အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ

အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ ချစ်သူတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံချင်း၊ ဂရုစိုက်ပုံချင်းတူကြမှာမဟုတ်ပါဘူး။ တချို့ကျတော့ ချစ်တာကို သက်သေမပြတတ်ဘူး ၊ ဒါပေမယ့် အရမ်းချစ်တယ်။ တချို့ကျတော့ ချစ်သလောက် လုပ်ပေးတတ်တယ်။ သင့်ချစ်သူက သင့်ကို အချက်တွေနဲ့ ကိုက်ညီနေအောင် လုပ်ပေးနေပြီးဆိုရင်တော့ သင့်အချစ်ရေးမှာ ကံကောင်းသူလေးဖြစ်နေပါပြီ။ ၁။ သူက သင့်အတွက် တံခါးဖွင့်ပေးတယ်။ သင့်ထက် တံခါးဆီကို အရင်ပြေးသွားပြီး ဖွင့်ပေးတယ်။ ၂။ သူ သင့်အကြောင်းကိုပဲတွေးနေတယ်ဆိုတာ သက်သေပြချင်လို့ သင့်ကြိုက်တဲ့အရာလေးတွေကို ၀ယ်ပေးတယ်။ ၃။ သူ့သူငယ်ချင်းတွေကို သင်ဆိုးတယ်ဆိုတဲ့အကြောင်းတွေကို ပြောခဲတယ်။ ၄။ သူ့မှာ အရေးကြီးကိစ္စရှိနေလို့ နောက်မှဖုန်းခေါ်မယ်ပြောပြီးရင် ပြီးတာနဲ့ သင့်ဆီကို ချက်ချင်းဖုန်းပြန်ဆက်တယ်။ ၅။ သင်ကတောင် တောင်းဆိုစရာမလိုဘဲနဲ့ သင့်အကြိုက်ကို သိနေတယ်။ ၆။ သင်ခံစားနေရတာတွေကို နှစ်သိမ့်ပေးတယ်။ … Read more


ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခု မြေနုစျေးမှာ စျေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့စဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီးဖွင့်ကြည့်လိုက်တယ်။ အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက် စာဖတ်ပြီး အော်….တော်လိုက်တာ။ သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ။ ဒါနဲ့ စျေးရောင်းတဲ့ ဆင်းရဲပုံရှိတဲ့ သားအမိကို တဆင့်ပြန်ပြီး ပေးလိုက်ပါတယ်။ ဂုဏ်ယူလျှက် Kyaw Sweo Kyaw Swe zawgyi ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ … Read more

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေးဟောကိန်း

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေးဟောကိန်း (၁) အမျိုးသား (တနင်္ဂနွေ) + အမျိုးသမီး (တနင်္ဂနွေ) ထိုသူနှစ်ဦး၏ အိမ်ထောင်ရေး မေတ္တာခရီးလမ်းသည် လေးနက်ခိုင်မြဲပါလိမ့်မည်။ (၂) အမျိုးသား (တနင်္လာ) + အမျိုးသမီး (တနင်္လာ) ထိုသူနှစ်ဦးအဖို့ စီးပွားရေး ဖြစ်ထွန်းတတ်ပါသည်။ (၃) အမျိုးသား (အင်္ဂါ) + အမျိုးသမီး (အင်္ဂါ) အမျိုးသားသည် ဦးစြာ မုဆိုးဖိုဘဝသို့ ရောက်တတ်၏။ (၄) အမျိုးသား (ဗုဒ္ဓဟူး) + အမျိုးသမီး (ဗုဒ္ဓဟူး) စိတ်သောကတို့ ရောက်ရမလွဲပါ။ သောကငြိမ်းအေးနေနိုင်ရေးကို ကြံစည်တွေးတော လုပ်ဆောင်ပါလေလော့။ (၅)အမျိုးသား(ကြာသပတေး)+အမျိုးသမီး(ကြာသပတေး) တူနှစ်ကိုယ်ပေါင်းဖက်သည့် သကာလ ချမ်းသာသုခနှင့် ပြည့်စုံပါလိမ့်မည်။ (၆) အမျိုးသား (သောကြာ)+အမျိုးသမီး (သောကြာ) ရွှေတွဲလွဲ၊ ငွေတွဲလွဲ အိမ်ကောင်းသာကောင်းများ ပိုင်ဆိုင်လျက် … Read more

သင့်ကိုအသက်နဲ့အမျှချစ်တဲ့ ကောင်လေးတွေရဲ့ လက္ခဏာ( ၅ )မျိုး

သင့်ကိုအသက်နဲ့အမျှချစ်တဲ့ ကောင်လေးတွေရဲ့ လက္ခဏာ(5)မျိုး အချစ်ဆိုတာ နှလုံးသားချင်းဆက်နွယ်နေမှ ဖြစ်ပေါ်လာတဲ့အရာမျိုးပါ။ အချစ်ကံကောင်းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ထားရမှာပါ။ သင်ရော ပိုင်ဆိုင်ထားရပြီးလား ။ ပိုင်ဆိုင်ထားရပြီးဆို အရင်ကထက် ပို လိမ္မာပါတော့နော် … (၁) သင့်ကို အမြဲဂရုစိုက်တယ် ” သင့်ကို အသက်နဲ့အမျှ ချစ်တဲ့ယောကျာ်းဆိုတာ သင့်ရဲ့ အရာအားလုံး အသေးအမွှေားလေးတွေကစ ဂရုစိုက်နေတတ်သူပါ။ တကယ်လို့ သင်နေမကောင်းခဲ့ရင်တောင် အဖေတစ်ယောက်လို ၊ အစ်ကိုကြီးတစ်ယောက် ဆေးသောက်ဖို့ ၊ အစားပုံမှန်စားဖို့ကို တဖွဖွ မှာပြီး ဂရုစိုက်နေတတ်တယ်။ သင်နေမကောင်းဖြစ်ရင် အပြစ်ရှိတယ်လို့ခံယူနေသူပါ။ သင်အားငယ်နေချိန် သင့်အနားမှာ ဖေးမကူညီတတ်ပြီး သင်ဝမ်းနည်းရင် သူ့စိတ်ထဲလည်း မကောင်းဖြစ်နေတတ်ပါတယ်။ သူ့အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ … Read more

အချစ်ကြီးလွန်းတဲ့ မိန်းကလေးတွေပဲ ကြုံလေ့ရှိတဲ့ အရာများ

အချစ်ကြီးလွန်းတဲ့ မိန်းကလေးတွေပဲ ကြုံလေ့ရှိတဲ့ အရာများ တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ပုံစံ မတူပါဘူး။ တစ်ချို့တွေကတော့ ခံစားချက်တွေကို ခန့်ခွဲနိုင်ကြပြီး စိတ်တည်ငြိမ်ကြပါတယ်။ တစ်ချို့တွေကတော့ ခဏပဲ ခံစားကြတယ်။ တစ်ချို့တွေကတော့ ထိလွယ် ရှလွယ်။ တစ်ချို့တွေကတော့ အချစ်ကြီးကြတယ်။ အချစ်ကြီးတဲ့ သူတို့လို လူမျိုးတွေက ဒီလို အခြေအနေတွေ အမြဲ ကြုံရလေ့ ရှိတယ်။ (၁) အသည်းကွဲတယ် သူတို့တွေကတော့ မကြာခဏ အသဲကွဲတတ်ပါတယ်။ တစ်ချို့တော့ တစ်ခါ နှစ်ခါလောက်ပဲ အသည်းကွဲရပါတယ်။ သေချာတာကတော့ သူတို့က အချစ်ကြီးလို့ အသည်းကွဲခဲ့ရတာ ဖြစ်ပါတယ်။ ချစ်လွန်းလွန်းလို့ ထားခဲ့ခံရပြီး ချစ်လွန်းလို့ပဲ သင့်ကို စိတ်ပျက်သွားတတ်ကြတာကို ခံခဲ့ရပါတယ်။ (၂) ပူလောင်ရတယ် အချစ်ကြီးတဲ့သူတွေက အပူလောင်ရဆုံး သူတွေလို့တောင် ပြောလို့ … Read more

မြွေစားမည့် ဘေးက ဖားကို ကယ်တာ ကုသိုလ်လား၊ အကုသိုလ်လား

မြွေစားမည့် ဘေးက ဖားကို ကယ်တာ ကုသိုလ်လား၊ အကုသိုလ်လား တစ်ခါတွင် မြွေတစ်ကောင်က ဖားကို ကိုက်မျိုထားသည်ကို တွေ့ရသောလူတစ်ယောက်က ဖားမသေစေရန်အတွက် မြွေကို ခြောက်လှန့်လွှတ်လိုက်၏။ ထိုအခါ သူ၏မိတ်ဆွေအချို့က မြွေစားရမည့်အစာကို ဖျက်ဆီးသည့်အတွက် အကုသိုလ်ဖြစ်သည်။ငရဲကျမည် ပြောကြသည့်အတွက် ထိုသူသည် အမြဲစိတ်ဆင်းရဲနေရှာ၏။ ထိုသူက ဦးနီကို ထိုအကြောင်း လာမေးသည့်အခါ ဦးနီဖြေပုံကို ကြည့်ပါ – ‘မင်းက မြွေပါးစပ်က ဖားလွတ်သွားအောင် ခြောက်လှန့်မောင်းနှင်ပေးသခိုက်မှာ မင်းစိတ်ထဲမှာ ဒီမြွေကြီး အစာငတ်သေပါစေဆိုတဲ့ စေတနာမျိုးရှိသလား။ ဒါမှမဟုတ် ဒီဖားလေး မြွေဘေးကလွတ်ပြီး အသက်ချမ်းသာရာရပါစေဆိုတဲ့ စေတနာမျိုးရှိသလား။မလိမ်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ဖြေကြည့်လိုက်’ ‘ဒါကတော့ကွာ ရှင်းရှင်းလေးပဲ၊ ဖားလေး အသက်ရှင်ပါစေဆိုတဲ့ စေတနာနဲ့ပဲ မောင်းလိုက်တာပါ။မြွေ အစာငတ်ပါစေဆိုတဲ့ စေတနာ လုံးလုံးမပါပါဘူး’ ‘ဒါဆိုရင် မင်းပြဿနာကို … Read more

အတိုက်ခိုက်ကင်းစေ အညံ့ရှင်းစေမည့် နည်းလမ်းကောင်း(၃)မျိုးကို ဒါနပြု မျှဝေပေးလိုက်ပါတယ်

အတိုက်ကင်းစေ အညံ့ရှင်းစေ ၁။မိမိနေ့စဉ် ရေချိုးသည့် ရေ၊ရေပုံး၊ရေကန်များထဲတွင် ပရုပ်ပြား ၂ပြား၊၃ပြားခန့် ထည့်ထားရပါမည်။ ထိုရေ နှင့်ရေချိုးသန့်စင်နေသရွေ့ မိမိထံကျရောက်နေသော အံ့မိခြင်းဒုက္ခမှပျောက်ကင်းခြင်း၊အတိုက်အခိုက် အညံ့အပ …. အနှောင့်အယှက်အလုံးစုံတို့မှ ကင်းလွှတ်ငြိမ်းစေပါတယ်။ကျန်းမာရေးလည်းအလွန် ကောင်းမွန်စေပါတယ်။ ၂။အိမ်သာ၊ရေချိုးခန်း တွေထဲမှာ ပရုပ်ပြားထားရပါတယ်။ထိုပရုပ်ပြားများ အငွေ့ပျံလာလေလေ မိမိအိမ်အတွင်းမှ…. မကောင်းသော အတိုက် များ ရှင်းလင်း ယူသွားလေလေပါ။မကောင်းခြင်းများစုပ်ယူပြီး အငွေ့ပျံထုတ်လိုက်တာပါ။ ၃။ပရုပ်ပြား(၅)ပြားခန့်ကိုခွက်အသေးထဲတွင် ထည့်ထားပြီး မိမိအိမ်ယာခေါင်းရင်းထက်တစ်နေရာတွင်တင်ထားလိုက်ပါ…. မိမိရင်ဆိုင်ရမည့် ရန်အသွယ်သွယ် အညံ့များ အတိုက်များကင်းဝေးစေပါတယ်။အရေပြားရောဂါ၊ အာရုံကြောရောဂါ၊ လေထိုးလေအောင့် ရောဂါဝေဒနာများ မခံစားရပါခင်ဗျ။ ၇ရက်သားသမီး မိတ်ဆွေ ထမင်းရှင် ကျေးဇူးရှင်များကအတိုက်အခိုက်အနှောင့်အယှက်များစွာ ကို အမြဲလိုလိုရင်ဆိုင်ဖြေရှင်းနေရခြင်း​များကြောင့် …. သောကရောက် စိတ်ပျက်နေရသူများအတွက် ရည်ရွယ်၍ ကျွန်တော့်ဆရာ ဆရာဦးမင်းနိုင် သင်ကြားပေးသည့် အင်မတန်တန်ဖိုးရှိသောပညာရပ်ထဲမှ …. လွယ်ကူရိုးရှင်းပြီး … Read more

ခေတ်သစ်ပျိုမေတို့ သိသင့်သိထိုက်သည့် အရာများ…

“အောင်မြင်မှု ဆိုတာ လိင် ကတစ်ဆင့် ကူးစက်တတ်တဲ့အရာမဟုတ်ပါဘူး။ ဒီတော့ အောင်မြင်တဲ့ယောက်ျားတစ်ယောက်နဲ့ ညအတူအိပ်ဖို့လောက်ပဲ စဉ်းစားတာကို ရပ်တန့်ပြီးကိုယ်တိုင် အောင်မြင်အောင် လုပ်ပါ။” သူတစ်ပါးကို အားကိုးတတ်တဲ့ သာမန် မိန်းကလေး တစ်ယောက်ရဲ့ အတွေးတွေကို ရပ်တန့်ပြီး ကိုယ်ပိုင်အောင်မြင်မှုကိုရယူနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ “မပေါ်တပေါ်ဝတ်ထားတဲ့ မိန်းကလေး က hot ပါတယ်။ ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ မိန်းကလေးကတော့ လှပပါတယ်။ ဒီလိုပါပဲ… ငရဲ ဆိုတာ hot ပါတယ်။ ကောင်းကင်ဘုံကတော့လှပပါတယ်” မိမိမှာရှိတဲ့ အလှတရားတွေကို တစ်ဖက်သားသတိထားမိစေဖို့အတွက် မိမိတန်ဖိုးထားအပ်တဲ့အရာတွေကိုလှစ်ဟပြစရာ မလိုပါဘူး။သင်ကိုယ်တိုင်က တန်ဖိုးမထားတဲ့ အလှတရားကိုတခြားတစ်စုံတစ်ယောက်ကလည်း မျက်စိအရသာခံရုံကလွဲပြီး တန်ဖိုးထားမှာ မဟုတ်ပါဘူး။ “အမေကို ချစ်တဲ့ယောက်ျားနဲ့ မတွဲချင်ဘူးလို့ပြောမယ့်အစား သားရှိ၊မယားရှိတဲ့ ယောက်ျားနဲ့မတွဲချင်ဘူးဆိုတဲ့ စကားကိုသာ ပြောပါ”အများစုသော မိန်းကလေးတွေကိုအမေကို ချစ်တဲ့ယောက်ျားနဲ့ … Read more