(29-11-2020 to 5-12-2020)ထိ တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း
တစ်ပတ်စာ ခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (29-11-2020 to 5-12-2020) တနင်္ဂနွေသားသမီး ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြားကိစ္စများဆောင်ရွက်ထားပါက အထူးအောင်မြင်ပါလိမ့်မည် ။ ပွဲစားလုပ်ငန်းလုပ်သူများ အကျိုးအမြတ် ကြီးကြီးရရှိပါလိမ့်မည် ။ မြေကိစ္စများ အကျိုးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများ အထူးအဆင်ပြေပါလိမ့်မည် ။ ကျန်းမာရေးမကောင်းသူများဆေးကောင်းဝါးကောင်းတွေ့မည် အချစ်ရေးတွင်ချစ်ရသူထံမှချစ်အဖြေရရှိပါမည် ။ထီ 69ပါသော ထီကိုထိုးပါ …..ယတြာ ……နို့ထမင်းကိုနေအိမ်ဘုရားတွင်လှုဒါန်းပေးပါ……။ တနင်္လာသားသမီး မိမိအတွက် လုပ်ငန်းအခွင့်အလန်းကောင်းများ ကြုံရမည့်ကာလပါ ….မိမိဘက်ကသာရရှိလာသော အခွင့်အရေးကို အမိအရ လက်ဆုပ်လက်ကိုင်ပြုပြီး အောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည် ။ ပစ္စည်းပျောက်ငွေပျောက်စာရင်းဇယားမှားခြင်းများဖြစ်တတ်ပါသည် ။ဘာပဲလုပ်လုပ် အယုံမလွယ်ပါနှင့်သတိထား၍ အလုပ်လုပ်ပါ ….ခြေထောက် မတော်တဆထိခိုက်မိတတ်ပါသည် ။ အချစ်ရေးတွင် ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက် ဖြစ်နေလိမ့်မည်။ထီ 85ပါသော ထီထိုးပါ …..။ယတြာ …….လူသွားလမ်းချိုင့်တွေခင်းဖို့ပေးပါ…..။ အင်္ဂါသားသမီး စိတ်အလွန်ရှုပ်ထွေး နေရတတ်သော … Read more