ဝေးပါစေလို့ ဆုမတောင်းခဲ့ပေမယ့် ရေစက်ကုန်တော့လဲ ဝေးသွားကြတာပဲ…










သုအလင်္ကာ(ရွှေသင်း)

Credit

Unicode

ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ….

ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ…

အဆင်ပြေနေတုန်းတော့ အချစ်ဆုံးလို့ ပြောကြတာပဲ အလိုဆန္ဒတွေ မပြည့်ဝတော့မှ အမုန်းဆုံးဖြစ်သွားတတ်ကြတယ်

ဒါကိုပဲ သင်ခန်းစာယူပါ အရမ်းလဲ ချစ်မပြနဲ့ အရမ်းလဲ မလွမ်းပြနဲ့

အချစ်ကြီးလို့ ရှုံးတာ မဟုတ်ဘူး ရိုးသားခြင်းကို ဟန်မဆောင်တတ်လို့ရှုံးတာ

ဘာပဲဖြစ်ဖြစ်ပေါ့ ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ လမ်းခွဲခြင်းမှာ ဝမ်းနည်းမနေပါနဲ့

ပန်းတိုင်းက ရနံ့မရှိပေမယ့်ပန်းတိုင်းက တန်ဖိုးရှိပါတယ်

တန်ဖိုးဘယ်လောက်ရှိရှိ တန်ဖိုးမဲ့တဲ့သူက တန်ဖိုးမထားတတ်ဘူးဆိုတာကိုလဲ နားလည်ပါ

တန်ဖိုး နားလည်ပြီး တန်ဖိုးထားတတ်သူနဲ့တွေ့ဆုံနိုင်ကြ၍ ဘဝတွေလဲ အေးချမ်းပါစေနှလုံးသားတွေလဲ လှပနိုင်ကြပါစေ

သုအလင်္ကာ(ရွှေသင်း)

Credit\