မိန်းမတွေ အေးစက်သွားတဲ့အခါယောက်ျားတွေ မာကျောပါတယ်ဆိုတာထက်ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်
မိန်းမတွေ အေးစက်သွားတဲ့အခါယောက်ျားတွေ မာကျောပါတယ်ဆိုတာထက်ပိုပြီး ကြောက်ဖို့ကောင်းသွားတယ် ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့အချိန်ပဲ…အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာအေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ၊ ဂရုတစိုက်နဲ့ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာလျစ်လျူရှုခံခဲ့ရတဲ့မိန်းမ အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါယောက်ျားတွေ မာကျောပါတယ်ဆိုတာထက်ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်။ သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကိုမျက်ကွယ်ပြုခံလိုက်ရတဲ့အတွက်မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့အချိန်က ကြောက်စရာ အကောင်းဆုံးပဲ….. သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ်။ ဘာတွေလဲ စိတ်ရှုပ်လိုက်တာဆိုပြီးတော့ကိုစိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော… အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူးလေ….။ အထူးအဆန်းတွေ ဖြစ်နေတာအဲ့လို အခြေအနေမျိုးမှာ ယောက်ျားလေးဘက်က ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျော သူမဘက်က ဘာမှ … Read more