ျပႆနာမျဖစ္ေအာင္ ေရွာင္ၾကဥ္ရမယ့္ အခ်က္(၇)ခ်က္

သူငယ္ခ်င္း အခ်င္းခ်င္းျဖစ္ေစ၊ မိသားစုဝင္ အခ်င္းခ်င္းျဖစ္ေစ၊ ခ်စ္သူရည္းစားအခ်င္းခ်င္းျဖစ္ေစ တစ္ခါတေလမွာ မေမွ်ာ္လင့္ထားတဲ့ ျပႆနာေတြ ျဖစ္တတ္ၾကပါတယ္။

ဒီလို ျပႆနာေတြ​ မျဖစ္ရေလေအာင္ လိုက္နာရမယ့္အခ်က္ေတြကို ေျပာျပေပးလိုက္ပါတယ္။

၁။ မလိုအပ္ဘဲ အျငင္းအခုန္ မလုပ္ပါနဲ႔

လူတိုင္းဟာ ျဖတ္သန္းလာတဲ့ဘဝ အေတြ႕အႀကဳံခ်င္း မတူညီၾကတာမို႔ သူ႔စိတ္နဲ႔ ကိုယ့္စိတ္၊ သူ႔ခံယူခ်က္နဲ႔ ကိုယ့္ခံယူခ်က္ အားလုံးဟာ ထပ္တူမက်ႏိုင္ပါဘူး။

ဒါေၾကာင့္ သူနဲ႔ ကိုယ့္ရဲ႕ၾကားက မတူညီမႈေတြကို နားလည္ေပးတတ္ရပါမယ္။ ဘာမွ အေရးႀကီးတဲ့ ကိစၥမဟုတ္ရင္ အျငင္းအခုန္ မလုပ္ဘဲေနတာဟာ အေကာင္းဆုံးပါပဲ။

၂။ စကားတစ္ခြန္း မေျပာခင္ ၃ ႀကိမ္စဥ္းစားပါ

ကြၽန္‌ေတာ္တို႔ေတြက တစ္ခါတေလ စိတ္လိုက္မာန္ပါ ေျပာမိတတ္ၾကပါတယ္။

ကိုယ့္ရဲ႕ စကားတစ္ခြန္း​ေၾကာင့္ တစ္ဖက္သားကို ခံစားသြားရေစႏိုင္တာမို႔ စကားတစ္ခြန္း မေျပာခင္မွာ အနည္းဆုံး ၃ ႀကိမ္ ေလာက္ေတာ့ စဥ္းစားေပးပါ။

၃။ ကိုယ့္ေၾကာင့္ ခံစားသြားရရင္ ေတာင္းပန္ပါေတာင္းပန္တယ္ဆိုတာ ကိုယ္က မွားသြားတယ္လို႔ ဝန္ခံတာမ်ိဳးမဟုတ္​ပါဘူး။

ကိုယ့္ေၾကာင့္ ခံစားသြားရတာ ကို တာဝန္ယူေပးလိုက္ ျခင္းျဖစ္ပါတယ္။ဒါမွသာ ႏွစ္ဦးႏွစ္ဖက္ၾကားက နားလည္မႈကို ျပန္လည္ တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

၄။ လိုအပ္တာထက္ ပိုၿပီးမေျပာပါနဲ႔

လိုအပ္တာထက္ ပိုၿပီးေျပာတတ္တဲ့ သင့္ကို ဘယ္သူမွ အထင္မႀကီးႏိုင္ပါဘူး။ လိုအပ္တဲ့ အခ်ိန္၊ လိုအပ္တဲ့ ေနရာမွာ၊ လိုအပ္သေလာက္သာ စကားကိုေျပာ​ပါ။

၅။ သူတစ္ပါးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို မသိခ်င္ပါနဲ႔

လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္ ကိုယ္စီရွိပါတယ္။ မလိုအပ္ဘဲ သူတစ္ပါးလွ်ိဳ႕ဝွက္ခ်က္ကို ကိုယ္က အတင္းဇြတ္ သိခ်င္ေနတာမ်ိဳး၊ ေမးျမန္းေနတာမ်ိဳးက စိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။

၆။ အစအေနာက္ မသန္ပါနဲ႔ကိုယ္က ခ်စ္လို႔စတာ သူတစ္ပါးက ႀကိဳက္တယ္ ၊ ကိုယ္လည္း ေပ်ာ္ရတယ္ ဆိုရင္ ေကာင္းပါတယ္။

ဒါေပမယ့္ သူတစ္ပါးကို စိတ္ညစ္ေအာင္ အတင္းဇြတ္လုပ္ၿပီး ကိုယ္က ေပ်ာ္႐ႊင္ျပေနတာက တစ္ကိုယ္ေကာင္း ဆန္တာပါပဲ။

၇။ ေဒါသထြက္ရင္ အသက္ရႈပါေဒါသထြက္သြားၿပီလို႔ သိသိခ်င္း အသက္ကို ျပင္းျပင္းရႈရႈိက္ပါ။

၁ ကေန ၃၀ အထိ ေရတြက္ၿပီး အသက္ကို အားရပါးရ ရႉၿပီး ေဒါသကို ေျဖေဖ်ာက္ပါ။ၿပီးမွ ေျပာသင့္တဲ့ စကားကို ေဒါသ မပါဘဲ ေျပာဆိုလိုက္ပါ။

Credit: Original Writer

Unicode Version

သူငယ်ချင်း အချင်းချင်းဖြစ်စေ၊ မိသားစုဝင် အချင်းချင်းဖြစ်စေ၊ ချစ်သူရည်းစားအချင်းချင်းဖြစ်စေ တစ်ခါတလေမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေ ဖြစ်တတ်ကြပါတယ်။

ဒီလို ပြဿနာတွေ​ မဖြစ်ရလေအောင် လိုက်နာရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

၁။ မလိုအပ်ဘဲ အငြင်းအခုန် မလုပ်ပါနဲ့

လူတိုင်းဟာ ဖြတ်သန်းလာတဲ့ဘဝ အတွေ့အကြုံချင်း မတူညီကြတာမို့ သူ့စိတ်နဲ့ ကိုယ့်စိတ်၊ သူ့ခံယူချက်နဲ့ ကိုယ့်ခံယူချက် အားလုံးဟာ ထပ်တူမကျနိုင်ပါဘူး။

ဒါကြောင့် သူနဲ့ ကိုယ့်ရဲ့ကြားက မတူညီမှုတွေကို နားလည်ပေးတတ်ရပါမယ်။ ဘာမှ အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် အငြင်းအခုန် မလုပ်ဘဲနေတာဟာ အကောင်းဆုံးပါပဲ။

၂။ စကားတစ်ခွန်း မပြောခင် ၃ ကြိမ်စဥ်းစားပါ

ကျွန်‌တော်တို့တွေက တစ်ခါတလေ စိတ်လိုက်မာန်ပါ ပြောမိတတ်ကြပါတယ်။

ကိုယ့်ရဲ့ စကားတစ်ခွန်း​ကြောင့် တစ်ဖက်သားကို ခံစားသွားရစေနိုင်တာမို့ စကားတစ်ခွန်း မပြောခင်မှာ အနည်းဆုံး ၃ ကြိမ် လောက်တော့ စဥ်းစားပေးပါ။

၃။ ကိုယ့်ကြောင့် ခံစားသွားရရင် တောင်းပန်ပါတောင်းပန်တယ်ဆိုတာ ကိုယ်က မှားသွားတယ်လို့ ဝန်ခံတာမျိုးမဟုတ်​ပါဘူး။

ကိုယ့်ကြောင့် ခံစားသွားရတာ ကို တာဝန်ယူပေးလိုက် ခြင်းဖြစ်ပါတယ်။ဒါမှသာ နှစ်ဦးနှစ်ဖက်ကြားက နားလည်မှုကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၄။ လိုအပ်တာထက် ပိုပြီးမပြောပါနဲ့

လိုအပ်တာထက် ပိုပြီးပြောတတ်တဲ့ သင့်ကို ဘယ်သူမှ အထင်မကြီးနိုင်ပါဘူး။ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ နေရာမှာ၊ လိုအပ်သလောက်သာ စကားကိုပြော​ပါ။

၅။ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို မသိချင်ပါနဲ့

လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီရှိပါတယ်။ မလိုအပ်ဘဲ သူတစ်ပါးလျှို့ဝှက်ချက်ကို ကိုယ်က အတင်းဇွတ် သိချင်နေတာမျိုး၊ မေးမြန်းနေတာမျိုးက စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

၆။ အစအနောက် မသန်ပါနဲ့ကိုယ်က ချစ်လို့စတာ သူတစ်ပါးက ကြိုက်တယ် ၊ ကိုယ်လည်း ပျော်ရတယ် ဆိုရင် ကောင်းပါတယ်။

ဒါပေမယ့် သူတစ်ပါးကို စိတ်ညစ်အောင် အတင်းဇွတ်လုပ်ပြီး ကိုယ်က ပျော်ရွှင်ပြနေတာက တစ်ကိုယ်ကောင်း ဆန်တာပါပဲ။

၇။ ဒေါသထွက်ရင် အသက်ရှုပါဒေါသထွက်သွားပြီလို့ သိသိချင်း အသက်ကို ပြင်းပြင်းရှုရှိုက်ပါ။

၁ ကနေ ၃၀ အထိ ရေတွက်ပြီး အသက်ကို အားရပါးရ ရှူပြီး ဒေါသကို ဖြေဖျောက်ပါ။ပြီးမှ ပြောသင့်တဲ့ စကားကို ဒေါသ မပါဘဲ ပြောဆိုလိုက်ပါ။

Credit: Original Writer