ချစ်သူ ကို အရမ်းချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက် (၉)ချက်

ချစ်သူကို အရမ်းချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်(၉)ချက် ၁။ သူအနားမှာရှိနေရရင် ဘဝတစ်ခုလုံးပြည့်စုံနေသလို အရမ်းပျော်နေမိတယ်။ ၂။ သူနဲ့ပတ်သတ်တဲ့ အသေးအမွှားလေးတွေကအစ သေချာဂရုစိုက်ပေးနေမိတယ်။ ၃။ သူနဲ့အဆက်အသွယ်မရတဲ့အခါ အရမ်းစိတ်ပူမယ်၊ သူဘာတွေလျှောက်လုပ်နေတာလဲ ဘယ်သူနဲ့ရှိနေလဲပေါ့။ ၄။ သူနဲ့စိတ်ဆိုး စိတ်ကောက်ကြတိုင်း တစ်လောကလုံးက ကိုယ့်ကိုဥပေက္ခာပြုထားသလိုမျိုး ခံစားနေရတတ်တယ်။ ၅။ ကိုယ့်ချစ်သူမှားမှားမှန်မှန် သူ့ဘက်က အမြဲရပ်တည်ပေးနေတတ်တယ်။ ၆။ အဆင်မပြေတဲ့ အချိန်တိုင်းလဲ ပြန်အဆင်ပြေသွားမယ်ဆိုတာ သိပေမဲ့ ပာိုတွေး ဒီတွေးနဲ့ကိုယ့်ကိုယ်ကို နာကျင်ခံစားနေတတ်ကြတယ်။ ၇။ သူရဲ့စိတ်ဓာတ်ကျမှုတွေကို ခွန်းအားအဖြစ်ပြောင်းလဲအောင် ကိုယ့်က ဖေးဖကူညီပေးနေမိတယ်။ ၈။ သူများအတွက် သူက ဘာမှမပာုတ်တဲ့သူတစ်ယောက်ဖြစ်နေပါစေ ကိုယ့်အတွက်ကတော့ ဘဝမှာ အရေးပါဆုံးသော လူတစ်ယောက်အဖြစ် လက်ခံထားကြတယ်။ ၉။ သူ့အပေါ်မှာ အတတ်နိုင်ဆုံး နားလည်ပေးပြီး သာယာတဲ့အချစ်တစ်ခုဖြစ်အောင် အမြဲကြိုးစားနေတတ်ကြတယ်။momolay unicode … Read more

ပျော်ရွှင် ခိုင်မြဲတဲ့ အချစ်ရေးကို ထိန်းသိမ်းချင်ရင် ရှောင်ရမယ့် အချက် ၇ ချက်

သာမန်ချစ်သူစုံတွဲအများစုရဲ့ ဆက်ဆံရေးဟာ နေ့စဉ်နေ့တိုင်း ပျော်စရာတွေနဲ့ချည်း ပြည့်နေတာ မဟုတ်ပါဘူး။ ရှည်ကြာတဲ့ ချစ်သက်တမ်းကိုထိန်းထားနိုင်တဲ့ ချစ်သူ ရည်းစား၊ ဇနီးမောင်နှံတွေမှာလည်း သည်းခံလျစ်လျှူရှုရတဲ့ အခါတွေရှိပါလိမ့်မယ်။ သင့်ထက်တောင် ပိုများချင်များနေပါလိမ့်မယ်။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို ကြည်နူးစရာချစ်သူနှစ်ဦးရဲ့နောက်ကမြင်ကွင်းမှာ ရောင်စုံသက်တန့်ကြီးနဲ့ လိပ်ပြာကလေးတွေ အပြင်လောကမှာ ရှိမနေတာကို သင်သတိပြုရပါမယ်။ ဆိုလိုချင်တာက သင့်အနေနဲ့ ချစ်သူရည်းစား ဘဝဟာ ပျော်စရာတွေချည်းပဲ ရှိနေမှာမဟုတ်ဘူးဆိုတာကိုတော့ လက်ခံထားရပါမယ်။ ဘယ်လိုပင်ဖြစ်စေ အောက်မှာ ဖော်ပြမယ့် အချက်ကလေးတွေကိုထိန်းသိမ်းလိုက်နာကြည့်မယ်ဆိုရင် သင့်ရဲ့အချစ်ရေး ပိုအဆင်ပြေချောမွေ့သွား ဖို့ မျှော်လင့်မိပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။ ၁။ သူ့ / သူမ ကို သင့်စိတ်တိုင်းကျပုံစံ ဖြစ်လိုခြင်း ဒါဟာ ချစ်သူစုံတွဲ၊ အိမ်ထောင်သည်တွေကြားထဲမှာ တွေ့ရလေ့ရှိတက်တဲ့ အမှားဖြစ်ပါတယ်။ ပြန်စဉ်းစားကြည့်လိုက်ပါ။ သင့်ကိုသင်တောင် အမြဲတမ်းစိတ်တိုင်းကျတာမျိုး … Read more

ချစ်သူ ကောင်လေးကို ပုံမှန်ပြောပေးသင့်တဲ့ စကားလုံးလေးများ

ချစ်သူ (သို့)ခင်ပွန်းဖြစ်သူတို့ တခါတလေ မှာ သူအလုပ်ပင်ပန်းနေတဲ့အချိန်မျိုးမှာ ကိုယ့်ရဲ့ romantic ဆန်တဲ့ အပြုအမှုလေးတွေအပေါ် မသာယာတော့တာတွေရှိနိုင်ပါတယ်။ဒီတော့ ချစ်တဲ့အကြောင်းကို သူသိအောင် ဘယ်လိုပြမလဲ.? အမျိုးသားအများစုဟာ အချစ်နဲ့လေးစားခြင်းကို ဒွန်တွဲမြင်တတ်ကြပါ တယ်။သူတို့အပေါ်မှာ လေးစားရင် ဒါသူတို့ကိုချစ်တာပဲလို့ နားလည်လက်ခံလေ့ရှိပါတယ်။ချစ်တဲ့ အကြောင်းရော၊လေးစားတဲ့အကြောင်းကိုပါ တခါတည်းဖော်ပြပေးနိုင်မယ့် စကားချိုချိုလေးတွေ ကို ပြောပြပေး ချင်ပါတယ်။ (၁)လုပ်နိုင်တယ်ဆိုတာ သိပါတယ် အမျိုးသားတွေဟာ သူတို့အပေါ် ယုံကြည်တာကို အရမ်းသဘောကျတတ်ပါတယ်။ပုံမှန်ခေါ်နေကျ နာမ်စားလှလှလေးနဲ့တွဲဖက်ပြီး(ဥပမာ-မောင်လုပ်နိုင်တယ်ဆိုတာ သိပါတယ်)လို့ပြောပေးတာဟာ သူ့အပေါ်ယုံကြည်တယ်ဆိုတဲ့သဘောရော၊အားပေးတဲ့သဘောပါနှစ်မျိုးလုံးဆောင်တာမို့ ချစ်သူအတွက် တကယ့်ကိုနားဝင်ချိုစေမယ့် စကားလေးဖြစ်မှာပါ။ (၂)မရှိရင်ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး ဒီစကားလေးကတော့ သူ့ကိုကိုယ်ဘယ်လောက်လိုအပ်နေသလဲဆိုတာကို ပြလိုက်တဲ့ စကားလေးပါ။ ဒါဟာလည်း ယောက်ျားတစ်ယောက်အတွက်တော့ ငါဟာသူအလိုရှိတဲ့သူ၊သူ့အ တွက်အသုံးဝင်တဲ့သူ ဆိုတဲ့ ခံစားချက်ကိုပေးနိုင်တဲ့စကားလေးပါ။ ခေတ်သစ်ယောက်ျားတော်တော်များများ ဟာ အောင်မြင်ထက်မြက်တဲ့ ချစ်သူမိန်းကလေးမျိုးကို လိုလားကြတယ်ဆိုပေမယ့် … Read more

ချစ်သူ ကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူမိန်းကလေးများ ဘာဖြစ်တတ်သလဲ…(မိန်းကလေးတိုင်း ဖတ်သင့်သည်)

ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။ မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။ ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင် ရပြီး သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် မိသားစုဆွေမျိုး အသိုင်း အဝိုင်းအတွင်း တစ်သက်တာ ခေါင်းမဖော်ဝံ့အောင် လက် … Read more

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် (၇)ဆင့် ( ချစ်သူတိုင်း ဖတ်ကြည့်သင့်ပါတယ် )

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ၇ဆင့်ရှိသတဲ့ ဖတ်မိတာတော်တော်သဘောကျလို့သူငယ်ချင်းလည်းဖတ်ရအောင်ဝေမျှတယ်တိုက်ကြည့်ရအောင်နော်… အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် ဒါကတော့ ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။ အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့် ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။ ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။ အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ နည်းနည်းစလာပြီ။ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက … Read more

ကံအကောင်းဆုံးမိန်းကလေးလို့ သင့်ကို ခံစားစေမယ့် ချစ်သူကို ပျော်ရွှင်မှုအပြည့်ပေးနိုင်တဲ့ ချစ်သူရဲ့ အပြုအမူ (၉) ခု

ချစ်သူကို ပျော်ရွှင်မှုအပြည့်ပေးနိုင်တဲ့ ယောက်ျားကောင်းတွေလည်း ရှိပါတယ်။ အချစ်ရေးဟာ အဆင်ပြေနေရင် ကမ္ဘာလောကကြီးကလည်း အလိုလို လှပနေပါတယ်။ သင့်ချစ်သူက ဒါတွေ လုပ်ပေးရင်တော့ သင့်လောက်ကံကောင်းတဲ့မိန်းကလေး ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ ၁။ သင်က ပထမဦးစားပေးပဲ သင်ဟာ သူ့ဘဝရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ (အရေးပါဆုံးထဲမှာ ပါတယ်) ။ ဒါကို သင်သိအောင်လည်း သူသက်သေပြတယ်။ သင် ပျော်ရွှင်ကျန်းမာနေစေဖို့ သူအတတ်နိုင်ဆုံး ကြိုးစားတယ်။ သူ့အတွက်ဆို သင်လည်း အဲဒီလိုလုပ်ပေးမယ်ဆိုတာ သူသိတယ်။ တစ်ခုခုနဲ့ နှိုင်းယှဉ်လာချိန်မှာ သင့်ကို ဦးစားပေးလိုက်ဖို့ သူနှစ်ခါပြန်မတွေးဘူး။ ၂။ သင်ပြောတာတွေကို နားထောင်ပေးတယ် သင်မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို နားထောင်ချင်ယောင်ဆောင်တာမျိုးမဟုတ်ဘူး။ သင်ပြောချင်တာကို သေချာနားထောင်ပေးပြီး သင့်အတွက် အကောင်းဆုံး အကြံဉာဏ်တွေ ပေးတယ်။ သင်ပြောလာတဲ့အထိ မစောင့်ဘဲ … Read more

ပိုက်ဆံ ဘယ်တော့မှ မရှိတဲ့လူတွေရဲ့ လက္ခဏာ (၇) ရပ်

ပိုက်ဆံ ဘယ်တော့မှ မကပ်ဘူးဆိုတဲ့လူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ငွေကြေး ဟာ သူတို့ဆီကနေ အမြဲထွက်ပြေးနေတဲ့ အချက် အချို့ကို စဉ်းစားကြည့်ရအောင်။ ( ၁ ) စိတ်မဝင်စား ပိုက်ဆံကို စိတ်ဝင်စားပေမဲ့ ပိုက်ဆံရပေါက်ရလမ်းတွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ပိုက်ဆံရနိုင်မယ့် သတင်းအချက်အလက်တွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဥပမာ- ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် သူများတွေက ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာမျိုးကို စုံစမ်းတတ်ပေမဲ့ သူတို့ကတော့ ဒါမျိုးအကျင့်မရှိပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် စနစ်တကျ စီမံတာမျိုး မရှိပါဘူး။ ( ၂ ) အပေါင်းအသင်းများပြား သူငယ်ချင်းအပေါင်းအသင်းများပြားတဲ့လူတွေဟာ အပျော်အပါးစရိတ် ပိုကုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားတာ၊ တစ်နေရာရာသွားတာမျိုးတွေဟာ ငွေကုန်ကြေးကျခံပြီးမှ ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလိုလိုက်ရင်း … Read more

သင့် CRUSH က သင့်ကို သဘောကျနေတယ်ဆိုတာ သိနိုင်တဲ့ လက္ခဏာ (၁၀) ချက်

ကိုယ့်ရဲ့ crush က ကိုယ့်ကို ပြန်ကြိုက်နိုင်မလားဆိုတာ သူ့ဆီမှာ တွေ့ရတဲ့ လက္ခဏာ တွေနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်က ကြိတ်ပြီးသဘောကျနေရတဲ့သူ၊ ချစ်နေရတဲ့သူ ကိုယ့်ပြန်ပြီး သဘောကျလာစေချင်တာ အားလုံး ဖြစ်ချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဆန္ဒပြည့်ဝခဲ့သူတွေရှိသလို မပြည့်ဝခဲ့သူတွေလည်း ရှိခဲ့မှာပါ။ကိုယ့်ရဲ့ crush က ကိုယ့်ကိုပြန်ပြီး သဘောကျနေသလားဆိုတာ အခုဖော်ပြမယ့် အချက် (၁၀) ချက်ကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒီအချက်တွေ တွေ့နေရပြီဆိုရင်တော့ ဖွင့်ပြောဖို့ မစိုးရိမ်ပါနဲ့တော့။ ၁။ သင်က တခြား ယောက်ျား လေးတွေ၊ မိန်းကလေး တွေနဲ့ ရှိနေ၊ စကားပြောနေရင် သူသဝန်တိုနေမယ်။ ၂။ သင့်ကို မကြာခဏ စကားလာပြောဖို့ ကြိုးစားမယ်။ ၃။ သင့်ကိုယ်စား သူဝမ်းသာပေးမယ်။ ဝမ်းနည်းပေးမယ်။ ၄။ … Read more

အရွယ်ရောက်ပြီး ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့…. ( မိန်းကလေးများ မဖတ်ရ )

မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် ….. ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာ ယောက်ကျားလေးတွေကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။ အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်။ ၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။ မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။ ၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာမှောက်ရက်ေ မျှာသွားပါလိမ့်မည်။ လူမြင်ကွင်းတွင် လည်းလွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင်ကို လိမ်ညာခေါ်ဆောင်နေသည် ကိုသတိပြုမိပါစေ။ ၃။ မောင်ကို တကယ်ချစ်တာပါ၊ … Read more

အလွန်ထူးခြားတဲ့ သူရဲကောင်း ဇနီးမောင်နှံရဲ့ ထူးခြားတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲ

အလွန်ထူးခြားတဲ့ သူရဲကောင်း ဇနီးမောင်နှံရဲ့ ထူးခြားတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲ နာရေးဆိုလျှင် အများကမင်္ဂလာ မရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ကြောက်လန့်စရာဟုထင်မြင်ကြပြီးဝေးဝေးပြေးကြပြန်တယ်။အမှန်တော့ ဒါတွေကိုမေတ္တာ၊ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာ ဖြစ်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင်မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ်နေသူဖြစ်သည်။ မင်္ဂလာအခမ်းအနားပြီးပြီးချင်းမွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ … Read more