ကြော်ငြာ ဘုရင်မ ထက်ထက်မိုးဦး ဖေ့ဘုတ်လောကကို သိမ်းပိုက်ဖို့ ပြန်လာပြီ

ကြော်ငြာ ဘုရင်မ ထက်ထက်မိုးဦး ဖေ့ဘုတ်လောကကို သိမ်းပိုက်ဖို့ ပြန်လာပြီ ကိုဗစ် ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ Trend အရ စားသောက်ကုန် လုပ်ငန်းများကလွဲပြီး ကျန်တဲ့လုပ်ငန်း တော်တော်များများဟာ အွန်လိုင်းကနေ ရောင်းချလာကြတာကို တွေ့ရပါတယ်။ လုပ်ငန်း တချို့က လူသိများ ကျော်ကြားသူများကို သူတို့ရဲ့ကုန်ပစ္စည်းများ ရောင်းချပေးရန် ငှားရမ်းတာကြမျိုး ရှိကြပါတယ်။ ဒီထဲမှာမှ လတ်တလော ရေပန်းစားနေတာကတော့ စိန်ထည်၊ ရွှေထည်များကို အွန်လိုင်းကနေ ရောင်းချပေးနေတာဖြစ်ပြီး …. အနုပညာရှင်များစွာထဲမှာမှ ရောင်းအားကောင်းပြီး ထိပ်ဆုံးက ဦးဆောင်နေတာကတော့ ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။သူကတော့ ဟိုအရင် ကြော်ငြာတခေတ်မှာလည်း နာမည်တလုံးနဲ့ အောင်မြင် ကျော်ကြားခဲ့သလို သူ့ရဲ့အောင်မြင်မှု အရှိန်အဝါကတော့ အခုအချိန်ထိ သူ့ရဲ့ပရိသတ်များကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ “ထက်ကို အရင်က ကြော်ငြာခေတ်မှာ အားပေးကြသလို … Read more


ဦးဇော်ဇော်ဦးစီးတဲ့ဧရာဝတီဖောင်ဒေးရှင်းမှာကူညီ တိုက်ပွဲဝင် လှူဒါန်းခဲ့တဲ့ မကြီးစိုး ပရိသတ်ကြီးရေ…..ဦးဇော်ဇော်ဦးစီးတဲ့ဧရာဝတီဖောင်ဒေးရှင်းကနေ ကိုဗစ်လူနာတွေကိုကုသပေးလျက်ရှိတဲ့ ဧရာဝတီစင်တာတစ်ခုကို တည်ဆောက်ခဲ့ပါတယ်…..။ ဧရာဝတီစင်တာအတွက် အလှူရှင်ပေါင်းများစွာက လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပြီးအနုပညာရှင်အသိုင်းအဝိုင်းက တော်တော်များများလည်းပါဝင် လှူဒါန်းခဲ့ကြပါတယ်….။ ဒီနေ့ အောက်တိုဘာလ(၆)ရက်နေ့မှာတော့ ဧရာဝတီ ဖောင်ဒေးရှင်းက အဓိကပံ့ပိုးကူညီဦးဆောင်မှုဖြင့် ကိုဗစ်လူနာများကိုလက်ခံကုသပေးလျက်ရှိနေသည့်…. ဧရာဝတီစင်တာအတွက် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီစိုးမြတ်သူဇာမှ Nice Food Myanmarမှ မုန်မျိုးစုံပုံး(၃၀)လှူဒါန်းခဲ့တယ်လို့သိရပါတယ်…..။ ပရိသတ်​တွေကတော့ ကိုဗစ်ကာကွယ်ကုသရေးအတွက် လိုအပ်နေတဲ့အစားသောက်တွေကို ခုလိုပါဝင်လှူဒါန်းခဲ့တဲ့အတွက် စိုးမြတ်သူဇာရဲ့အလှူလေးကို သာဓုတွေ ဝေဆာနေအောင် ခေါ်ဆိုပေးခဲ့ကြပါတယ်။ ခုလိုလှူဒါန်းရတဲ့အကျိုးအားကြောင့် ဒီထက်မက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မိသားစုနဲ့အတူသက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့လည်း ပရိသတ်တွေကဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါသေးတယ်။ စိုးမြတ်သူဇာကိုချစ်တဲ့ဆယ်လီ ကမ္ဘာပရိသတ်ကြီးလည်း သာဓုခေါ်နိုင်ဖို့အတွက်အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။orginal writer unicode ဦးဇော်ဇော်ဦးစီးတဲ့ဧရာဝတီဖောင်ဒေးရှင်းမှာကူညီ တိုက်ပွဲဝင် လှူဒါန်းခဲ့တဲ့ မကြီးစိုး ပရိသတ်ကြီးရေ…..ဦးဇော်ဇော်ဦးစီးတဲ့ဧရာဝတီဖောင်ဒေးရှင်းကနေ ကိုဗစ်လူနာတွေကိုကုသပေးလျက်ရှိတဲ့ ဧရာဝတီစင်တာတစ်ခုကို … Read more

အိမ်ထောင်မပြုဘဲ ကလေးရချင်တယ်လို့ ဖွင့်ဟလာတဲ့ ဖူးပွင့်သခင် (ရုပ်/သံ)

အသက် ၁၆နှစ်ထဲက အနုပညာလောက ထဲကိုစတင်ဝင်ရောက်လာပြီးအနုပညာကို ချစ်လို့ ဇွဲမလျော့ပဲ အဆုံးထိ ဆက်လျှောက်မယ် ဆိုပြီး ရည်မှန်းချက်ပြင်းထန်တဲ့ သူပါ။ သူမကိုတော့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ ပိုသိလာခဲ့တာဖြစ်ပါတယ်…. ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိ လာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ အရပ်လည်းမြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံး ချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ဒီကနေ့မှာလည်း အင်တာဗျူး တစ်ခုမှာ ဖူးပွင့်သခင်ရဲ့ အချစ်ရေးကို မေးမြန်းခဲ့ ရာမှာတော့ ချစ်သူတွေ ဘာတွေက အချိန်တန်ရင် ထားသွားတတ်ကြတာ များတယ်။ ကိုယ့်ပတ်ဝန်းကျင် မှာလည်း … Read more

လှည်တန်းမှာငှက်ရောင်းတဲ့အဘကို ငွေကျပ် ၁၁ သိန်းကျော်လှူဒါန်းပြီး ငှက်လေးတွေမရောင်းတော့ပါဘူးဆိုတဲ့ ကတိစကားကိုရရှိခဲ့တဲ့ နေခြည်ဦး

ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးဟာ အချိန်တို ခဏလေးအတွင်း အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိ နေ တဲ့ နေခြည်ဦးက လူငယ်တစ်ယောက်ပီပီ အပျော်အပါးလည်းရှိသလို ဘာသာရေးနဲ့ကုသိုလ်ရေးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက လှည်တန်းမှာငှက်ရောင်းတဲ့အဘကို ငွေကျပ် (၁၁) သိန်းကျော်လှူ ဒါန်းခဲ့တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ် Story ကနေတဆင့် အခုလိုပဲ ပြောလာပါတယ်။ “Public မတင်တော့ပါဘူးလို့စဉ်းစားထားပေမယ့် ချီလီတွေရော အခုဖတ်နေတဲ့သူတွေရော သိ စေ ချင် လို့ပါ။ သွားလှူတော့ ဦးလေးက အရမ်းပျော်နေရှာတယ်။ … Read more

ကိုဗစ်ကင်းစင်ပြီး မိသားစုတွေပြန်ဆုံကြပြီဖြစ်တဲ့ ညီမလေးနွေးနွေးတို့မိသားစုအတွက် ဝမ်းသာနေတဲ့ နန္ဒာလှိုင်

ပရိသတ်အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ နှစ်အတော်ကြာအောင် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ နန္ဒာလှိုင်က ခင်ပွန်းဖြစ်သူနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးသုံးယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ ကလေးတွေနဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကတော့ အားကျချင်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်တို့ အိမ်ဟာလဲ လတ်တလောမှာ lockdown ချခံထားရတာပဲဖြစ်ပါတယ်။ နန္ဒာလှိုင် ကညီမဖြစ်သူနွေးနွေး ကိုဗစ်ကင်းစင်ပြီး ဆေးရုံကပြန်ဆင်းလာလို့ ဝမ်းသာနေတာပဲဖြစ်ပါတယ်။ နွေးနွေးတို့မိသားစုလေးပြန်ဆုံတွေ့ကြတာကို နန္ဒာလှိုင်က “မိသားစုတွေပြန်ဆုံကြပြီကွယ် ညီမလေးမိသားစုအတွက်တော့တကယ်ကိုစိတ်ထိခိုက်ရတယ် ဒါပေမယ့်နွေးကိုတော့ယုံပါတယ်သူအကောင်းဆုံးတည်ဆောက်နိုင်မှာပါ၊” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ နွေးနွေတို့မိသားစုကတော့ အိမ်ပြန်ခွင့်ရတာနဲ့ နန္ဒာလှိုင်တို့မိသားစုကို အဝေးကနေ သွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ပရိသတ်ကြီးအတွက် မိသားစုပြန်ဆုံတွေ့ခဲ့ကြတဲ့ နွေးနွေးတို့မိသားစုရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာကျန်းမာရေးဂရုစိုက်ကြပါနော်…။ Swelsone News unicode ပရိသတ်အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို … Read more

ယုန်လေးကို Foul ထုပြီး နိုင်ငံရေးထဲဆွဲထည့်တဲ့ ဒါရိုက်တာသရုပ်ဆောင် ၀ိုင်း….

ကိုဝိုင်းရေ အစ်ကို့ ကြည့်ရတာ အကုသိုလ် များလိုက်တာဗျာ …. ကျွန်တော် အစ်ကို အနုပညာကို လေးစားတဲ့ လူပါ …. အစ်ကို့ ကို တစ်ခါ မှ Foul မထုဖူးပါဘူး …. တွေ့တိုင်းလည်း လေးလေးစားစားဆက်ဆံပါတယ် …. ဘယ်လိုဖြစ်လို့ . နိုင်ငံရေးထဲ လိုက်ဆွဲထည့်နေတာလဲ…. ဘယ်သူကရော MI STAR ကြေညာကို စိတ်ဝင်စားခိုင်းလို့လဲ. . . မိန်းကလေး အကောင့်အစစ်တွေတစ်ချို့ တကယ်သူတို့ကြည့်ရတာ အဆင်မပြေဖြစ်သွားတယ်… ဒီလောက်ပဲ မဟုတ်ဖူးလား ….အမူ့မကြီးကြီး အောင်ဆွဲချဲ့ကျတယ် …. ကြီးသွားတော့ အာရုံလွှဲအောင်လုပ်တယ်ဆိုပြီး ထပ်စွတ်ဆွဲတယ် . … အနုပညာ အလုပ်အကုန်ရပ်ပေးစေချင်တာလား …. Fbပါ ရွေးကောက်ပွဲ ပြီးမှ သုံးရတော့မှာလားဗျာ….။ unicode … Read more

မင်းသားကြီးခန့်စည်သူနဲ့အတူပြုလုပ်ခဲ့တဲ့ အလှူလေးကို ပရိသတ်တွေအား ပြန်လည်ဝေမျှခဲ့တဲ့ ဖြူဖြူထွေး

မင်းသားကြီးခန့်စည်သူနဲ့အတူပြုလုပ်ခဲ့တဲ့ အလှူလေးကို ပရိသတ်တွေအား ပြန်လည်ဝေမျှခဲ့တဲ့ ဖြူဖြူထွေး ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ အခုနောက်ပိုင်းမှာ ပရိသတ်တွေတ်ာတော်များများကို ပိုင်ဆိုင်ထားကာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလာကာ အောင်မြင်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူလို့ ဆိုရမှာပါ။ ဟာသဗီဒီယိုဖိုင်လေးတွေ တင်ရင်း လူအများရဲ့သတိပြုမိခြင်းကိုခံရပြီးနောက်မှာ တော်တော်များများ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပေမယ့်လဲ သူမရဲ့ဖြူစင်တဲ့ မျက်နှာလေးနဲ့ ဖော်ရွေတဲ့ စိတ်ထားလေးကြောင့် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ဇာတိရပ်ရွာမှာလည်း အလှူအတန်းတွေ တတ်အားသ၍ လုပ်ဆောင်နေသူလည်း ဖြစ်ပြီး သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်လေးအပြင် မိဘ ဆွေမျိုးတွေ အပေါ် ရိုသေကိုင်းရှိုင်းတဲ့ စိတ်လေးကြောင့် ပရိသတ်တွေပိုချစ်လာပြီး အောင်မြင်မှုတွေ ပိုရရှိလာတယ်ဆိုရင် မှားမယ်မထင်ပါဘူးနော်။ လက်ရှိမှာလည်း ဒီနေ့ ချင်းချောင်းနန်းတော်ဝင် အတွင်း ဝန်ထမ်းများအတွက် အလှူလေးဆိုတဲ့ စာလေးနဲ့အတူ နိုင်ငံကျော်မင်းသားကြီးခန့်စည်သူနဲ့အတူတူ … Read more

ရွှေတိဂုံပန်းချီကားနှင့်ပတ်သက်ပြီး မောင်မောင်အေးကတော့ ခုလိုဖြေရှင်းထားပါတယ်

လွန်ခဲ့တဲ့ ၂ ရက်က ကိုယ်စုဆောင်းထားတဲ့ပန်းချီကားတွေကို ပန်းချီမြတ်နိုးသူတွေအချင်းချင်း အပြန်အလှန်ပုံတွေ ၇ ရက်ဆက်တိုက်တင်ပြီးပြကြရင်း….. အပြန်အလှန်ဖလှယ်တဲ့စိန်ခေါ်မှုမှာ မိတ်ဆွေတဦးက Challenge လုပ်လို့ ကိုယ်အမြတ်တနိုးစုထားတဲ့ကားတွေထဲကတချို့ကို ပုံတင်ဖြစ်တယ်…။ အဲ့ဒီမှာ ၄ ရက်မြောက်နေ့တင်လိုက်တဲ့ မြတ်ရွှေတိဂုံ ရေ​ဆေးပန်းချီကားရဲ့အောက်ကမန့်တွေဖတ်ရင်း အစကတော့ ဘာမှကိုပြန်ရှင်းပြချင်စိတ်မရှိခဲ့ဘူး… ဒါပေမယ့် အမှားကို အမှန်ထင်နေတဲ့သူတွေ.. ပန်းချီအကြောင်းနကန်းတလုံးမှ မသိ.. သိ​အောင်လည်း မကြိုးစား မလေ့လာ…. ဘာမြင်မြင် ကိုယ့်တထွာတမိုက်အသိလေးနဲ့ အသားလွတ် ဝင်ဆဲရင်း အကုသိုလ်ယူနေတဲ့သူတွေကို သနားလည်း သနားမိသလို…. ကိုယ့်နိုင်ငံမှာရှိတဲ့ တချို့သူတွေရဲ့ ပညာရေးရေချိန်.. အနုပညာရေချိန်တွေ ဘယ်လောက်တောင် ခေါင်းပါး နိမ့်ပါးနေလဲဆိုတာ တွေးမိတယ်… စိတ်မကောင်းလည်းဖြစ်ရတယ်… ဒီဘုရားပန်းချီကားမှာ ရေသပ္ပာယ်နေတဲ့သူတွေပါတယ်…ရေသပ္ပာယ်ပြီးပြန်ထွက်လာတဲ့သူပါတယ်.. စောင်းတန်းထဲကနေထွက်လာတဲ့သူပါတယ်… ဘုရားကို ပန်းနဲ့ ကြည်ညိုဖူးမျှော်နေတဲ့သူပါတယ်… ပန်းချီဆရာက သူအဓိကပြချင်တဲ့ ဘုရားရှိခိုးနေတဲ့အမျိုးသမီးလေးရယ် နေ့နံထောင့်တထောင့်က … Read more

ပိုက်ဆံ သိန်း (၂၀) နဲ့ လိမ်ပြေးစရာ မရှိပါဘူးဆိုတဲ့ မင်းခန့်ကျော်

သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း မြို့ပရိသတ်၊ နယ်ပရိသတ်အစုံရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ အောင်မြင်မှုတွေများစွာ ရရှိခဲ့သလို အမှုအခင်းပြဿနာအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ဒါရိုက်တာတစ်ယောက်ကို သူပိုင်ဆိုင်တဲ့ ဇာတ်ကားနှစ်ကား ဖြန့်ချီရောင်းချဖို့ ပေးခဲ့ပေမယ့် ဇာတ်ကားတန်ဖိုးငွေများကို ပြန်လည် မရရှိခဲ့တာကြောင့် ငွေရေးကြေးရေးပြဿနာတွေလည်း ရှိခဲ့သေးပါတယ်….။ နေဒွေးကတော့ သူရစရာရှိတဲ့ ငွေတွေကို ပြန်လည်မပေးအပ်သေးတဲ့ အဆိုပါ ဒါရိုက်တာ သိစေရန် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။ ” ကိုယ်တွေလည်း အခုတလောလှူဖြစ်နေတာဆိုတော့ ရဖို့ရှိနေတဲ့ အကြွေးသိန်း(၂၀) လည်း လှူလိုက်ပါတယ်ဗျာ။ ကိုယ့်အကြွေးတောင် တောင်းပန်မှပြန်ပေမယ်ဆိုတော့ ဆိုပြီး နေဒွေးကလည်း သူ့ရဲ့အကောင့်ကနေတင်ထားတာဖြစ်ပါတယ်။ မင်းခန့်ကျော်မှလည်း ယခုလိုပြန်လည်ဖြေရှင်းထားပါသေးတယ်…..ဒါပေမယ့် အကြွေးပြန်မပေးလည်းနေပါဗျာ။ အလှူတွေလုပ်ပြီး ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို တတ်နိုင်သလောက် အလုပ်ပေးနေတဲ့သူတွေကိုတော့ … Read more

ရုပ်ရှင်လောကသားတွေ တစ်ပြုံကြီး ကွာရတင်းဝင်ရကိန်းလား…

ဟာသလူရွှင်တော် သရုပ်ဆောင်ကောင်းကျော်ကတော့ လတ်တလောကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး သူရဲ့အတွေ့အကြုံလေးကို မျှဝေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ကိုဗစ်ကပ်ရောဂါပြန့်ပွားမှု အနည်းငယ်ထိန်းချုပ်နိုင်ခဲ့တာကြောင့် လုပ်ငန်းတချို့ပြန်လည်စတင်လည်ပတ်ခဲ့ပြီး အနုပညာလောကမှာလည်း ရိုက် ကူးရေး တချို့ ပြန်လည် စတင် ခဲ့ပါတယ်။ ကောင်းကျော်ကတော့ ပွဲတစ်ခုမှာ မိသားစုလိုချစ်ခင်ရတဲ့ အန်တီတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့ပြီး အဲ့အန်တီကိုတော့ ရခိုင်က ပြန်လာတာ(၂)ပတ်ပဲ ရှိသေး တာကြောင့် ပိုးစစ်ဖို့ လာရောက်ခေါ်ဆောင်သွားကြောင်း သိခဲ့ရချိန်မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ” ကိုင်း ဘုရားတရားသာ တကြပေရော့ အန်တီ နဲ့က သားအမိတွေလို ချစ်ခင်နေကြတော့ အမှတ်တရ ပုံလေးရိုက်ချင်တယ်ဆိုတော့ရိုက်ပေါ့ … ရခိုင်ကပြန် လာတာ နှစ်ပါတ်ဘဲရှိတယ်သတင်းကြားလို့ ဆေးစစ်ဖို့ လာခေါ်သွားပြီ ဆိုတော့ အန်တီရဲ့ ဆေးစစ်တဲ့ အဖြေကိုစောင့်ရတော့မှာပေါ့ အန်တီမှာသာ covid … Read more