ကတိေတြေပးၿပီး မတည္ႏိုင္တဲ့ ေယာက်္ားေတြရဲ႕ကတိစကား (၇) မ်ိဳး

အခ်စ္ေရးမွာ မိန္းကေလးေတြက ေယာက်ာ္းေလးေတြဆီကေန

ကတိေတြအမ်ိဳးမ်ိဳး ေတာင္းတတ္ၾကၿပီး ေယာက်ာ္းေလးေတြကလည္း ကတိေတြအမ်ားႀကီး ျပန္ေပးတတ္ၾကပါတယ္။

သူတို႔ေတြ ကတိေတြ ဘယ္ေလာက္ေပးေပး တခ်ိဳ႕အေၾကာင္းအရာေတြနဲ႔ ပတ္သက္တဲ့ ကတိေတြကိုေတာ့မ်ားေသာအားျဖင့္ မတည္ႏိုင္ၾကတာကိုလည္း ေတြ႕ရပါတယ္။

သင့္ခ်စ္သူက သင့္ကိုေပးေပမယ့္ တည္ႏိုင္ဖို႔ခက္တဲ့ ကတိေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) သဝႏၼတိုပါဘူးဆိုတဲ့ ကတိ

စုံတြဲေတြမွာ အျဖစ္မာ်းတဲ့ျပႆနာက တစ္ေယာက္နဲ႔တစ္ေယာက္ သဝန္တိုၿပီးခ်ဳပ္ခ်ယ္တာေတြေၾကာင့္ပါ။

သင္က အဲ့ဒါေတြကို စိတ္ကုန္လို႔ သင့္ခ်စ္သူကို သဝန္မတိုဖို႔ ဘယ္ေလာက္ပဲေျပာေျပာ အဲ့ဒီကတိကိုတည္ဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။

ဘာလို႔ဆို ကိုယ့္ခ်စ္သူက တျခားေယာက်ာ္းေလးေတြနဲ႔ ေရာေနတာကို ျမင္ရရင္ မနာလိုဝန္တိုစိတ္မျဖစ္တဲ့ ေယာက်ာ္းဆိုတာ မရွိပါဘူး။

ေသခ်ာေပါက္ သဝန္တိုမွာပါ။ တကယ္လို႔ သူ႔ဘက္ကဘာမွမျဖစ္ဘူးဆိုရင္ အဲ့ဒါသေဘာထားႀကီးလို႔ မဟုတ္ပါဘူး။ သင့္ကိုမခ်စ္လို႔ပဲ ျဖစ္ႏိုင္ပါတယ္ …။

(၂) တျခားမိန္းကေလးေတြကို လုံးဝ စိတ္မဝင္စားပါဘူးဆိုတဲ့ ကတိ

ဒါကလည္း တည္ႏိုင္ဖို႔ သိပ္မျဖစ္ႏိုင္တဲ့ကတိပါ။ ေယာက်ာ္းေလးတစ္ေယာက္က ခ်စ္သူရွိရက္နဲ႔ ျဖစ္ေစ၊ ခ်စ္သူမရွိတဲ့အခါျဖစ္ေစ၊တျခားမိန္းကေလးေတြအေပၚမွာ စိတ္ဝင္စားတတ္တဲ့စိတ္ ရွိတတ္ၾကပါတယ္။

စိတ္အလိုမလိုက္ဘဲ ခ်စ္သူအေပၚ သစၥာေစာင့္သိတဲ့သူနဲ႔၊ သစၥာေဖာက္တဲ့သူပဲ ကြာသြားတာပါ။

တစ္ျခားမိန္းကေလးေတြနဲ႔ မေဖာက္ျပန္ဘူး၊ သစၥာေစာင့္သိမယ္ ဆိုတာကေတာ့ ျဖစ္ႏိုင္ေပမယ့္မင္းကလြဲၿပီး တျခားမိန္းကေလးေတြကို လုံးဝစိတ္မဝင္စားပါဘူး ဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်နည္းပါတယ္တဲ့ …။

(၃) မင္းဘာပဲျဖစ္ျဖစ္ ခ်စ္မွာပါဆိုတဲ့ ကတိ

သင့္ခ်စ္သူက သင့္ကို မင္းဘယ္လိုပုံစံပဲျဖစ္ပါေစ၊ ဘယ္လိုလူပဲျဖစ္ပါေစ၊မင္းျဖစ္ေနလို႔ကိုခ်စ္တာဆိုၿပီး ေျပာေကာင္းေျပာႏိုင္ပါတယ္။

အဲ့ဒီလိုေျပာတာကို မယုံနဲ႔လို႔မေျပာပါဘူး၊ယုံလို႔ရပါတယ္။ ဒါေပမယ့္ အဲ့ဒီစကားကိုယုံၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးမထားေတာ့ဘဲ ျဖစ္သလိုေနလိုက္တာမ်ိဳး၊

မျပင္မဆင္ေနတာမ်ိဳးေတြေတာ့ မလုပ္မိပါေစနဲ႔။ သင္မလွေတာ့တဲ့အခါ၊သင္ကသူ႔ကို စိတ္ပ်က္ေစတဲ့အခါ မင္းဘာပဲျဖစ္ျဖစ္ ခ်စ္မွာပါဆိုတဲ့ ကတိက တည္ႏိုင္ဖို႔ သိပ္မျဖစ္ႏိုင္ေတာ့ပါဘူးေနာ္ …။

(၄) ရည္းစားေဟာင္းနဲ႔ ပတ္သက္တဲ့ကတိ

သင့္ခ်စ္သူက ရည္းစားေဟာင္းနဲ႔ ျပန္ဆက္ဖို႔မေျပာနဲ႔ သူ႔အေၾကာင္းကို စဥ္းေတာင္မစဥ္းစားပါဘူးလို႔ ေျပာလာရင္ ယုံမွာလား။

ဒါျဖစ္ႏိုင္လား ၊ မျဖစ္ႏိုင္လားဆိုတာ သင့္မွာလည္း ရည္းစားေဟာင္းရွိရင္ ပိုသိႏိုင္ပါတယ္။

အေၾကာင္းတစ္ခုခုတိုက္ဆိုင္လို႔ ရည္းစားေဟာင္းအေၾကာင္းေတြးမိတဲ့အခါမ်ိဳး၊သူနဲ႔မက္ေဆ့ခ်္ပို႔တာမ်ိဳး၊ စကားေျပာတာမ်ိဳးေတာင္ လုပ္မိႏိုင္ပါတယ္။

ဒါေၾကာင့္ ရည္းစားေဟာင္းနဲ႔ပတ္သက္ၿပီး ေယာင္လို႔ေတာင္မေတြးပါဘူး ဆိုတဲ့ ကတိမ်ိဳးဟာ တည္ဖို႔ခက္တဲ့ ကတိတစ္ခုပါပဲ …။

(၅) ပင္ကိုယ္အက်င့္စ႐ိုက္ေတြကို ျပဳျပင္ေျပာင္းလဲပါ့မယ္ဆိုတဲ့ ကတိ

သင္မႀကိဳက္တဲ့အခ်က္တစ္ခုခုေၾကာင့္ သင္တို႔ႏွစ္ေယာက္ရန္ျဖစ္ၿပီးတိုင္းမွာ ေနာက္တစ္ခါဒါမ်ိဳးမျဖစ္ေစရပါဘူးဆိုတဲ့ကတိကို သူအၿမဲေပးခဲ့ ဖူးပါသလား။ ၿပီးေတာ့ အဲ့ဒီအေၾကာင္းေၾကာင့္ပဲ ေနာက္ထပ္ရန္ေတြ ျဖစ္ခဲ့ဖူးပါသလား။

ဒီလို ေနာက္မျဖစ္ေစရပါဘူး။ မင္းမႀကိဳက္တာ မလုပ္ေတာ့ပါဘူး၊သူ႔ကိုယ္သူျပဳျပင္ေျပာင္းလဲပါ့မယ္ ဆိုတဲ့စကားေတြက သူေပးၿပီးမတည္တဲ့ ကတိထဲမွာ အၿမဲပါေနတတ္ပါတယ္ …။

(၆) ဘာကိုမွ ကြယ္ဝွက္မထားပါဘူးဆိုတဲ့ ကတိ

လူတိုင္းက ဘယ္သူ႔ကိုမွမသိေစခ်င္တဲ့ ကိစၥေတြအနည္းနဲ႔အမ်ားရွိတတ္ၾကပါတယ္။

အဲ့ဒီလို ရွိတတ္ၾကတဲ့အထဲမွာက ေယာက်ာ္းေလးေတြက ကိုယ္ပိုင္ boundaries ေလးေတြနဲ႔ ပိုေနခ်င္တတ္ၾကတာပါ။

အဲ့ဒါေၾကာင့္ သူတို႔ရဲ႕ အရာအားလုံးမခြၽင္းမခ်န္ ေပးသိပါ့မယ္လို႔ ေျပာတယ္ဆိုရင္ အဲ့ဒီကတိက တည္ႏိုင္မွာမဟုတ္ပါဘူး …။

(၇) အၿမဲတမ္းခ်စ္ေနမွာပါဆိုတဲ့ ကတိ

လူတစ္ေယာက္ကို အၿမဲတမ္းခ်စ္သြားတဲ့သူေတြ လုံးဝမရွိဘူးလို႔ မေျပာပါဘူး၊ ရွိပါတယ္။

ဒါေပမယ့္ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက အဲ့ဒီ အၿမဲတမ္းခ်စ္သြားမွာပါ ဆိုတဲ့ကတိကို မတည္ႏိုင္တာက မ်ားပါတယ္ေနာ္ …။ ။

Credit – Aunty May

unicode

အချစ်ရေးမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေဆီကနေ

ကတိတွေအမျိုးမျိုး တောင်းတတ်ကြပြီး ယောကျာ်းလေးတွေကလည်း ကတိတွေအများကြီး ပြန်ပေးတတ်ကြပါတယ်။

သူတို့တွေ ကတိတွေ ဘယ်လောက်ပေးပေး တချို့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကတိတွေကိုတော့များသောအားဖြင့် မတည်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။

သင့်ချစ်သူက သင့်ကိုပေးပေမယ့် တည်နိုင်ဖို့ခက်တဲ့ ကတိတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) သဝန္မတိုပါဘူးဆိုတဲ့ ကတိ

စုံတွဲတွေမှာ အဖြစ်မာျးတဲ့ပြဿနာက တစ်ယောက်နဲ့တစ်ယောက် သဝန်တိုပြီးချုပ်ချယ်တာတွေကြောင့်ပါ။

သင်က အဲ့ဒါတွေကို စိတ်ကုန်လို့ သင့်ချစ်သူကို သဝန်မတိုဖို့ ဘယ်လောက်ပဲပြောပြော အဲ့ဒီကတိကိုတည်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

ဘာလို့ဆို ကိုယ့်ချစ်သူက တခြားယောကျာ်းလေးတွေနဲ့ ရောနေတာကို မြင်ရရင် မနာလိုဝန်တိုစိတ်မဖြစ်တဲ့ ယောကျာ်းဆိုတာ မရှိပါဘူး။

သေချာပေါက် သဝန်တိုမှာပါ။ တကယ်လို့ သူ့ဘက်ကဘာမှမဖြစ်ဘူးဆိုရင် အဲ့ဒါသဘောထားကြီးလို့ မဟုတ်ပါဘူး။ သင့်ကိုမချစ်လို့ပဲ ဖြစ်နိုင်ပါတယ် …။

(၂) တခြားမိန်းကလေးတွေကို လုံးဝ စိတ်မဝင်စားပါဘူးဆိုတဲ့ ကတိ

ဒါကလည်း တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တဲ့ကတိပါ။ ယောကျာ်းလေးတစ်ယောက်က ချစ်သူရှိရက်နဲ့ ဖြစ်စေ၊ ချစ်သူမရှိတဲ့အခါဖြစ်စေ၊တခြားမိန်းကလေးတွေအပေါ်မှာ စိတ်ဝင်စားတတ်တဲ့စိတ် ရှိတတ်ကြပါတယ်။

စိတ်အလိုမလိုက်ဘဲ ချစ်သူအပေါ် သစ္စာစောင့်သိတဲ့သူနဲ့၊ သစ္စာဖောက်တဲ့သူပဲ ကွာသွားတာပါ။

တစ်ခြားမိန်းကလေးတွေနဲ့ မဖောက်ပြန်ဘူး၊ သစ္စာစောင့်သိမယ် ဆိုတာကတော့ ဖြစ်နိုင်ပေမယ့်မင်းကလွဲပြီး တခြားမိန်းကလေးတွေကို လုံးဝစိတ်မဝင်စားပါဘူး ဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်တဲ့ …။

(၃) မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ ကတိ

သင့်ချစ်သူက သင့်ကို မင်းဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ၊မင်းဖြစ်နေလို့ကိုချစ်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။

အဲ့ဒီလိုပြောတာကို မယုံနဲ့လို့မပြောပါဘူး၊ယုံလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစကားကိုယုံပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားတော့ဘဲ ဖြစ်သလိုနေလိုက်တာမျိုး၊

မပြင်မဆင်နေတာမျိုးတွေတော့ မလုပ်မိပါစေနဲ့။ သင်မလှတော့တဲ့အခါ၊သင်ကသူ့ကို စိတ်ပျက်စေတဲ့အခါ မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ ကတိက တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တော့ပါဘူးနော် …။

(၄) ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ကတိ

သင့်ချစ်သူက ရည်းစားဟောင်းနဲ့ ပြန်ဆက်ဖို့မပြောနဲ့ သူ့အကြောင်းကို စဉ်းတောင်မစဉ်းစားပါဘူးလို့ ပြောလာရင် ယုံမှာလား။

ဒါဖြစ်နိုင်လား ၊ မဖြစ်နိုင်လားဆိုတာ သင့်မှာလည်း ရည်းစားဟောင်းရှိရင် ပိုသိနိုင်ပါတယ်။

အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ ရည်းစားဟောင်းအကြောင်းတွေးမိတဲ့အခါမျိုး၊သူနဲ့မက်ဆေ့ချ်ပို့တာမျိုး၊ စကားပြောတာမျိုးတောင် လုပ်မိနိုင်ပါတယ်။

ဒါကြောင့် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ယောင်လို့တောင်မတွေးပါဘူး ဆိုတဲ့ ကတိမျိုးဟာ တည်ဖို့ခက်တဲ့ ကတိတစ်ခုပါပဲ …။

(၅) ပင်ကိုယ်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပါ့မယ်ဆိုတဲ့ ကတိ

သင်မကြိုက်တဲ့အချက်တစ်ခုခုကြောင့် သင်တို့နှစ်ယောက်ရန်ဖြစ်ပြီးတိုင်းမှာ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူးဆိုတဲ့ကတိကို သူအမြဲပေးခဲ့ ဖူးပါသလား။ ပြီးတော့ အဲ့ဒီအကြောင်းကြောင့်ပဲ နောက်ထပ်ရန်တွေ ဖြစ်ခဲ့ဖူးပါသလား။

ဒီလို နောက်မဖြစ်စေရပါဘူး။ မင်းမကြိုက်တာ မလုပ်တော့ပါဘူး၊သူ့ကိုယ်သူပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့စကားတွေက သူပေးပြီးမတည်တဲ့ ကတိထဲမှာ အမြဲပါနေတတ်ပါတယ် …။

(၆) ဘာကိုမှ ကွယ်ဝှက်မထားပါဘူးဆိုတဲ့ ကတိ

လူတိုင်းက ဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စတွေအနည်းနဲ့အများရှိတတ်ကြပါတယ်။

အဲ့ဒီလို ရှိတတ်ကြတဲ့အထဲမှာက ယောကျာ်းလေးတွေက ကိုယ်ပိုင် boundaries လေးတွေနဲ့ ပိုနေချင်တတ်ကြတာပါ။

အဲ့ဒါကြောင့် သူတို့ရဲ့ အရာအားလုံးမချွင်းမချန် ပေးသိပါ့မယ်လို့ ပြောတယ်ဆိုရင် အဲ့ဒီကတိက တည်နိုင်မှာမဟုတ်ပါဘူး …။

(၇) အမြဲတမ်းချစ်နေမှာပါဆိုတဲ့ ကတိ

လူတစ်ယောက်ကို အမြဲတမ်းချစ်သွားတဲ့သူတွေ လုံးဝမရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။

ဒါပေမယ့် ယောကျာ်းလေးတော်တော်များများက အဲ့ဒီ အမြဲတမ်းချစ်သွားမှာပါ ဆိုတဲ့ကတိကို မတည်နိုင်တာက များပါတယ်နော် …။ ။

Credit – Aunty May