အပျို နဲ့အအိုတို့ ကွာခြားချက်

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ဝလွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။ ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ … Read more

တစ်သက်လုံး လက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒီ (၆)ချက်ကို သိထားဖို့လိုတယ်

လက်ရှိချစ်သူ လက်ရှိအိမ်ထောင်ရေးမှာ တစ်သက်လုံး လက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ( ၆ )ချက်ကိုသိထားဖို့လိုတယ် ၁။ ခေါင်းအေးအေးထား စဉ်းစား … ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေးထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါတို့ရန်ဖြစ်တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက်ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေအထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေးထားပြီး စဉ်းစားမယ်။ ၂။ မှားတဲ့သူ တောင်းပန်ကြေး… ချစ်သူရေ.. ဘယ်သူမဆို ကိုယ်မှားတာကို တာဝန်ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေါ့။ အမှားကိုသိရင် အမှန်ပြင်ရမယ့် သတ္တိ ငါတို့မှာ ရှိရမယ်လေ။ မှားတဲ့သူက အရင်တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန်တာကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေး။ … Read more

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းနည်း များ ….

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းနည်း များ …. တနင်္ဂနွေ (၆) ၊ တနင်္လာ (၁၅) ၊ အင်္ဂါ (၈) ၊ ဗုဒ္ဓဟူး (၁၇) ၊ ကြာသပတေး (၁၉) ၊ သောကြာ (၂၁) ၊ စနေ (၁၀) ဥပမာဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်လို မိန်းမမျိုးကို ရမှာလဲဆိုတာ တွက်ကြည့်ကြည့်ရအောင်။ သူ့ရဲ့အသက် (၃၅)နှစ်နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်(၁၇) နဲ့ပေါင်းလိုက် (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ လွယ်ပါတယ် ။ မခက်ပါဘူး။ ဒီဟောကိန်းကိုတော့ … Read more

အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ( မိန်းကလေးများ မဖတ်ရ )

အိမ်ထောင်ရေး ဖောက်ပြန်ခြင်း (မိန်းကလေးများ မဖတ်ရ) လောကမှာ အိမ်ထောင်သည် ဘဝရဲ့ အရေးအကြီးဆုံးသတိထားရမဲ့အရာဟာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းပါပဲ။ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို လူမှုအသိုင်းဝန်းနှင့် လူမှုဝန်းကျင်ကလည်း …. လက်မခံသလို ဆွေမျိုးသားချင်း အသိုင်းဝန်းကလည်း လက်မခံပါ။သို့သော်လည်း ဒီနေ့ခေတ်ကြီးမှာ ပုံစံအမျိုးမျိုးကြောင့် …. အိမ်ထောင်ရေးဖောက်ပြန်နေသည်ကို တွေ့နေရသည် ၊ ကြားနေရသည်၊ မြင်နေရပါတယ်။ ဒီလိုအိမ်ထောင်ရေးဖတ်ပြန်ဖို့ရာ အဓိကကြတဲ့ အကြောင်းရင်းတွေကတော့…… ၁။သူစိမ်း မိန်းကလေးတစ်ယောက်နဲ့အနေနီးစပ်ခြင်း။ ၂။ဇနီးသည်နှင့် အနေဝေးခြင်း။ ၃။ မိမိမှာ ပုံမှန်ဝင်ငွေကောင်းတဲ့အလုပ် အကိုင်ရှိခြင်း။ ၄။ ရုပ်ရည် ရူပကာရှိခြင်း။ ၅။ရာထူး ပါဝါ|အာဏာရှိခြင်း။ ၆။စကားပြော လိမ္မာပါးနပ်ခြင်း။ ၇။မိန်းကလေးနဲ့ အားနည်းချက်ကို သိရှိခြင်း။ စသည့်အကြောင်းတရားတွေပေါ်မှာ အခြေခံပြီး အိမ်ထောင်ရေး ဖောက်ပြန်ကြတာများတတ်ပါတယ်။ သင့်မှာ ဘယ်လို့ အရည်ချင်းကောင်းတွေရှိနေပါစေ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ … Read more

လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း

အိမ်ထောင်ရှင် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ အိပ်စက်ခြင်းပုံစံကနေ လင်မယားနှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို တွက်ဆလို့ရတဲ့ အလွယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာဗေဒဘာသာစကား ကျွမ်းကျင်ပညာရှင် ဒေါက်တာ Patti Wood က ပြောထားတဲ့ နည်းတွေ ဖြစ်ပါတယ်။ (၁) ရောထွေးယှက်တင်အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ….ရောထွေးယှက်တင် အိပ်စက်ခြင်းမျိုးကိုတော့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်သည်တွေ အိပ်စက်တတ်ကြောင်း တွေ့ရှိ့ရပါတယ်။ အနေအထားကတော့ များသောအားဖြင့် အမျိုးသားက နောက်မှ အမျိုးသမီးရဲ့ခါးကိုသိုင်းဖက်ထားတဲ့ အိပ်စက်နည်း ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဟာ အချစ်နဲ့ယုံကြည်မှု နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်နေသေးတဲ့ သဘောဖြစ်ပါတယ်။ (၂) ခပ်ခွာခွာ အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..ဒါကတော့ ပထမပုံစံနဲ့ မတိမ်းမယိမ်းပါဘဲ။ အမျိုးသားက အမျိုးသမီးကို လက်နဲ့ … Read more

ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ

အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့…. ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။ (၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။ သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။ (၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောက်ျားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်မို့လို့ သင့်ချစ်သူက … Read more

မျက်စိ ကျန်းမာရေး အတွက် သတိထားသင့်တဲ့ လက္ခဏာ လေးများ

မျက်စိ ကျန်းမာရေး အတွက် သတိထားသင့်တဲ့ လက္ခဏာ လေးများ မျက်စိ ဆိုတာ ကျွန်တော် တို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အမြင်အာရုံ ဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မျက်စိမမြင်ရရင် (သို့) အမြင်အာရုံ အားနည်းပြီဆိုရင် ဒုက္ခိတ တစ်ပိုင်းလို ဖြစ်သွားတတ်တော့ မျက်စိ ကျန်းမာရေး ဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး မျက်စိ ဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီတော့ မျက်စိပတ်ဝန်းကျင်မှာ အောက်ဖော်ပြပါ လက္ခဏာ လေးတွေ ပြနေပြီဆိုရင် လိုအပ်တဲ့ ဆေးဝါး ကုသမှု နဲ့ လုပ်ဆောင်မှုလေးတွေကို … Read more

ဖုန်းကနေ လိမ်တဲ့ လိမ်နည်းအသစ် တော်တော်များများခံလိုက်ရပါပြီ

ဖုန်းကနေ လိမ်တဲ့ လိမ်နည်းအသစ် တော်တော်များများခံလိုက်ရပါပြီ မနေ့က ၆.၁၀. ၂၀ ဖုန်းတစ်လုံးဝင်လာပါတယ်….ဒကာကြီး ဦးဇင်းက ဒကာကြီးတို့နယ်ဘက်ကပါ….ဒကာကြီးတို့မြို့က ( ) ကျောင်းကိုလဲသိပါတယ်… လိုင်းပေါ်မှာ ဒကာကြီးတို့ ကူညီနေတာတွေ့လို့ ဦးဇင်းကျောင်းမှာသုံးနေတဲ့ ကားတစ်စီး လှုချင်လို့ပါ…ဦးဇင်းက ရွှေကုက္ကိုလ် (မြဝတီမြို့နယ်)မှာ ကျောင်းထိုင်ပါတယ်… ဦးဇင်းဘွဲ့အမည်က အရှင်ခေမိန္ဒ ဓမ္မစရိယ အောင်ပီးသားပါ.ဒကာကြီးတို့အသင်းကို ကားလှုချင်လို့…အဖွဲ့အစည်းတစ်ခုနဲ့ ပို့ခိုင်းလိုက်ပါ့မယ်…ကားပို့ခစရိတ်ကိုလဲ ဝတ္ထုစွန့်လိုက်ပါ့မယ်..အဆင်ပြေလား လို့ ပြောပါတယ်… ကျွန်တော်လဲ အံသြသွားတာပေါ့…ဖုန်းနံပါတ်က တော့ကိုယ်မသိတဲ့ဖုန်းပါ…ရပါတယ် ဦးဇင်း.. အဆင်ပြေသလိုပို့ခိုင်းလိုက်ပါ လက်ခံပေးပါ့မယ်ပေါ့….အဲ့ဒါနဲ့ ဖုန်းနံပတ်တခုပေးပါတယ်… ( …..)အဖွဲ့ က အရာရှိ ဆိုပဲ….ကျွန်တော်လဲ ဖုန်းခေါ်ကြည့်တော့…စောအယ်ထူး ဆိုလား မသိပါဘူး…ဦးဇင်း က ပို့ခိုင်းထားတာ မှန်ပါတယ်….ဘယ်အထိပို့ပေးရမလဲ ဆိုတော့ တိုက်ကြီးအထိဆို ရပီလို့ပြောလိုက်ပါတယ်… ခုန ဆက်တဲ့ ဦးဇင်း … Read more


၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွက် နေ့သားအလိုက် အကျိုးပေး ထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား ထီထိုးသည့်သူတိုင်း ထီပေါက်ကိန်းရှိသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွက် နေ့သားအလိုက် အကျိုးပေး ထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား တနင်္ဂနွေသားသမီးများ – ခေါင်းရင်းဘက်က သီချင်းဆိုသံ ၊ သီချင်းသံ ၊ ရယ်မောသံကြားရင် ထိုးနိုင်ပါတယ် …။ မိမိနာမည်ကို နိမိတ်ကောက်ပြီးထိုးနိုင်ပါတယ် …။ ထန်းလျက်စားပြီးထိုးပါ …။ စနေနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင် အဖြူရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၁၅ ၊ ၁၉ ၊ ၄၆ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။ တနင်္လာသားသမီးများ … Read more

အဘဦးဖိုးနီပြောတဲ့ လက်ဖဝါးပေါ်မှာ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရကြက်ခြေ ပါသူများအကြောင်း .

အဘဦးဖိုးနီပြောတဲ့ လက်ဖဝါးပေါ်မှာ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရကြက်ခြေ ပါသူများအကြောင်း . ဒီမနက်လဲ နံနက် (၁-၀၀)လောက်မှာနိုးလာပါတယ်။ခါတိုင်းဆို ဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးက ရေးခြင်တဲ့စာရေးတင်ပါတယ်။ပြီးရင်ပြန်လှဲပါတယ်။ ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စ ရပ်လေး တစ်ခု ရှိနေပါတယ်။ ဒါကတော့ ငါးပါးသီလ လုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကို ခံနေရတဲ့ မိတ်ဆွေများအတွက်ပါ။ မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝမတိုးတက်သူတွေ အနှောင့်အရှက်ခံနေရသူတွေကို ပရိကံလိုအပ်ချက်ဖြန့်ဝေပေး ခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသော မိတ်တွေအတွက်ပါ။ စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အရာရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ်။ သုတေသနအရ တဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာပြောပါ မယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ်သုတေ သနလုပ်ခဲ့လို့ပါဘဲ။ လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော … Read more