖစ္ခါစေလာက္ ဟက္ဟက္ပက္ပက္ မရွိေတာ့ပါဘူး

စတြဲခါစ အခ်ိန္မွာဆိုရင္ေတာ့ ကိုယ္နဲ႔ ခ်ိန္းေတြ႕တိုင္း အၿမဲရယ္ရယ္ေမာေမာ ရွိေနတတ္တဲ့ ခ်စ္သူက အခုဆို သင္နဲ႔ ေတြ႕တိုင္း စိတ္မပါလက္မါနဲ႔ ျပန္မယ့္အခ်ိန္ကိုသာ ေစာင့္ၿပီး ဖင္တႂကြႂကြ ျဖစ္ေနၿပီဆိုရင္ေတာ့ သတိထားပါ။

အဲဒီလိုမ်ိဳး အခ်ိန္ေတာ္ေတာ္ၾကာ ျဖစ္ေနၿပီဆိုရင္ေတာ့ ကိန္းေသတာက သင့္ခ်စ္သူဟာ သင့္ကြယ္ရာမွ တျခားမိန္းကေလးတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနၿပီဆိုတာပါပဲ။

၂။ ညဖက္အိပ္ရာ ဝင္ခါနီး ဖုန္းဆက္တိုင္း ဖုန္းမအားတတ္ပါဘူး

ညအိပ္ရာဝင္ခါနီး ကိုယ္ဖုန္းဆက္တိုင္း သူငယ္ခ်င္းနဲ႔ ေျပာေနလို႔၊ အလုပ္ကိစၥေၾကာင့္ ဖုန္းေျပာေနလို႔ အစရွိသျဖင့္ အေၾကာင္းျပခ်က္မ်ိဳးစုံ ေပးေလ့ရွိတတ္ပါတယ္။

တစ္ခါႏွစ္ခါေလာက္က နားလည္ေပးလို႔ ရေပမယ့္ ၃ ခါအထက္ဆိုရင္ေတာ့ သင့္ခ်စ္သူဟာ အဲဒီအခ်ိန္မွာ သင့္အျပင္ ေနာက္ထပ္ မိန္းကေလးတစ္ေယာက္နဲ႔ ဖုန္းေျပာေနတာပါပဲ။

၃။ သင့္ကို အေၾကာင္းျပခ်က္ မ်ိဳးစုံေပးၿပီး အျပင္ေရာက္ေနတတ္ပါတယ္

အၿမဲလိုလို သူင္ယခ်င္းေတြနဲ႔ ခ်ိန္းထားလို႔၊ အလုပ္ကလူေတြနဲ႔ သြားေသာက္လို႔၊ အိမ္က ေမာင္ႏွမေတြနဲ႔ အျပင္သြားလို႔၊ အိမ္က ဘာခိုင္းထားလို႔ ညာခိုင္းထားလို႔ အစရွိတဲ့ ဆင္ေျခေတြနဲ႔ သင့္ခ်စ္သူဟာအျပင္မွာေရာက္ေနတယ္ဆိုရင္ေတာ့ ေနာက္မီးလင္းတာ ျဖစ္ဖို႔ မ်ားေနပါၿပီ။ေသခ်ာခ်င္တယ္ဆိုရင္ေတာ့ သူသြားတဲ့ေနရာကိုေမးၿပီး သင္ကိုယ္တိုင္ ေနာက္ေယာက္ခံလိုက္ၾကည့္လိုက္တာတာပါပဲ။

၄။ သင္ဖုန္းဆက္တိုင္း သူအခ်ိန္ျပည့္မအားတဲ့ ပုံစံနဲ႔ အလုပ္ရႈပ္ျပေနတတ္ပါတယ္

အလုပ္ရွိတဲ့ ခ်စ္သူေကာင္ေလးဆိုရင္ေတာ့ ဒီအေျခအေနမွာ အတိုင္းအတာတစ္ခုအထိ နားလည္ေပးလို႔ ရပါတယ္။

အလုပ္လည္းမရွိပဲ အိမ္မွာ ေနေနတဲ့ လူတစ္ေယာက္က အခ်ိန္ျပည့္ အလုပ္ေတြရႈပ္ေနၿပီး သင္ဖုန္းဆက္တိုင္း အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ ဖုန္းခ်ပစ္တယ္ဆိုရင္ေတာ့ က်န္းေသတာ သူ႔မွာ ေနာက္တစ္ေယာက္ ရွိေနပါၿပီ။

ကိုယ္ခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ကိုေတာ့ ဘယ္ေယာက်ာ္းေလးမဆို အခ်ိန္ေပးၿပီး ဖုန္းေျပာေလ့ ရွိပါတယ္။phk

unicode

သင့်ချစ်သူကောင်လေး ဒီအချက်တွေရှိနေပြီဆိုရင်တော့ ဘာမှမစဉ်းစားပဲ လမ်းခွဲလိုက်ပါတော့

ကိုယ့်ချစ်သူကောင်လေး ဖောက်ပြန်တဲ့အခြေအနေနဲ့ ကြုံတွေ့လာရင် ပျိုမေတော်တော်များများက ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ် … ။

ငါအသုံးမကျလို့၊ ငါပိုက်ဆံမရှိလို့၊ ငါမလှလို့ အစရှိသဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး တွေးတော်တတ်ကြပါတယ် … ။

တစ်ကယ်တမ်းတော့ အဲဒီလို ကိုယ့်ချစ်သူကောင်လေး ဖောက်ပြန်တယ်ဆိုတာ သင့်အပြစ် မဟုတ်ပါဘူး .. ။

ဖောက်ပြန်တတ်တဲ့ ဗီဇရှိသူက ဘယ်လောက်ပဲ သင်ကောင်းအောင် နေနေပါစေ၊ ဖောက်ပြန်တတ်ကြပါတယ်။

ဒါ့ကြောင့် ဒီနေ့မှာတော့ သင့်ချစ်သူကောင်းလေး ဖောက်ပြန်နေတယ်ဆိုတာကို သိသားစေနိုင်တဲ့ အချက် ၄ ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ သင့်ချစ်သူဟာ သင်နဲ့တွေ့တိုင်း ရည်းစားစဖြစ်ခါစလောက် ဟက်ဟက်ပက်ပက် မရှိတော့ပါဘူး

စတွဲခါစ အချိန်မှာဆိုရင်တော့ ကိုယ်နဲ့ ချိန်းတွေ့တိုင်း အမြဲရယ်ရယ်မောမော ရှိနေတတ်တဲ့ ချစ်သူက အခုဆို သင်နဲ့ တွေ့တိုင်း စိတ်မပါလက်မါနဲ့ ပြန်မယ့်အချိန်ကိုသာ စောင့်ပြီး ဖင်တကြွကြွ ဖြစ်နေပြီဆိုရင်တော့ သတိထားပါ။

အဲဒီလိုမျိုး အချိန်တော်တော်ကြာ ဖြစ်နေပြီဆိုရင်တော့ ကိန်းသေတာက သင့်ချစ်သူဟာ သင့်ကွယ်ရာမှ တခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေပြီဆိုတာပါပဲ။

၂။ ညဖက်အိပ်ရာ ဝင်ခါနီး ဖုန်းဆက်တိုင်း ဖုန်းမအားတတ်ပါဘူး

ညအိပ်ရာဝင်ခါနီး ကိုယ်ဖုန်းဆက်တိုင်း သူငယ်ချင်းနဲ့ ပြောနေလို့၊ အလုပ်ကိစ္စကြောင့် ဖုန်းပြောနေလို့ အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံ ပေးလေ့ရှိတတ်ပါတယ်။

တစ်ခါနှစ်ခါလောက်က နားလည်ပေးလို့ ရပေမယ့် ၃ ခါအထက်ဆိုရင်တော့ သင့်ချစ်သူဟာ အဲဒီအချိန်မှာ သင့်အပြင် နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ဖုန်းပြောနေတာပါပဲ။

၃။ သင့်ကို အကြောင်းပြချက် မျိုးစုံပေးပြီး အပြင်ရောက်နေတတ်ပါတယ်

အမြဲလိုလို သူင်ယချင်းတွေနဲ့ ချိန်းထားလို့၊ အလုပ်ကလူတွေနဲ့ သွားသောက်လို့၊ အိမ်က မောင်နှမတွေနဲ့ အပြင်သွားလို့၊ အိမ်က ဘာခိုင်းထားလို့ ညာခိုင်းထားလို့ အစရှိတဲ့ ဆင်ခြေတွေနဲ့ သင့်ချစ်သူဟာအပြင်မှာရောက်နေတယ်ဆိုရင်တော့ နောက်မီးလင်းတာ ဖြစ်ဖို့ များနေပါပြီ။သေချာချင်တယ်ဆိုရင်တော့ သူသွားတဲ့နေရာကိုမေးပြီး သင်ကိုယ်တိုင် နောက်ယောက်ခံလိုက်ကြည့်လိုက်တာတာပါပဲ။

၄။ သင်ဖုန်းဆက်တိုင်း သူအချိန်ပြည့်မအားတဲ့ ပုံစံနဲ့ အလုပ်ရှုပ်ပြနေတတ်ပါတယ်

အလုပ်ရှိတဲ့ ချစ်သူကောင်လေးဆိုရင်တော့ ဒီအခြေအနေမှာ အတိုင်းအတာတစ်ခုအထိ နားလည်ပေးလို့ ရပါတယ်။

အလုပ်လည်းမရှိပဲ အိမ်မှာ နေနေတဲ့ လူတစ်ယောက်က အချိန်ပြည့် အလုပ်တွေရှုပ်နေပြီး သင်ဖုန်းဆက်တိုင်း အကြောင်းပြချက်မျိုးစုံနဲ့ ဖုန်းချပစ်တယ်ဆိုရင်တော့ ကျန်းသေတာ သူ့မှာ နောက်တစ်ယောက် ရှိနေပါပြီ။

ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်ယောကျာ်းလေးမဆို အချိန်ပေးပြီး ဖုန်းပြောလေ့ ရှိပါတယ်။

phk