သင် ဆယ်ကျော်သက်အရွယ်ကိုကျော်လာပါပြီဆိုရင် ဒီအချက်တွေကိုအကောင်အထည်ဖော်ပါ

အသက် ( ၂၀ ) ကျော်ပြီဆိုရင် ဒီအချက်တွေကိုအကောင်အထည်ဖော်ပါ ဆယ်ကျော်သက်အရွယ်ကိုကျော်လာပါပြီ။ ဒါပေမယ့် လူကြီးတစ်ယောက်လဲမဟုတ်သေးပါဘူး။ ဒီအချိန်ဟာ ဘ၀ရဲ့ရွှေရောင်အတောက်ပဆုံးအချိန်လို့ပြောရင်လည်းမမှားပါဘူး။ ဒါကြောင့် အသက်ရှင်ရကျိုးနပ်စေမယ့် ဒီအချက်လေးတွေကို ကိုယ်တိုင်လုပ်ဆောင်ကြည့်ပါ။ ၁ . စိတ်ချမ်းသာဖို့အာရုံစိုက်ပါ စိတ်ချမ်းသာတယ်ဆိုတာဘာလဲ ? သူတစ်ပါးအပေါ်မှာစိတ်ပိုင်းဆိုင်ရာအမှီခိုကင်းခြင်း၊ လွှမ်းမိုးမခံရခြင်း၊ အကောင်းမြင်စိတ်၊ သဘောထားပြည့်ဝခြင်း၊ ပွင့်လင်းခြင်းတို့ အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ စိတ်ချမ်းသာမှုကိုရပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ချမ်းသာမှုဟာ ကိုယ့်ဆီကပဲလာပါတယ်။ တခြားသူကကိုယ်စိတ်ချမ်းသာအောင်ထားဖို့ မမျှော်လင့်ပါနဲ့တော့။ မင်းအသက်အရွယ်ရလာတဲ့အခါမှာ မင်းရဲ့စိတ်ချမ်းသာမှုထက် သူတစ်ပါးရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးရတာများလာပါလိမ့်မယ်။ ဒါကြောင့် လူငယ်ဘ၀မှာ ကိုယ်စိတ်ချမ်းသာဖို့ ကိုအာရုံစိုက်ပါ။ တစ်နည်းအားဖြင့် အနည်းငယ်တစ်ကိုယ်ကောင်းဆန်ပါ။ ၂. အသက်မွေးဝမ်းကြောင်းကိုစတင်ပုံဖော်ပါ ဘယ်လိုလူမျိုးအဖြစ် ဘ၀ကိုရပ်တည်ဖို့စဉ်းစားထားပါသလဲ ? မင်းကဆယ်ကျော်သက်မဟုတ်တော့တဲ့အတွက် လုပ်ငန်းတစ်ခုကိုအစပျိုးဖို့အချိန်ရောက်ပါပြီ။ ကိုယ်ရူးသွပ်ရတဲ့ စိတ်ကူးထဲကအလုပ်ကို ရုပ်လုံးပေါ်လာအောင် လက်တွေ့ဆန်ဆန်ကြိုးစားပါ။ ၃. ခရီးများများထွက်ပါ။ တစ်ကိုယ်တော်ခရီးထွက်ပါ ဒါကဘ၀ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး … Read more

အပျိုဖော်ဝင်ခါစ (၁၆) နှစ်သမီးလေး အခန်းထဲကို အဖေတစ်ယောက် ဝင်ကြည့်လိုက်တဲ့ အခါ

အပျိုဖော်ဝင်ခါစ (၁၆) နှစ်သမီးလေး အခန်းထဲကို အဖေတစ်ယောက် ဝင်ကြည့်လိုက်တဲ့ အခါ အပျိုဖော် ဝင်ခါစ ၁၆ နှစ်သမီးလေး အခန်းထဲကို အဖေတစ်ယောက် ဝင်ကြည့်လိုက်တဲ့အခါ သမီးမရှိပဲ အခန်းက သပ်ရပ်နေပြီး စားပွဲပေါ်မှာ စာတစ်စောင် တင်ထားတာ တွေ့လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ ချစ်သောဖေဖေ ဒီစာကို ရေးရတဲ့အတွက် စိတ်မကောင်းပါဘူး ။ ဖေဖေနဲ့ မေမေကို တကယ်ချစ်ပါတယ်။ သို့ပေမယ့် သမီးရဲ့ ချစ်သူနောက်ကို အပြီး လိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ သူကသမီးအပေါ် ကောင်းပါတယ်။အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေဘယ်လောက်ပဲများများ သူသမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ် ပိုကြီးတယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီလို့ ကတိပေး ထားတယ်။ … Read more

မယား နေစ ကြောင်သေမှဆိုတဲ့ အဓိပ္ပါယ် ခုမှသိတော့တယ်…

မယား နေစ ကြောင်သေမှ တဲ့…. အဓိပ္ပါယ်က….အိမ်ထောင်ပြု ပြီးတဲ့ ယောက်ျားတစ်ယောက်က ကြောင် ၅ ကောင်ကို သတ်ရတယ် ၁။ ဇီဇာ မကြောင်ရဘူး ၂။ သဝန် မကြောင်ရဘူး ၃။ သရဲဘော မကြောင်ရဘူး ၄။ သတ္တိ မကြောင်ရဘူး ၅။ ဖွန်လဲ မကြောင်ရဘူး အဲ့သည့် ကြောင်ငါးကောင်ကိုအသေသတ်နိုင်ရမယ်လို့ ဆိုလိုတာ အဲ….llllll လင် နေစ ဆင်သေမှ ဆို တဲ့ အဓိပ္ပါယ်ကလဲ…. အိမ်ထောင်ပြု ပြီးတဲ့ မိန်းမတစ်ယောက်က ဆင် ၅ ကောင်ကို သတ်ရတယ် ၁။ အပြောအဆို ဆင်ခြင်ရတယ် ၂။ အနေအထိုင် ဆင်ခြင်ရတယ် ၃။ အသွားအလာ ဆင်ခြင်ရတယ် ၄။ အသုံးအစွဲ ဆင်ခြင်ရတယ် … Read more

အနာရှိလျှင်​ အရပ်​ပျံ ထိ​တော့ စပ်​ကြမှာပဲ …​ယောက်ျားယုတ်​နဲ့ မိန်းမ​ကောင်းများ အတွက်​သာ…

သင့်ဇနီး ဆိုတာ သင့်​ဇနီး​နေရာမှာ သင့်​အ​မေ၊သင့်​အစ်​မ၊သင့်​နှမသာဆိုလျှင်​ဘယ်​လို​နေမလဲ? သူသည်​လည်းပဲ မိန်းမထဲကမိန်းမတစ်​​ယောက်​ပါ ။ အ​သွေးနဲ့အသားနဲ့တည်​​ဆောက်​ထားတဲ့လူပါ ။ သက်​မဲ့ အရုပ်​တစ်​ရုပ်​ မဟုတ်​ပါ… သင့်​အ​မေဖြစ်​တဲ့ မိန်းမသားချင်း ကိုယ်ချင်းစာကြည့်​ပါ။ သင့်​နှမဖြစ်​တဲ့ နှမချင်းကိုယ်​ချင်​စာကြည့်​ပါ။ စိတ်​တိုလျှင်​ဘာမှမမြင်​ဘူးဆိုတဲ့ ဆင်​​ခြေတစ်​ခုနဲ့ သွယ်​ဝိုက်​မ​ပြောနဲ့ …. သင်​​တောင်​မှ သင့်​အသားထိလျှင်​ နာတက်​​သေးတာပဲ… ဝဋ်​ဆိုတာ မလည်​ဘူးမထင်​နဲ့ ….ခံရတဲ့အခါ ပြုံးနိုင်​ကြိုးစားပါ။ တချိန်​မှာ သင့်​ညီမဟာလည်း သူများရဲ့ သားမယားဖြစ်​နိုင်​သလို၊ သင့်​သမီးကလည်း​ သူများသားမယားဖြစ်​နိုင်​တယ်​။ လူစိတ်​ရှိတဲ့​ယောက်ျားတစ်​​ယောက်​၊ လူလိုသိတက်​တဲ့ခင်​ပွန်း​ကောင်းတစ်​​ယောက်​က အားနွဲ့တဲ့ မိန်းမတစ်​​ယောက်​၊ အားနွဲ့တဲ့ ဇနီးတစ်​​ယောက်​အ​ပေါ် ဘယ့်​​တော့​မှ ကိုယ်​ထိလက်​​ရောက်​ မ​စော်​ကားဘူး၊ အနိုင်​မကျင့်​ဘူး… အဲ့ဒီလို လုပ်​ရပ်မျိုးကို လုပ်တဲ့သူက​​ အ​တွေးအ​ခေါ် သိမ်​ဖျင်းတဲ့​ယောက်ျားညံ့၊ ​ယောက်ျားယုတ်​​တွေရဲ့ လုပ်​ရပ်သာ​ဖြစ်​တယ်​။ အနာရှိလျှင်​ အရပ်​ပျံ ထိ​တော့စပ်​မှာပဲ။ အနာရှိသူများ … Read more

တောင်ဥက္ကလာက လူသားစား ဘုန်းကြီးဦးလာဘ (ဖြစ်ရပ်မှန်)

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ ၌ နာမည်ကျော်ဦးလာဘ ဆိုသည်မှာ တကယ်ရှိခဲ့ပါသည် ။သင်္ကန်းဝတ်ထားပေမယ့် ဘုန်းကြီးဟုပြောဖို့ခက်ခဲပါသည် ။သူရဲ့ ကျောင်း၏တည်နေရာမှာ ယခုတောင်ဥက္ကလာပမြို့နယ်၊ပါရမီလမ်းမဘေးက ၂ဝိုင်း တို့ ၃ဝိုင်းတို့ ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေအများကြီးရှိတဲ့နေရာ ။ အဲ့ဒီကာလတုန်းကတော့ အခုလိုလူနေအိမ်ခြေမရှိသေးဘဲ မြို့အစွန်အဖျားလိုဖြစ်နေခဲ့သည် ။ဘုန်းကြီးကျောင်းငယ်လေးတွေကတော့ဟိုတစ်ကျောင်း ဒီတစ်ကျောင်းရှိနေခဲ့ပါတယ် ။ အဲဒီထဲမှာ ဦးလာဘ၏ကျောင်းလဲတစ်ကျောင်းအပါအဝင်ပေါ့ ။ဦးလာဘရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမနဲ့သားဖြစ်သူတို့ပါ အတူနေတယ်လို့ပြောပါတယ် ။ သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ်ပေးပြီး မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချ က်ပြု တ်ပေးကြပါတယ်။ဦးလာဘရဲ့ လူသားစားဇာတ်လမ်းကြီးပေါ်ပေါက်လာရတာကတော့ဘုန်းကြီးကျောင်းရဲ့ ဘေးဘက်တနေရာမှာမြေကွက်လေးရှိတယ်။အဲဒီနားဝန်းကျ င်ကဘုန်းကြီးကျောင်းသားလေးတွေ ညနေဆိုခြင်းခတ် ကြတယ် ။ တနေ့ ညနေ ခြင်းခတ်နေရင်း ကျောင်းသားတယောက်ခြင်းခတ်လိုက်တာ ခြင်းလုံးကဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲဝင်သွားတယ် ။သွားကောက်တဲ့ ကျောင်းသားလေးလည်းအချိန် … Read more

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်…

“အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်…” ညီ မ လေး ရေ …. လှပတဲ့ မျက်နှာ တစ်ခုက တစ် ချိန် ကျ ရင် အို မင်း သွားလိမ့်မယ် … ။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်း တွေ က လည်း တစ်ချိန်ကျရင် ပြောင်း လဲ သွားပါ လိမ့်မယ် နော် … ။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက်က တော့ တစ်ချိန်ကျရင် လည်း မိန်းမကောင်း ပါပဲ …. ။ ဘယ် အချိန်ပဲ ရောက် ရောက် မိန်းမကောင်း ပါ … Read more

နောင်တမရခင် ယခုချက်ချင်း လုပ်သင့်သော ဘဝအတွက် (၂၇ ) ချက်

နောင်တမရခင် ယခုချက်ချင်း လုပ်သင့်သော ဘဝအတွက် (၂၇ ) ချက် နောင်တဆိုတာ နောင်မှတ ရတယ်လို့ ဆိုစကားကို လူကြီးတွေဆိုတာ ကြားဖူးပါတယ်။ ဒီစကားအတိုင်း မဖြစ်ချင်ရင်တော့ ယခု ချက်ချင်း လုပ်သင့်သော ၂၇ချက် ကို လုပ်သင့်တယ် လို့ထင် ပါတယ်။ ( ၁ ) ထမင်းစားနေချိန် မှာ ဖုန်းကို ခဏမေ့ထားပါ။ သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံး နဲ့ အချိန်ကုန် မနေဘူးလား။ မိသားစု အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ အတွက် ဖုန်းကို ဘေးချ ထားလိုက်ပါ။ ( ၂ ) ကီး မကိုက်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက် … Read more

“မပတ်သတ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို ပျိုမေတို့ သိရှိနိုင်မယ့် အချက် (၁၀) ချက်”

ကိုယ်ရွေးချယ်မယ့်သူ သို့မဟုတ် ကိုယ်နဲ့ပတ်သတ်နေတဲ့ သူတစ်ယောက်က လူရှုပ်လူပွေတစ်ယောက် ဖြစ်နေမှာကို ပျိုမေ တို့ စိုးရိမ်တတ်ကြပါတယ်။ ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့ ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာက ပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက် နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ယခုလို လူရှုပ်တစ်ယောက်ကို မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့ အချက် ၁၀ ချက်ကို မျှဝေပေးပါရစေ။ ၁။ သင်နဲ့တွဲနေတာကို အခြားသူတွေ မမြင်လိုဘူး သင့်ကိုအမျိုးသားတစ်ယောက်က တကယ်ချစ်တဲ့အခါ တကမ္ဘာလုံး သိအောင်ချပြဖို့လည်း ဝန်မလေးတတ်ပါဘူး။ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ သိခွင့်ပေးတာတွေ … သင့်အကြောင်းပြောပြတာတွေကို သူသေချာလုပ်ပြပါလိမ့်မယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင်ဟာသူ့ရဲ့အစိတ်အပိုင်းတခုလို အရမ်းကိုအရေးပါလို့ပါ။ တကယ်လို့သာ သင်နဲ့တွဲသာတွဲနေရတယ် လူတွေ့မခံချင်တာတွေ၊ ခိုးကြောင်ခိုးဝှက် လူမသိအောင်ချိန်းတွေ့တာတွေ သူ့ရဲ့သူငယ်ချင်းတွေ မိသားစုတွေကိုလည်း သိခွင့်မပေးတာတွေ လုပ်နေခဲ့ရင် … … Read more

အဆင့်တန်း မရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ်

အဆင့်တန်း မရှိသူများ၏ လက္ခဏာ ( ၁၈ ) ရပ် ၁။စကားကို လိမ်ညာ ပြောတတ်ခြင်း။ ၂။လိုတစ်မျိုးမလိုတစ်မျိုး ပြောတတ်ခြင်း။ ၃။အခုတစ်မျိုးနောက်တစ်မျိုး ပြောတတ်ခြင်း။ ၄။ကိုယ်တဖက်ထဲကြည်၍ ပြောတတ်ခြင်း။ ၅။ငြင်းခုံ၍အမှားများကို ပြောတတ်ခြင်း။ ၆။မရှိဘဲကြွားဝါး၍ ပြောတတ်ခြင်း။ ၇။ရိုင်းစိုင်းစွာဆဲဆိုတတ်ခြင်း။ ၈။ကိုယ့်ကိစ္စကို တာဝန်မယူခြင်း။ ၉။ကတိသစ္စာ မတည်ခြင်း။ ၁၀။အမှန်တရားကို လက်မခံခြင်း။ ၁၁။ကိုယ့်အမှားကို ဝန်မခံခြင်း။ ၁၂။ဘာသာ တရား ကိုေ လးစားမူမရှိခြင်း။ ၁၃။အမှန် အမှားကို ခွဲခြားမသိခြင်း။ ၁၄။မတော်လောဘဖြင့်စီးပွားရှာခြင်း။ ၁၅။ငွေကြေးချမ်းသာမူကိုအထင်ကြီးခြင်း။ ၁၆။ကိုယ်ကျင့်သိက္ခာဣနြေ္ဒမရှိခြင်း။ ၁၇။မထိုက်တန်တယ်ရာထူးနေရာယူခြင်း။ ၁၈။သီလ သမာဓိ မတည်ကြည်ခြင်း။ စိတ်နေသဘောထားနဲ့ အသိဉာဏ် အဆင့်အတန်း မြင့်မားလာလေလေ သဘောထား ကြီးလာလေလေ ဖြစ်လာတာဟာ သဘာဝဖြစ်ပါတယ်။ “ကုသိုလ် အကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ?” … Read more

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ Zawgyi ဖြင့်ဖတ်ရန် ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်တယ်ဆိုတာပဲလိုချင်ကြတာပါ။ဒါပေမဲ့ ဒီခေတ်ကြီးမှာသိတဲ့အတိုင်း …. ခုတွေ့ ခုကြိုက်သွားကြတဲ့သူတွေအများကြီးပဲဆိုတော့ တကယ်ချစ်တာလား အပျော်တွဲတာလားဆိုတာကို ဒီအချက်တွေနဲ့စစ်ကြည့်လိုက်ရအောင်…. ၁။ ချစ်သူတွေဖြစ်ပြီးတည်းက သူငယ်ချင်းတွေနဲ့မိတ်ဆက်မပေးထားဘူး ကိုယ်က မိတ်ဆက်ပေးပါလို့ပြောရင်တောင် နောက်မှမိတ်ဆက်ပေးမယ်လို့ပြောရင်တော့ သူဟာကိုယ့်အကြောင်းကို အသိမိတ်ဆွေတွေကိုတောင် ပြောပြမထားဘူးလို့ယူဆလို့ရပါတယ်။ ၂။ ကိုယ့်ဘက်ကချည်း အမြဲဖုန်းစဆက်ရတယ် ချစ်သူတွေစဖြစ်ပြီးတည်းက အမြဲတမ်းကိုယ့်ဘက်က စဆက်ရတယ်။တစ်ခါတလေဖုန်းစဆက်ပါလားလို့ပြောကြည့်ပါလား။အလုပ်ရှုပ်နေလို့၊ဘေလ်မရှိလိုအကြောင်းပြချက်မျိုးစုံဖြေပါလိမ့်မယ်။ ယောက်ျားလေးဘက်ကချည်းစဆက်ရမှာလားဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူး။နားလည်မှုလေးထားပြီးတစ်ယောက်တစ်ရက်စဆက်ကြပေါ့။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ ကိုယ်က သူ့အတွက် အရေးမကြီးဘူးဆိုတဲ့ပုံစံမျိုးပါ။ ၃။ ဂရုမစိုက်တာ နေမကောင်းဖြစ်ရင်တောင် နေကောင်းအောင်နေလို့ပဲပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။တကယ်ချစ်တဲ့သူကတော့ ဆေးခန်းထိလိုက်ပို့ပေးမယ်၊ကိုယ်နဲ့မတည့်တဲ့အစားအစာတွေရှောင်ခိုင်းပြီးသေချာဂရုစိုက်မှာပါ။ တစ်ချို့ယောက်ျားလေးတွေက နှုတ်က ဂရုမစိုက်တတ်ပေမဲ့အလုပ်နဲ့သက်သေပြတတ်တာပါ။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ သိနိုင်ပါတယ်။ ၄။ ကိုယ့်အပေါ် သဝန်မတိုတာ တကယ်ချစ်တဲ့သူတိုင်းးအနည်းနဲ့အများတော့သဝန်တိုကြပါတယ်။မိန်းကလေးတွေကကိုယ့်ချစ်သူသဝန်တိုတာကိုခံချင်ကြတာပါပဲ။ဒါပေမဲ့ ကိုယ့်ချစ်သူကတော့ သဝန်တိုဖို့နေနေသာသာ …. ကိုယ်ဘယ်သူနဲ့ ဘယ်တွေသွားတယ်ဆိုတာတောင် မမေးဘူး၊စိတ်မဝင်စားဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ … Read more