တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ပြောတတ်တဲ့ စကား (၉) ခွန်း.

တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ပြောတတ်တဲ့ စကား (၉) ခွန်း. မင်္ဂလာပါနော်…..။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို …. သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။ ၁။ ကိုယ်သတိထားမိတယ်… တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။ ၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်… ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။ ၃။ ဒီအရာက မင်းကို သတိရသွားစေတယ်… ဥပမာ … Read more

သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာစေမယ့် နည်းလမ်းများ

Relationship တစ်ခုကြာလာရင် ယောကျာ်းလေးတွေဖြစ်ဖြစ်၊ မိန်းကလေးတွေဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတတ်ကြတယ်။ အဲ့ဒါကြောင့် Relationship ကြာလာရင်တောင် သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာအောင် ဘယ်လိုမျိုးတွေဆွဲဆောင်မှုရှိရှိနေရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ (၁) ကလေးတစ်ယောက်လို ချွဲပေးပါ ချစ်သူကောင်မလေးက ချွဲရင် ဘယ်ကောင်လေးမှ မပျော်ဘဲမနေပါဘူး။ နေ့တိုင်းကြီးတော့လည်း ချွဲနေစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေတော့ ချွဲပေးပါ။ အဲ့လိုဆို သင်အပေါ်မှာ အချစ်တွေတိုးလာမှာပါ။ အဲ့ဒါကြောင့် တစ်နေ့နဲ့တစ်နေ့ မရိုးနိုင်အောင်ကို ချွဲပေးပါ။ (၂) အနူးအညံ့စကားလေးတွေပြောပြီး ချုပ်ပါ သူက သင့်ကိုတစ်ခုခုလုပ်ပေးရင် အနူးအညံ့စကားလေးတွေပြောပြီးချုပ်ပါ။ သင့်အပေါ်လုပ်ပေးတာတွေမှန်သမျှကို အသိအမှတ်ပြုပေးပြီး စကားချိုချိုလေးတွေပြောပေးပါ။အမြဲရန်ဖြစ်ပြီး နေ့တိုင်းလည်း စကားပြောကြတာတွေက မချိုကြဘူးဆိုရင် relationship ကြီးဟာ ငြီးငွေ့လာမှာ သေချာပါတယ်။ အဲ့ဒါကြောင့် တစ်ခါတစ်လေ စကားပြောချိုချိုလေးနဲ့ နူးနူးညံ့ညံ့လေးပြောပေးပါ။ (၃) … Read more

ရုတ်တရက် အားအင်ကုန်ခမ်းသလို ဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ ….

ရုတ်တရက် အားအင်ကုန်ခမ်းသလို ဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ “ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံပုရာဆမ်းဆေးတစ်ခွက်” အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊မူးဝေနေရင်ပဲဖြစ်ဖြစ်အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ဆေးနည်းတစ်လက် ကိုမျှဝေပေးပါ့မယ်။ ပါဝင်ပစ္စည်းတွေကတော့ …. (1) ကြက်ဥအစိမ်းတစ်လုံး၊ (2) သုံပုရာသီးအမှည့်တစ်လုံး၊ (3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖေါက် ထည့်ရောမွှေပေးပါ။ သံပုရာအစေ့တွေကိုဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကိုနှံ့နှံ့စပ်စပ်ရောမွှေ ပြီး သောက်ပေးရင်အမောအပန်းပြေပြီးအားရှိလာမှာဖြစ်ပါတယ်။ ဒီဆေးနည်းကကျွန်တော့်ဖခင်ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။ သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေပိုပြီးသုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လည်းအားဆေးတစ်လက်ပါ။။ “အားလုံး ကျန်းမာချမ်းသာကြပါစေ” ….။original unicode ရုတ်တရက် အားအင်ကုန်ခမ်းသလို ဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ “ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံံပုရာဆမ်းဆေးတစ်ခွက်” အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊မူးဝေနေရင်ပဲဖြစ်ဖြစ်အလွယ်တကူ … Read more

ဘုန်းကံမြင့်သော မိန်းမများ

ဘုန်းကံမြင့်သော မိန်းမများ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသောပိုစ့်လေးတစ်ပုဒ် အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံဆိုတာ ယောက်ျား ဖြစ်သူကထားခဲ့လို့ဖြစ်စေ ချစ်သူကထားခဲ့လို့ ဖြစ်စေ အငယ်အနှောင်းယူသွားလို့ဖြစ်စေ …. အပြစ်ရှာ ထွက်ခွာလို့ဖြစ်စေစွန့်ပစ်ခဲ့ရင် မိန်းမ တချို့ ဘဝ ပျက်မတတ်ဖြစ်တတ်ကြပါတယ်….အမှန်က ပျော်ရမှာပါလက်ခုပ်တီးပြီးကို ကျေနပ် ဝမ်းမြောက်စွာပျော်နေရမှာပါ…. ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့ အတွက် ကိုယ့် တန်ဖိုး နားမလည်တဲ့လူရဲ့ ဘေးနားမှာနေပြီး …. အဓိပ္ပါယ်မဲ့ ဖြတ်သန်းရ ခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝ ကိုလွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်… တခါက ဘုရင်ကြီး တစ်ပါးမှာ သမီး(၃)ယောက် ရှိသတဲ့….ဘုရင်ကြီးက သမီးတော် တို့ ဒီလိုနေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ …. သမီးအကြီး … Read more