ကောင်မလေးက ဘာပြောလိုက်လဲဆိုတော့… “ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့
အရမ်းသဘောကျလို့ ကူးယူလာတာပါ။ တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်။ ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်လေ စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ ရိုရိုသေသေဆက်ဆံရတာပေါ့လေ ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်. တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ်.. ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်.. ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…? ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်းက ဒေါကန်နေပါတယ် ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့ ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်.. တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့ … Read more
ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ ညီမလေး။ ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့…..
ချစ်သူရည်းစား ဘဝမှာ ချစ်သူရည်းစားလိုပဲနေစမ်းပါ ညီမလေးရာ။ ယောင်လို့တောင် လင်မယားလိုတော့ မနေချင်စမ်းပါနဲ့။ စိတ်ကူးတောင် မယဉ်မိစေနဲ့။ ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ။ ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့အကုန်ခက်အောင် လုပ်သွားတဲ့ အဆီစားအသားပါမျိုပြီး အသွေးပါ သောက်တဲ့အမျိုး။ အစာဝလို့ ဌာနပြန်ချင်ပြီဆိုSorry ပါဆိုတဲ့ စကားလုံးလေးတောင်ဝတ်ကျေတမ်းကျေ ပြောတာမဟုတ်ပဲ……. သစ်စိမ်းချိုး ချိုးပြီး ပစ်သွားတတ်ကြတယ်ဆိုတာကိုယ့်အရင်က အတွေ့အကြုံရှိခဲ့ဘူးတဲ့ စီနီယာ မမတွေကို မေးကြည့်ရင် သိမှာပါ။ လင်မယားတိုင်းဟာ ချစ်သူလို နေလို့ရပေမယ့်ချစ်သူတိုင်းကတော့ လင်မယားလိုနေလို့မဖြစ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတိုင်း အကြွင်းမဲ့ ယုံကြည်နေဖို့မှ မဟုတ်တာ။ အကြွင်းမဲ့ ယုံကြည်တယ်ဆိုတိုင်းလည်းဘဝကိုပုံအပ်ပြီး တစ်သက်လုံးက အတိမ်းအစောင်းမရှိ တန်ဖိုးထားပြီး ထိန်းသိမ်းလာခဲ့တဲ့ အပျိုစင်ဘဝကိုစတေးပြစ်ဖို့မှ မဟုတ်တာ။ ယုံမှတ်လို့ ပုံအပ်ပြီးကာမှ ယုံကြည်မူတွေကအကောင်ထည်ပေါ်မလာရင် အကုန်ခတ်ကုန်မှာပဲ။ ချစ်တယ်ဆိုတိုင်းလည်း … Read more
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့် (၆) ခု
၁။ စိတ်မကောင်းဖြစ်စေတဲ့ အရာတွေကို အကြာကြီးဆုပ်ကိုင်မထားတတ်ကြဘူး။ ၂။ အပြောင်းအလဲ နဲ့ စိန်ခေါ်မှုတွေ လုပ်ရတာကို ကြိုက်တယ်။ ၃။ ပျော်ပျော်နေတတ်ပြီး ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် လိုက်မခံစားတတ်ဘူး။ ၄။ ကြင်နာပြီး မျှတတဲ့ စိတ်သဘောနဲ့ ပွင့်လင်းစွာ စကားပြောတတ်ကြတယ်။ ၅။ မသေချာတဲ့အရာတွေအတွက် အချိန်ကုန်ခံလေ့မရှိဘူး။ ၆။ တခြားသူရဲ့ အောင်မြင်မှုအပေါ် မနာလိုစိတ်မထားဘဲ ဝမ်းသာဂုဏ်ယူတတ်တယ်။ မိတ်ဆွေရောစိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်နေပြီလား❓မိတ်ဆွေဆီမှာ ဘယ်အချက်တွေကို ပိုင်ဆိုင်ထားပြီလဲ❓ ဆိုတာ Comment မှာ ဆွေးနွေးပေးခဲ့ပါဦး။ ချစ်ခြင်းအားဖြင့်Always Live with Passion EmpoweringLivesEveryDay unicode စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့် (၆) ခု ၁။ စိတ္မေကာင်ျးဖစ်စေတဲ့ အရာတြေကို အကြာကြီးဆုပ္ကိုင္မထားတတ်ကြဘူး။ ၂။ အျေပာင်းအလဲ နဲ့ စိန်ခေါ်မှုတြေ … Read more
အနက်ရောင် ကြိုက်နှစ်သက်တဲ့သူတွေရဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားများ လူတစ်ယောက်ကို အကြိုက်တစ်ခုစီပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူသလိုအကြိုက်လည်းမတူကြပါဘူး။ အနက်ရောင် ဝတ်ဆင်သူတွေက ဆွဲဆောင်မှုပိုရှိကြတယ် ပိုအောင်မြင်ကြတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ် သင့်ရဲ့ Favorite Colorကအနက်ရောင်ဆိုရင်ဒီအကြောင်းအရာကသင့်အတွက်ပါ။ အနက်ရောင်ကြိုက်တဲ့သင့်ရဲ့ထူးခြားတဲ့စိတ်နေစိတ်ထားတွေကတော့- ၁။ သင်ကအမှီအခိုကင်းပါတယ်။ဘယ်သူကိုမှအားမကိုးတတ်ပါဘူး။ ဖြစ်သမျှအခြေအနေတိုင်းကိုတစ်ယောက်တည်းထိန်းချုပ်တတ်ပါတယ်။ ၂။ အရာရာကို အလေးအနက်ထားသူတွေဖြစ်ပါတယ်။ ရှေးရိုးဆန်ပြီးသိုသိုသိပ်သိပ်နေတတ်ကြပါတယ်။ ၃။ ခံစားချက်မရှိတဲ့ မျက်နှာထားမျိုးနဲ့ နေတတ်ပါတယ်။တစ်ခါတလေလောကကြီးကိုအရွဲ့တိုက်နေတတ်ပါတယ်။ ၄။ အာရုံနောက်စရာတွေကို ခေါင်းထဲ သိပ်မထည့်တတ်ကြပါဘူး။ အဆိုးမြင်စိတ်တွေဝင်လာတာကိုမုန်းတီးပါတယ်။ ၅။ သင့်အကြောင်းကိုအခြားသူတွေဆီမှာသိပ်မပြောပြတတ်ပါဘူး။ ၆။ သင့်ရဲ့ခံစားချက်ကိုအနက်ရောင်နဲ့ကာစီးထားတတ်ပါတယ်။ ဥပမာသင်ကစိတ်ညစ်တယ်ဆိုရင်သင့်ရဲ့ခံစားချက်အတိုင်းအနက်ရောင်အင်္ကျီဝတ်ပြီး ဖုံးကွယ်တတ်ပါတယ်။ ၇။ လျို့ဝှက်တတ်ပြီးအခြားလူတွေရဲ့အမြင်မှာသင်ကစိတ်ဝင်စားစရာလူတစ်ယောက်ဖြစ်နေတတ်ပါတယ်။ ၈။ အနက်ရောင်ကြိုက်တဲ့လူတစ်ယောက်နဲ့မရင်းနှီးခင်မှာဒီလူအကြောင်းကိုသိရဖို့ကခက်ခဲနေတတ်ပါတယ်။အပြင်ပန်းက ကြည့်ရင် မဖော်ရွေတတ်တဲ့လူတစ်ယောက်ပုံစံဖြစ်နေတတ်ပါတယ်။ သင်ကအနက်ရောင်ကြိုက်သူဆိုရင်ဒီအချက်တွေကသင်နဲ့တိုက်ဆိုင်မှုရှိရဲ့လား ပြောခဲ့ပါဦး။ credit unicode အနက်ရောင် ကြိုက်နှစ်သက်တဲ့သူတွေရဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားများ လူတစ်ယောက်ကို … Read more
အမေကို ချစ်တဲ့သူတိုင်း ဖတ်ကြည့်ပါ (မျက်ရည်ခိုင်ဖို့တော့ လိုမယ်)
” မျက်ရည်ခိုင်မှဖတ်ပါ ” ” နင့်မှာ ဘာစောက်လုပ် ရှိလို့လဲ့ ပိုက်ဆံတွေ အရမ်းသုံးဖြုန်း နေရတာ့ ” “ဟာ့ အမေကလည်း ကျွန်ုပ်ဆိုရင် အမြဲအကောင်းမမြင်ဘူ့း ” ” ဟဲ့ မသကောင် ငါ ပြောတာ ဘာမှားလို့လဲသေချင်စိုးလေရဲ့ ” ” အမေ သားကိုဘဲ ဆဲနေတာပဲ့ တော်ပြီဗျာ့ အမေ့ကို မနှိပ်ပေးတော့ဘူး ” ” မနှိပ်ပေးလည်း နေ့ ကြွကြွ !!”ဘူးသီးကြော်ရောင်းသော အမေက စိတ်တိုတိုဖြင့်ပြောလိုက်သည် ။ နောက်တစ်နေ့မှ မိုး အရမ်းချုပ်လို့ သားက အိမ်ပြန်မလာ” ဘယ်တွေ လျှောက်သွားနေတာလဲ မသိဘူးဒီကောင်စုတ်လေ့း “မအေ က စိတ်ပူနေတာပေါ့ ။ကို သံချောင်းက စာလာပို့ သည် ။ … Read more
ကျီးကန်းတွေ ညဖက်ကြီး အစာရှာနေတယ်၊
တော်ရုံစိတ်ခိုင်သူတစ်ယောက်ကို မျက်ရည်လည်ရွှဲသွားစေနိင်သည့် “ပိုက်ဆံ ၅၀ ကျပျောက်သွားသူ” ဇာတ်လမ်းလေး
ကျွန် တော် အ လုပ် က ပြန် လာ တဲ့တစ် နေ့ လမ်း က ဓာတ် တိုင် မှာ စာ ရွက် အ ဟောင်း လေး တစ် ရွက် ကပ် ထား တာ ကို တွေ့ လို့ ဖတ် မိ လိုက် တယ် ။ မ သေ မ သပ် လက် ရေး လေး နဲ့ ခု လို ရေး ထား တယ် ။” ကျွန် မ လမ်း သွား ရင်း ဒေါ် လာ ၅ ၀ … Read more
အဖမ်းခံထားရတဲ့ မိသားစုများရှိလျှင် ဒါလေးလုပ်ပေးပါ
အဖမ်းခံထားရတဲ့ မိသားစုများရှိလျှင် ဒါလေးလုပ်ပေးပါ အဖမ်းခံထားရတဲ့သူ​​တွေရဲ့ မိသားစုကို ​ပြောပြချင်ပါတယ်။ အဖမ်းခံရသူ ဝတ်​လေ့ရှိတဲ့ အဝတ်ကို ကိုယ့်ပခုံး​ပေါ်မှာ ပဝါလိုတင်ပြီး ​မောရသုတ် သူ့ရဲ့သက်​​စေ့ရွတ်​ပေးပါ။ ဘုရား​လောင်း ဥ​ဒေါင်းမင်းဟာ အချုပ်အ​နှောင်ခံရစဥ်မှာသစ္စာဆိုပြီး လွတ်​မြောက်ခဲ့တဲ့ သုတ္တံဖြစ်တဲ့အတွက် မိမိတို့လည်း သစ္စာဆို​ ဆု​တောင်းပေးပါ။ အခြားအစွမ်းထက်တဲ့ အဌာန​မေတံ၊ သမ္ဗု​​ဒ္ဓေ၊ ​မေတ္တာသုတ် စတာ​​တွေလဲရွတ်​ပေးလို့ရပါတယ်၊ ​ မေတ္တာသုတ်ရွတ်ပြီးတဲ့အခါ မိမိက​​လေးနဲ့အတူ အကျဥ်းကျ​​နေတဲ့အခြားသူများ​ရော ​အကျဥ်းထောင်ကတာဝန်ရှိသူများ​ရော၊ ​ရှေ့​နေများကိုပါ အထူး​မေတ္တာပွား​ပေးပါ။ သတင်းမကြားရသူများ၊ ဘယ်မှာချုပ်ထားမှန်းမသိ​သေးသူများ မုန့်လုံး​ရေ​ပေါ် ဆယ်လုံးကို သတင်းစာစက္ကူ ​အောက်ကခံပြီး ဘုရားလှူပါ။ ဆယ်ရက်ဆက်တိုက်လှူ​​ပေးပါ၊ သတင်းကြားပြီးလဲ လွတ်​မြောက်ဖို့အတွက် ဆယ်​ပေးပါကယ်​ပေးပါဆိုပြီးဆု​တောင်းပါ။ အပြင်ကတကယ်လက်​တွေ့လိုက်လုပ်ရတာ​​တွေလဲလုပ်တာ အဓိကကျသလို အိမ်တွင်းက အ​မေ အမ အ​ဒေါ် အဖွားစသည်က လုပ်​ပေးလို့ရတာ​လေး​တွေ ​ဝေမျှလိုက်ပါတယ်ရှင် မြန်မာပြည်သူပြည်သားအားလုံး ကြိမ်မီးအုံးသလို … Read more
အလုပ်မရှိတဲ့ လူငယ်တိုင်း လုပ်ကိုလုပ်သင့်တဲ့ အချက်များ
၁။ စာဖတ်ပါ ဝါသနာ ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ စာကိုဖတ်ကို ဖတ်ရပါ့မယ်။ စာဖတ်ခြင်းသည် မိမိ၏ အတွေးအခေါ် အယူအဆ များကို ပြောင်းလဲနိုင် ရုံသာမကဘဲ မိမိဘဝကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ၂။ အိမ်မူကိစ္စလုပ်ပါ မိမိမှာ အလုပ်မရှိဘူးဆိုပြီး အိပ်လိုက် စားလိုက်အချိန်တိုင်း လုပ်နေမယ့်အစား အိမ်မူကိစ္စတွေကို ဝိုင်းကူလုပ်ပေးခြင်းဖြင့် ပိုနေတဲ့ အချိန်တွေကို တန်ဖိုးရှိပါလိမ့်မယ်။ ပြီးတော့ အိမ်မူကိစ္စနဲ့ ပက်သက်တဲ့ အတွေ့အကြုံတွေကို ရရှိစေပါလိမ့်မယ်။ ၃။ အားကစား တစ်ခုခု လိုက်စားပါ ညနေဘက် ဘောလုံးကစားတာ ဖြစ်ဖြစ်၊ ရေကူးတာ ဖြစ်ဖြစ်၊ Gym ဆော့တာဖြစ်ဖြစ် မိမိနှစ်သက်ရာ အားကစားတစ်မျိုးကို လုပ်ခြင်းဖြင့် မိမိ၏ ပိုနေတဲ့ အချိန်တွေကို အကျိုးရှိပါလိမ့်မယ်။ ၄။ မိမိဝါသနာ ပါတဲ့ … Read more
သုညတစ်လုံးရဲ့ ရာဇဝင်
ပစ္စည်းတွေကို ရေတွက်တဲ့အခါမှာ တစ်ခု၊ နှစ်ခု စသည်ဖြင့် တစ်ကပဲစပြီး ရေတွက်လေ့ ရှိတာမို့ လက်တွေ့ပိုင်းမှာ သုည ကို ထည့်မစဉ်းစားဖြစ်သလောက်ပါပဲ။ ဒါပေမဲ့ သင်္ချာဘာသာရပ်နယ်ပယ်မှာတော့ သုည ဟာ အရေးပါတဲ့ ကိန်းဂဏန်းတစ်လုံးပါ။ သမိုင်းမှာ သုည ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ စဉ်းစားကြည့်ရင် သုညအကြောင်းတွေးမိဖို့ တော်တော်ခက်ခဲတာကို တွေ့ရမယ်။ တကယ်မရှိတဲ့ အရာတစ်ခု ၊ လက်တွေ့အပြင်မှာ မရှိတဲ့ မရှိခြင်း သဘောတရားတစ်ရက်ကို ဘယ်လို ဉာဏ်ကြီးရှင်တွေကများ စဉ်းစားမိတာ ဖြစ်နိုင်မလဲ။ အိန္ဒိယလူမျိုးတွေကတော့ သုညကို သူတို့ရဲ့ ရှေးနှစ်ပေါင်းများစွာအကြာက ပညာရှင်တွေက စတင်တီထွင်ခဲ့တာပါလို့ မှတ်ယူထားကြပါတယ်။ အဲဒီအတွက် ဂုဏ်လည်းယူကြပါတယ်။ သူတို့က စပြီး သုညဆိုတဲ့ ကိန်းဂဏန်းကို စတင်တီထွင်တယ်လို့ သက်သေပြစရာ အထောက်အထားအခိုင်အမာမရှိပေမယ့် အိန္ဒိယမှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာ၊ … Read more