နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ….

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ…. နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်… (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ် … ။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့ သူတွေပါပဲ …။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေပဲ ဖြစ်ပါတယ် ….။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့ … Read more

တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော် …။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။ ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့ သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ပျက်မရှိပါဘူး …။ (၂) ကိုယ့်ကိုမလိုချင်တဲ့သူဆီမှာ … Read more

ဝေးဝေးရှောင်သင့်တဲ့ မိန်းမ အမျိုးအစားများ

ပြဿနာ တစ်ခုဖြစ်တိုင်း ယောက်ျားလေးတွေကိုပဲ အပြစ်တင်လို့ မရတဲ့ အခြေအနေတွေရှိပါတယ်။ မိန်းမ တွေကြောင့်လည်း အမှားတွေဖြစ်စေပါတယ်။ လူတိုင်းအမှားနဲ့ မကင်းတာက သဘာဝမို့ အိမ်ထောင်ပြုဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီလိုမိန်းမတွေကို ဝေးဝေးကရှောင်ပါ။ ဘယ်တော့မှ လက်မထပ်ပါနဲ့။ – စကားအရမ်းများပြီး သူ့အကြောင်း၊ သူ့ဘဝအကြောင်းတွေ အဆက်မပြတ်ပြောနေတတ်တဲ့ မိန်းမ။ ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ်ဘဲ တခြားသူဘာပြောနေလဲဆိုတာ ဂရုမစိုက်တဲ့ မိန်းမမျိုးဖြစ်ပါတယ်။ – အရင်တစ်ယောက်နဲ့ပြတ်တာမကြာသေးဘဲ စိတ်ကူးယဉ်ထားတဲ့ မင်္ဂလာပွဲအကြောင်း၊ ကလေးဘယ်နှစ်ယောက် လိုချင်လဲဆိုတာမျိုးပြောတတ်တဲ့ မိန်းမမျိုး သတိထားပါ။ သူက အိမ်ထောင်ပြုဖို့အတွက် အရမ်းဆန္ဒရှိနေတာကြောင့် သင်ကသူ့အတွက် ထူးခြားတဲ့သူတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ -ကိုယ့် အပေါ်ကိုနားလည်ဖြည့်ဆည်းပေးတဲ့မိန်းမနဲ့ ကိုယ့်ဆီက အကောင်းဆုံးတွေကို ရယူချင်တဲ့ မိန်းမမျိုးက ကွာခြားပါတယ်။ အရမ်းကို ဝေဖန်လွန်းတဲ့ အလိုမကျတတ်တဲ့မိန်းမဆိုရင်ရှောင်လိုက်တာ … Read more

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းနည်း များ ….

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းနည်း များ …. တနင်္ဂနွေ (၆) ၊ တနင်္လာ (၁၅) ၊ အင်္ဂါ (၈) ၊ ဗုဒ္ဓဟူး (၁၇) ၊ ကြာသပတေး (၁၉) ၊ သောကြာ (၂၁) ၊ စနေ (၁၀) ဥပမာဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်လို မိန်းမမျိုးကို ရမှာလဲဆိုတာ တွက်ကြည့်ကြည့်ရအောင်။ သူ့ရဲ့အသက် (၃၅)နှစ်နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်(၁၇) နဲ့ပေါင်းလိုက် (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ လွယ်ပါတယ် ။ မခက်ပါဘူး။ ဒီဟောကိန်းကိုတော့ … Read more

အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ( မိန်းကလေးများ မဖတ်ရ )

အိမ်ထောင်ရေး ဖောက်ပြန်ခြင်း (မိန်းကလေးများ မဖတ်ရ) လောကမှာ အိမ်ထောင်သည် ဘဝရဲ့ အရေးအကြီးဆုံးသတိထားရမဲ့အရာဟာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းပါပဲ။ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို လူမှုအသိုင်းဝန်းနှင့် လူမှုဝန်းကျင်ကလည်း …. လက်မခံသလို ဆွေမျိုးသားချင်း အသိုင်းဝန်းကလည်း လက်မခံပါ။သို့သော်လည်း ဒီနေ့ခေတ်ကြီးမှာ ပုံစံအမျိုးမျိုးကြောင့် …. အိမ်ထောင်ရေးဖောက်ပြန်နေသည်ကို တွေ့နေရသည် ၊ ကြားနေရသည်၊ မြင်နေရပါတယ်။ ဒီလိုအိမ်ထောင်ရေးဖတ်ပြန်ဖို့ရာ အဓိကကြတဲ့ အကြောင်းရင်းတွေကတော့…… ၁။သူစိမ်း မိန်းကလေးတစ်ယောက်နဲ့အနေနီးစပ်ခြင်း။ ၂။ဇနီးသည်နှင့် အနေဝေးခြင်း။ ၃။ မိမိမှာ ပုံမှန်ဝင်ငွေကောင်းတဲ့အလုပ် အကိုင်ရှိခြင်း။ ၄။ ရုပ်ရည် ရူပကာရှိခြင်း။ ၅။ရာထူး ပါဝါ|အာဏာရှိခြင်း။ ၆။စကားပြော လိမ္မာပါးနပ်ခြင်း။ ၇။မိန်းကလေးနဲ့ အားနည်းချက်ကို သိရှိခြင်း။ စသည့်အကြောင်းတရားတွေပေါ်မှာ အခြေခံပြီး အိမ်ထောင်ရေး ဖောက်ပြန်ကြတာများတတ်ပါတယ်။ သင့်မှာ ဘယ်လို့ အရည်ချင်းကောင်းတွေရှိနေပါစေ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ … Read more

လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း

အိမ်ထောင်ရှင် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ အိပ်စက်ခြင်းပုံစံကနေ လင်မယားနှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို တွက်ဆလို့ရတဲ့ အလွယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာဗေဒဘာသာစကား ကျွမ်းကျင်ပညာရှင် ဒေါက်တာ Patti Wood က ပြောထားတဲ့ နည်းတွေ ဖြစ်ပါတယ်။ (၁) ရောထွေးယှက်တင်အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ….ရောထွေးယှက်တင် အိပ်စက်ခြင်းမျိုးကိုတော့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်သည်တွေ အိပ်စက်တတ်ကြောင်း တွေ့ရှိ့ရပါတယ်။ အနေအထားကတော့ များသောအားဖြင့် အမျိုးသားက နောက်မှ အမျိုးသမီးရဲ့ခါးကိုသိုင်းဖက်ထားတဲ့ အိပ်စက်နည်း ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဟာ အချစ်နဲ့ယုံကြည်မှု နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်နေသေးတဲ့ သဘောဖြစ်ပါတယ်။ (၂) ခပ်ခွာခွာ အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..ဒါကတော့ ပထမပုံစံနဲ့ မတိမ်းမယိမ်းပါဘဲ။ အမျိုးသားက အမျိုးသမီးကို လက်နဲ့ … Read more

မိန်းမ တွေ ဖောက်ပြန် ရတဲ့ အကြောင်းပြချက်များက….

လူတွေပြောပြောနေတာ ယောက်ျား တွေက သစ္စာ မရှိဘူး၊ ဆော် တကာ နဲ့ပတ်အိပ်ချင်နေတယ် ဖောက်ပြန်တယ်ဆိုတာတွေပါ။ မိန်းမတွေ (…..)ကိစ္စကြောင့် ဖောက်ပြန်တာနည်းပြီး …. သူတို့လိုချင်တာက ကိုယ့်အပေါ် သစ္စာရှိမယ့်ယောက်ျား နဲ့ သူတို့ ဘ၀ဖူလုံမှုရှိအောင် ပူပန်စရာမရှိအောင်ထားနိုင်တဲ့ ယောက်ျား လို့ပြောနေကြပါတယ်။ ဒါတွေဟာ ကောလဟာလ သက်သက်တွေပါ။ ခုတလော ရေပန်းစားနေတဲ့ ယောက်ျားလေး တွေပဲ နှိပ်တဲ့ အနှိပ်ခန်းတွေ ဘယ်သူတွေသွားနေတယ်ထင်သလဲ။ ဘာတွေသွားပြီး ဘာတွေလုပ်နေတယ်ထင်သလဲ။ ဖောက်ပြန်တာ မိန်းမ . ယောက်ျားမရွေးပါဘူး။ ဒါပေမယ့် ယောက်ျား တွေ ဖောက်ပြန်ရတဲ့ အကြောင်းနဲ့ မိန်းမ တွေ ဖောက်ပြန်ရတဲ့အကြောင်းအရင်းကတော့ ကွဲပြားနေပါတယ်။ ခုဒီတစ်ခါ မိန်းမ တွေ ဘာကြောင့်ဖောက်ပြန်လဲ လေ့လာကြည့်ရအောင်။ Gary Neuman ရဲ့ … Read more

မိန်းကလေးတွေ ဘာကြိုက်….???( မိန်းကလေးများ မဖတ်ရ )

မိန်းကလေးတွေ ဘာကြိုက်???(မိန်းကလေးများ မဖတ်ရ) အင်း….ပြောရရင်တော့ အများသားဗျ။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတော့ကာ ၁၀၀ ရာခိုင်နှုန်း တော့ မှန်ချင်မှ မှန်မှာ ဖြစ်ပေမယ့် မိန်းကလေးအများစု နှစ်သက်တတ်တာလေးတွေကတော့ တူလေ့ရှိတယ်ခမျ။ သူတို့ သဘောကျတတ်တာလေးတွေ၊ မြတ်နိုးတတ်တာလေးတွေ၊ ချစ်တတ်တာလေးတွေ က ဆန်းတာလေးတွေရှိသလို ချစ်ဖို့ကောင်းတာလေးတွေပါရှိရဲ့။ အသက်အရွယ်အရ ပြောင်းလဲသွားတာလေးတွေလဲ ရှိလိုက်သေးတာဗျ။ ကျနော် တွေ့ကြုံဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးတွေရဲ့ အကြိုက်လေးတွေကို မျှဝေပေးပါရစေ။ သူတို့နဲ့ တွဲနေသူကို သူတို့ ကြိုက်တတ်တာလေးတွေ ၊ဖြစ်စေချင်တာလေးတွေက၊ ခိုက်တတ်တာလေးတွေ က ဘာတွေများဖြစ်မလဲ? နားထောင်ပါ….. နည်းနည်းပြော ၊ များများနားထောင်ဗျို့။ သူတို့လေးတွေမှာက အမြဲတမ်း ပြောပြစရာလေးတွေက ရှိနေတတ်တာကလား။ ကိုရီးယားဇာတ်လမ်းတွဲထဲက စိတ်ပုတ်မအကြောင်းကအစ၊သူတို့ရုံးက Admin အပေါက်ဆိုးတာကအလယ်…. ဆံပင်နဲနဲလေး … Read more

အနာရှိလျှင်​ အရပ်​ပျံ ထိ​တော့ စပ်​ကြမှာပဲ …​ယောက်ျားယုတ်​နဲ့ မိန်းမ​ကောင်းများ အတွက်​သာ…

သင့်ဇနီး ဆိုတာ သင့်​ဇနီး​နေရာမှာ သင့်​အ​မေ၊သင့်​အစ်​မ၊သင့်​နှမသာဆိုလျှင်​ဘယ်​လို​နေမလဲ? သူသည်​လည်းပဲ မိန်းမထဲကမိန်းမတစ်​​ယောက်​ပါ ။ အ​သွေးနဲ့အသားနဲ့တည်​​ဆောက်​ထားတဲ့လူပါ ။ သက်​မဲ့ အရုပ်​တစ်​ရုပ်​ မဟုတ်​ပါ… သင့်​အ​မေဖြစ်​တဲ့ မိန်းမသားချင်း ကိုယ်ချင်းစာကြည့်​ပါ။ သင့်​နှမဖြစ်​တဲ့ နှမချင်းကိုယ်​ချင်​စာကြည့်​ပါ။ စိတ်​တိုလျှင်​ဘာမှမမြင်​ဘူးဆိုတဲ့ ဆင်​​ခြေတစ်​ခုနဲ့ သွယ်​ဝိုက်​မ​ပြောနဲ့ …. သင်​​တောင်​မှ သင့်​အသားထိလျှင်​ နာတက်​​သေးတာပဲ… ဝဋ်​ဆိုတာ မလည်​ဘူးမထင်​နဲ့ ….ခံရတဲ့အခါ ပြုံးနိုင်​ကြိုးစားပါ။ တချိန်​မှာ သင့်​ညီမဟာလည်း သူများရဲ့ သားမယားဖြစ်​နိုင်​သလို၊ သင့်​သမီးကလည်း​ သူများသားမယားဖြစ်​နိုင်​တယ်​။ လူစိတ်​ရှိတဲ့​ယောက်ျားတစ်​​ယောက်​၊ လူလိုသိတက်​တဲ့ခင်​ပွန်း​ကောင်းတစ်​​ယောက်​က အားနွဲ့တဲ့ မိန်းမတစ်​​ယောက်​၊ အားနွဲ့တဲ့ ဇနီးတစ်​​ယောက်​အ​ပေါ် ဘယ့်​​တော့​မှ ကိုယ်​ထိလက်​​ရောက်​ မ​စော်​ကားဘူး၊ အနိုင်​မကျင့်​ဘူး… အဲ့ဒီလို လုပ်​ရပ်မျိုးကို လုပ်တဲ့သူက​​ အ​တွေးအ​ခေါ် သိမ်​ဖျင်းတဲ့​ယောက်ျားညံ့၊ ​ယောက်ျားယုတ်​​တွေရဲ့ လုပ်​ရပ်သာ​ဖြစ်​တယ်​။ အနာရှိလျှင်​ အရပ်​ပျံ ထိ​တော့စပ်​မှာပဲ။ အနာရှိသူများ … Read more

ကိုယ်ချစ်သူကို စိတ်မချဖြစ်သူများအတွက်..(သင့်ချစ်သူဖုန်းကို သင့်ဖုန်းကနေ ခိုးကြည့်နည်း )

ကိုယ်ချစ်သူကို တစ်ချိန်လုးံစိတ်မချဖြစ်သူများ အတွက်..(သင့်ချစ်သူဖုန်းကို သင့်ဖုန်းကနေ ခိုးကြည့်နည်း ) သင့်ချစ်သူ ဖုန်းဘေးကအသံတွေကို သင့်ဖုန်းနဲ့ ထိန်းချုပ်ပြီးအသံဖမ်းခိုးနားထောင်မယ် သင့်ချစ်သူဖုန်းကို ဘယ်သူတွေ မက်ဆေ့ပို့ လဲ သင့်ဖုန်းကနေကြည့်မယ် ။ သင့်ချစ်သူ ဘယ်သူနဲ့ ဖုန်းပြောလဲ သင့်ဖုန်းကနေခိုးနားထောင်မယ် ….သင့်ချစ်သူကို ဘယ်သူတွေ ဖုန်းဆက်လဲ ဖုန်းနံပါတ်တွေ သင့်ဖုန်းကနေကြည့်မယ် ။ သင့်ချစ်သူဖုန်း Wifi နဲ့  အင်တာနတ်လိုင်းကို သင့်ဖုန်းကနေ အဖွင့်အပိတ်လုပ်မယ် ….သင့်ချစ်သူဖုန်းကို သင့်ဖုန်းကနေ ထိန်းချုပ်ပြီး Lock ကျပစ်မယ် ….. သင့်ချစ်သူဖုန်းမှာ ဖြစ်ပျက်သမျှအရာတွေကို သင့်ဖုန်းကနေ ခိုးကြည့်နည်းဖြစ်ပါတယ်။တန်းဖိုးရှိတဲ့ နည်းပညာလေးတစ်ခုဖြစ်ပါတယ်။ အသုံးပြုရတာက ဘာမှမခက်ခဲပါဘူး ။ သင့်ချစ်သူဖုန်းထဲကို ဆော့ဝဲလေးတစ်ခုထဲပြီး Gmail တစ်ခုကိုထည့်ပြီး ဆော့ဝဲလေးကိုဖြောက်ထားယုံပါဘဲ။ ပြီးရင်တော့ အပေါ်ကအချက်အလက်တွေအပြင် အခြားအချက်အလက်တွေကို … Read more