နှလုံးသားနဲ့ရင်းပြီးချစ်မိသွားတဲ့ ကောင်မလေးတွေအတွက်ပဲ ကောင်လေးတွေလုပ်ပေးမဲ့အရာ(၅)မျိုး

နှလုံးသားနဲ့ရင်းပြီးချစ်မိသွားတဲ့ ကောင်မလေးတွေအတွက်ပဲ ကောင်လေးတွေလုပ်ပေးမဲ့အရာ(၅)မျိုး အမှန်တကယ် ရူးရူးမူးမူးချစ်မိပြီဆို ချစ်သူအတွက်ဘာပဲလုပ်ပေးရလုပ်ပေးရဆိုတဲ့ခံယူချက်မျိုးတွေအထိရှိလာကြ တာ ယောက်ျားလေးရောမိန်းကလေးရောအတူတူပါပဲ။အခုတော့ ယောက်ျားလေးတွေရှုထောင့်ကနေ ယောက်ျားလေးတွေအနေနဲ့ သူတို့တကယ်ချုစ်တဲ့သူကိုပဲ လုပ်ပေးလေ့ရှိတဲ့အရာလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။ ချစ်သူစကားကိုနားထောင်တယ် ယောက်ျားလေးတွေတကယ်ချစ်ပြီဆို သူတို့ချစ်ရတဲ့သူ၊ ချစ်သူရဲ့စကားကို သေချာနားထောင်တယ်၊အဆုံးစွန်အထိ လိုက်လျောတယ်။သူတို့ဆီကနေ သင့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေရယူနိုင်တယ်။ အလေးထားဆွေးနွေးတယ် သင်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ သင်ရင်ဖွင့်တဲ့အကြောင်းအရာတွေကို အလေးထားဆွေးနွေးတယ်။သင့်အတွက် အကောင်းဆုံးအဖြေတစ်ခုရဖို့ကူညီစဉ်းစားပေးတယ်။ သူ့စိတ်ကို ပြုပြင်တယ် လူတစ်ယောက်ရဲ့အရိုးစွဲနေတဲ့အကျင့်စရိုက်၊ဗီဇတွေကို ပြင်ဖို့ခက်ပါတယ်။ရာခိုင်နှုန်းပြည့်နီးပါးခက်ခဲမှုရှိပါတယ်။ဒါပေမယ့် အချစ်ကိုတကယ်တွေ့သွားတဲ့ယောက်ျားလေး တစ်ယောက်ကသူ့အကျင့်စရိုက်တွေကို ပြုပြင်ဖို့တော့အနည်းဆုံးကြိုး စားကြပါတယ်။ ချစ်သူမကြိုက်တဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ပါတယ်။ ကာကွယ်ပေးတယ် သူက သင့်အတွက် ထာဝရကိုယ်ရံတော်ပေါ့။သင့်အတွက်အမြဲတမ်းလုံခြုံမှုဖြစ်နေစေမယ်။သူချစ်တဲ့သင့်ကို မထိခိုက်၊ မနာကျင်စေလိုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် သူသာတကယ်မချစ်ဘူးဆိုရင်တော့ သင့်အတွက်နဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့နေနေသာသာ သင့်ကိုတောင်ဂရုစိုက်မှာမဟုတ်ပါဘူး။ သင်နဲ့ပတ်သက်တဲ့အရာတိုင်းကို ချစ်မြတ်နိုးတယ် တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်က သူချစ်ရတဲ့မိန်းမတစ်ယောက်ရဲ့ … Read more

သင်တို့ချစ်သူနှစ်ယောက် အပြန်အလှန် ယုံကြည်မှုအပြည့်ရှိကြကြောင်း သက်သေ (၆)ချက်

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့အပြင် အပြန်အလှန် ယုံကြည်မှုလည်းရှိမှ ဒီအချစ်ရေးက ရေရှည်တည်တံ့ခိုင်မြဲမှာပါ။ တကယ်လို့ သင့်ချစ်သူနဲ့ သင်နဲ့ကြားမှာ ဒီအချက်လေးတွေ ရှိနေပြီဆိုရင်တော့ သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှုခိုင်မြဲနေတဲ့သူတွေဖြစ်ပါတယ်။ (၁) ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်လို့ စိုးရိမ်မှုမရှိဘူး ကိုယ်ကလည်း သူ့အရှေ့မှာ ဘယ်လိုပုံစံဖြစ်နေမလဲဆိုပြီး စိုးရိမ်နေဖို့ မလိုသလို၊ သူကလည်း ကိုယ့်ရှေ့မှာ ဘယ်လိုပုံစံဖြစ်နေမလဲဆိုပြီး စိတ်ပူနေတာမျိုးမရှိဘူး။ ရုပ်ရည်သွင်ပြင်၊ အပြင်အဆင်နဲ့ပတ်သက်လို့တော့ နှစ်ယောက်လုံးက သက်တောင့်သက်သာပဲဆိုရင် ဒါဟာ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တယ်လို့ အပြန်အလှန်ယုံကြည်ကြလို့ပါ။ (၂) တစ်နေ့တာကြုံရတာတွေကို အပြန်အလှန်ဖွင့်ပြောကြတယ် တစ်ယောက်အကြောင်း တစ်ယောက်သိလွန်းတဲ့အခါ လွယ်လွယ်နဲ့ငြီးငွေ့သွားတာမျိုး၊ ငြိုငြင်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ သင်တို့နှစ်ယောက်ကတော့ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ တစ်နေ့တာကြုံတွေ့ရတာတွေကို စိတ်လက်ပေါ့ပါးစွာနဲ့ ဖွင့်ပြောကြပြီး ဒီလိုဖွင့်ပြောတာအတွက် သူငါ့ကိုတစ်မျိုးထင်သွားမလားဆိုပြီး စိုးရိမ်နေတာမျိုး မရှိပါဘူး။ (၃) အတိတ်ကဝမ်းနည်းမှုတွေအကြောင်း … Read more

သည်းသည်းလှုပ် ချစ်တာကိုခံရအောင်သင့်ဘက်ကကြိုးစားသင့်တဲ့ အရာများ

မိန်းကလေးများအတွက် ချစ်သူရဲ့ သည်းသည်းလှုပ် အချစ်ကိုခံရတာလောက် ကြည်နူးစရာကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါပေမယ့် အဲလိုအချစ်ခံရဖို့ လိုက်လုပ်ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ဖော်ပြပေးမယ်နော်။ (၁) ချွဲပါ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ချစ်သူ စိတ်ကြည်နေတဲ့အချိန်တွေမှာ ချွဲပေးပါ။ အိုဗာကြီးတော့ မဖြစ်စေနဲ့ပေါ့နော်။ ဥပမာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲလေးတွေကို သူ့ကို လုပ်ခိုင်းတာတို့၊ ကလေးလေးလို ပြုမူပြတာတို့၊ ရုပ်ပြောင်ပြတာတို့၊ သူ့ကို ပွတ်သီးပွတ်သပ် လုပ်ပေးတာမျိုးတွေ လုပ်ပေးပါ။ ဒါဆိုရင်တော့ သင့်ကို ကလေးလေးတစ်ယောက်လို မြင်ပြီး စိတ်ကြည်နေတဲ့အချိန်လည်းဖြစ်တော့ အချစ်တွေ ပိုတိုးလာမှာဖြစ်ပါတယ်။ (၂) သူ့ကို ကြင်နာပြပါ ယောက်ျားလေးတွေက အသည်းမာတဲ့ အသွင်ဆောင်ပေမယ့် တကယ်တမ်းတော့ သူတို့ဟာ အရမ်းကို စိတ်ပျော့ကြပါတယ်။ အချော့ကြိုက်တာ၊ ကြင်နာတာကို ကြိုက်တာ … Read more

လက်ရှိချစ်သူလေးနဲ့ အတိတ်ဘဝက ရေစက်ပါ ၊ မပါ ဆိုတာ သိနိုင်မယ့် အချက် (၄) ချက်

လက်ရှိချစ်သူလေးနဲ့ အတိတ်ဘဝက ရေစက်ပါ ၊ မပါ ဆိုတာ သိနိုင်မယ့် အချက် (၄) ချက် ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ … Read more

မင်းရဲ့ချစ်သူကို ယုံကြည်ချင်ရင် ဒီမေးခွန်းလေးတွေ မေးထားသင့်

စိတ်ပညာရှင် Dr.Sususan Edelman ဟာ ပျော်ရွှင်သာယာတဲ့ Relationship တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက် မေးခွန်းလေးတွေနဲ့ စသင့်တယ်လို့ဆိုထားပါတယ်။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကိုကြည့်ခြင်းအားဖြင့် သူ့ကို ကိုယ်ဆက်ပြီး လက်တွဲသင့်၊ မတွဲသင့် စဉ်းစားလို့ရတာပေါ့။ မိသားစုနဲ့ ဘယ်လောက်နီးစပ်မှုရှိလဲ ? သူ့ရဲ့မိသားစုနဲ့ သူဟာ ဘယ်လောက်ထိ အရေးပါ ၊ နီးစပ်မှုရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ သူ့ရဲ့မိသားစုအပေါ် ဆက်ဆံပုံက သင့်အပေါ်လည်း အနည်းငယ်တော့ သက်ရောက်မှုရှိပါတယ်။ အဲ့ဒီကနေ တစ်ဆင့်သူ့ရဲ့အပြောဆို ၊ အနေထိုင်တွေကိုလည်း သိနိုင်ပါတယ်။ မင်းနဲ့စကားပြောတဲ့အခါ သူ့အတွက် ဘယ်လိုအခြေအနေတွေမှာ ခက်ခဲတတ်လဲ စုံတွဲတွေကြားမှာလည်း စကားပြောတဲ့အခါ ခက်ခဲတဲ့အခြေအနေတွေရှိတတ်ပါတယ်။ ဘာကြောင့် တွန့်ဆုတ်နေလဲဆိုတာ မေးပါ။ အဖြေဟာ မင်းအတွက်စိတ်တိုင်းကျချင်မှ ကျလိမ့်မယ်။ ဒါပေမယ့် လက်ခံလိုက်ပါ။ မင်းတို့နှစ်ယောက်ကြား အပြည့်ဝယုံကြည်ရတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ချင်တယ်ဆိုရင်ပေါ့။ ဘာကို … Read more

သင့်ချစ်သူဟာ ဒီအချက်တွေ လုပ်ဆောင်တတ်တယ်ဆိုရင် သူ သင့်ကို တုန်နေအောင် ချစ်တာသေချာ

ဟန်ဆောင်မှုတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့ သဲလွန်စတချို့တော့ရှိပါတယ်။ ၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း သူတို့ကောင်မလေးတွေကို တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။ ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ သိချင်လို့ ဖြစ်ပါတယ်။ မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။ ၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း ကောင်မလေးကို တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ကြာကြာ စိတ်မဆိုး တတ်ကြပါဘူး။ ကောင်မလေးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့အခါ ဒါ သူတို့အတွက် ဝန်ထုပ်တစ်ခုဖြစ်ပါတယ်။ ဒီတော့ ခွင့်လွှတ်ပေးလိုက်ခြင်းက စိတ်သက်သာရာရမှု တစ်ခုဖြစ်ပါတယ်။ ၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်း သုံးစွဲခြင်း ယောက်ျားလေးက မိန်းကလေးကို တကယ်သံယောဇဉ်ရှိလာတဲ့အခါ … Read more

သင်နဲ့လမ်းမခွဲရဖို့ ဘာမဆိုလုပ်မယ့် ချစ်သူကောင်လေးဆိုတာ ဒီလိုပါ

သင့်ချစ်သူက သင့်ကိုအရမ်းချစ်ပြီး သင်သူ့ကို ထားသွားမှာ ကြောက်နေတယ်ဆိုရင် သူ့မှာ ဒီိလိုအပြုအမူလေးတွေ တွေ့ရပါလိမ့်မယ်။ (၁) သင်တို့နှစ်ယောက်အကြောင်းကို တခြားသူတွေကို သိစေချင်တယ် သင်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို တခြားသူတွေကို အသိပေးချင်တယ်၊ သိစေချင်တယ် ဆိုတာက သင် သူ့ကိုထားသွားမှာ ကြောက်လို့ပါ။ (၂) အမှတ်တရလက်ဆောင်လေးတွေပေးတယ် သင်နဲ့ပတ်သက်တဲ့အထိမ်းအမှတ်နေ့လေးတွေကို အမြဲအမှတ်ရနေပြီး ထူးခြားတဲ့လက်ဆောင်လေးတွေပေးတတ်ပါတယ်။ (၃) သင့်ဘေးကထွက်သွားဖို့မကြာခဏကြိုးစားဖူးတယ် အချစ်ရေးမှာ ပိုချစ်ရတဲ့သူကခွဲခွာရမှာ ပိုကြောက်တတ်ပါတယ်။ ပြီးတော့ သူတို့ကို ချစ်သူကစပြီး ကျောခိုင်းသွားမှာ ကြောက်တာကြောင့် သူတို့ကစထွက်သွားဖို့ ကြံစည်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှလည်း မအောင်မြင်ခဲ့ပါဘူး။ (၄) သူ့ဘက်ကစပြီးရန်မရှာတတ်ဘူး သင်တို့နှစ်ယောက်ကြားမှာ သူ့ကြောင့်ပြဿနာဖြစ်ရတယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲ့ဒါက သင့်ကိုကြောက်လို့မဟုတ်ပါဘူး။ သင် သူ့ကိုအချစ်လျော့သွားမှာစိုးလို့ပါ။ (၅) အလွန်အကျွံခံစားတတ်တယ် သင်ဘာပဲလုပ်လုပ် သူ့ကိုထားသွားတော့မှာပဲ ဆိုတာမျိုး … Read more

သင့်ကို ရူးရူးမူးမူးချစ်တဲ့ ချစ်သူကောင်လေးကပဲ လုပ်ပေးမယ့်အရာများ

လူတစ်ယောက် သင်ကိုချစ်တယ်ဆိုတာကို အပြောချည်းပြောရုံနဲ့မလုံလောက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စကားချည်းပဲမို့လို့ပါ။ အဲ့လိုမျိုးဆို လူတိုင်းပြောနိုင်တာပေါ့။ ယောက်ျားတစ်ယောက်က သင်ကို တအားချစ်မိနေပြီးဆိုရင် အမူအရာကနေ သူ့ရဲ့အချစ်ကိုပြမှာပါ။ အဲ့ဒါကြောင့် သင်ကို ချစ်၊မချစ်ဆိုတာ သူ့ရဲ့ အမူအရာကနေ သိနိုင်ပါတယ်။ သင့်ကို တကယ်ချစ်၊မချစ် သိချင်တယ်ဆိုရင် သူ့ရဲ့ခံစားချက်နဲ့ အပြုအမူတွေကို သေချာစောင့်ကြည့်လိုက်ပါ။ (၁) ဆံပင်စည်းပေးတတ်တယ် သင့်ရဲ့ဆံပင်လေးကို ညင်ညင်သာသာနဲ့ စည်းပေးတတ်တယ်။ ဥပမာ- သင်ဆံပင်ရှည်ဖြစ်နေလို့ သင့်အတွက် သူအိတ်ထဲမှာ ခေါင်းစည်းကြိုးတွေ အဆင်သင့်ဆောင်ထားတို့မျိုးပါ။ သင့်ပူအိုက်နေပြီဆိုရင်တော့ သင့်ဆံပင်လေးကို အဆင်သင့်စည်းပေးဖို့ အသင့်ရှိနေမှာပါ။ (၂) အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတတ်တယ် သင့်ရဲ့မျက်နှာ ကိုကြည့်ပြီး လိုတာမရှိစေရအောင် ဂရုစိုက်ပေးတတ်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ သင့်ပါးစပ်မှာ တစ်ခုခုပေနေတယ်ဆိုရင် တစ်ရှူး နဲ့သုတ်ပေးတာမျိုးတို့၊ သင့်ရဲ့ပိုက်ဆံအိတ်ကို လွယ်ပေးတာမျိုးတို့၊ သင်ဖိနပ်ပျက်သွားရင်တောင် သူ့ဖိနပ်ကို ပေးစီးတာမျိုးတို့ပဲဖြစ်တယ်။ … Read more

ချစ်သူကိုအပွန်းပဲ့မခံဘဲ နှစ်နှစ်ကာကာချစ်တတ်တဲ့ယောကျ်ားတွေရဲ့အပြုအမှု

ယောက်ျားလေးတွေက အချစ်ကိုရူးသွပ်နေပြီဆိုရင် ဘယ်သူတားတားကို မရတော့တာပါ။ သူတို့ချစ်တဲ့ကောင်မလေးကိုဆို အပွန်းပဲ့မခံတတ်ကြဘူး။ သင့်ချစ်သူကောင်လေးက သင့်ကို ရင်ဘတ်ထဲကနေ နှစ်နှစ်ကာကာချစ်တယ်ဆိုရင် ဒီလိုအပြုအမူလေးတွေရှိနေမှာပါ။ ၁။ သင့်ကို ဘယ်လိုပဲဖြစ်ဖြစ်ချစ်တယ် သင့်ကိုနှစ်နှစ်ကာကာနဲ့ချစ်တဲ့ယောက်ျားဆိုရင် သင် ဘယ်လိုပဲဖြစ်ဖြစ် ချစ်တယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ကိုပဲ ချစ်တယ်။ သူ့ဘေးနားမှာရှိနေတဲ့ တခြားမိန်းကလေးတွေကို လျစ်လျုရှုထားပြီး သင့်ကိုပဲချစ်တယ်။ သင်တစ်ယောက်တည်းကိုပဲ မျက်စိထဲမှာပဲမြင်လို့ နောက်တစ်ယောက်နဲ့ ဖောက်ပြန်သွားမှာမျိုးတွေ မရှိပါဘူး။ ၂။ သင့်အတွက် ကြိုးစားတယ် သူရဲ့လက်ရှိအခြေအနေက သင့်ကို တင့်တယ်အောင်ထားနိုင်တဲ့အခြေအနေမဟုတ်သေးတဲ့အတွက်ကြောင့် အလုပ်တွေပိုပြီးကြိုးစားလုပ်လာတယ်။ ဘယ်သူအတွက်ဆိုရင် သူနဲ့သင်တို့အနာဂတ်အတွက် ကြိုးစားနေတာပဲဖြစ်တယ်။ သင်နဲ့နီးရဖို့ ၊ သင့်အသိုင်းအ၀ိုင်းထဲဝင်ဆံ့ဖို့အတွက် အလုပ်ကြိုးစားလာတယ်။ သူ့အလုပ်တွေ ပိုကြိုးစားလာရင် သင်ကို နှစ်နှစ်ကာကာ ချစ်လို့ပါ။ ၃။ သင်မကြိုက်တာတွေကို ပြင်တယ် သူဟာ သင့်ကို အရမ်းချစ်တဲ့ယောက်ျားတစ်ယောက်ဆိုရင် … Read more

သင့်ကိုတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ထားကြောင်း သိသာစေတဲ့အချက်များ

အပြောထက် အလုပ်ဟာ ပိုပြီးထိရောက်ပါတယ်။ ဒီလိုပဲ သင့်ကို တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ဟာ ချစ်တယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောမနေရင်တောင် သူ့ရဲ့ အပြုအမူတွေကတစ်ဆင့် သိလို့ရပါတယ်။ တကယ်လို့ အခုဖော်ပြပေးတဲ့အရာတွေကို သင့်ချစ်သူက လုပ်ပေးတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်လို့ပါနော်။ (၁) နားထောင်ပေးတယ် သင်ပြောသမျှအရာ အားလုံးကို စိတ်ပါလက်ပါ နားထောင်ပေးတယ်။ သင့်အကြံပေးစကားတွေကိုလည်း လက်ခံတယ်၊ လိုက်လုပ်တယ်၊ သင့်စကားတိုင်းကို အလေးအနက် ဂရုတစိုက်နားထောင်ပေးမှာပါ။ တစ်ခါတလေ တစ်ခုခုအပေါ် သင့်ရဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေကိုပါ သူ့ဆီမှာရင်ဖွင့်တဲ့ အခါမှာမှာလည်း သူနားထောင်ပေးနေမှာပါ။ သင်ဘာပြောပြော သူနားထောင်ပေးရင် သင့်ကို တကယ်ချစ်လို့ပါ။ (၂) ရန်ဖြစ်တယ် ယောက်ျားလေးတစ်ယောက်က သင်နဲ့ ရန်ဖြစ်ပေးတာ ကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကို သူဂရုစိုက်လို့ပါ။ သင်ပြောတာကို ဂရုစိုက်ပြီး … Read more