ေမြးလ နကၡတ္အလိုက္ ေျပာျပေနတဲ့ သင့္ရဲ႕ အခ်စ္ရမၼက္အေၾကာင္းမ်ား

သင့္ရဲ႕ေမြးလဟာ သင့္ရဲ႕ ခ်စ္ရမၼက္လိုအင္ဆႏၵအေပၚ လႊမ္းမိုးမႈရွိရဲ႕လား ဆိုတဲ့ ေမြးခြန္းကိုေတာ့ “ဟုတ္ပါတယ္” လို႔ နကၡတ္ေဗဒင္ဆရာ Suzie Kerr Wright က ျပန္လည္ေျဖၾကားထားၿပီး အဲဒီအထဲမွာေတာ့ ဇန္နဝါရီလ ေမြးဖြားသူေတြဟာ ခ်စ္ရမၼက္နဲ႔ ပတ္သက္လို႔ မူမမွန္ဆုံးသူေတြ ျဖစ္ၾကသလို ႏိုဝင္ဘာလ ေမြးဖြားသူေတြကေတာ့ ခ်စ္ရမၼက္ အျပင္းျပဆုံးသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

၁။ ဇန္နဝါရီ

ဇန္နဝါရီလ ေမြးဖြားသူေတြဟာ ခ်စ္ရမၼက္နဲ႔ ပတ္သက္လို႔ မူမမွန္ဆုံး လကၡဏာရွိသူေတြ ျဖစ္ၾကေပမဲ့ သူတို႔မွာ ႏိုဝင္ဘာလ ေမြးဖြားသူေတြနဲ႔ တူညီေနျပန္တဲ့ အခ်က္ကေတာ့ အိပ္ယာေပၚက လုပ္ေဆာင္ခ်က္ေတြအေပၚ ေက်နပ္ေပ်ာ္႐ႊင္ၾကသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

၂။ ေဖေဖာ္ဝါရီ

ေဖေဖာ္ဝါရီလ ေမြးဖြားသူေတြဟာ စြန္႔စားလိုမႈ အရွိဆုံးအျဖစ္ ေျပာစမွတ္ခံရသူေတြ ျဖစ္ပါတယ္။ ခ်စ္ရမၼက္ ျပင္းျပၾကၿပီး သူတို႔ကို ရရွိႏိုင္ဖို႔အတြက္ စိတ္ခံစားမႈနဲ႔အတူ နားလည္၊ ခ်ိတ္ဆက္ထားမိဖို႔ အမ်ားဆုံး ႀကိဳးစားရပါလိမ့္မယ္။

၃။ မတ္

မတ္လ ေမြးဖြားသူေတြဟာ အခ်စ္နဲ႔ ပတ္သက္တဲ့အခ်ိန္ေတြကို အိပ္ယာေပၚမွာ အမ်ားဆုံး ကုန္ဆုံးေစသူေတြ ျဖစ္ၾကပါတယ္။ သံေယာဇဥ္ႀကီး၊ ရမၼက္ တက္ႂကြသူေတြ ျဖစ္ၾကၿပီး သူတို႔မွာ ရွိတဲ့အရာမွန္သမွ်ကို သူတို႔အေဖာ္အတြက္ ေပးဆပ္တတ္ၾကသူေတြပါ။

၄။ ဧၿပီ

ဧၿပီလ ေဖြးဖြားသူေတြဟာ အမွီအခို၊ အခ်ဳပ္အခ်ယ္ ကင္းကင္းနဲ႔ လြတ္လြတ္လပ္လပ္ ရပ္တည္ႏိုင္ဖို႔ ႀကိဳးစားသူေတြျဖစ္ၾကၿပီး တစ္စုံတစ္ေယာက္ရဲ႕ ခ်စ္ျခင္းကို ခံရခ်ိန္မွာေတာ့ ပိုင္ဆိုင္သမွ် အားလုံးနဲ႔ ေပးဆပ္ဖို႔ ဝန္မေလးၾကသူေတြပါ။ ဧၿပီလ ေမြးဖြားသူတစ္ေယာက္နဲ႔ ေပ်ာ္ပါးမယ္ဆိုရင္ေတာ့ အခ်စ္ ၾကမ္းၾကမ္း၊ ရမၼက္ျပင္းျပင္းနဲ႔ ထိေတြ႕ခံစားရႏိုင္ေပမဲ့ အဲဒီအခ်က္ေၾကာင့္ပဲ သူတို႔ေတြဟာ ျမန္ျမန္ဆန္ဆန္ ေမာပန္း၊ ၿပီးသြားတတ္တဲ့ သူေတြဆိုတာကိုလည္း ထည့္တြက္ရမွာပါ။

၅။ ေမ

ေမလ ေမြးဖြားသူေတြဟာ ျပင္းျပင္းထန္ထန္ ရမၼက္မ်ိဳးထက္ သက္ေသာင့္သက္သာရွိတဲ့ ေပ်ာ္ပါးမႈမ်ိဳး ပိုၿပီး လိုခ်င္တပ္မက္ၾကသူေတြပါ။ ဒါ့ျပင္ သူတို႔ေတြဟာ ေနရာမေ႐ြး ဆိုတာထက္လည္း အိစက္ေနတဲ့ အိပ္ရာခင္းေပၚ၊ အလွဆင္ထားတဲ့ အခန္းမ်ိဳးမွာ ထူးကဲခံစားခ်င္သူေတြပါ။

၆။ ဇြန္

ဇြန္လ ေမြးဖြားသူေတြဟာ ေမလ ေမြးဖြားသူေတြနဲ႔ ဆန္႔က်င္ဘက္လို႔ ေျပာရမွာပါ။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔ေတြဟာ အရာအားလုံးရဲ႕အေၾကာင္းကို အလုံးစုံ ျပည့္ျပည့္၀၀ သိရွိလိုခ်င္တဲ့စိတ္နဲ႔ ေနေရာင္ က်ေရာက္တဲ့ ေနရာမွန္သမွ်မွာ နည္းေပါင္းစုံနဲ႔ ေပ်ာ္ပါးခ်င္ၾကသူေတြပါ။ တကယ္လို႔သာ သင္ဟာ ဖုန္းထဲက ျဖစ္ျဖစ္၊ အြန္လိုင္းေပၚက ျဖစ္ျဖစ္ တစ္စုံတစ္ေယာက္နဲ႔ သားမယားစကား၊ ညစ္ညစ္ပတ္ပတ္ စကားေတြကို ေျပာဆို(ၾကဴ)ခ်င္တယ္ ဆိုရင္ေတာ့ ဇြန္လ ေမြးဖြားသူေတြက အသင့္ေတာ္ဆုံးပါ။

၇။ ဇူလိုင္

ဇူလိုင္လ ေမြးဖြားသူေတြဟာ နက္ရႈိင္းတဲ့ စိတ္ခံစားမႈကို ဦးစားေပးၿပီး ေပ်ာ္ပါးခ်င္ၾကသူေတြပါ။ ေပ်ာ္ပါးတဲ့ တစ္ႀကိမ္တိုင္းဟာ ယုံၾကည္စိတ္ခ်ရမႈကို လိုခ်င္လို႔ ဆိုတဲ့ ခံစားခ်က္ကို ဦးတည္တတ္ၿပီး မိမိရဲ႕ အေပါင္းအေဖာ္ကို လိုေလးေသးမရွိ ေက်နပ္ေစသူပါ။

၈။ ၾသဂုတ္

ၾသဂုတ္လ ေမြးဖြားသူေတြဟာ တစ္ကိုယ္ေကာင္းဆန္ၿပီး အတၱႀကီးသူ ျဖစ္ရင္ျဖစ္၊ ဒါမွမဟုတ္ရင္ေတာ့ အလြန္တရာ စိတ္ရင္းေကာင္းၿပီး သေဘာထားႀကီးသူ ျဖစ္ရင္ျဖစ္ အဲဒီႏွစ္ခုထဲက တစ္ခုထဲမွာ ပါဝင္တတ္ၾကသူေတြပါ။ ခ်စ္မက္ေရးရာနဲ႔ ပတ္သက္လို႔ ေတာင္ဆိုရတာမ်ိဳးကို ဆႏၵမရွိသူေတြလည္း ျဖစ္ၾကပါတယ္။

၉။ စက္တင္ဘာ

စက္တင္ဘာလ ေမြးဖြားသူေတြဟာ ဖို၊ မကိစၥအတြက္ လိုအင္ရမၼက္ အားသန္ၾကေပမဲ့ အၿမဲတမ္းလိုလို စိတ္ခံစားမႈနဲ႔ မ်ိဳးသိပ္၊ ထိန္းခ်ဳပ္ေနတတ္ၾကသူေတြပါ။ သူတို႔ကို ကိုယ္လက္ႏွီးေႏွာၿပီး စိတ္အတက္ႂကြဆုံး ျဖစ္ေအာင္ အေတာ္ေလးကို လုပ္ယူရၿပီး ခ်က္ခ်င္းလက္ငင္း ေပ်ာ္ပါးဖို႔ သူတို႔ကိုယ္ သူတို႔ အလိုမလိုက္တတ္ၾကသူေတြပါ။ အဲ.. ဒါေပမဲ့ သူတို႔ စိတ္ပါတဲ့အခ်ိန္ကို ေရာက္ရွိသြားၿပီ ဆိုျပန္ရင္လည္း သူတို႔ မျဖည့္ဆည္းေပးမယ့္အရာဆိုတာ မရွိေတာ့ေလာက္ေအာင္ပါ။

၁၀။ ေအာက္တိုဘာ

ေအာက္တိုဘာလ ေမြးဖြားသူေတြဟာ ထားဝရအခ်စ္မ်ိဳးနဲ႔ စိတ္ကူးယဥ္ အခ်စ္ဇာတ္လမ္းမ်ိဳး အခ်ိန္ၾကာၾကာ လက္တြဲခ်င္ၾကသူေတြပါ။ ႏွစ္ကိုယ္ၾကား ဇာတ္လမ္းနဲ႔ ပတ္သက္လာရင္ေတာ့ ၾကည္ႏူးစရာ အခ်စ္ဇာတ္သိမ္းမ်ိဳးေတြ ပုံေဖာ္၊ ခ်စ္စိတ္ျပင္းျပေနတဲ့ ႐ုပ္ပုံေတြကို ျပၿပီး ဘယ္လိုရွိလဲ၊ သင့္ရဲ႕စိတ္ခံစားမႈ ဘယ္လိုခံစားရလဲ ဆိုတာ ေမးျမန္းခ်င္ၾကသူေတြပါ။ သင့္ရဲ႕ စိတ္ခံစားမႈကို ဖြင့္ဟ ေျပာျပလိုက္တဲ့အခါမွာလည္း ေပ်ာ္ပါးဖို႔အတြက္ တစ္ဆင့္ခ်ည္းစီ ေျဖးေျဖးမွန္မွန္နဲ႔ ေနာက္ဆုံးအခ်ိန္၊ ေနာက္ဆုံးအဆင့္ အထိ ခံစားခ်င္ၾကသူေတြပါ။

၁၁။ ႏိုဝင္ဘာ

ႏိုဝင္ဘာလ ေမြးဖြားသူေတြဟာ အားလုံးထဲမွာ စိတ္အားျပင္းျပဆုံး စံနမူနာအျဖစ္ သတ္မွတ္ထားရမယ့္ သူေတြပါ။ သူတို႔ေတြဟာ သူတို႔ရဲ႕အေဖာ္ကိုယ္စီကို အလုံးစုံ ရယူပိုင္ဆိုင္ဖို႔ လိုအပ္ၾကသလို သူတို႔ ကိုယ္စီ၌ကလည္း သူတို႔အေဖာ္ကိုယ္စီအတြက္သာ ျဖစ္ခ်င္ၾကသူေတြပါ။

၁၂၊ ဒီဇင္ဘာ

ဒီဇင္ဘာလ ေမြးဖြားသူေတြဟာ ထိုးထြင္းတီထြင္ႏိုင္စြမ္းရွိတဲ့ ဖန္တီးရွင္ေတြလို႔ သတ္မွတ္ခံထားရသူေတြ ျဖစ္ၾကပါတယ္။ ခ်စ္ေရးခ်စ္ရာ အပိုင္းမွာ ကိုယ္တိုင္ ခ်စ္ဇာတ္လမ္း ဖန္တီးရတာကို ႏွစ္သက္၊ သေဘာက်ၾကၿပီး မိမိရဲ႕ အေဖာ္နဲ႔ ေပ်ာ္ပါးခ်ိန္မ်ိဳးမွာလည္း ကိုယ္တိုင္ အဓိကအခန္းကေန လႈပ္ရွားရတာကို အႀကိဳက္ေတြ႕သူေတြပါ။ ၾကမ္းၾကမ္းတမ္းတမ္း အထိအေတြ႕ကို ရယူေပ်ာ္ပါးဖို႔ ခက္ခဲတတ္ၾကေပမဲ့ ေပ်ာ္ပါးတဲ့အခ်ိန္တိုင္းကိုေတာ့ စိတ္ေက်နပ္ေစသူေတြပါ။

ဘယ္လိုလဲ။ သင့္ရဲ႕ ေမြးလနဲ႔ သင့္ရဲ႕ ခ်စ္ရမၼက္ ကိုက္ညီရဲ႕လား။

Ref: The Sun

ေက်ာ္လင္းေအာင္

unicode

သင့်ရဲ့မွေးလဟာ သင့်ရဲ့ ချစ်ရမ္မက်လိုအင်ဆန္ဒအပေါ် လွှမ်းမိုးမှုရှိရဲ့လား ဆိုတဲ့ မွေးခွန်းကိုတော့ “ဟုတ်ပါတယ်” လို့ နက္ခတ်ဗေဒင်ဆရာ Suzie Kerr Wright က ပြန်လည်ဖြေကြားထားပြီး အဲဒီအထဲမှာတော့ ဇန်နဝါရီလ မွေးဖွားသူတွေဟာ ချစ်ရမ္မက်နဲ့ ပတ်သက်လို့ မူမမှန်ဆုံးသူတွေ ဖြစ်ကြသလို နိုဝင်ဘာလ မွေးဖွားသူတွေကတော့ ချစ်ရမ္မက် အပြင်းပြဆုံးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

၁။ ဇန်နဝါရီ

ဇန်နဝါရီလ မွေးဖွားသူတွေဟာ ချစ်ရမ္မက်နဲ့ ပတ်သက်လို့ မူမမှန်ဆုံး လက္ခဏာရှိသူတွေ ဖြစ်ကြပေမဲ့ သူတို့မှာ နိုဝင်ဘာလ မွေးဖွားသူတွေနဲ့ တူညီနေပြန်တဲ့ အချက်ကတော့ အိပ်ယာပေါ်က လုပ်ဆောင်ချက်တွေအပေါ် ကျေနပ်ပျော်ရွှင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

၂။ ဖေဖော်ဝါရီ

ဖေဖော်ဝါရီလ မွေးဖွားသူတွေဟာ စွန့်စားလိုမှု အရှိဆုံးအဖြစ် ပြောစမှတ်ခံရသူတွေ ဖြစ်ပါတယ်။ ချစ်ရမ္မက် ပြင်းပြကြပြီး သူတို့ကို ရရှိနိုင်ဖို့အတွက် စိတ်ခံစားမှုနဲ့အတူ နားလည်၊ ချိတ်ဆက်ထားမိဖို့ အများဆုံး ကြိုးစားရပါလိမ့်မယ်။

၃။ မတ်

မတ်လ မွေးဖွားသူတွေဟာ အချစ်နဲ့ ပတ်သက်တဲ့အချိန်တွေကို အိပ်ယာပေါ်မှာ အများဆုံး ကုန်ဆုံးစေသူတွေ ဖြစ်ကြပါတယ်။ သံယောဇဉ်ကြီး၊ ရမ္မက် တက်ကြွသူတွေ ဖြစ်ကြပြီး သူတို့မှာ ရှိတဲ့အရာမှန်သမျှကို သူတို့အဖော်အတွက် ပေးဆပ်တတ်ကြသူတွေပါ။

၄။ ဧပြီ

ဧပြီလ ဖွေးဖွားသူတွေဟာ အမှီအခို၊ အချုပ်အချယ် ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားသူတွေဖြစ်ကြပြီး တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို ခံရချိန်မှာတော့ ပိုင်ဆိုင်သမျှ အားလုံးနဲ့ ပေးဆပ်ဖို့ ဝန်မလေးကြသူတွေပါ။ ဧပြီလ မွေးဖွားသူတစ်ယောက်နဲ့ ပျော်ပါးမယ်ဆိုရင်တော့ အချစ် ကြမ်းကြမ်း၊ ရမ္မက်ပြင်းပြင်းနဲ့ ထိတွေ့ခံစားရနိုင်ပေမဲ့ အဲဒီအချက်ကြောင့်ပဲ သူတို့တွေဟာ မြန်မြန်ဆန်ဆန် မောပန်း၊ ပြီးသွားတတ်တဲ့ သူတွေဆိုတာကိုလည်း ထည့်တွက်ရမှာပါ။

၅။ မေ

မေလ မွေးဖွားသူတွေဟာ ပြင်းပြင်းထန်ထန် ရမ္မက်မျိုးထက် သက်သောင့်သက်သာရှိတဲ့ ပျော်ပါးမှုမျိုး ပိုပြီး လိုချင်တပ်မက်ကြသူတွေပါ။ ဒါ့ပြင် သူတို့တွေဟာ နေရာမရွေး ဆိုတာထက်လည်း အိစက်နေတဲ့ အိပ်ရာခင်းပေါ်၊ အလှဆင်ထားတဲ့ အခန်းမျိုးမှာ ထူးကဲခံစားချင်သူတွေပါ။

၆။ ဇွန်

ဇွန်လ မွေးဖွားသူတွေဟာ မေလ မွေးဖွားသူတွေနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေဟာ အရာအားလုံးရဲ့အကြောင်းကို အလုံးစုံ ပြည့်ပြည့်၀၀ သိရှိလိုချင်တဲ့စိတ်နဲ့ နေရောင် ကျရောက်တဲ့ နေရာမှန်သမျှမှာ နည်းပေါင်းစုံနဲ့ ပျော်ပါးချင်ကြသူတွေပါ။ တကယ်လို့သာ သင်ဟာ ဖုန်းထဲက ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်က ဖြစ်ဖြစ် တစ်စုံတစ်ယောက်နဲ့ သားမယားစကား၊ ညစ်ညစ်ပတ်ပတ် စကားတွေကို ပြောဆို(ကြူ)ချင်တယ် ဆိုရင်တော့ ဇွန်လ မွေးဖွားသူတွေက အသင့်တော်ဆုံးပါ။

၇။ ဇူလိုင်

ဇူလိုင်လ မွေးဖွားသူတွေဟာ နက်ရှိုင်းတဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး ပျော်ပါးချင်ကြသူတွေပါ။ ပျော်ပါးတဲ့ တစ်ကြိမ်တိုင်းဟာ ယုံကြည်စိတ်ချရမှုကို လိုချင်လို့ ဆိုတဲ့ ခံစားချက်ကို ဦးတည်တတ်ပြီး မိမိရဲ့ အပေါင်းအဖော်ကို လိုလေးသေးမရှိ ကျေနပ်စေသူပါ။

၈။ သြဂုတ်

သြဂုတ်လ မွေးဖွားသူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ အလွန်တရာ စိတ်ရင်းကောင်းပြီး သဘောထားကြီးသူ ဖြစ်ရင်ဖြစ် အဲဒီနှစ်ခုထဲက တစ်ခုထဲမှာ ပါဝင်တတ်ကြသူတွေပါ။ ချစ်မက်ရေးရာနဲ့ ပတ်သက်လို့ တောင်ဆိုရတာမျိုးကို ဆန္ဒမရှိသူတွေလည်း ဖြစ်ကြပါတယ်။

၉။ စက်တင်ဘာ

စက်တင်ဘာလ မွေးဖွားသူတွေဟာ ဖို၊ မကိစ္စအတွက် လိုအင်ရမ္မက် အားသန်ကြပေမဲ့ အမြဲတမ်းလိုလို စိတ်ခံစားမှုနဲ့ မျိုးသိပ်၊ ထိန်းချုပ်နေတတ်ကြသူတွေပါ။ သူတို့ကို ကိုယ်လက်နှီးနှောပြီး စိတ်အတက်ကြွဆုံး ဖြစ်အောင် အတော်လေးကို လုပ်ယူရပြီး ချက်ချင်းလက်ငင်း ပျော်ပါးဖို့ သူတို့ကိုယ် သူတို့ အလိုမလိုက်တတ်ကြသူတွေပါ။ အဲ.. ဒါပေမဲ့ သူတို့ စိတ်ပါတဲ့အချိန်ကို ရောက်ရှိသွားပြီ ဆိုပြန်ရင်လည်း သူတို့ မဖြည့်ဆည်းပေးမယ့်အရာဆိုတာ မရှိတော့လောက်အောင်ပါ။

၁၀။ အောက်တိုဘာ

အောက်တိုဘာလ မွေးဖွားသူတွေဟာ ထားဝရအချစ်မျိုးနဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုး အချိန်ကြာကြာ လက်တွဲချင်ကြသူတွေပါ။ နှစ်ကိုယ်ကြား ဇာတ်လမ်းနဲ့ ပတ်သက်လာရင်တော့ ကြည်နူးစရာ အချစ်ဇာတ်သိမ်းမျိုးတွေ ပုံဖော်၊ ချစ်စိတ်ပြင်းပြနေတဲ့ ရုပ်ပုံတွေကို ပြပြီး ဘယ်လိုရှိလဲ၊ သင့်ရဲ့စိတ်ခံစားမှု ဘယ်လိုခံစားရလဲ ဆိုတာ မေးမြန်းချင်ကြသူတွေပါ။ သင့်ရဲ့ စိတ်ခံစားမှုကို ဖွင့်ဟ ပြောပြလိုက်တဲ့အခါမှာလည်း ပျော်ပါးဖို့အတွက် တစ်ဆင့်ချည်းစီ ဖြေးဖြေးမှန်မှန်နဲ့ နောက်ဆုံးအချိန်၊ နောက်ဆုံးအဆင့် အထိ ခံစားချင်ကြသူတွေပါ။

၁၁။ နိုဝင်ဘာ

နိုဝင်ဘာလ မွေးဖွားသူတွေဟာ အားလုံးထဲမှာ စိတ်အားပြင်းပြဆုံး စံနမူနာအဖြစ် သတ်မှတ်ထားရမယ့် သူတွေပါ။ သူတို့တွေဟာ သူတို့ရဲ့အဖော်ကိုယ်စီကို အလုံးစုံ ရယူပိုင်ဆိုင်ဖို့ လိုအပ်ကြသလို သူတို့ ကိုယ်စီ၌ကလည်း သူတို့အဖော်ကိုယ်စီအတွက်သာ ဖြစ်ချင်ကြသူတွေပါ။

၁၂၊ ဒီဇင်ဘာ

ဒီဇင်ဘာလ မွေးဖွားသူတွေဟာ ထိုးထွင်းတီထွင်နိုင်စွမ်းရှိတဲ့ ဖန်တီးရှင်တွေလို့ သတ်မှတ်ခံထားရသူတွေ ဖြစ်ကြပါတယ်။ ချစ်ရေးချစ်ရာ အပိုင်းမှာ ကိုယ်တိုင် ချစ်ဇာတ်လမ်း ဖန်တီးရတာကို နှစ်သက်၊ သဘောကျကြပြီး မိမိရဲ့ အဖော်နဲ့ ပျော်ပါးချိန်မျိုးမှာလည်း ကိုယ်တိုင် အဓိကအခန်းကနေ လှုပ်ရှားရတာကို အကြိုက်တွေ့သူတွေပါ။ ကြမ်းကြမ်းတမ်းတမ်း အထိအတွေ့ကို ရယူပျော်ပါးဖို့ ခက်ခဲတတ်ကြပေမဲ့ ပျော်ပါးတဲ့အချိန်တိုင်းကိုတော့ စိတ်ကျေနပ်စေသူတွေပါ။

ဘယ်လိုလဲ။ သင့်ရဲ့ မွေးလနဲ့ သင့်ရဲ့ ချစ်ရမ္မက် ကိုက်ညီရဲ့လား။

Ref: The Sun

ကျော်လင်းအောင်