CDMမှာပါဝင်ပေးဖို့ ရုံးရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေချီးကျူးနေကြတဲ့” ကျော်ထက်အောင်”

CDMမှာပါဝင်ပေးဖို့ ရုံးရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေချီးကျူးနေကြတဲ့” ကျော်ထက်အောင်” ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါကြောင့် အစီအစဉ်တင်ဆက်သူအဖြစ် Myamnar Idol ကနေ ပရိသတ်တွေစတင်သိကျွမ်းခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ရပ်တည်လျှောက်လှမ်းနေတဲ့ အနုပညာရှင်ကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်နော်..။ အမျိုးသမီးပရိသတ်တွေအများဆုံးရရှိထားတဲ့ ကျော်ထက်အောင်ကတော့ လတ်တလော မတည်ငြိမ်သေးတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့တန်းတူရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။ ပထမနေ့ကတည်းက ပြည်သူတွေနဲ့တစ်သွေးတစ်သားတည်းရပ်တည်နေခဲ့တဲ့ ကျော်ထက်အောင်ဟာ ပြီးခဲ့တဲ့ရက်က မထင်မှတ်ထားတဲ့ သူ့ူ့ရဲ့လုပ်ရက်တချို့ကြောင့် ပြည်သူပရိသတ်တွေအများအပြား ချီးကျူးလေးစားနေခဲ့ကြတာလည်း တွေ့ရပါတယ်..။ ပြည်သူပရိသတ်တွေနဲ့အတူ ရန်ကုန်အကောက်ခွန်ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီး ရုံးတက်အလုပ်လုပ်နေကြတဲ့သူတွေကို CDM မှာ ပါဝင်ပေးကြဖို့ ကျော်ထက်အောင်က ဒူးထောက်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်နော်..။ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြည်သူတွေနဲ့အတူရပ်တည်ပြီး အားလုံးရဲ့အနာဂတ်အတွက် မရှက်မကြောက်ဒူးထောက်တောင်းပန်ခဲ့တဲ့ သူ့ရဲ့ချီးကျူးစရာလုပ်ရပ်လေးကို ပြည်သူပရိသတ်တွေအများအပြားက သဘောကျချီးကျူးနေကြတာပဲ ဖြစ်ပါတယ်နော်..။ အဆိုပါနေ့က အကောက်ခွန်ရုံးရှေ့မှာ … Read more

မင်းကိုနိုင်၊ သရုပ်ဆောင်၊ အဆိုတော်များအပါအဝင် (၇)ဦးအား ဖမ်းဝရမ်းထုတ်

မင်းကိုနိုင်၊ သရုပ်ဆောင်၊ အဆိုတော်များအပါအဝင် (၇)ဦးအား ဖမ်းဝရမ်းထုတ် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃။ မင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ကျော်မင်းယု (ခ) ဂျင်မီ၊ ထွေးလင်းကို (ခ) လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို နှင့် မောင်မောင်အေး တို့အား ဖမ်းဝရမ်းထုတ်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ ယန္တရားကို ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်လျက်ရှိရာတွင် ၎င်းတို့က လူသိများသည့် အခွင့်အရေးကို အသုံးချကာ … Read more

ပြည်သူ့ဝန်ထမ်းများကို ကူညီမယ့် ခီမောင်နှံ

သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းများအား ကူညီဆောင်ရွက်ရေးအတွက် ဖွဲ့စည်းထားသော “We Support Heroes” အစီအစဉ်တွင်ပါဝင်ကာ အားဖြည့်ကူညီသွားမယ်လို့ သိရပါတယ်။ “အပြောင်းအလဲမှာ ပြည်သူ့ဝန်ထမ်းတွေအားလုံးက နိုင်ငံရဲ့သူရဲကောင်းတွေအဖြစ် မှတ်တမ်းထင်ကျန်နေရစ်အောင် ကျနော်တို့အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရအောင်ပါ။ Civil Disobedience Movement မှာ မတရားမှုကိုဆန့်ကျင် သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ အလွှာစုံမှပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့” လို့ We Support Heroes Page က ကြေညာထားပါတယ်။ “Civil Disobedience Movement မှာပါဝင်ကြမယ့် ပြည်သူ့ဝန်ထမ်းများရဲ့ နေရေးစားရေး အခက်အခဲများကို အဆင်ပြေရေးအတွက် ကျနော်တို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။ … Read more

နေပြည်တော်မှ ကျည်ထိမှန်ထားသော မမြသွဲ့သွဲ့ခိုင်ရဲ့ လက်ရှိအခြေအနေ

နေပြည်တော်မှ ကျည်ထိမှန်ထားသော မမြသွဲ့သွဲ့ခိုင်ရဲ့ လက်ရှိအခြေအနေ ဒီကနေ့ နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ မမြသွဲ့သွဲ့ခိုင်ဟာ လက်ရှိအချိန်ထိ စိုးရိမ်ရတဲ့လူနာ အဖြစ်နဲ့ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်တဦးက RFA ကို ဒီကနေ့ည ၁၂ နာရီမှာ အတည်ပြု ပြောပါတယ်။ ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်း နှိမ်နင်းရာမှာ သုံးတဲ့ ရာဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ်ဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်ကို RFA ဝိုင်းတော်သားစောဖိုးခွားက ဖေဖော်ဝါရီ ၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီလောက်က သီးသန့်ဆက်သွယ်မေးမြန်းထားချက်ကို နားဆင်နိုင်ပါတယ်။ Credit Unicode … Read more

စည်းစည်းလုံးလုံးနဲ့ ထိထိရောက်ရောက် အာရုံစိုက် ပြီး ဆက်လက် လုပ်ဆောင်သွားဖို့လိုအပ်တယ်ဆိုတဲ့ အောင်လအန်ဆန်း

စည်းစည်းလုံးလုံးနဲ့ လုပ်ရမယ့်အရာတွေကို ထိထိရောက်ရောက် အာရုံစိုက် ပြီး ဆက်လက် လုပ်ဆောင်သွားဖို့လိုအပ်တယ်ဆိုတဲ့ အောင်လအန်ဆန်း One Championship မှ MMA ကစားသမား မြန်မာနိုင်ငံသား အောင်လအန်ဆန်းက မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှာ ပြည်သူ တွေအနေနဲ့ စည်းစည်းလုံးလုံး နဲ့ လုပ်ရမယ့်အရာတွေကို ထိထိရောက်ရောက် အာရုံစိုက်ပြီး ဆက် လက်လုပ်ဆောင်သွားဖို့လိုအပ်တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းက ပြောဆိုလိုက်ပါတယ်။ “ပြီးခဲ့တဲ့တစ်ပတ်လုံးကကျွန်တော့်အတွက်တော့အခက်ခဲဆုံးကာလဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ၊ မမျှော်လင့်ပဲနဲ့ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့ အစိုးရကို စစ်တပ်က အာဏာသိမ်းယူမှုဖြစ်ပွားခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့်နောက်ဆက်တွဲ အကြောင်းအရာတွေလည်း ထပ်ပြီးဖြစ်ခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ပျက်သွားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် တော်တော်လေး ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျွန်တော့်ပရိသတ်တွေသိဖို့လိုတဲ့အကြောင်းအရာတချို့ကိုပြောပြရရင် … Read more

ပြည်ထောင်စုဝန်ကြီးအသစ် (၁၁)ဦးခန့်အပ်

ပြည်ထောင်စုဝန်ကြီးအသစ်(၁၁)ဦးခန့်အပ် ပြည်ထောင်စုဝန်ကြီး(၁၁)ဦးကို အသစ်ခန့်အပ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ( ၁ ) နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်၊ ( ၂ ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ( ၃ ) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ( ၄ ) နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ( ၅ ) စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းရှိန်၊ ( ၆ ) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊ ( ၇ ) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုနိုင်၊ ( ၈ ) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးချစ်နိုင်၊ … Read more

ည ၈ နာရီခွဲခန့်က ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း ထုတ်ပြန်

ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် အမိန့်အမှတ် ၅/၂၀၂၁ ဖြင့် ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှုရပ်စဲကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ကြေညာချက်တွင် ….. ( ၁ ) ဦးခင်မောင်တင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ ( ၂ ) ဦးမင်းလွင် (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)၊ ( ၃ ) ဦးတင်မြင့် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ ( ၄ ) ဦးမောင်မောင်ဝင်း (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ( ၅ ) ဦးဆက်အောင် (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ ( ၆ ) ဒေါက်တာမင်းရဲပိုင်ဟိန်း (စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန)၊ … Read more


ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့တဲ့စာ ဒီစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးနဲ့ ပေးပို့ခဲ့တယ်လို့ ခိုင်လုံတဲ့ အစိုးရသတင်းရပ်ကွက်က RFA ကို အတည်ပြုပြောကြားပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ တပ်မတော်၏လိုလားချက် ရက်စွဲ ၂၈.၁.၂၀၂၁ ၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်္ဘာလ (၈) ရက်နေ့တွင် ကျင်းပပြလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မူလမဲစာရင်းများအား မြို့နယ်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲစာရင်များအား ပြန်လည်စိစစ်ခဲ့ရာ ယနေ့အထိ အမည်စာရင်း ထပ်နေခြင်း၊ မှတ်ပုံတင်အမှတ်တူညီနေခြင်း၊ အသက်(၁၀၀) နှစ်ကျော်နေသူများစွာ ပါဝင်နေခြင်း စသဖြင့် အချက်အလက်တူများ ဖော်ထုတ် စိစစ်တွေ့ရှိရပါသည်။ … Read more


၂၄ကြိမ်မြောက် ထီပေါက်စဉ် အစအဆုံး တိုက်လို့ရပါပြီ သိန်း ၁၅၀၀၀ ကဆ-၄၂၅၉၇၂ သိန်း ၁၀၀၀၀ ဇ ၄၉၆၀၃၅ သိန်း ၅၀၀၀ ကဇ ၃၂၉၄၆၇ ကစ ၉၈၈၄၂၅ သိန်း ၂၀၀၀ ဘ ၉၇၅၁၆၃ အ ၇၈၀၉၆၃ ဍ ၇၄၁၆၅၅ က ၈၈၈၁၀၅ သိန်း ၁၀၀၀ ကစ ၂၀၈၉၉၅ ထ ၃၆၈၁၈၃ ဌ ၅၆၄၃၉၆ တ ၅၉၃၉၆၉ ပ ၃၂၀၅၃၉ ဍ ၉၈၉၀၀၁ ပ ၁၉၆၆၉၂ ကက ၇၂၉၅၃၂ ၃ သိန်းဆု ကဃ ၁၁၄၄၆ ဟ ၇၀၂၈၇ သ ၃၄၂၈၄ ကဃ ၇၀၀၁၂ … Read more

အဆိုတော် Banana(ခ)ခြိမ့်ကေကို တရားစွဲခံရ

ကိုဗစ် သတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် Banana မြစ်သားမြို့မရဲစခန်း၌ တိုင်ကြားခံရ လူစုဝေးခြင်းပြုလုပ်ဖျော်ဖြေသဖြင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မဖြင့် အဆိုတော် Banana(ခ)ခြိမ့်ကေကို တိုင်ကြားခံရကြောင်း မြစ်သားမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နေ အဆိုတော်ခြိမ့်ကေကိုမှာ ဒီဇင်ဘာ(၃)ရက်၊ မင်းဝန်ကျေးရွာနေ ဦးဇော်မင်းထိုက်၏သမီးမွေးနေ့ပွဲ၌ ဖျော်ဖြေမှုပြုလုပ်မှုကြောင့် အရေးယူပေးရန်တိုင်ကြားလာခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းဖျော်ဖြေပွဲကို လူ(၅၀)ခန့်ဖိတ်ကြားထားခဲ့ပြီး တီးဝိုင်းနှင့်အတူတင်ဆက်ခဲ့သဖြင့် ကိုဗစ်သတ်မှတ်စည်းကမ်းနှင့်မညီသည့်အတွက်ဟုဆိုကာ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဖြင့် ဥပဒေနှင့်အညီ စိစစ်အရေးယူပေးရန်တင်ပြလာမှုအပေါ် စစ်ဆေးနေကြောင်း မြစ်သားမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုတော် Banana(ခ)ခြိမ့်ကေကို နှင့်အတူ မွေးနေ့တီးဝိုင်းဖျော်ဖြေရေးအတွက် ဦးဆောင်ကျင်းပသည့်ဦးဇော်မင်းထိုက်မှာလည်း တိုင်ကြားမှုအထဲ၌ပါရှိသည့်အပြင် အချိန်မီသတင်းတင်ပြမှုမရှိသော ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုလည်း စစ်ဆေးသွားမည်ဖြစ်ပြီး … ပြစ်မှုပေါ်ပေါက်ပါက သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ထို့အပြင် အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်အပေါ် မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း သတိပေးမှတ်တမ်းလက်မှတ်ရေးထိုးစေခိုင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ … Read more