နာမည်အစ စာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း

နာမည်အစစာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း ZawGyiဖြင့်ဖတ်ရန် လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။ A, H, I, O, Y ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး …. ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။ B, C, L, … Read more

အိုဇာတာကောင်း မကောင်းသိနိုင်မယ့် သင့်ဘယ်ဘက် လက်မလေး

အိုဇာတာကောင်း မကောင်းသိနိုင်မယ့် သင့်ဘယ်ဘက် လက်မလေး အိုဇာတာ ကောင်းပါတယ် လူတိုင်းလူတိုင်းဟာ ကံတရာကို ဘယ်သူမှရှောင်လွှဲလို့မရနိုင်ကြဘူးဆိုတာလူတိုင်းသိပြီးဖြစ်တယ်..။ ဒီကံတရာကိုလည်း ဘုရားကလွဲပြီး ဘယ်သူကမှ ကြိုတင်မမြင်နိုင်ဘူးဆိုတာလည်း လူတိုင်းလက်ခံကြလိမ့်မယ်..။ သို့သော်လည်း လူတစ်ယောက်ရဲ့ကံတရားကို အနီစပ်ဆုံး အတတ်နိုင်ဆုံး ကြိုတင်ခန့်မှန်းနိုင်တာဟာ….. ဗေဒင် နှင့် လက္ခဏာပညာရပ်ပါပဲ…။ကျွန်နော် တွေ့တဲ့ ပို့လေးတစ်ခုကတော့ လူတစ်ယောက်ဟာ အသက်ကြီးလာတဲ့အခါမှာ အိုဇာတာ ကောင်းမကောင်း ခန့်မှန်းနိုင်တဲ့ လက္ခဏာ အမှတ်အသားလို့ သိရတဲ့ အကြောင်းလေးပါ..။ အိုဇာတာ ကောင်းမှာလား မကောင်းဘူးလား ဒီမှာ ဖတ်ကြည့်သွားဗျ…. ပုံမှာပြထားတဲ့ အတိုင်း လက်မရဲ့ အကွေး အစစ် အတွင်းပိုင်းနေရာမှာ လူတိုင်းမှာပါရှိတဲ့ အရေးအကြောင်း လက္ခဏာလေးဖြစ်ပါတယ်..။ ဒီအကြောင်းလေးဟာ စပါးစေ့ လို သေး ချွန် ပြီး ပိတ်နေရင် အိုဇာတာ … Read more

ယောက်ျားလေးတစ်ယောက် ချစ်သူမိန်းကလေးအပေါ် အလိမ်အညာတတ်လာခြင်းရဲ့ အဓိကအကြောင်းရင်း

ယောက်ျားလေးတွေ လိမ်ညာတတ်လာခြင်းဟာ ချစ်သူမိန်းမတွေကြောင့်ဖြစ်…!(အရမ်းကောင်းတယ် ..ဖတ်ကြည့်နော်) ယောက်ျားလေးတစ်ယောက် အလိမ်တတ်လာခြင်းကမိန်းကလေးတွေရဲ့ သဝန်တိုခြင်းမှ အစပြုလာတယ်။ ဘာ့ကြောင့်လဲဆိုတော့…. မိန်းကလေးသဘာဝက ကိုယ့်ချစ်သူအကြောင်းကို ဖြစ်ကြောင်းကုန်စင်သိချင်ကြသော်လည်း သိလာတဲ့မက်ဆေ့တွေကိုရင်ထဲမှာ သိမ်းထားကြတယ်။ အကြောင်းတိုက်ဆိုင်လာတိုင်းစကားနာထိုးတတ်ကြတယ်။နေရာတကာသဝန်တိုတတ်လာခြင်းကြောင့်ယောက်ျားလေးတွေအနေကြပ်လာကာ ခဏတာနားအေးရင်ပီးရောဆိုပီးလိမ်ညာလာကြတယ်။ နောက်တစ်ခုက…. မိန်းကလေးသဘာဝက ကိုယ့်ချစ်သူဂရုစိုက်နွေးထွေးမှူ နှင့်လှတယ်လို့ပြောမှသဘောကျတတ်ကြတယ်။ဘဝအတွက်ရုန်းကန်နေရသော ယောက်ျားတို့အနေနဲ့အချိန်ပေးမှူ အားနည်းလာတော့ ဆင်ခြေပေးပီး လိမ်ညာလာတတ်ကြပြန်ရော။ နောက်တစ်ခုက….. မိန်းကလေးသဘာဝက ယောက်ျားရှာသမျှကို အကုန်လိုချင်ကြတယ်။စီးပွား​ရေး လုပ်နေရသော ယောက်ျားတို့ဘဝမှာ လူမှူရေးကလည်းပတ်သက်နေတော့ ရသမျှငွေကြေးကို အကုန်မအပ်နိုင်တော့ဘဲလိမ်ညာရပြန်ရော။ နောက်တစ်ခုက….. အိမ်ထောင်ဦးစီးပီသသော ယောက်ျားများသည် အလုပ်မှာအဆင်မပြေမှူများကို အိမ်ရှင်မနဲ့ မိသားစုအပေါ် အပူမပေးချင်တော့အဆင်မပြေလည်း ပြေပါတယ်ဆိုပီး လိမ်ညာကြပြန်ရော။ နောက်တစ်ခုက…. သားကောင်းရတနာပီသသော ယောက်ျားလေးများသည် မိဘနှင့်ညီအကိုမောင်နှမအပေါ်တွင် အိမ်ထောင်ကျပီးသွားလည်း တတ်နိုင်သလောက်ပေးကမ်းချင်ကြတယ်။ နေရာတကာ မိန်းမဆီက လက်ဖြန့်မတောင်းချင်သောကြောင့် လိမ်ညာရပြန်ရော။လိမ်ညာခြင်းဆိုတာ အမှန်တကယ်တော့ မကောင်းတဲ့အမူအကျင့်ပါ။ ယောက်ျားတွေ … Read more

16.11.2020 မှ 22.12.2020ထိ (၇) ရက်သားသမီးများအတွက် တစ်ပတ်တာ ကံကြမ္မာ ဟောစာတမ်း

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ပတ်တာ သင့်ကံကြမ္မာ ဟောစာတမ်း တနင်္ဂနွေသားသမီးများအတွက်ဟောစာတမ်း အထက်လူကြီးနှင့် ပက်သက်ပြီးတော့ မိမိ မိသားစုအပေါ် ဖိအားပေးမှုတွေ ကြုံနေရတယ်။ အလုပ်က ထွက်ချင်တဲ့ စိတ်တွေပေါ်နေမယ်။ ပြောင်းချင်တဲ့ စိတ်တွေ ပေါ်နေမယ်။ မပြောင်းပါနဲ့။ မထွက်ပါနဲ့လို့ အကြံညာဏ်ပေချင်ပါတယ်။ မကြာခင်အဆင်ပြေသွားမှာပါ။ ခရီးတစ်ခု သွားရလိမ့်မယ်။ ထိုခရီးမှာ မိတ်ဆွေအသစ်တွေ လုပ်ငန်းအသစ်တွေ ရပါလိမ့်မယ်။ ရွှေ လှေ လှည်း ကိစ္စမျိုးတွေ အောင်မြင်တတ်ပါတယ်။ ငွေကြေးကိစ္စ အာမခံခြင်းတော့ ရှောင်ပါ။ ငွေကြေးအစုလိုက်ဝင်တာမျိုးတွေ ဆုကြေးရတာမျိုးတွေ ကြုံရတတ်တယ်။ မိမိ မွေးလကျော်ရင်တော့ အစစအရာရာ အဆင်ပြေသွားမှာ ဖြစ်တဲ့အတွက် ကံကောင်းခြင်းတွေ ကံမကောင်းခြင်းတွေကို ခေတ္တ စောင့် ဆိုင်းပြီးမှ လုပ်ချင်တာကို … Read more

ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူ မိန်းကလေးများအတွက် ဖတ်ထားဖို့လိုပါတယ်

ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူမိန်းကလေးများ ဘာဖြစ်တတ်သလ???ဲ(မိန်းကလေးများအတွက် ဖတ်ထားဖို့လိုပါသည်) ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။ မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် ….. Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင်ရပြီး …. သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် … Read more

၂၀၂၀ နိုဝင်ဘာ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊(၁)ပတ်စာ ဟောစာတမ်းလာပါပြီ

မိတ်ဆွေများအားလုံးအတွက် ၂၀၂၀ နိုဝင်ဘာ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်(၁)ပတ်စာ ဟောစာတမ်း အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။ မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း ဆောင်းရာသီကိုကြိုလင့်သော ဆောင်းဦးပေါက်ကာလ ဆွတ်ပျံ့ကြည်နူး ၊ စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းလှသော နိုဝင်ဘာလ၏နေ့ရက်များ unicode မိတ်ဆွေများအားလုံးအတွက် ၂၀၂၀ နိုဝင်ဘာ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်(၁)ပတ်စာ ဟောစာတမ်း အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ … Read more

တန်ဆောင်မုန်းလအတွက် စီးပွားလာဘ်ရွှင်စေမည့် အကောင်းဆုံးယတြာ (15.11.2020)မှ (14.12.2020)ထိ .

တန်ဆောင်မုန်းလအတွက်အကောင်းဆုံးယတြာ တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့(15.11.2020)မှ တန်ဆောင်မုန်းလကွယ်နေ့(14.12.2020)ထိတစ်လတာလုံး “​ပန်းကန်လုံးကြီးထဲတွင် ဆန်အပြည့်နီးပါး ထည့်ထားပါ။ အခွံချွတ်ခွာထားပြီးသား အုန်းသီးအလုံးချောတစ်လုံးပေါ် တွင် ထုံး ဖြင့် “ဝ” အက္ခရာ ရေးဆွဲထားလိုက်ပါ။ ၎င်းအုန်းသီးကို ဆန်ထည့်ထားသောပန်းကန်လုံး အလယ်တွင် ထောင်ထားလိုက်ပါ။ အုန်းသီးဘေးဆန်ထဲတွင် ရွှေထီးနှင့်ငွေထီး တစ်လက်စီ စိုက်ထားရပါမယ်။ ထို့နောက် ယတြာစီရင်ထားသည့် ပန်းကန်လုံးကို ကလပ် တစ်ချပ်ပေါ်၌တင်၍ မိမိအိမ်ဘုရားကျောင်းဆောင်ပေါ်တွင် ရိုသေစွာဖြင့် တင်ထားလှုဒါန်းပေးထားပါခင်ဗျ။ အောက်ပါ ဂါထာတော်ကို (၁၂)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။ ” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။” ဆုတောင်းစာ အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံးတန်ဆောင်မုန်းလ တစ်လတာအတွင်း …. ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော … Read more

ချစ်သူ ရည်းစား မရခြင်းရဲ့ အကြောင်းအရင်း (၇) မျိုး

ချစ်သူ ရည်းစား မရခြင်းရဲ့ အကြောင်းအရင်း (၇) မျိုး ယခုဖော်ပြထားတဲ့ အချက်တွေထဲက တစ်ခုခု သင့်မှာရှိနေပြီိဆိုရင်တော့ အမြန်ဆုံးပြုပြင်ဖို့ လိုနေပါပြီ။ သင်ဟာ ချစ်သူ ရည်စား အိမ်ထောင်ဖက်ရှာဖို့ သင့်တော်တဲ့ အရွယ်ရောက်နေသည့်တိုင်အောင် လူပျိုလူလွတ် တစ်ယောက်ဖြစ်နေပါသလား။ အားနည်းချက် ကြီးကြီးမားမားမရှိပဲ လက်တွဲဖော်ရှာချင်နေသည့်တိုင်အောင် ဆန္ဒအတိုင်း ဖြစ်မလာသူတွေလည်း ရှိပါတယ်။ ဒီအသက်အရွယ်အထိ ဘာကြောင့် တစ်ကိုယ်တည်းသမား ဖြစ်နေရသလဲဆိုတာ သိချင်ပါသလား။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက တစ်ခုခုများ သင့်မှာရှိနေခဲ့ရင် အမြန်ဆုံး ပြင်လိုက်ဖို့ မမေ့ပါနဲ့။ ၁။ အဆိုးမြင်ခြင်း အဆိုးမြင်တက်တဲ့သူ အများစုက တစ်ကိုယ်တည်းသမား ဖြစ်ဖို့များပါတယ်။ အရင်ကကြုံခဲ့ဖူးတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကြောင့် ….. အရာရာကို အဆိုးမြင်နေကြသူတွေလည်းရှိပါတယ်။ အားလုံးက အဆိုးချည်းပဲ မဟုတ်ဘူးဆိုတာ သတိရပါ။ … Read more

သွေးအမျိုးအစားတွေနဲ့ သူတို့ရဲ့ အချစ်အပေါ် သဘောထားများ

သွေးအမျိုးအစားတွေနဲ့ သူတို့ရဲ့ အချစ်အပေါ် သဘောထားများ သွေးအမျိုးအစားတွေကလည်း လူတစ်ယောက်ကို အများကြီးသက်ရောက်မှု ရှိပါတယ်။ သွေးအမျိုးအစားအလိုက် စိတ်နေစိတ်ထား၊ ခံယူချက်၊ ခံစားချက်တွေ ကွဲပြားနေပြီး လူတစ်ယောက်ရဲ့ အကြောင်းကို သွေးအမျိုးအစားကနေတစ်ဆင့်လည်း ခန့်မှန်းလို့ရပါတယ်။ ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် အချစ်အပေါ် သဘောထားနဲ့ ခံယူချက်တွေပဲဖြစ်ပါတယ်။ သင်ရော ဘယ်သွေးအမျိုးအစားလဲ၊ မှန်ရဲ့လား ကြည့်လိုက်ပါဦး။ (၁) O သွေး အိုသွေးပိုင်ရှင်လေးတွေဟာ ကျန်တဲ့နေရာမှာတော့ သိပ်ပြီး ပြောစရာမရှိလောက်အောင် ပြည့်စုံကြပေမယ့် အချစ်ရေးမှာတော့ သိမ်ငယ်စိတ်လေးတွေ ရှိနေတတ်တဲ့သူတွေပါ။ ဒီသိမ်ငယ်စိတ်လေးတွေဟာ မသိစိတ်ထဲကနေ ဖြစ်နေတာကြောင့် တစ်ခါတလေ သူတို့ကိုယ်သူတို့တောင် သိမ်ငယ်နေမှန်း မသိကြပါဘူး။ အချစ်ကြီးသလောက် မာနလည်း ကြီးတဲ့သူတွေပါ။ ဘယ်လောက်ချစ်ချစ် ကိုယ့်ကို ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို အောက်ကျခံပြီး ဆွဲထားမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ကွယ်ရာမှာသာ ကြိတ်ငိုရင်ငိုမယ်၊ … Read more

ကြာသပတေးသားသမီးလေးတွေဆီမှာရှိတဲ့ သူမတူတဲ့အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေး (၁၀)ခု..

ရက်သတ္တပတ်တစ်ခုရဲ့ လေးရက်မြောက်နေ့မှာ မွေးဖွားတဲ့ ကြာသပတေးသားသမီးလေးတွေဟာ ဂျူပီတာဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။ ကြာသပတေးသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ်။ ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ။ (၁) ကြာသပတေးသားသမီးလေးတွေဟာ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားပြီး ပါးနပ်လွန်းတဲ့သူတွေပါ။ အရာရာတိုင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့သူတွေပါ။ (၂) ကြာသပတေးသားသမီးလေးတွေဟာ ဘယ်ပဲသွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ထားကြသလို ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့သူတွေဖြစ်ပါတယ်။ (၃) ကြာသပတေးသားသမီးလေးတွေဟာ ခေါင်းဆောင်နိုင်စွမ်း အပြည့်ရှိသူတွေဖြစ်လို့ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ရာထူးမြင့်မြင့် ရရှိတတ်ကြပါတယ်။ (၄) ကြာသပတေးသားသမီးလေးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုလမ်းကြောင်းအသစ်တွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါတယ်။ (၅) ကြာသပတေးသားသမီးလေးတွေဟာ လွတ်လပ်မှုကိုမြတ်နိုးပြီး လွတ်လွတ်လပ်လပ်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ (၆) သူတို့တွေဟာ လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့သူတွေဖြစ်သလို၊ နည်းနည်းလေးမှ … Read more