ဒီည အားလား…ကျမ ဒီနေ့ စိတ်တွေတအား ထကြွနေလို့သိလား

သေးထွက်အောင် ရီရမယ့် ဟာသ ၃ ပုဒ် ဒီည အားလား သူမ သည် ခေတ်ဆန်၏။ချော၏။လှ၏။ကိတ်၏။ ပုရိသ များအား ဖမ်းစားနိုင်သူဟု ဆိုနိုင်၏။ သူမ သည် ကျနော့် အိမ်နှင့် မျက်နှာချင်းဆိုင် တိုက်တွင် တစ်ကိုယ်တည်းနေသော အပျိုချော ဖြစ်၏။ တစ်နေ့ ညနေခင်းတွင် ကျနော် အိမ်ရှေ့ထိုင်ခုံ၌ ထိုင်နေတုန်း သူမ အိမ်ပြန်လာတာကို ငေးကြည့်နေမိသည်။ ငေးကြည့်နေစဉ် ထူးထူးခြားခြား ကျနော် ထိုင်နေရာဆီကို တန်းတန်းမက်မက် လျှောက်လာနေတော့ ကျနော် အံ့သြနေရင်း… အနားရောက်တော့ သူမ က နူးညံတဲ့ အပြုံးတပွင့် ဖြင့် ကျနော့်ကိုနှုတ်ဆက်သည်။ ကျနော်လည်း ပျာပျာသလဲနှင့် မက်တပ် ရပ်လိုက်၍ သွားဖြီးကာ ပြန် နှုတ်ဆက်လိုက်သည်။ သူမက “ကျမ … Read more

လိုအပ်တဲ့ မိန်းမ တွေစီကို အငှါးလိုက်တဲ့ ယောက်ျား တစ်ယောက်အကြောင်း

လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ် ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။ အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ ၏နှုတ်ခမ်း များ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။ ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် … Read more

ဒီအလုပ် (၇) မျိုးကို လုပ်ပေးတဲ့ မိန်းမကို ဘယ်ယောက်ျားလေးမှ မရိုးမအီဘူး

ယောက်ျားရဲ့ အချစ်မေတ္တာတွေ ကိုယ့်တစ်ယောက်တည်းဆီမှာပဲ မြဲနေစေချင်လား … လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။ ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။ … Read more

အမျိုးသားတွေအနေနဲ့ ကိုယ့်ကောင်မလေးဆီမှာ ရှိစေချင်တဲ့ အရည်အချင်း (၆) ချက်

ခုခေတ်မှာ ပြီးပြည့်စုံတဲ့ ချစ်သူရည်းစားမျိုးကို လိုက်ရှာနေရင်တော့ တွေ့မယ်မထင်ပါဘူး။ ခုလက်ရှိကိုယ့်ရည်းစားက တော်တော်လေးကို ချစ်စရာကောင်းသလို ကိုယ်နဲ့လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကို ခုအခြေအနေနဲ့ နည်းနည်းကွဲပြားတဲ့ အရည်အချင်းတစ်ချို့ကို ပိုင်ဆိုင်စေချင်ကြပါတယ်။ ဘယ်လိုအရည်အချင်းမျိုးတွေလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်။ ၁။ဘာမဟုတ်တာလေးတွေကို ပွစိပွစိပြောပြီး ရန်မရှာတတ်တာမျိုး မိန်းကလေးတော်တော်များများဟာ သူတို့စိတ်အလိုမကျတော့ဘူးဆိုရင် သွား လာမထိနဲ့၊ စိတ်ဆိုးနေတယ်လို့ ပြောပြီး မကျေနပ်ချက်တွေကို ပွစိပွစိ လုပ်တတ်ကြပါတယ်တဲ့။ တည်ငြိမ်ပြီးရင့်ကျက်တဲ့ မိန်းကလေး အနည်းငယ်ကတော့ မြင်သမျှအရာတိုင်းကို ပြသနာမလုပ်တတ်သလို တကယ်ပြသနာတွေကိုမှ မျက်နှာချင်းဆိုင် ဖြေရှင်းတတ်ကြတာမျိုးပါ။ ၂။အရာအားလုံးကို မမှီခိုနေတတ်တာမျိုး ငွေရေးကြေးရေအရရော၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုတွေအရရော အမျိုးသားတွေဟာ ကိုယ့်ချစ်သူက ကိုယ့်ကို မှီခိုတာမျိုးကို သဘောကျကြတယ်လို့ ထင်ပါလိမ့်မယ်။ အမှန်တော့ ရေရှည်မှာ ကိုယ့်ရဲ့စဉ်းစာဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အားကိုယ့်ကိုးတဲ့ … Read more

သင့်ကိုမချစ်တဲ့လူကို တသသဖြစ်နေဖို့ မတန်ပါဘူး

မိတ်ဆွေတစ်ယောက်က ဒီလိုရေးထားတယ်… “တကယ်လို့ သူငယ်ချင်းတွေသာ အစမဖော်ရင် နင့်ကို ငါချစ်ခဲ့ဖူးတယ်ဆိုတာကိုတောင် ငါမေ့သွားတယ်။ အဲဒီတုန်းက နင့်ကို ငါမခွဲနိုင်ဘူးလို့ ထင်ခဲ့မိတယ်။ နင့်အတွက်နဲ့ အိမ်ကမိသားစုနဲ့ ငါရန်ဖြစ်ရတယ်။ အခုတော့လည်း နင်ထားခဲ့တဲ့ငါဟာ ကောင်းကောင်းမွန်မွန်ရှင်သန်နေတာပဲ မဟုတ်လား။ တကယ်တော့ အချစ်က ထူးဆန်းအံ့သြဖွယ်ရာမဟုတ်ပါဘူး။ ငါတို့ မေ့ပစ်ချင်တဲ့အချိန်မှာ သူ့အလိုလိုမေ့သွားတာပါပဲ” ကျွန်မတို့ဟာ အချစ်ကို အလွန်အကျွံခန့်မှန်းခဲ့ကြတယ်။ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်တာနဲ့ ကိုယ့်ကမ္ဘာကြီးပြိုလဲသွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါကြောင့် သံယောဇဉ်ကမ္ဘာမှာ ကျွန်မတို့ဟာ သတိလက်ကိုင်ထားရတယ်။ အမှားလုပ်မိမှာ၊ စကားမှားမှာ သိပ်ကြောက်ခဲ့တယ်။ တစ်ဘက်လူက ကိုယ့်ကိုနာကျင်ထိခိုက်အောင်လုပ်လည်း ခွင့်လွှတ်သည်းခံခဲ့တယ်။ အချစ်ရဲ့ခါးသီးမှုဒဏ်ခံရည်ဝမှ သူမရှိတဲ့အခါ ကိုယ်ရှင်သန်ရ ပိုလွတ်လပ်ပေါ့ပါးတယ်ဆိုတာကို ကျွန်မတို့သိလာရတယ်။ ညနက်သန်းခေါင်ထပြီး သူ့မက်ဆေ့ကို ကိုယ်ပြန်စရာမလိုတော့ဘူး။ သူ့စိတ်အလိုကျအောင် သင်အစွမ်းကုန် လိုက်လျောစရာမလိုတော့ဘူး။ သူ့စိတ်ခံစားချက်ကောင်းအောင် ကိုယ့်ကိုယ်ကိုယ်ဖိနှိပ်ထားစရာမလိုတော့ဘူး။ … Read more

ယောက်ျား တွေကို ကျဆုံးစေသော မိန်းကလေးတို့၏ အပြုအမူများ….!

ယောက်ျား တွေကို ကျဆုံးစေသော မိန်းကလေးတို့၏ အပြုအမူများ….! ယောက်ျား နဲ့ မိန်းမ အတူပေါင်းသင်းတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အနုပညာတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ ဒီလိုပေါင်းသင်းရာမှာ ကိုယ့်ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် သူ့ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အတိုက်အခိုက်တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ မျက်စောင်းတစ်ချက်၊ အပြုအမှုတချို့က ယောက်ျားတွေကို အံကြိတ်စေနိုင်ခဲ့တယ်။ သင်ရဲ့ အိမ်ကြီးရှင်မမှာ အောက်က ယေဘုယျအချက်တွေ ရှိပါသလား? (၁) ချိန်းတွေ့ချိန် တမင်နောက်ကျခြင်း “ချိန်းတွေ့ချိန် နောက်ကျခြင်းအနုပညာ”ကို ဘယ်အချိန်ကစပြီး မိန်းကလေးတွေ နှစ်သက်ခဲ့မှန်းမသိပါဘူး။ ယောက်ျားလေးရဲ့ စိတ်ရှည်သည်းခံနိုင်မှုအပေါ် လိုက်ပြီး ချိန်းထားချိန်နဲ့ (၅)မိနစ်၊ (၁ဝ)မိနစ်ထိ တချို့က ဒီထက်ပိုနောက်ကျတတ်ကြပြီး …. ကိုယ့်အပေါ်ထားတဲ့ ယောက်ျားလေးရဲ့ခံစားချက်ကို စမ်းသပ်ခဲ့ကြတယ်။ယောက်ျားလေး စိုးရိမ်တဲ့အထိ၊ စိတ်ပူတဲ့အထိ ပြီးတော့ စိတ်တိုတဲ့အထိ … Read more