သင်… ဘယ်လမှာ မွေး တာလဲ.. ? (အရမ်းမှန်တယ်နော်…ဖတ်ကြည့်လိုက် )

သင်… ဘယ်လမှာ မွေး တာလဲ.. ? January မွေးဖွားသူတွေဟာ…. – ရိုးသားဖြောင့်မတ် မှန်ကန်သူများဖြစ်ကြသည်။ – အစွဲလမ်းကြီးကျသလို အနစ်နာခံချစ်တတ်ကြသည်။ – သစ္စာကြီးကြသည်။ -အမြင်ကျယ်သူများဖြစ်ကြပြီး မေတ္တာရေးတွင် လေးနက်သူများဖြစ်သည်။ February မွေးဖွားသူတွေဟာ…. – အေးအေးဆေးဆေးနေတတ်သူများ ဖြစ်ကြသည်။ -အလွန်နားလည်ခွင့်လွှတ်တတ်သော မေတ္တာရှင်များဖြစ်ကြသည် ။ – အေးလွန်းတဲ့သူများဖြစ်၍ မချစ်တတ်သူ…ရေခဲတုံးများဟု အထင်ခံကြရသည် ။ – ရှက်တတ်သူများလည်း ဖြစ်သည် ။ March မွေးဖွားသူတွေဟာ….. – သံယောဇဉ်ကြီးမားသူများဖြစ်ပြီး အချော့ကြိုက် အပျော့ကြိုက်သူများဖြစ်သည် ။ – မိသားစု သူငယ်ချင်းတွေပေါ် အရမ်းတွယ်တာသည် ။ – သစ္စားတရားကြီးမားသူများဖြစ်ပြီး မိမိရဲ့စကားတစ်ခွန်းကို တန်ဖိုးထား တာဝန်ယူတတ်သူများဖြစ်ကြသည် ။ April မွေးဖွားသူတွေဟာ….. … Read more

ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရပါပြီ ( အရမ်းမှန်တယ်နော် )

ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရတဲ့နည်း မိန်းကလေး ပဲ ဖြစ်ဖြစ် ၊ ယောက်ျားလေး ပဲ ဖြစ်ဖြစ် ..ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရပါတယ်။ ဒီနည်းလမ်းလေး ဟာ နာမည်ကျော် ဗေဒင် ဆရာ စံဇာဏီဘို ရဲ့ တွက်ချက်နည်း ၊ နည်းလမ်းလေး နဲ့ အကျိုးဆက်ကို ရယူထားတာ ဖြစ်ပါတယ်။ သူ ရဲ့ မွေးနေ့သက္ကရာဇ်အားလုံးပေါင်းကြည့် ၊နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေဖြစ်ပါတယ်။ ဥပမာ…..သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ 23 + 4 + 1991 + 14 + 7 … Read more

အပျို၊ အအို၊ တစ်ခုလပ်များကိုယ့်ရဲ့ ဖူးစာရှင်က ကိုယ့်အပေါ် တကယ်ချစ်မချစ် စမ်းသပ်နည်း(မိန်းကလေးများ သီးသန့်ဖတ်ရန်)

အပျို၊ အအို၊ တစ်ခုလပ်များ ကိုယ့်ရဲ့ ဖူးစာရှင်က ကိုယ့်အပေါ် တကယ်ချစ်မချစ် စမ်းသပ်နည်း(မိန်းကလေးများ သီးသန့်ဖတ်ရန်) လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်… ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နေ… အဆင့်(၁) ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ… အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ် ဗျည်း ကိုသာယူပါတယ်..။ အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း အ ၊ ဥ ၊သြ ၁ က ခ ဂ ဃ … Read more

ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခု

အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။ စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ( ၁ ) လေးစားမှု လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့ လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုလေးစားမှု မပြနိုင်ရင်တောင် … Read more

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

လာဘ်ပွင့် စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့် အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူး တွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ … Read more

ပထမဆုံးချိန်းတွေ့ချိန် အမျိုးသားတွေပြောတဲ့စကားလုံးတွေထဲက သတိပြုစရာ လက္ခဏာများ

ပထမဆုံး ချိန်းတွေ့မှု ဆိုတာ အလုပ် အင်တာဗျူး တစ်ခုကို သွားဖြေရတာနဲ့တူပါတယ်။ သင့်ရဲ့အနာဂတ် မှာ အဆင်ပြေတဲ့ အချစ်ရေး တစ်ခုကိုပိုင်ဆိုင်ချင်လျှင် အိမ်ထောင်ဖက် အကြောင်းကို သေချာစေဖို့ ပိုပြီးလေ့လာဖို့ကြိုးစားပါ။ သင်သည် သူပြောတာကို ဂရုတစိုက် နားထောင် ဖို့နဲ့လိုအပ်တဲ့ အသေးစိတ် အချက်အလက် များကို အာရုံစိုက်ပေးနိုင်လျှင်ဘယ်မေးခွန်းမှ မလိုအပ်ပါဘူး။ အမျိုးသား တစ်ယောက်ရဲ့ စကား ပြောဆိုမှုမှာ မကြာခဏ ထပ်တလဲလဲ အများဆုံးပြောတဲ့ အကြောင်းအရာများကို သတိပြုပါ။ သူ့ရဲ့စကားပြောဆိုမှုမှတဆင့် သူ့အကြောင်းများကိုလေ့လာအကဲခတ်နိုင်ပါတယ်။ အဲ့ဒီမှာမှ ဒီသတိပြုစရာလက္ခဏာများက မှားယွင်းတဲ့ အိမ်ထောင်ဖက် ဖြစ်တယ်ဆိုတာကို ညွန်ပြပေးနေပါတယ်။ ၁။ သူ့ ရည်းစားဟောင်း အကြောင်း ကိုယ်နဲ့ ချိန်းတွေ့တဲ့အချိန်မှာ သူ့ ရည်းစားဟောင်း အကြောင်းကို ပြောနေပြီဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ချိန်းတွေ့မှုမှတဆင့် … Read more

အမျိုးသား များအတွက် ဆေးနည်း

ဒီတစ်ခါတော့ မက်ဆေ့ ကနေ အမေးများကြတဲ့ အမျိုးသား များအတွက် သီးသန့် ဆေးနည်း တစ်ခုကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။ သက်ကြီးရွယ်အို များ၊ အမျိုးသမီး များကတော့ ခဏသည်းခံပေးကြပါ။ ကျန်းမာရေး ဗဟုသုတ လို့ သဘောထားပေးပါ။ အားအင်ကုန်ခမ်းပြီး စိတ်မရွှင်လန်းတဲ့ အမျိုးသား များ အများအပြားရှိနေတာကို တွေ့ရပါတယ်။ ဆေးနည်း ကို တောင်းလာကြတဲ့သူလည်း များပြားနေပါတယ်။ အခုပုံထဲမှာ မြင်ရတဲ့ အပင် ကို အင်္ဂလိပ် လို Argemone Mexicana လို့ ခေါ်ပါ တယ်။ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာလို ခရာပင်လို့ခေါ်ပြီး ပင်လယ် နဲ့နီးတဲ့ နေရာ၊ ချောင်းရိုး၊ မြောင်းရိုးများမှာ ပေါက်တတ်ကြပါတယ်။ ဆူးကလေးတွေ ပါတယ်။ ဆေးနည်း (၁) … Read more

သာယာနေတဲ့ ချစ်သူ ဘဝ လေးက ဒီအမှား (၄) ခုကြောင့် ပျက်ဆီး သွားနိုင်ပါတယ်…

တစ်ချို့ သော စုံတွဲ တွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမို အောင်မြင်ကြပြီး ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘာ ပြဿနာ ကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော ၊ သင့် ချစ်သူ ကောင်လေး ပါ အတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ။ သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေရှိပါတယ်။ ၁။ သူဟာ သင့်ကို အပြည့်အ၀ မယုံကြည် ဘူးဆိုရင်။ ယုံကြည်မှု ဆိုတာဟာ ကျန်းမာ ပျော်ရွှင်တဲ့ အချစ်ရေး တိုင်းရဲ့  အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ … Read more

မိန်းကလေး တစ်ယောက် ကောင်လေး နဲ့ အိပ်ခဲ့မယ်ဆိုရင် နောက်တစ်နေ့မှာ သိစေနိုင်မယ့် လက္ခဏာများ

မိန်းကလေး တစ်ယောက် ကောင်လေး နဲ့ အိပ်ခဲ့မယ်ဆိုရင် နောက်တစ်နေ့မှာ သိစေနိုင်မယ့် လက္ခဏာများ သင့် ဘော်ဒါ တစ်ယောက် မနေ့ညက ကောင်မလေး ချောချောလေးနဲ့ တူတူ အိပ်ခွင့်ရခဲ့ရင်တော့ သိသာလွန်းနေမှာပါ။ လေလေး တစ်ချွန်ချွန်နဲ့ အကြောင်းမရှိ အကြောင်းရှာ ပြုံးနေမှာပါ။ ပြီးတော့ အတွေ့အကြုံကို မနေနိုင် မထိုင်နိုင် သင့်ကိုလာပြောပြနေမှာပါ။ ဒါပေမယ့် မိန်းမ တွေ ဆိုရင်ရော?? သင်ဘားမှာတွေ့တဲ့ မိန်းကလေး၊ လုပ်ဖော်ကိုင်ဖက် ကောင်မလေး၊ Gym က ချိတ်တိတ်တိတ်ဖြစ်နေတဲ့ ကောင်မလေး၊ သူတို့ မနေ့ညက ဆက်ဆံခဲ့ရင် သင် ဘယ်လို သိပါမလဲ?? ဆံပင်ကောက်နေတာလား?? Bite Mark တွေလား?? အဲဒီ ရုပ်ရှင်ထဲက လက္ခဏာ တွေဟာ တကယ်တော့ မှားနေပါသေးတယ်။ … Read more

ငါးစားသူတိုင်း သိသင့်သည့် ငါးအရိုးစူးလျှင် ပျောက်ကင်းမည့် နည်းလမ်းများ

ငါး အရိုး မျက်လျှင် အတော့်ကို ခံစားရ ခက်သည်မှာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ် ရတဲ့ အထိ ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးများကို ရသမျှ စုစည်း၍ တင်ပေးလိုက်ပါတယ်။ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ် နိုင်ကြပါတယ်။ (၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား ၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စား သွားပေ လိမ့်မည်။ (၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေ ပါသည်။ (၃) … Read more