Zawgyi ျဖင့္ဖတ္ရန္ ခ်စ္တယ္လို႔ေျပာတာကတေယာက္ေယာက္ကိုဂ႐ုစိုက္တယ္ဆိုတာေျပာျပဖို႔အလြယ္ဆုံးနည္းျဖစ္ေပမယ့္အဲဒီတနည္းပဲရွိတာေတာ့မဟုတ္ပါဘူး။ခံစားခ်က္ေတြေဖာ္ျပတာကတေယာက္နဲ႔တေယာက္မတူပါဘူး။တခ်ိဳ႕ကစကားလုံးေတြသုံးၿပီးတခ်ိဳ႕ကအျပဳအမူနဲ႔ျပပါတယ္။သင့္ရဲ႕လက္တြဲေဖာ္ကသင့္ကိုလုပ္ျပတဲ့အျပဳအမူေတြကေဒါသထြက္စရာစိတ္ပ်က္စရာေတြလဲျဖစ္ႏိုင္ပါတယ္။ BrightSideကသင့္ခ်စ္ရတဲ့လူေတြလုပ္ျပတဲ့အျပဳအမူေတြကဘာကိုဆိုလိုလဲဆိုတာေျပာစရာမလိုေအာင္သိဖို႔နည္း ၆နည္းကိုေဖာ္ျပထားပါတယ္။ ၁။သင္ေျပာတာေတြကိုကိုယ္ပိုင္ဒိုင္ယာရီလိုနားေထာင္တယ္။ သင့္ရဲ႕လက္တြဲေဖာ္ကသင့္ေျပာတဲ့ေပ်ၚစရာေကာ၊ဝမ္းနည္းစရာေကာကိုနားေထာင္ၿပီးႏွစ္သိမ့္ေပးတတ္တယ္ဆိုရင္၊သူတို႔ကနားေထာင္ေပး႐ုံတင္မဟုတ္ဘဲသင့္တို႔ဆက္ဆံေရးရဲ႕ယုံၾကည္မႈကိုပါတန္ဖိုးထားေနတယ္လို႔ျပတာပါ။သင့္ရဲ႕လက္တြဲေဖာ္ဆက္ဆံေရးကိုပိုခိုင္မာၿပီး႐ိုးသားမႈရွိလာေအာင္လုပ္ေနတာပါ။ ၂။သင့္ရဲ႕အခြၽဲအႏြဲ႕ေတြကိုႀကိဳက္တယ္။ သင္ခ်စ္မိသြားတဲ့အခါမွာခြၽဲႏြဲ႕ရတာလဲဆက္ဆံေရးတခုမွာေပ်ာ္စရာပါပဲ။သင့္လက္တြဲေဖာ္ကသင့္ကိုခြၽဲရတာႀကိဳက္တယ္ဆိုရင္သင္နဲ႔ရွိေနတဲ့အခ်ိန္ကိုပိုေကာင္းေစခ်င္ၿပီးတန္ဖိုးထားတယ္ဆိုတဲ့သေဘာပါ။အဲဒါတင္မကပါဘူး။နဖူးကိုနမ္းျခင္းနဲ႔အေနာက္ကသိုင္းဖက္ျခင္းေတြကစကားလုံးေတြမပါဘဲသင္ကအေရးႀကီးေၾကာင္းကိုျပေနတာပါ။ ၃။သင့္ရည္မွန္းခ်က္ေတြေအာင္ျမင္ေအာင္တြန္းအားေပးတယ္။ ဆက္ဆံေရးတခုဆိုတာကသင္တို႔အခ်ိန္ေတြထပ္တူက်တာမဟုတ္သလိုတေနကုန္စာပို႔ေနလို႔လဲမရပါဘူး။ေန႔တေန႔ကုန္သြားရင္မတူတဲ့ရည္မွန္းခ်က္နဲ႔အိမ္မက္ေတြအတြက္ရွင္သန္ၾကတာပါ။သင့္လက္တြဲေဖာ္ကအိမ္မက္ေတြေအာင္ျမင္ဖို႔တြန္းအားေပးၿပီးသူ႔ကိုအာ႐ုံမစိုက္တာကိုအထြန႔္မတက္ဘူးဆိုရင္ေတာ့သူကသင့္ရဲ႕ကိုယ္ပိုင္အခ်ိန္ကိုတန္ဖိုးထားတာပါ။သင့္ရဲ႕လက္တြဲေဖာ္မွာလဲသူ႔ရဲ႕ကိုယ္ပိုင္အိမ္မက္ကိုအေကာင္အထည္ေဖာ္ဖို႔အခြင့္အေရးရွိတာကိုနားလည္ျခင္းကရင့္က်က္မႈနဲ႔အခ်စ္စစ္ပါပဲ။ ၄။သင့္ကိုအိမ္မွာကူညီတယ္။ သင့္လက္တြဲေဖာ္ကအဝတ္ေလွ်ာ္တာနဲ႔တျခားအိမ္အလုပ္ေတြကိုလုပ္ရတာမညည္းညဴဘူးဆိုရင္သင့္ကိုတူညီတဲ့တန္ဖိုးရွိတယ္လို႔သေဘာထားၿပီးမွ်ေဝခံစားတာပါ။ဆက္ဆံေရးတခုမွာသာတူညီမွ်စိတ္ရွိတဲ့သူကိုရွာဖို႔အရမ္းခက္တဲ့အတြက္အဲလိုလူကိုေတြ႕ရင္လက္မလႊတ္ပါနဲ႔။ ၅။သူတို႔ခ်စ္ရတဲ့တျခားလူေတြကိုသင့္အေၾကာင္းေျပာဖို႔ဝန္မေလးဘူး။ အရွင္းဆုံးလကၡဏာကေတာ့သင့္လက္တြဲေဖာ္ကမိသားစုနဲ႔ပတ္ဝန္းက်င္ကလူေတြကိုသင့္အေၾကာင္းမဖုံးထားတာပါပဲ။သင္တို႔ပတ္သတ္မႈအေၾကာင္းတျခားသူကိုေျပာဖို႔ဝန္မေလးဘူးဆိုရင္ေတာ့သူတို႔ကသင္နဲ႔ထားတဲ့ကတ္ေတြကိုတန္ဖိုးထားတယ္ဆိုတာနဲ႔အနာဂတ္ကိုသင္နဲ႔သြားမယ္လို႔ဆိုလိုတာပါ။ ၆။သင္တို႔ႏွစ္ေယာက္အျပင္သြားတဲ့အခ်ိန္တိုင္းလက္ခ်ိတ္ထားတယ္။ လူၾကားထဲမွာေတာင္လက္ခ်ိတ္သြားေနတာကလဲအဆင္ေျပပါတယ္။အဲဒါကိုအနီကတ္လို႔သေဘာထားရင္ရပါၿပီ။သင္တို႔ႏွစ္ေယာက္ပတ္သတ္ေနတယ္ဆိုတာတျခားသူေတြကိုျပေနတာပါ။အဲဒါေၾကာင့္လူၾကားထဲမွာေတာင္သင္နဲ႔ခပ္ခြာခြာမေနႏိုင္ျဖစ္ေနတာပါ။ Writer -Min Thu ( XYZ NEWS ) Unicode ဖြင့်ဖတ်ရန် သင့်ကို တန်ဖိုးထား၊ မထား ဆိုတာသိနိုင်တဲ့ သင့်လက်တွဲဖော်ရဲ့အပြုအမူများ ချစ်တယ်လို့ပြောတာကတယောက်ယောက်ကိုဂရုစိုက်တယ်ဆိုတာပြောပြဖို့အလွယ်ဆုံးနည်းဖြစ်ပေမယ့်အဲဒီတနည်းပဲရှိတာတော့မဟုတ်ပါဘူး။ခံစားချက်တွေဖော်ပြတာကတယောက်နဲ့တယောက်မတူပါဘူး။တချို့ကစကားလုံးတွေသုံးပြီးတချို့ကအပြုအမူနဲ့ပြပါတယ်။သင့်ရဲ့လက်တွဲဖော်ကသင့်ကိုလုပ်ပြတဲ့အပြုအမူတွေကဒေါသထွက်စရာစိတ်ပျက်စရာတွေလဲဖြစ်နိုင်ပါတယ်။ BrightSideကသင့်ချစ်ရတဲ့လူတွေလုပ်ပြတဲ့အပြုအမူတွေကဘာကိုဆိုလိုလဲဆိုတာပြောစရာမလိုအောင်သိဖို့နည်း ၆နည်းကိုဖော်ပြထားပါတယ်။ ၁။သင်ပြောတာတွေကိုကိုယ်ပိုင်ဒိုင်ယာရီလိုနားထောင်တယ်။ သင့်ရဲ့လက်တွဲဖော်ကသင့်ပြောတဲ့ပျေါ်စရာကော၊ဝမ်းနည်းစရာကောကိုနားထောင်ပြီးနှစ်သိမ့်ပေးတတ်တယ်ဆိုရင်၊သူတို့ကနားထောင်ပေးရုံတင်မဟုတ်ဘဲသင့်တို့ဆက်ဆံရေးရဲ့ယုံကြည်မှုကိုပါတန်ဖိုးထားနေတယ်လို့ပြတာပါ။သင့်ရဲ့လက်တွဲဖော်ဆက်ဆံရေးကိုပိုခိုင်မာပြီးရိုးသားမှုရှိလာအောင်လုပ်နေတာပါ။ ၂။သင့်ရဲ့အချွဲအနွဲ့တွေကိုကြိုက်တယ်။ သင်ချစ်မိသွားတဲ့အခါမှာချွဲနွဲ့ရတာလဲဆက်ဆံရေးတခုမှာပျော်စရာပါပဲ။သင့်လက်တွဲဖော်ကသင့်ကိုချွဲရတာကြိုက်တယ်ဆိုရင်သင်နဲ့ရှိနေတဲ့အချိန်ကိုပိုကောင်းစေချင်ပြီးတန်ဖိုးထားတယ်ဆိုတဲ့သဘောပါ။အဲဒါတင်မကပါဘူး။နဖူးကိုနမ်းခြင်းနဲ့အနောက်ကသိုင်းဖက်ခြင်းတွေကစကားလုံးတွေမပါဘဲသင်ကအရေးကြီးကြောင်းကိုပြနေတာပါ။ ၃။သင့်ရည်မှန်းချက်တွေအောင်မြင်အောင်တွန်းအားပေးတယ်။ ဆက်ဆံရေးတခုဆိုတာကသင်တို့အချိန်တွေထပ်တူကျတာမဟုတ်သလိုတနေကုန်စာပို့နေလို့လဲမရပါဘူး။နေ့တနေ့ကုန်သွားရင်မတူတဲ့ရည်မှန်းချက်နဲ့အိမ်မက်တွေအတွက်ရှင်သန်ကြတာပါ။သင့်လက်တွဲဖော်ကအိမ်မက်တွေအောင်မြင်ဖို့တွန်းအားပေးပြီးသူ့ကိုအာရုံမစိုက်တာကိုအထွန့်မတက်ဘူးဆိုရင်တော့သူကသင့်ရဲ့ကိုယ်ပိုင်အချိန်ကိုတန်ဖိုးထားတာပါ။သင့်ရဲ့လက်တွဲဖော်မှာလဲသူ့ရဲ့ကိုယ်ပိုင်အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အခွင့်အရေးရှိတာကိုနားလည်ခြင်းကရင့်ကျက်မှုနဲ့အချစ်စစ်ပါပဲ။ ၄။သင့်ကိုအိမ်မှာကူညီတယ်။ သင့်လက်တွဲဖော်ကအဝတ်လျှော်တာနဲ့တခြားအိမ်အလုပ်တွေကိုလုပ်ရတာမညည်းညူဘူးဆိုရင်သင့်ကိုတူညီတဲ့တန်ဖိုးရှိတယ်လို့သဘောထားပြီးမျှဝေခံစားတာပါ။ဆက်ဆံရေးတခုမှာသာတူညီမျှစိတ်ရှိတဲ့သူကိုရှာဖို့အရမ်းခက်တဲ့အတွက်အဲလိုလူကိုတွေ့ရင်လက်မလွှတ်ပါနဲ့။ ၅။သူတို့ချစ်ရတဲ့တခြားလူတွေကိုသင့်အကြောင်းပြောဖို့ဝန်မလေးဘူး။ အရှင်းဆုံးလက္ခဏာကတော့သင့်လက်တွဲဖော်ကမိသားစုနဲ့ပတ်ဝန်းကျင်ကလူတွေကိုသင့်အကြောင်းမဖုံးထားတာပါပဲ။သင်တို့ပတ်သတ်မှုအကြောင်းတခြားသူကိုပြောဖို့ဝန်မလေးဘူးဆိုရင်တော့သူတို့ကသင်နဲ့ထားတဲ့ကတ်တွေကိုတန်ဖိုးထားတယ်ဆိုတာနဲ့အနာဂတ်ကိုသင်နဲ့သွားမယ်လို့ဆိုလိုတာပါ။ ၆။သင်တို့နှစ်ယောက်အပြင်သွားတဲ့အချိန်တိုင်းလက်ချိတ်ထားတယ်။ လူကြားထဲမှာတောင်လက်ချိတ်သွားနေတာကလဲအဆင်ပြေပါတယ်။အဲဒါကိုအနီကတ်လို့သဘောထားရင်ရပါပြီ။သင်တို့နှစ်ယောက်ပတ်သတ်နေတယ်ဆိုတာတခြားသူတွေကိုပြနေတာပါ။အဲဒါကြောင့်လူကြားထဲမှာတောင်သင်နဲ့ခပ်ခွာခွာမနေနိုင်ဖြစ်နေတာပါ။ Writer -Min Thu ( XYZ NEWS )