အမျိုးသား တွေ တန်ဖိုးအထားဆုံး ကိုယ့်ချစ်သူကောင်မလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဟာ ဘာတွေဖြစ်မလဲ

အမျိုးသား တွေ တန်ဖိုးအထားဆုံး ကိုယ့်ချစ်သူကောင်မလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဟာ ဘာတွေဖြစ်မလဲ မိန်းကလေး တော်တော်များများဟာ ကိုယ့်ရဲ့ပင်ကိုယ်အလှထက် အတုတွေတပ်၊ ပြုပြင်ထားတဲ့ အရာတွေကိုမှ ပိုပြည့်စုံလှပသွားတယ်လို့ ထင်တတ်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ကတော့ ပြုပြင်ထားတဲ့ အလှထက် ကိုယ့်ချစ်သူရဲ့ ပင်ကိုယ်အလှကိုသာ ပိုမြတ်နိုးတတ်ကြတာပါ။ တစ်ခါတစ်လေ ကိုယ်က ဆံပင်တပ်ဖို့ စဉ်းစားနေတုန်း၊ Big Eyeတွေတပ်ဖို့ လုပ်နေတုန်း ကိုယ့်ချစ်သူကောင်လေးက အဲ့ဒါတွေတပ်မထားလည်း ချစ်က လှပြီးသားဆိုပြီး ပြောတာကြားဖူး ကြမှာပါ။ ဒါတွေကို မလုပ်ဖို့၊ မဆင်မြန်းဖို့ သူတို့တားလိုက်တဲ့အခါ ကိုယ့်ချစ်သူ ကောင်မလေး စိတ်ခုသွားမှာစိုးလို့သာ သူတို့မတားကြတာပါ။ အမှန်တော့ အဲ့ဒီအတုအယောင်တွေကို သူတို့ မလိုလားကြပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သူတို့ စိတ်ရှုပ်ကြရတယ်ဆိုတာ မယုံမရှိပါနဲ့။ ပလတ်စတစ်ဆာဂျရီ လုပ်တာမျိုးဆို ပိုလို့တောင် ဆိုးပါသေးတယ်။ ဒီတော့ … Read more

မိန်းကလေး တွေဟာ ဘယ်အချိန်မှာ ကိုယ့်ရည်းစားနဲ့ လမ်းခွဲတတ်ကြသလဲ…

မိန်းကလေး တွေဟာ ဘယ်အချိန်မှာ ကိုယ့်ရည်းစားနဲ့ လမ်းခွဲတတ်ကြသလဲ… ချစ်တော့ချစ်တယ်။ ဒါပေမယ့် တချို့သော အခြေအနေတွေမှာ လက်လွှတ်လိုက်တာက ပိုကောင်းတယ်။ – အထီးကျန်လာရင် ကိုယ်ချစ်ရတဲ့ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန်နေတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ တစ်ယောက်တည်းနေရတာ များလာတဲ့အခါ နေသားကျသွားတတ်ပြီး ရှိနေတဲ့ချစ်သူကိုလည်း မလိုအပ်တော့ဘူးလို့ ထင်လာပါတယ်။ – အသိအမှတ်ပြုမခံရရင် အပြင်တွေဘာတွေသွားတဲ့အခါ လက်မကိုင်ဖြစ်တာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ရင် ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးတာ မခံရတာတွေဟာ ဝေးကွာခြင်းရဲ့ အစပါပဲ။ – ခန့်မှန်းရလွယ်နေရင် မိန်းကလေးတွေဟာ သံသယများတတ်တယ် ဆိုတာ သိပြီးသားဖြစ်ကြမှာပါ။ ရှေ့ကို ကြိုမြင်နိုင်စွမ်းလည်းရှိပါတယ်။ ခန့်မှန်းနိုင်ကြတယ်ပေါ့။ ကိုယ့်ချစ်သူ ဘယ်အကွက်ရွှေ့နေတယ်ဆိုတာ မိန်းကလေးတိုင်းသိပါတယ်။ ငါ့ကောင်မလေးက ငါဘာလုပ်လုပ်မသိပါဘူးလို့ ထင်နေတဲ့ …. ယောက်ျားလေးတွေဟာ ငတုံးတွေချည်းပါပဲ။ မိန်းကလေးတိုင်း သိပါတယ်။ … Read more

ရင်သား သေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့ ( ယောင်္ကျားလေးများ မဖတ်ရန် )

မိန်းကလေးတွေအတွက် ရင်သား အလှဟာ အရေးကြီးတယ်လို့ထင်တာ ယောင်္ကျားတွေအတွက်လား။ အဲဒီလိုတွေးလို့လဲ မရပြန်ပါ။ မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ်ဆိုရင်လည်း မမှားပါ။ ဒါပင်မဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရင်သားကသေးခဲ့ရင်ကောင်း ကောင်းချက်တွေရှိပါတယ်။ ( ၁ )ယောင်္ကျားလေးတွေနဲ့စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးတွေကို ဂရုစိုက်စရာမလိုပါ။ ( ၂ ) ကားစီးတဲ့အခါ ခါးပတ်ပတ်ရင်လည်း သာသာယာယာပါပဲ။ ( ၃ )ချစ်စရာကောင်းတဲ့ အတွင်းခံလေးတွေကို ကြိုက်တာရွေးနိုင်တယ်။ ( ၄ )ပတ်ဝန်းကျင်ကလဲ သူလေးက လိမ္မာတဲ့ကလေးလို့ အသိအမှတ်ပြုနိုင်ပါတယ်။ ( ၅ ) Gym သွားကစားတော့လည်း ပေါ့ပေါ့ပါးပါး သွားကစားနိုင်တယ်။ ( ၆ )စားရင်းသောက်ရင်း အမှတ်မထင် ပါးစပ်ကနေကျသွားရင်လည်း အင်္ကျီပေစရာ အကြောင်းမရှိပါ။ ( … Read more

ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ(လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)

စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။ ဒူးနာပျောက်တဲ့ဆေးနည်း ​ ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ်…။ ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်…. ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ….. ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် ….. ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ ….. ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ … Read more

မျိုသိပ်လို့  မရအောင် ပေါက်ကွဲသွားတဲ့ နေ့ ကတော့ နဂါးတစ်ကောင်လို ဖြစ်သွားတတ်တဲ့ စနေ

မျိုသိပ်လို့  မရအောင် ပေါက်ကွဲသွားတဲ့ နေ့ ကတော့ နဂါးတစ်ကောင်လို ဖြစ်သွားတတ်တဲ့ စနေ သူတို့ ဟာ တကယ်စိတ်ကြီးပါတယ်။ ပြောရမယ်ဆိုရင် လူမှုရေးတင်မက အချစ်ရေးမှာပါ စိတ်ကြီးတာပါ။သူတို့ ရဲ့ ချစ်သူကို သ၀န်အရမ်းတိုတဲ့အပြင် အရမ်းလဲသံသယများတတ်ပါတယ်။ ဒါပေမဲ့လဲ ဘယ်သူ့ ကိုမှ ဖွင့်မပြောတတ်တော့ သူတို့ ဘာသာသူတို့ ခံစားပြီး ဘယ်သူမှမသိအောင် တိတ်တိတ်လေးမျက်ရည်ကျတတ်ကြပါတယ်။နောက်ဆုံး သူတို့ မျိုသိပ်လို့ မရအောင် ပေါက်ကွဲသွားတဲ့နေ့ ကတော့ တကယ်ကိုနဂါးတစ်ကောင်လို ကြောက်ဖို့ ကောင်းတာပါပဲ။ အချိန်လေးနည်းနည်းကြာသွားရင်တော့ ခုနက သူမဟုတ်တဲ့အတိုင်းပဲ ပြန်ပြီးစိတ်ပြေသွားတတ်ပါတယ်။သူတို့ က စိုးရိမ်စိတ်လဲအရမ်းကြီးပါတယ်။ တစ်ခုခုဆို အဆုံးထိတွေးပစ်လိုက်တာပါပဲ။ အဆုံးထိဆိုတာကလဲ ကောင်းတဲ့ဘက်ကိုမဟုတ်ပဲ မကောင်းတဲ့ဘက်ကိုတွေးလိုက် တာပဲဖြစ်ပါတယ်။သူတို့ ချစ်သူ/လင်ယောကျာ်းကိုတော့ ဘယ်အရွယ်ပဲရောက်နေရောက်နေ ချွဲတတ်ပြီး အချစ်ကြီးတာကတော့ လူတိုင်းလက်ခံရတဲ့အချက်ပါပဲ။ သူတို … Read more

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ် လိုက်ပါ

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ် လိုက်ပါ ငါး အရိုး ဆူးလျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ ။ တစ်ခါတရံ ခဏ လေးနဲ့ ပျောက်သွား တတ်ပေမယ့်အခန့် မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်း ကနေ ခွဲထုတ်ရတဲ့ အထိ ဖြစ်တတ် ကြပါတယ် …။ ဒါ့ကြောင့် ငါးအရိုးမဆူးလျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ် တွင်း ကုထုံးလေး များကို ရသမျှ စုစည်း၍ တင်ပေး လိုက်ပါတယ် ။ကိုယ်နဲ့ အဆင်ပြေရာ နည်းကို ပြုလုပ် နိုင်ကြပါတယ် … ။ ( ၁ ) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ … Read more

လာမယ့်အပတ်မှာ အအေးလှိုင်းလက္ခဏာတွေ စတင်လာတော့မယ်

လာမယ့်အပတ်မှာ အအေးလှိုင်းလက္ခဏာတွေ စတင်လာတော့မယ် (မိုးလေဝသပညာရှင် ဦးချစ်ကျော်) နိုဝင်ဘာလ ၉ ရက်မှ ၁၆ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ဒီလာမယ့် ရက်သတ္တပါတ်က ဆောင်းလက္ခဏါကို ပြသလာမယ့် ရက်သတ္တပါတ် ဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်ဆောင်းဦးကာလလို မဟုတ်ဘဲ မြူထူတဖြိုက် မိုးတဖြိုက် နဲ့ မိုးမကင်းတဲ့ ဆောင်းရာသီဦး ကိုခံစားရမှာဖြစ်ပါတယ်။ ဒါက လာနီညာလို့ခေါ်တဲ့ (အေးပြီးစိုစွတ်သော အစွန်းရောက် ရာသီဖေါက်ပြန်မှု)ရဲ့ အာရှတိုက်ပေါ် အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ တောင်သူတွေ ဆားသမားတွေ ရေလုပ်သားတွေ သိစေလိုတာက ဒီလို လာနီညာ သက်ရောက်မှုရှိတဲ့ ဆောင်းကာလက မြန်မာနိုင်ငံမှာ လေပွေလှိုင်းတွေ …. မုန်တိုင်းငယ်တွေ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကနေ မိုးတွေ ၁၀ ရက်တခါ ၁၅ ရက်တခါ မြန်မာအောက်ပိုင်း အလယ်ပိုင်းအထက်ပိုင်းတွေကို … Read more